part of pack

ဒေတာအရွယ်အစား 93.09MB

တရုတ်ရိုးရာအိမ်ချက်ဟင်းလျာများ

ရေးသားသူMyint Oo Thar

0 Ratings
အနှစ်ချုပ်

တရုတ်ရိုးရာအိမ်ချက်ဟင်းလျာများ

“တရုတ်ရိုးရာအိမ်ချက်ဟင်းလျာများ”ဆိုတဲ့အတိုင်း တရုတ်လူမျိုးတွေရဲ့ အိမ်မှာ နေ့စဉ်ချက်စားလေ့ရှိတဲ့ ဟင်းတွေပါပဲ။ ဒီစာအုပ်မှာပါတဲ့ ဟင်းအမျိုးအစားအားလုံးနီးပါးက ကျွန်တော် မလေးရှားမှာနေစဉ်က
ကျွန်တော်နဲ့အတူနေ မိသားစုများနဲ့ နေ့စဉ်ချက်ဖြစ်ခဲ့တဲ့ ဟင်းလေးတွေပါ။ တချို့ဟင်းတွေက ရုံးပိတ်ရက်
အားရက်တွေမှာ ချက်ဖြစ်တဲ့ဟင်းတွေနဲ့ တရုတ်ပွဲတော်ရက်တွေမှာ ချက်ဖြစ်ခဲ့တဲ့ဟင်းတွေလည်း ပါဝင်
ပါတယ်။ ကျွန်တော်နဲ့အတူနေမိသားစုမှာ အမျိုးသားက ပီနန်းမှာမွေးဖွားပြီး ကွာလာလမ်ပူမှာ ကြီးပြင်းတဲ့
တေကျိုးတရုတ်မိသားစုမျိုးနွယ်ဖြစ်ပြီး သူ့ရဲ့မိဘတွေက တရုတ်ပြည်ဖွားများဖြစ်ပါတယ်။ အမျိုးသမီးကတော့ ဟာကားတရုတ်မျိုးနွယ်စုမှ ဖြစ်ပါတယ်။ အဲဒါကြောင့် သူတို့နဲ့အတူနေကာလတစ်လျှောက်မှာ ဟာကားအစား အစာတွေကို ချက်ဖြစ်ခဲ့သလို တေကျိုးတရုတ်အစားအစာတွေကိုလည်း ချက်စားဖြစ်ခဲ့ပါတယ်။ အများစုက အိမ်ချက်ဟင်းတွေဖြစ်တဲ့အတွက် တရုတ်စားသောက်ဆိုင်တွေမှာ မတွေ့နိုင်တဲ့ ဟင်းအမျိုးအစားတွေဖြစ် ပါတယ်။ တချို့ဟင်းတွေကတော့ တရုတ်စားသောက်ဆိုင်တွေမှာ ရောင်းချပေမယ့် ဆိုင်တိုင်းမှာမရနိုင်တဲ့ ဟင်းအမျိုးအစားတွေပါ။ ကျွန်တော်ကိုယ်တိုင်က တရုတ်ရိုးရာဟင်းတွေကို စားရတာကြိုက်တယ်။ အဲဒီထဲကမှ အိမ်ချက်ဟင်းလေးတွေကို စားရတာ ပိုပြီးနှစ်သက်ပါတယ်။ အဲဒါကြောင့် မလေးရှားမှာနေစဉ် ဘယ်မြို့ ရောက်ရောက်၊ ဘယ်ပြည်နယ်ရောက်ရောက် အိမ်ချက်တရုတ်ဟင်းတွေ ရောင်းတဲ့ဆိုင်လေးတွေကို ရှာဖွေပြီး စားဖြစ်ခဲ့တယ်။ လေ့လာဖြစ်ခဲ့တယ်။ အဲဒါကြောင့် ဒီစာအုပ်လေးမှာ ကွဲပြားတဲ့ တရုတ်မျိုးနွယ်စုတွေရဲ့ အိမ်ချက်ဟင်းမျိုးစုံကို ရေးသားနိုင်ခဲ့တာပါ။ ရန်ကုန်ပြန်ရောက်တော့ အနှစ် ၃၀ နီးပါးစားခဲ့တဲ့ တရုတ်ရိုးရာ အိမ်ချက်ဟင်းလေးတွေကိုလွမ်းလို့ ချက်စားဖြစ်ခဲ့ပြီး မစားခင်မှာ ဓာတ်ပုံတွေရိုက်ထား၊ ချက်နည်းလေးတွေ ရေးပြီး င်္သသိ ြေါဖေငညန မှာ လစဉ်ရေးသားခဲ့ပါတယ်။ တချို့ဟင်းတွေက ရန်ကုန်က တရုတ်ဆိုင်တော်တော် များများမှာ မရနိုင်လို့ ကျွန်တော်ရေးထားတဲ့ ဟင်းတွေက တရုတ်ဟင်းစစ်စစ်တွေလား၊ ဒါမှမဟုတ် ကျွန်တော် ကပဲ ပြန်ပြီး ဖြူးရှင်းလုပ်ထားလားလို့ မေးကြပါတယ်။ ဟုတ်ကဲ့ပါ။ ကျွန်တော့်ရဲ့ “တရုတ်ရိုးရာအိမ်ချက်ဟင်းလျာ များ” စာအုပ်မှာပါတဲ့ ဟင်းတွေက တရုတ်လူမျိုးတွေရဲ့အိမ်မှာ ချက်စားလေ့ရှိတဲ့ ဟင်းလျာစစ်စစ်ဖြစ်ပါတယ်
လို့ ပြောပါရစေ . . . ဒီစာအုပ်မှာပါတဲ့ ဟင်းလေးတွေကို ချက်စားရင်း မိသားစုခံတွင်းမြိန်စေတဲ့ ထမင်းဝိုင်းလေး ဖြစ်ပါစေခင်ဗျာ။
ပရိသတ်အားလုံးကို အမြဲတမ်း ချစ်ခင်လေးစားမြတ်နိုးလျက်ပါခင်ဗျာ
မြင့်ဦးသာ

  • စာအုပ်
  • ခရီးသွားခြင်းနှင့် အစားအစာ
  • မြန်မာ
ဝန်ဆောင်မှုအစီအစဉ်(ဖတ်သည်။ 1061 စာအုပ်များ)
ဝယ်ယူသည်။ 800 KS
ငှားရမ်းသည်။48 နာရီအတွက် 300 KS

ဒေတာပိတ်ထားပြီး စာဖတ်ရန်အတွက် ကျေးဇူးပြု၍ app ကိုဒေါင်းလုဒ်ဆွဲပါ။

ဆက်လက်လုပ်ဆောင်ရန်သေချာပါသလား။

ဤဟာသည် ကျွန်ုပ်၏စာအုပ်များ အောက်တွင်ရှိပြီးသားဖြစ်သည်။

ဝန်ဆောင်မှုအားရယူထားပြီးပါပြီ။