part of pack

ဒေတာအရွယ်အစား 7.63MB

ဂွမ်းပုံ

ရေးသားသူဓူဝံ

0 Ratings
အနှစ်ချုပ်

အခန်း ၁
စူးအက်တူးမြောင်း၏ ကောင်းမှုကြောင့် မြန်မာ့ဆန်ကို ကမ္ဘာက လက်မလည်အောင် အဝယ်သွက်ကာ မျက်နှာကြီးခဲ့သောအချိန်။ မြန်မာ့
ဆန် မျက်နှာကြီးခဲ့သလို စျေးကောင်းကောင်းရခဲ့သဖြင့် လယ်သမားများ တိုးချဲ့စိုက်ပျိုးကာ မြေပိုင်ရှင်၊ ဓနရှင်လူတန်းစားများ တစ်နေ့တခြား
ထွန်းကားလာချိန်။ မော်တော်ကားဆိုလျှင် ရန်ကုန်မြို့တွင်သာ တစ်စီး တလေ တွေ့မြင်ရပြီး တောနေလူထုအဖို့ စက်ယန္တရားတပ်ဆင်ထားသော
သတ္တဝါကြီးတစ်ကောင်ဟု ထင်မြင်ယူဆကာ အဆန်းတကြယ်ဖြစ်၍နေချိန်။ လူသတ်လက်နက်ဟူ၍ အစုလိုက် အပြံုလိုက် သေစေသော စက်သေနတ်၊ အမြောက်၊ ဗုံး၊ အဏုမြူ၊ ဟိုက်ဒရိုက်ဂျင် စသည်တို့ကို
ကြားပင်မကြားဖူးသေးဘဲ တုတ်၊ ဓား၊ လှံများသာ ရှိနေပြီး နှစ်လုံးပြူးေ သနတ်ကိုပင် ထူးဆန်းသော လူသတ်လက်နက်အဖြစ် ကြောက်ရွံ့
နေကြသောအချိန်။ လေယာဉ်ပျံဆိုသည်မှာ မယ်သီတာကို ဒဿဂီရိ ခိုးယူတင်ဆောင်သွားသော ပန်းရထားမျိုးလားဟူ၍ တွေးတောမှန်းဆ
နေချိန်။
တစ်နည်းအားဖြင့်ဆိုသော် လမ်းမကြီး ဖုန်တထောင်းထောင်းနှင့်ဖြစ်နေပြီး လမ်းမပေါ်တွင်လည်း နွားလှည်း၊ မြင်းလှည်းထက် ကြောက်
စရာကောင်းသော ယာဉ်ရထားဟူ၍ မရှိချိန်။ (၀ါ) ဓာတ်ဆီဖြင့် မောင်းနှင်သော သေမင်းတမန် မော်တော်ယာဉ်များ ခေတ်မစားသေးသည့်အချိန်။
ထိုအချိန်သည်ကား အမျိုးသမီးများ အကျႌလက်ရှည်ရှည် ဖားဖားကြီးဝတ်သောအချိန်၊ နိုင်လွန်ဆိုသော စကားကို ကြားဖူးဖို့ဝေးစွ၊ ပဒုမ်္မာ ရှံသားကိုပင် လူရှေ့သူရှေ့တွင် မဝတ်ရဲအောင် ရိုးသားပြီး အရှက်အကြောက်
ကြီးသောအချိန်။ မည်ရွေ့မည်မျှ ရိုးသားသနည်းဟူမူ အတိတ်တဘောင် စနည်းများကို ဘုရားဟောပမာ ယုံကြည်နေကြသောအချိန်။ မင်းလောင်း
ကို မျှော်လင့်နေကြသောအချိန်လည်း ဖြစ်ပေသည်။
ဆိုရှယ်လစ်စီးပွားရေးလောက ဟူသောစကားကို ကြားလည်း မကြားဖူး၊ သိလည်းမသိ။ လယ်ယာစုပေါင်းထွန်ယက်ရေးဆိုသော
စကား လည်းမပေါ်သေး။ ကိုယ်တိုင် လယ်ပိုင်ယာပိုင်ဖြစ်ပြီး ဓနရှင်ပေါက်စကလေးတွေဖြစ်ဖို့အရေး ချစ်တီးများထံမှ ငွေချေးကာ မြေပိုင်ရှင်
သူဌေးလေး အခေါ်ခံရလျှင် ကျေနပ်နှစ်သက်ပြီး ဂုဏ်ယူဝင့်ဝါနေသောအချိန်လည်း ဖြစ်လေသည်။

  • စာအုပ်
  • အခြား
  • မြန်မာ
ဝန်ဆောင်မှုအစီအစဉ်(ဖတ်သည်။ 1608 စာအုပ်များ)
ဝယ်ယူသည်။ 800 KS
ငှားရမ်းသည်။48 နာရီအတွက် 100 KS

ဒေတာပိတ်ထားပြီး စာဖတ်ရန်အတွက် ကျေးဇူးပြု၍ app ကိုဒေါင်းလုဒ်ဆွဲပါ။

ဆက်လက်လုပ်ဆောင်ရန်သေချာပါသလား။

ဤဟာသည် ကျွန်ုပ်၏စာအုပ်များ အောက်တွင်ရှိပြီးသားဖြစ်သည်။

ဝန်ဆောင်မှုအားရယူထားပြီးပါပြီ။