part of pack

Data Size 4.41MB

တမ််းတတတ်သည်

Byကြည်အေး

0 Ratings
Summary

[ ၁ ] …. ညကပင် အထွေးကို အိပ်မက် မက်သေးသည်။ အထွေးကို ခဏခဏ အိပ်မက် မက်လေ့မရှိ။ အထွေးက ကိုယ်နှင့်အတူ ရှိနေသလို စိတ်ထဲ အမြဲနေသောကြောင့် ထင်သည်။ ညကမူ အထွေးကို အိပ်မက်မက်သည်။ ညက အေးလည်း အေးသည်။ နှင်းများဝေကာ ပြာမှောင်သည်။
တစ်လံအကွာက ဘာကိုမှ မမြင်ရ။ မမြင်ရသည်ကို အလကား ငေးမောနေလျက် ၀ရန်တာတွင်ပင် ပက်လက်ကုလားထိုင်၌ အိပ်ပျော်သွားသည်။ သည့်နောက် အထွေးကို အိပ်မက် မက်သည်။
အထွေးက ကိုယ်နှင့်အဝေးကြီးမှာ ရှိနေသည်တဲ့။ အထွေး၏ ဖြူဖွေးဝင်းပသော မျက်နှာကလေးကို လှမ်းမျှော်ပြီး မမီမကမ်းလို ကြည့်ဆဲမှာ နီးနီးလာတယ် ထင်ရလျက်က ဘယ်လို ဘယ်လိုမှန်းမသိ၊ အထွေး မရှိတော့ချေ။
အထွေးရေလို့တော့ လှမ်းမခေါ်မိဘူးတဲ့။ မိုးလင်းလျှင် အထွေး၏ ထူထဲသော မျက်ခုံး၊ မျက်တောင်များကို သတိရ၏။ ပန်းနုရောင် နှုတ်ခမ်းက နားမှာ ကပ်လျက် စကားပြောမည်လို နီးစပ်၏။ ထို့ကြောင့် ““အထွေးရေ ကျွန်တော့်ဆီလာပါ၊ မောင့်ဆီလာပါ””ဟု အိပ်ရာပေါ် ၀မ်းလျားမှောက်လှဲ၍ ငိုရ၏။ ထိုသို့ ငိုစဉ်ကမူ အထွေးဟာ ဘယ်တော့မှ ကိုယ့်ဆီလာတော့မယ် မဟုတ်ဘူးဆိုတာ ခုလို မသိသေး။
ညက အိပ်မက်ထဲမှာတော့ အထွေး၏ ဆံပင်များသည် အင်မတန် ရှည်လျားကာ လွင့်ပါးနေတယ် ထင်သည်။ ကိုယ့်စိတ်ထဲက အထွေးရဲ့ မတိုမရှည် ဆံပြတ်များကို မကျေနပ်နိုင်လို့ ထင်ရဲ့၊ အထွေးတစ်ယောက် လှပါလျက်နဲ့ ဆံပင်ပွနေတာ မကြိုက်နိုင်ပါဘူး။ အထွေးရဲ့ တဒိတ်ဒိတ်တိုးတဲ့
နှလုံးသွေး တစ်ဝက်ဟာ မဟာဆီ မဟာသွေး စစ်စစ်ပါ ဆိုတာကို အားနည်းနည်းနာလျှင် အထွေး ဆံထုံးထုံးဖြစ်မည် ထင်သည်။ အထွေး ဆံထုံးထုံးတာ တစ်ခါမှ မမြင်စဖူး။ ကြည့်ချင်ပါရဲ့။ သို့သော် နောက်လည်း မြင်ဖူးမည်တော့ မဟုတ်ချေ။

  • Books
  • Romance
  • Burmese
  • Ranking 5th Ranking in Romance
Subscription Package(read 1527 Books)
Buy 600 KS 300 KS
Rent100KS for 48 hours

For easy and offline reading please download the app

Are you sure you want to continue?

You already have this product in My Books

You have already Subscribed to this package