part of pack

ဒေတာအရွယ်အစား 6.62MB

စိတ်ကူးဉာဏ်သာ တွင်ကျယ်ရာ

ရေးသားသူဇေရတု (မြန်မာပြန်)

0 Ratings
အနှစ်ချုပ်

“သင် သေသွားပြီလား”

“ငါးနှစ်၊ ဆယ်နှစ်၊ နှစ်နှစ်ဆယ်အတွင်း ကြီးပွားအောင်မြင်ဖို့ ဘာအရည်အချင်းနဲ့ ကျွမ်းကျင်မှုတွေကို ငါ လိုအပ်မလဲ”
ဒါဟာ ကမ္ဘာပေါ်က ပြိုင်ဘက်ကင်း အနုပညာကျောင်းတွေထဲမှာ တစ်ကျောင်းအပါအဝင်ဖြစ်တဲ့ စင်ထရယ် စိန့်မာတင်ကျောင်းမှာ
100 Design Projects လို့ခေါ်တဲ့ သင်ရိုးတစ်ခုကို စီစဉ်ဖန်တီးနေချိန်မှာ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် တွေးတောမေးမြန်းမိတဲ့ မေးခွန်းတစ်ခု ဖြစ်ပါ
တယ်။ မျိုးဆက်တစ်ဆက်ဟာ အနာဂတ်အာမခံချက်ရှိအောင် သူ့ဘာသာ သူ ဘယ်လိုလုပ်ဆောင်နိုင်မလဲဆိုတာ ကျွန်တော် သိချင်မိပါတယ်။
အစဉ်မပြတ် ပြောင်းလဲနေတဲ့၊ ကမ္ဘာလုံးဆိုင်ရာဖြစ်တဲ့၊ ပြီးတော့ ပညာရပ်နယ်ပယ် တစ်ခုမကနဲ့ သက်ဆိုင်တဲ့ လောကတစ်ခုအတွက် ကျွန်တော်တို့အားလုံး အသင့်ပြင်ဆင်ထားဖို့ လိုပါတယ်။
အထူးပြုမှုတွေကြားက ကွဲပြားခြားနားချက်တွေက မပီပြင် ရောထွေး လာပါလိမ့်မယ်။
ဒီဝဲသြဃထဲမှာ လမ်းပြမြေပုံဆိုတာ မရှိပါဘူး။ အပြောင်းအလဲက မျိုးဆက် နှစ်ဆက်၊ သုံးဆက်တိုင်လာရင် ဖြစ်ပေါ်လေ့ရှိခဲ့တာပါ။ အနောက်တိုင်းမှာ ဂူတင်ဘတ်ရဲ့ ပုံနှိပ်စက်ဆီက အကျိုးတရားကို ခံစားရဖို့ ရာစုနှစ်များစွာ
ကြာပါတယ်။ ယခုတော့ အပြောင်းအလဲက ခဏချင်း ဖြစ်ပေါ်နေတာပါ။
ကွန်ပျူတာ၊ အင်တာနက်နဲ့ အခြားနည်းပညာပုံစံအမျိုးမျိုးတို့က ကမ္ဘာကြီးကို မကြာခဏဆိုသလို နေရာ ပြန်စဉ်ပေးနေတာပါ။ ထုတ်ကုန်တွေ၊ ဝန်
ဆောင်မှုတွေကို ဖန်တီးတဲ့၊ ဆန်းသစ်တီထွင်မှုရှိတဲ့ အတွေးအခေါ်ရှင်တွေက ယခုအခါမှာ စီးပွားရေးကို ဦးဆောင်မောင်းနှင်နေကြတာ ဖြစ်ပါတယ်။
ဒါဆိုရင် အနာဂတ်မှာ စီးပွားရေး ဖြစ်ထွန်းအောင်မြင်ဖို့ ကျွန်တော်တို့ခေတ်ရဲ့ တကယ်တွင်ကျယ်တဲ့ အရည်အချင်းဟာ ငွေကြေးမဟုတ်ဘူး၊ အချက်အလက်၊ ဂရုပြုဆောင်ရွက်ခြင်း (သို့မဟုတ်) အချိန်တို့ မဟုတ်
ဘူး။ အဲဒါက စိတ်ကူးပဲ ဖြစ်တယ်ဆိုတာ သင်သဘောပေါက်ဖို့ လိုပါတယ်။

  • စာအုပ်
  • စီးပွားရေးနှင့် အလုပ်အကိုင်
  • မြန်မာ
ဝန်ဆောင်မှုအစီအစဉ်(ဖတ်သည်။ 1597 စာအုပ်များ)
ဝယ်ယူသည်။ 630 KS
ငှားရမ်းသည်။48 နာရီအတွက် 200 KS

ဒေတာပိတ်ထားပြီး စာဖတ်ရန်အတွက် ကျေးဇူးပြု၍ app ကိုဒေါင်းလုဒ်ဆွဲပါ။

ဆက်လက်လုပ်ဆောင်ရန်သေချာပါသလား။

ဤဟာသည် ကျွန်ုပ်၏စာအုပ်များ အောက်တွင်ရှိပြီးသားဖြစ်သည်။

ဝန်ဆောင်မှုအားရယူထားပြီးပါပြီ။