part of pack

Data Size 1.00MB

ဂနိုင့်ကျက်သရေ စာပေဆောင်းပါးများ

Byနေဝင်းမြင့်

0 Ratings
Summary

အမေ ကျွန်တော့်ကို ညာနေမှန်းသိပါသည်။ ကျွန်တော်ကလည်း ယုံချင်ဟန်ဆောင်လိုက်သည်။ ကျောင်းဝရောက်ခါနီးပြီ။ ကျောင်းရှေ့က ကန္တာရပင်နှင့် စိန်ပန်းပင်ကို မြင်ရပြီ။ အမေက ချွေးခံထဲက ပိုက်ဆံတစ်မတ် (တစ်ခါတစ်ရံ ဆယ်ပြား) ထုတ်ပေးသည်။ “ကဏန်းချောင်းတွေ မစားနဲ့၊ ရင်ကျပ်တတ်တယ်” လို့မှာတတ်သည်။ ကဏန်းချောင်းဆိုတာ ဝါးလုံးတစ်လုံးကို အခဲလိုက်ပတ်ရစ်ထားသော အရောင်ဆိုးကပ်ဆေးနှဲဖြစ်သည်။ ကျောင်းစောင့်ကြီး ဦးသောင်းစိန်ကိုယ်တိုင်ပြုလုပ်ရောင်းချသော ထိုကပ်စေးနှဲပျင်းတွဲတွဲကို ဘယ်လိုကြောင့် ကဏန်းချောင်းဟု ခေါ်ကြသလဲဆိုတာတော့ ဘယ်သူမှ မပြောနိုင်ပါ။ ဝါးလုံးတွင် ရစ်ထားသော ကပ်စေးနှဲတွေကို ဆွဲယူကာနီးတိုင်း သူ့ညာလက်ကို တံတွေးဖြင့် တဖျီးဖျီးထွေးတာကို ဝယ်စားကြသူတိုင်း မြင်ကြသော်လည်း ဘယ်သူမှ ရွံစရာကောင်းလိုက်တာလို့ မပြောခဲ့ကြတာလည်း ထူးဆန်းသည်။
ကျွန်တော်ကျောင်းဝင်းထဲ မဝင်သေးပါ။ အမေ့ကို မော့်ကြည့်သည်။ ထိုတခဏတွင် အမေကလည်း ကျွန်တော့်ကို ကြည့်နေလေ့ရှိသည်။ ကျွန်တော့် မျက်နှာမကောင်းသလို အမေ့မျက်နှာလည်း မရွှင်ပြပါ။

  • Books
  • Business & Economy
  • Burmese
Subscription Package(read 1622 Books)
Buy 1000 KS
Rent300KS for 48 hours

For easy and offline reading please download the app

Are you sure you want to continue?

You already have this product in My Books

You have already Subscribed to this package