part of pack

ဒေတာအရွယ်အစား 1.06MB

ဂဠုန်ဆရာစံ

ရေးသားသူဆင်ဖြူကျွန်းအောင်သိန်း

0 Ratings
အနှစ်ချုပ်

“ခုတ်ဟ .. သတ်ဟ”
ဗာရက်တိုးနောက်သို့ သူပုန်သုံးယောက်က ထပ်မံမဲ၍ ပြေးလိုက်လာသည်တွင် ပုလိပ်များက တရကြမ်း ပစ်ခတ်ကာကွယ်ပေးကြသဖြင့်
ရှေ့သို့မတိုးနိုင်ကြပေ။
“ဟေ့… မိအောင်သတ်၊ မျောက်စုတ်ကို အသေသတ်ဟေ့၊ တက်ပေး … ချပေး”
အောင်မြင်စွာ အမိန့်ပေးလိုက်သော အသံကြီးကြောင့် သူပုန်ဆယ်ယောက်ခန့်သည် အပြင်းပြေးဝင်လာကြ၏။ ပုလိပ်တို့၏ ကျည်ဆန်ဖျား
တွင် ခွေခနဲ ခွေခနဲ လဲကျသွားကြသော်လည်း အတင်းနင်းတက်လာကြသဖြင့် ဆာဂျင်ကြီးတစ်ယောက်နှင့် ပုလိပ်နှစ်ယောက်မှာ ကျန်ပုလိပ်
များအား ကာပစ် ပစ်ပေးခိုင်းပြီး အရေးပိုင် ဗာရက်တိုးကို ဆင်းဆွဲကြရလေ၏။
“ချပေး .. ချပေး ..”
“တက်ပေး .. တက်ပေး …”
အရေးပိုင်ဗာရက်တိုးအား ကယ်သူများအနက် ပုလိပ်တစ်ယောက်မှာ သူပုန်ဓားစာမိ၍ ကျန်ခဲ့သည်။
အရေးပိုင်လွတ်သွားသော်လည်း သူပုန်များသည် ပြုံ၍ ပြေးတက်လာကြပြန်၏။ တစ်ခဲနက် အော်ဟစ်ကြွေးကြော်သံကြီးများဖြင့် သူပုန်
များ ပြေးတက်လာသည်တွင် ဆုတ်ပစ်ပစ်သွားသော ကျည်ဆန်ဖျားတွင် ကားခနဲ ကျသူကျဖြင့် သူပုန်များမှာ အော်ဟစ်လျက် ကျန်ရစ်ခဲ့ကြ
လေ၏။
“ဟေ့ .. သေနတ်သမားတွေ၊ သေနတ်နဲ့ပစ်ပါလား”
မင်းရဲရဲအောင်ထင်သည် ဒဏ်ရာကို လက်ဝါးဖြင့်အုပ်လျက် လဲကျနေရာက အမိန့်ပေးသည်။ သေနတ်ကိုင် တပ်သားများသည်
အရေးပိုင်ကို လှမ်း၍ပစ်ခတ်ကြ၏။ သို့ရာတွင် မထိရောက်ချေ။ နှစ်လုံးပြူးနှင့် ယမ်းထိုးလက်လုပ်သေနတ်က မည်သို့မျှ ထိနိုင်စွမ်းမရှိချေ။
“လက်နက်တွေသိမ်းကြ၊ ကျဆုံးတဲ့ သွေးသောက်တွေကို သယ်ကြ”
ဗိုလ်မှူးဘအေး ခေါ် မင်းရဲရဲအောင်ထင်သည် ထရပ်၍ အမိန့်ပေးရင်း ခွေခနဲလဲကျသွားလေ၏။
“ဗိုလ်မှူး .. ရာဇဝတ်ဝန် ဦးမောင်ကလေးရဲ့အလောင်း တွေ့တယ်”
“ဟေ .. ဟုတ်လား”
ဗိုလ်မှူးဘအေးမှာ ရန်သူတို့၏အကြီးအကဲကို အသေရမိလိုက်သဖြင့် ဝမ်းသာအားရ ထရပ်လေသည်။
“အောင်ပြီ၊ ဒီတိုက်ပွဲမှာ ငါတို့အောင်တယ်၊ တပ်ပြန်ခေါက် ခေါက်”

  • စာအုပ်
  • အထ္တုပ္ပတိ နှင့် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ
  • မြန်မာ
ဝန်ဆောင်မှုအစီအစဉ်(ဖတ်သည်။ 1597 စာအုပ်များ)
ဝယ်ယူသည်။ 800 KS
ငှားရမ်းသည်။48 နာရီအတွက် 200 KS

ဒေတာပိတ်ထားပြီး စာဖတ်ရန်အတွက် ကျေးဇူးပြု၍ app ကိုဒေါင်းလုဒ်ဆွဲပါ။

ဆက်လက်လုပ်ဆောင်ရန်သေချာပါသလား။

ဤဟာသည် ကျွန်ုပ်၏စာအုပ်များ အောက်တွင်ရှိပြီးသားဖြစ်သည်။

ဝန်ဆောင်မှုအားရယူထားပြီးပါပြီ။