part of pack

ဒေတာအရွယ်အစား 4.87MB

တက္ကသိုလ်ရွှေရတုသဘင်မှာ ကန့်လန့်ကာဆွဲတဲ့ ကောင်လေး

ရေးသားသူမောင်ရန်ပိုင်

0 Ratings
အနှစ်ချုပ်

[၁]
ခေတ်မီဗမာ့ဆေးကျမ်းကြီးတစ်ခုဖြစ်သောဥတုဘောဇနသင်္ဂဟကျမ်းတွင် နေကြာစေ့လှော်နှင့် ပတ်သက်သောဖွင့်ဆိုရှင်းလင်းထားချက်များ ပါ၀င်သည်၊ မပါ၀င်သည်၊ ပါ၀င်ပါကမည်သို့မည်ပုံပါ၀င်သည်ကို ကိုမိုးမင်းမသိသော်လည်း နိုင်ငံကျော်ရုပ်ရှင်မင်းသမီးအဆိုတော်ညိုမီခင်မြအေးကို ကိုမိုးမင်း သိသည်။ ပလတ်စတစ်အိတ်နှင့်ထုပ်ထားသောနေကြာစေ့လှော်လေးတွေကို သိသည်။ သွေးတိုးရောဂါရှိသူတချို့ကနေကြာစေ့သည် သွေးတိုးကိုကျစေသည်ဆိုကာစားသုံးလေ့ရှိပြန်သေးသည်။
များသောအားဖြင့်ရန်ကုန်မြို့ရုပ်ရှင်ရုံများရှေ့ရှိသစ်သားလင်ပန်းဖြင့်ထည့်ရောင်းသော စျေးသည်များဆီတွင် နေကြာစေ့လှော်ထုပ်ကလေးများကို တွေ့ရလေ့ရှိ၏။ နိုင်ငံကျော်ရုပ်ရှင်မင်းသမီးအဆိုတော်ညိုမီခင် မြအေးကိုမူ ကိုမိုးမင်းရင်ထဲတွင်အမြဲတွေ့ရလေ့ရှိသည်။ ကိုမိုးမင်းရင်ထဲတွင် အထူးစိတ်ချ လုံခြံုသော ချစ်သူရဲတိုက်ကလေးတစ်ခုရှိသည်။ ရဲတိုက်ထဲရှိချစ်သူအား တစ်ရွေးသားမျှ တစ်မှုန် တစ်စက်မျှအထိအခိုက် အပွန်းအပဲ့မခံ။ ကိုမိုးမင်းသည်ညိုမီခင်မြအေးနှင့်ပတ်သက်ရာချစ်ခြင်းမေတ္တာမှုတွင် နိုးကြားတက်ကြွသူ တစ်ယောက် ဖြစ်သည်။ ညိုမီခင်မြအေးကို ကိုမိုးမင်းဘယ်တော့မှမမုန်း။ နေကြာစေ့လှော်လေးတွေကို ကိုမိုးမင်းအမြဲချစ်နေမည်။ ထူးဆန်းတယ်လို့ဆိုမလားကွယ်။
ထမင်းစားသလို၊ ရေသောက်သလို၊လူဆိုတာအိပ်ချိန်တန်တော့ အိပ်သလို နေကြာစေ့လှော်လေးတွေကို မြတ်မြတ်နိုးနိုးစားသုံးတတ်သောအလေ့မှာ ကိုမိုးမင်း၏ရင့်သန်လှပြီဖြစ်သော အလေ့တစ်ရပ်ဖြစ်သည်။
လူ၏ မွေးရာပါသဘာဝအမူအရာလေးများနှင့်တူသေးတော့။ မိုးတွေရွာနေလို့ လောကဟာမိုးရေထဲကလောက ဖြစ်နေပြီဆိုရင်လည်းကိုမိုးမင်းတစ်ယောက် နေကြာစေ့လှော်လေးတွေကို စားနေမြဲ။ နှင်းတွေခပ်ဖျော့ဖျော့
ကျနေချိန် ဒါမှမဟုတ် နေရောင်ဖြင့် တောက်ပပြင်းထန်နေချိန်လရောင်ညဉ့်၊ မိုးသည်းညဉ့်၊ ရီဝေမှုန်ဝါးသော နံနက်ခင်းဘယ်အချိန်မှာမဆို ကိုမိုးမင်းတစ်ယောက် နေကြာစေ့လှော်လေးတွေကိုမုန်းလို့ရမှာလား။တစ်ခါတစ်ခါ
နေကြာစေ့လှော်ထုပ်ကလေးတွေကို ၀ယ်မစားဖြစ်ဘူးဆိုရင်တောင် ဗန်းထဲက နေကြာစေ့ထုပ်များကို ချစ်သောစိတ်ဖြင့်မျက်စောင်းထိုးကြည့်သွားရသည်။ ရင်ထဲမှာကြည်နူးဆွတ်ပျံ့သလို ဖြစ်နေသည်။လှိုက်ဖိုသလို
နှင့်တစ်မျိုးလေးပါ။စမ်းရေအေးအေးထဲမှာနှလုံးသားကိုစိမ်ထားရတာနဲ့များ တူနေမလား။ နံ့သာတုံးလေးတွေကို မီးရှို့ထားတဲ့နံ့သာမီးတောက်မှာ နှလုံးသားရဲ့အစွန်အဖျားကိုကင်ထားခံရတာနဲ့တော့မတူနိုင်ပါဘူး။

  • စာအုပ်
  • အချစ်ဝတ္ထု
  • မြန်မာ
ဝန်ဆောင်မှုအစီအစဉ်(ဖတ်သည်။ 1692 စာအုပ်များ)
ဝယ်ယူသည်။ 400 KS
ငှားရမ်းသည်။48 နာရီအတွက် 100 KS

ဒေတာပိတ်ထားပြီး စာဖတ်ရန်အတွက် ကျေးဇူးပြု၍ app ကိုဒေါင်းလုဒ်ဆွဲပါ။

ဆက်လက်လုပ်ဆောင်ရန်သေချာပါသလား။

ဤဟာသည် ကျွန်ုပ်၏စာအုပ်များ အောက်တွင်ရှိပြီးသားဖြစ်သည်။

ဝန်ဆောင်မှုအားရယူထားပြီးပါပြီ။