part of pack

ဒေတာအရွယ်အစား 1.14MB

ငြိမ်းတယ် ချမ်းတယ် မိုး

ရေးသားသူမင်းကျော်

0 Ratings
အနှစ်ချုပ်

အိမ်ရှေ့ခန်းမှ မီးရောင်သည် အဘယ့်ကြောင့် အပြင်ဘက်မှ သစ်ပင်ကြီးများကဲ့သို့ လှုပ်ယမ်းနေရပါသနည်း။ ထိုမီးရောင်သည် ကျွန်တော့်စိတ်မှ ပေါ်ထွက်နေသော အရောင်များ ဖြစ်ကြလေသလား။ စဉ်းစား၍ မရနိုင်သဖြင့် မျက်နှာကြက်တွင်ရှိသော မီးလုံးကို တစ်ချက် ကြည့်မိသည်။ မျက်လုံးအစုံသည် လိုရာသို့မရောက်။ အခန်းဘေးဘက် နံရံထက်မှ ဓာတ်ပုံဆီသို့ ကျရောက်နေပြန်ချေပြီ။
ဓာတ်ပုံထဲမှ သူသည် သိမ့်သိမ့်ခါခါ ဖြစ်နေသည်။ ဟားတိုက် ရယ်မောနေလေသလား။ တသိမ့်သိမ့်ရှိုက်ကာ အော်ဟစ်ငိုကြွေးနေလေ သလား။ လေသံမိုးသံနှင့် သူ့အသံတို့မှာ ကျွန်တော့်နားတွင် ကျွက် ကျွက်ညံနေကြလေပြီ။ မျက်လုံးအစုံသည် သူ့ထံမှခွာမရ။ သို့သော် သူ့ကိုလည်း ပီပီပြင်ပြင် မမြင်ရ။ သူ့အပေါ်သို့ကျသော မီးရောင်သည် လှုပ်ယမ်းနေလေသည်။ ငိုသံ၊ ရယ်သံ၊ အော်ဟစ်သံ၊ မိုးသံ၊ လေသံ တို့သည် ကျွန်တော့်နားကို ရိုက်ခွဲနေကြလေပြီ။ မည်သူတို့၏ အသံပေ နည်း။ တစ်ခါတစ်ရံ သင်းသင်း၏အသံဟု ထင်သည်။ တစ်ခါတစ်ရံ ဦးညိုမောင်၏အသံကို ကြားရသလိုလို။ ကိုလှကြိုင်၏ အသံများက ရိုက်ခတ်နေသည့်နှယ်။
ကျွန်တော်သည် နားနှစ်ဖက်ကို လက်ဝါးနှင့် ကြပ်ကြပ်ပိတ်ဖို့ သတိမေ့နေလေပြီ။ မျက်လုံးအစုံ တင်းတင်းမှိတ်ဖို့ကိုလည်း မေ့လျော့ နေလေပြီ။ ရပ်တည်ရာမရသော ခန္ဓာကိုယ်သည် အိပ်ခန်းတွင်းသို့ လျင်မြန်လှစွာ ရောက်သွားပြန်၏။ ကျွန်တော့် အိပ်ရာထက်တွင် သားရေသေတ္တာတစ်ခု အသင့်ရှိနေသည်ကို သတိမူမိပြီ။ ထိုအခါမှပင် ကျွန်တော် ဘာလုပ်ရမည်ကိုလည်း နားလည်လာပါသည်။
ကျွန်တော်သည် အိပ်ရာပေါ်မှ သားရေသေတ်္တာကို ဆွဲယူလိုက် သည်။ ချက်ချင်းပင် အိပ်ခန်းထဲမှ ထွက်ခဲ့သည်။ အိမ်ရှေ့ခန်းဆီသို့လာ သည်။ သံတံခါးကို ဆွဲဖွင့်သည်။ အိမ်ပြင်သို့ ထွက်မိပြီ။ သံတံခါးကို ပြန်စေ့ရမည်၊ သော့ခတ်ရမည် စသော လုပ်ဆောင်ဖွယ်တို့ကို ကျွန်တော်သတိကြီးစွာနှင့် လုပ်ရပါသည်။
နောက်ဆုံးအနေနှင့် အိမ်ခန်းတွင်းသို့ လှမ်းကြည့်မိသည်။ နံရံ ထက်မှ သူ့ဓာတ်ပုံကိုပင် တွေ့ပြန်၏။ သူသည် ကျွန်တော့်ကို ညှို့ထား ပြန်လေသည်။
“သည်တစ်ခါတော့ မင်းရဲ့ အညှို့ကို ကိုယ်မခံနိုင်တော့ဘူး။ မင်းရှိတဲ့နေရာက ဝေးရာကို ကိုယ်သွားရလိမ့်မယ်” ဟု စိတ်တွင်းက အမှတ်မထင် ပြောမိသည်။ သည်အခါ သူတို့အားလုံးကငိုကြ၊ ရယ်ကြ၊ အော်ဟစ်ဆူပူကြပြန်လေသည်။ ကျွန်တော် မကြားလိုပါ။

  • စာအုပ်
  • အချစ်ဝတ္ထု
  • မြန်မာ
ဝန်ဆောင်မှုအစီအစဉ်(ဖတ်သည်။ 1608 စာအုပ်များ)
ဝယ်ယူသည်။ 900 KS
ငှားရမ်းသည်။48 နာရီအတွက် 200 KS

ဒေတာပိတ်ထားပြီး စာဖတ်ရန်အတွက် ကျေးဇူးပြု၍ app ကိုဒေါင်းလုဒ်ဆွဲပါ။

ဆက်လက်လုပ်ဆောင်ရန်သေချာပါသလား။

ဤဟာသည် ကျွန်ုပ်၏စာအုပ်များ အောက်တွင်ရှိပြီးသားဖြစ်သည်။

ဝန်ဆောင်မှုအားရယူထားပြီးပါပြီ။