part of pack

ဒေတာအရွယ်အစား 0.49MB

ခိုင်မြဲသာယာ ဘဝတစ်သက်တာ (အိမ်ထောင်သာယာစိုပြည်ရေး အကြံပြုချက်များ)

ရေးသားသူအန်တီချို (မြန်မာပြန်)

0 Ratings
အနှစ်ချုပ်

ဒါပေမဲ့ ကံကြမ္မာရဲ့အလှည့်အပြောင်းတွေက လူတွေရဲ့ မူလရည်မှန်းချက်တွေ၊ အိပ်မက်စိတ်ကူးတွေကို အမျိုး
မျိုး အဖုံဖုံအပြောင်းအလဲဖြစ်စေတာကို ကျွန်တော်တို့ မိသားတစ်စုလုံး ကြုံတွေ့ခံစားလိုက်ရတယ်။
လူအများစုရဲ့ အလိုအရ ကံကြမ္မာအလှည့်အပြောင်းကြောင့် ကောင်းသော ပြောင်းလဲမှုတွေရလာတဲ့အခါ ကံကောင်း
တယ်ဆိုကြပြီး အဲဒီအပြောင်းအလဲကြောင့် ရည်မှန်းချက်တွေ ပျက်ပြားရတဲ့အခါ ကံကြမ္မာကို ယိုးမယ်ဖွဲ့ စွပ်စွဲမှုတွေနဲ့
အပြစ်တင်တတ်ကြပါတယ်။ တကယ်တော့ ကံကြမ္မာအလှည့်အပြောင်းတွေကို ဘယ်သူကမှ ကျေနပ်ခြင်း၊ မကျေနပ်ခြင်း
တွေနဲ့ ရင်ဆိုင်နိုင်ခွင့်မရှိဘဲ ကြုံတွေ့လာရတဲ့ အပြောင်းအလဲအပေါ် အကောင်းဆုံးတွေဖြစ်အောင် အသုံးချနိုင်ဖို့သာ
အဓိကလိုအပ်ပါလိမ့်မယ်။
ကျွန်တော့်အမေက အဖေ့ကို တစ်လလောက်အချိန်ယူပြီး ကွာရှင်းပြတ်စဲဖို့ ဆုံးဖြတ်ခိုင်းထားတဲ့နေ့ကစလို့
နောက်တစ်ပတ်အကြာမှာ အမေက သူ့မှာ ကိုယ်ဝန်ရှိနေတာကို သတိထားမိသွားခဲ့တယ်။ ဒီကိုယ်ဝန်ကတော့ အမေ
အတွက် ၇ ယောက်မြောက် မွေးဖွားလာမယ့် ကလေးပါပဲ…
ဒီအခြေအနေမှန်ကို သိသွားတဲ့ အဖေက သူ့မှာဇနီးသည် မွေးဖွားလာမယ့်ကလေးနဲ့ပတ်သက်ပြီး တာဝန်ဝတ္တရား
အသစ်တွေရှိနေသေးတာပဲဆိုတဲ့ အသိစိတ်ဝင်ပြီး အမေ့ကိုရော၊ ကျွန်တော့်တို့သားသမီးတွေကိုပါ ဘယ်တော့မှထား
မသွားတော့ဘူးလို့ ဆုံးဖြတ်ချက်ချလိုက်တယ်။

  • စာအုပ်
  • အခြား
  • မြန်မာ
ဝန်ဆောင်မှုအစီအစဉ်(ဖတ်သည်။ 1597 စာအုပ်များ)
ဝယ်ယူသည်။ 600 KS
ငှားရမ်းသည်။48 နာရီအတွက် 200 KS

ဒေတာပိတ်ထားပြီး စာဖတ်ရန်အတွက် ကျေးဇူးပြု၍ app ကိုဒေါင်းလုဒ်ဆွဲပါ။

ဆက်လက်လုပ်ဆောင်ရန်သေချာပါသလား။

ဤဟာသည် ကျွန်ုပ်၏စာအုပ်များ အောက်တွင်ရှိပြီးသားဖြစ်သည်။

ဝန်ဆောင်မှုအားရယူထားပြီးပါပြီ။