part of pack

ဆီးချိုသွေးချိုရောဂါဆိုင်ရာသိမှတ်စရာများ
အနှစ်ချုပ်
ဆီးချိုသွေးချိုရောဂါဆိုတာ ကမ္ဘာမှာသာမက မြန်မာမှာပါ အဓိကခြိမ်းခြောက်နေတဲ့ရောဂါတွေထဲက အဖြစ်အများဆုံးနဲ့ ကြောက်စရာအကောင်းဆုံးရောဂါတွေထဲက တစ်ခုဖြစ်ပါတယ်။ ကူးစက်ရောဂါမဟုတ်ပေမဲ့ ခေတ်နဲ့တစ်ပြေးညီ နေထိုင်စားသောက်မှုတွေပေါ် မူတည်ပြီး အဖြစ်များတဲ့ ဆီးချိုသွေးချိုရောဂါဆိုင်ရာ သိမှတ်စရာတွေကို ဖော်ပြထားပါတယ်။ ဘယ်လိုလူမျိုးတွေက ဆီးချိုသွေးချိုအဖြစ်များတာလဲ၊ ဆီးချိုသွေးချိုရောဂါအမျိုးအစား ဘယ်လောက်များနေပြီလဲ၊ ဆီးချိုသွေးချိုရောဂါကြောင့် ဘာတွေ ပျက်စီးနိုင်လဲ၊ ဆီးချိုသွေးချိုရောဂါမဖြစ်အောင် ဘယ်လိုနေထိုင်စားသောက်မလဲ၊ ဖြစ်နေရင်ရော ဘယ်လိုနေထိုင်စားသောက်ရမလဲ၊ ဆီးချိုသွေးချိုရောဂါဆိုင်ရာ မှားယွင်းနေတဲ့ ကုထုံးတွေနဲ့အတူ ဆီးချိုသွေးချိုရောဂါဆိုင်ရာ ကာကွယ်ဆေးအကြောင်းများကို ပါမောက္ခဦးတင့်ဆွေလတ်၊ ဆီးချိုသွေးချိုရောဂါနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီးကိုယ်တိုင် ပြုစုရေးသားထားသော စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။ ဆီးချိုသွေးချိုရောဂါနဲ့ပတ်သက်လို့ လူတိုင်းနားလည်စေပါလိမ့်မယ်။
- စာအုပ်
- အားကစားနှင့် ကျန်းမာရေး
- မြန်မာ