part of pack

ဒေတာအရွယ်အစား 5.61MB

တစ်ပိုင်တစ်နိုင် မှိုစိုက်ပျိုးနည်း

ရေးသားသူအောင်ဝင်းထွဋ်

0 Ratings
အနှစ်ချုပ်

ကောက်ရိုးမှိုစိုက်ပျိုးခြင်း

(က) မှိုမျိုးပြုလုပ်ခြင်း
ကောက်ရိုးမှိုစိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းမှုရှိရန် မှိုမျိုးကောင်းများ လိုအပ်ပေသည်။ စိုက်ပျိုးမှုအောင်မြင် ဖြစ်ထွန်းရန်မှာ လတ်ဆတ်ပြည့်ဝကောင်းမွန်သောမှိုမျိုး၊မှိုထည့်ရန် ကောက်ရိုးပုံ စနစ်တကျပြုလုပ်ခြင်း၊ သင့်တော်လုံလောက်သော ရေဓာတ်ပေးခြင်း စသည့်အချက်များပေါ်တွင် မူတည်သည်။
ပထမဦးစွာမှိုအလင်(Stock Culture)များ ပြုလုပ်ရန်လိုအပ်သည်။ သန့်ရှင်းစွာရှိအောင် မွေးမြူထား သော မှိုမျိုးအလင်ကို ဖန်ပုလင်း (Test tube) ထဲ၌သြဇာဓာတ်များရောထားသော ကျောက်ကျောများ
ပေါ်တွင် မွေးရမည်။ သြဇာဓာတ်ပြုလုပ်ရန်လိုအပ်သောပစ္စည်းများမှာ အာလူး၊ ဆေးသကြား၊ ကျောက်ကျော၊ ရေ (ပေါင်းခံရေ၊မိုးရေဖြစ်ပါက ပိုကောင်းသည်။) စမ်းသပ်ဖန်ပြွန်(မီးအပူခံနိုင်ပြီးအရှည် ၆ လက်မခန့်)၊ ဂွမ်း(ဖန်ပြွန်အစိုပြုလုပ်ရန်)၊ဓား(ဓာတ်ခွဲခန်းသုံးဓား ဖြစ်ပါကပို၍ သင့်တော်)၊ ပူလွယ်အေး လွယ်သောအပ်(မျိုးကူးအပ်)၊ ဇာဂနာ(ထိပ်အနည်းငယ်ပြားနေသော)၊ဖန်ပန်းကန်ပြား(အဖုံးပါ)၊ ဖန်ခွက် (မှိုငုံကိုဆေးကြောရန်)၊အရက်ပျံ(ပိုးသန့်စေရန်ဆေးကြောရာတွင် အသုံးပြုရန်) ၊ သြဇာဓာတ်ထည့်ထားသော ဖန်ပုလင်းများ တစ်စောင်းလှဲ၍အအေးခံနိုင်ရန်သစ်သားဗန်း၊ ပေါင်းအိုးထဲတွင် ဖန်ပြွန်များကိုထောင်၍စီပြီး ထည့်ရန် သံခြင်း၊ ဂွမ်းစို့များကိုပတ်ရန် စက္ကူ၊သားရေကွင်း၊ဒန်အိုး၊အာလူးပြုတ်များကိုစစ်ရန်ပိတ်စိမ်းပါး၊
ကတော့၊ ရော်ဘာပိုက်၊အရက်ပျံမီးခွက်၊ ပေါင်းအိုး၊ ရော်ဘာပိုက်ကို ညှပ်ထားရန် ညှပ်၊မျိုးကူး မှန်အိမ်ငယ်များ လိုအပ်သည်။ လိုအပ်သော ပစ္စည်းများစုဆောင်းပြီးပါကသြဇာဓာတ်(အာဟာရ)ပြုလုပ်ရန်အဆင်
သင့်ဖြစ်နေပြီ ဖြစ်သည်။

  • စာအုပ်
  • သုတစာပေ
  • မြန်မာ
ဝန်ဆောင်မှုအစီအစဉ်(ဖတ်သည်။ 1656 စာအုပ်များ)
ဝယ်ယူသည်။ 200 KS
ငှားရမ်းသည်။48 နာရီအတွက် 100 KS

ဒေတာပိတ်ထားပြီး စာဖတ်ရန်အတွက် ကျေးဇူးပြု၍ app ကိုဒေါင်းလုဒ်ဆွဲပါ။

ဆက်လက်လုပ်ဆောင်ရန်သေချာပါသလား။

ဤဟာသည် ကျွန်ုပ်၏စာအုပ်များ အောက်တွင်ရှိပြီးသားဖြစ်သည်။

ဝန်ဆောင်မှုအားရယူထားပြီးပါပြီ။