part of pack

ဒေတာအရွယ်အစား 1.22MB

ချီဂွေဗာရာ၏ တော်လှန်စစ်အတွေ့အကြုံများ

ရေးသားသူမောင်နေဝင်း

0 Ratings
အနှစ်ချုပ်

ကျွနု်ပ်တို့ တော်လှန်ရေး၏ များပြားလှစွာသော အဆစ်အပိုင်းများနှင့် ပုံပန်းသွင်ပြင်အားလုံးကို နှိုင်းဆတိုင်းတာမည့်သမိုင်းတစ်ရပ် ရေးသားရန်
ကာလရှည်ကြာစွာကပင် ကျွနု်ပ်တို့ လိုလားဆန္ဒရှိနေခဲ့ကြသည်။ ဤကဲ့သို့သော သမိုင်းတစ်စောင်တစ်ဖွဲ့ကို ရေးသားလိုသည့် အလိုဆန္ဒကား၊ တော်လှန်ရေး
ခေါင်းဆောင် များစွာတို့က တီးတိုးဖြစ်စေ၊ လူသိရှင်ကြားဖြစ်စေ မကြာခဏ ထုတ်ဖော်ခဲ့ကြပြီးဖြစ်သည်။ သို့ရာတွင် လုပ်ငန်းတာဝန်တွေ များပြားလှသည်။
နှစ်ကာလတွေလည်း ကုန်လွန်ခဲ့ပြီ။ ပုန်ကန်ထကြွမှုများနှင့်ပတ်သက်သော အမှတ်ရချက်တို့မှာလည်း အတိတ်တွင် မှုန်မွှားကြလေပြီ။ ကျွနု်ပ်တို့သည် အမေ
ရိကန်၏သမိုင်းနှင့် ဆက်စပ်ပိုင်ဆိုင်ပြီးဖြစ်သော ယင်းအဖြစ်အပျက်များကို ယခုအထိ တိတိကျကျ နေသားတကျ မလုပ်ကြရသေးချေ။
ယင်းအကြောင်းများကြောင့် ကျွနု်ပ်တို့အားလုံး ပါဝင်ခဲ့သော တိုက်ခိုက်မှုများ၊ စစ်ပွဲများနှင့် တိုက်ပွဲများဆိုင်ရာ ကိုယ်တိုင်အမှတ်ရချက်များကို ကျွနု်ပ်
စတင်ရေးသားလျက်ရှိပါသည်။ အမှတ်ရချက်များ၊ အလျင်စလိုရေးမှတ်သော မှတ်စုများတွင် အခြေခံထားသည့် ဤသမိုင်း တစ်ပိုင်းတစ်စကို ပြည့်ဝကုံလုံ
ပြီဟု ကျွနု်ပ် မယူဆပါ။ ဆိုင်ရာ ဆိုင်ရာ ပတ်သက်ပါဝင်ခဲ့သော ပုဂ္ဂိုလ်များက ဆိုင်ရာ ဆိုင်ရာ အခန်းကဏ္ဍများကို ထပ်မံဖြည့်စွက်ကြလိမ့်မည်ဟု ကျွနု်ပ်မျှော်
လင့်ပါသည်။
တိုက်ပွဲတစ်ခုလုံးတွင် ကျူးဘားနိုင်ငံ၏မြေပုံပေါ်၌ သတ်မှတ်ထားသော နေရာဒေသတစ်ခုခုတွင်သာ ကျွနု်ပ်ကိုယ်တိုင် ကန့်သတ်ပါဝင်ခဲ့ရသည်ဖြစ်ရာ
အခြားနေရာဒေသတို့မှ စစ်ပွဲများ၊ အဖြစ်အပျက်များတွင် ပါဝင်နိုင်စွမ်း မရှိခဲ့ပါ။ ကျွနု်ပ်တို့၏ တော်လှန်ရေးလုပ်ငန်းများ အသက်ဝင်စေရန်နှင့် အစီအစဉ် သဘောသက်ရောက်စေရန်အလို့ငှာ ဖီဒယ်လ်ပါဝင်ခဲ့ပြီး ကျွနု်ပ်တို့တပ်များ
အရေးနိမ့်သော ပထမဦးဆုံး တစ်ပွဲတည်းသာဖြစ်သည့် အလက်ဂျရီယာ ဒီပီယို (*) ရှောင်တခင်တိုက်ပွဲမှ စတင်ရလိမ့်မည်ဟု ကျွန်ုပ် ယုံကြည်ပေသည်။

  • စာအုပ်
  • အခြား
  • မြန်မာ
ဝန်ဆောင်မှုအစီအစဉ်(ဖတ်သည်။ 1254 စာအုပ်များ)
ဝယ်ယူသည်။ 600 KS
ငှားရမ်းသည်။48 နာရီအတွက် 100 KS

ဒေတာပိတ်ထားပြီး စာဖတ်ရန်အတွက် ကျေးဇူးပြု၍ app ကိုဒေါင်းလုဒ်ဆွဲပါ။

ဆက်လက်လုပ်ဆောင်ရန်သေချာပါသလား။

ဤဟာသည် ကျွန်ုပ်၏စာအုပ်များ အောက်တွင်ရှိပြီးသားဖြစ်သည်။

ဝန်ဆောင်မှုအားရယူထားပြီးပါပြီ။