part of pack

ဒေတာအရွယ်အစား 0.16MB

စာပေသစ်၏ ဆည်းဆာရောင်

ရေးသားသူဒဂုန်တာရာ

0 Ratings
အနှစ်ချုပ်

လေသည် လွတ်လပ်စွာ တိုက်ခတ်နေသဖြင့်
သန့်ရှင်းနေပေသည်။ မြို့ရနံ့ဖြစ်သော ဓာတ်ဆီညှော်နံ့၊
ကော်ပတ်ညှော်နံ့၊ စီးကရက်နံ့၊ အရက်နံ့တို့မှ ကင်း
သော၊ ပင်လယ်မှလာသော လေမှာ လတ်ဆတ်နေ
သည်။ စင်ရော်ငှက်များသည် မြစ်ကိုဖြတ်ကာ ပျံသန်း
နေကြသည်။
အမှောင်ကျလာသော် ခဲသားရောင်သည် ပို၍
ရင့်လာလေ။
ယင်းဆည်းဆာရောင်ကြားမှ တီးတိုးသံသည်
ထွက်ပေါ်လာသည်။ ဆိပ်ခံအစွန်းရှိ လှေသငေ်္ဘာ
မဆိုက်သော၊ လူရှင်းသောနေရာ ကြိုးချည်ဘုတိုင်၌
ထိုင်နေသော ကျွန်တော့်အား ကိုမြသန်း(ယခု မြသန်း
တင့်) က တတွတ်တွတ်ပြောနေ၏။
“ဘာဖြစ်လို့ စာပေသစ်အယ်ဒီတာအဖွဲ့က
ထွက်ရမှာလဲ။ မထွက်ပါနဲ့ဗျာ”
ကျွန်တော့်မှာ သူ့ကိုလှည့်မကြည့်ဘဲ မြစ်ပြင်
ကိုသာ စိုက်ငေးလျက်ရှိသည်။ သို့သော် သူ၏ပုံပန်းမှာ
ဆည်းဆာရောင်ဝယ် ရုပ်တုကဲ့သို့ပေါ်နေသည်။ ကိုယ်
တစ်ခြမ်းမှာ ခဲသားရောင်၊ တစ်ခြမ်းမှာ ပန်းနုရောင်။

  • စာအုပ်
  • သုတစာပေ
  • မြန်မာ
ဝန်ဆောင်မှုအစီအစဉ်(ဖတ်သည်။ 1608 စာအုပ်များ)
ဝယ်ယူသည်။ 270 KS
ငှားရမ်းသည်။48 နာရီအတွက် 100 KS

ဒေတာပိတ်ထားပြီး စာဖတ်ရန်အတွက် ကျေးဇူးပြု၍ app ကိုဒေါင်းလုဒ်ဆွဲပါ။

ဆက်လက်လုပ်ဆောင်ရန်သေချာပါသလား။

ဤဟာသည် ကျွန်ုပ်၏စာအုပ်များ အောက်တွင်ရှိပြီးသားဖြစ်သည်။

ဝန်ဆောင်မှုအားရယူထားပြီးပါပြီ။