part of pack

ဒေတာအရွယ်အစား 1.92MB

စဉ်းစားနည်း ၊ ၅ ရက် သင်ခန်းစာ

ရေးသားသူကောင်းသာ(မြန်မာပြန်)

0 Ratings
အနှစ်ချုပ်

ဒီစာအုပ်က စဉ်းစားခြင်းနဲ့ ပတ်သက်သမျှ လုပ်ဖို့ပါပဲ။
စဉ်းစားခြင်းနည်းစနစ်တွေနဲ့ ပတ်သက်တဲ့ အချက်တွေရဖို့၊
အခြေအနေတွေကို ရွေးချယ်သွားရမှာပါ။ ဓာတ်ပုံရိုက်ရာမှာ
အလင်းပေးခြင်းနည်း သုံးသလိုပဲပေါ့။
စဉ်းစားခြင်းအကြောင်း စာတွေဖတ်ရမှာ ပျင်းစရာတော့ ကောင်းနေလိမ့်မယ်။ ဒါပေမဲ့ တစ်ဦးတစ်ယောက်ရဲ့
စဉ်းစားခြင်းဖြစ်စဉ်ထဲ လှည့်ပတ်ကစားရတာလည်း ပျော်စရာတွေ တစ်ပုံကြီးရနိုင်ပါတယ်။ ဒီစာအုပ်က ဒါလုပ်ရမယ်၊
ဟိုဟာမလုပ်ရဘူးလို့ ပြောတာမဟုတ်ပါ။ အချက်သုံးချက်ဖြစ်တဲ့ ရိုးစင်းမှု၊ ပါဝင်ပတ်သက်မှု၊ အားထုတ်ရယူမှုတို့အပေါ်
အခြေခံတယ်။ ဒီစာအုပ်က စာဖတ်သူကို သူ့ကိုယ်ပိုင် စဉ်းစားခြင်းစတိုင်၊ ယင်းရဲ့အားကောင်းချက်၊ အားနည်းချက်တို့ကို
သတိရှိမှုတွေ တိုးတက်အောင်လုပ်ခြင်းအပေါ် ပျော်မွေ့ဖို့ ရည်စူးပါတယ်။ စာဖတ်သူဟာ တစ်စုံတစ်ရာအချက်တွေမှာ
ပိတ်ဆို့သွားနိုင်တယ်။ အခြားစာဖတ်သူက မဟာဗျူဟာတွေ သုံးချင်သုံးသွားနိုင်လိမ့်မယ်။ ဘယ်ကျွမ်းကျင်မှုမဆို တိုးတက်
ရေးနဲ့ မှန်ကန်ရေးအတွက် ပထမဆုံးခြေလှမ်းကတော့ သတိရှိမှုပဲ ဖြစ်ပါတယ်။
စာဖတ်သူတွေဆီက လိုအပ်တဲ့ အားထုတ်မှုကတော့ သူ့ကိုယ်သူ အောက်ပါမေးခွန်းတစ်ခု မေးကြည့်ဖို့ပါပဲ။
“ငါ ဘာဖြစ်လို့ ဒီကိစ်္စမှာ အခက်အခဲတွေ လာတွေ့နေရတာလဲ”
ဒီစာအုပ်ထဲမှာ စာဖတ်သူတွေအပေါ်မှာ တည်နေတဲ့ သင်ယူလို့ရသမျှတွေကလွဲလို့ ဘာမှသင်ပေးမှာ မဟုတ်ပါဘူး။
နောက်ထပ်အကြံပေးလိုတာတွေက စဉ်းစားခြင်းအပေါ် စာဖတ်သူရဲ့ ကိုယ်ပိုင်အယူအဆတွေ နှိုးဆွလာအောင် ရည်စူး
ပါတယ်။ အာရုံနိုးထနေတဲ့ စာဖတ်သူက ပျင်းရိထိုင်းမှိုင်းသူ စာဖတ်သူထက် ဒီစာအုပ်ထဲက အချက်တွေကို စာရေးသူ
ကိုယ်တိုင်ထက်တောင်မှ ပိုများများရသွားနိုင်ဖွယ် ရှိသေးတယ်။
ဒီစာအုပ်ဝယ်ပြီးရင်တော့ သင် ကျေနပ်တဲ့အထိ သုံးဖို့ပဲရှိပါတယ်။ အလျင်လိုစရာ မရှိပါ။
တရုတ်ပန်းချီကားတွေ၊ နေရာလွတ် ကွက်လပ်တွေနဲ့ တူလှပါတယ်။ ဘာမှမဖြစ်ခဲ့တဲ့ အချိန်တွေမှာ သူ့ရဲ့ရည်ရွယ်ချက်တွေ ရှိနေတယ်။

  • စာအုပ်
  • စီးပွားရေးနှင့် အလုပ်အကိုင်
  • မြန်မာ
ဝန်ဆောင်မှုအစီအစဉ်(ဖတ်သည်။ 1597 စာအုပ်များ)
ဝယ်ယူသည်။ 400 KS
ငှားရမ်းသည်။48 နာရီအတွက် 200 KS

ဒေတာပိတ်ထားပြီး စာဖတ်ရန်အတွက် ကျေးဇူးပြု၍ app ကိုဒေါင်းလုဒ်ဆွဲပါ။

ဆက်လက်လုပ်ဆောင်ရန်သေချာပါသလား။

ဤဟာသည် ကျွန်ုပ်၏စာအုပ်များ အောက်တွင်ရှိပြီးသားဖြစ်သည်။

ဝန်ဆောင်မှုအားရယူထားပြီးပါပြီ။