part of pack

ဒေတာအရွယ်အစား 2.18MB

ကျွန်ုပ်တို့၏ ခေါင်းမာသော ရုပ်ပြောင်ရေးဆရာ

ရေးသားသူဦးဟိန်စွန်း

0 Ratings
အနှစ်ချုပ်

ရန်ကုန်မြို့အတွင်း လှည့်လည်လည်ပတ်နေသော အဘိဓာန်ကြီးမှာ အသက် ၇၀ ကျော်ပြီဖြစ်သော ကာတွန်းဆရာကြီး ဦးဟိန်စွန်းပင်ဖြစ်သည်။ ဆရာကြီး ဦးဟိန်စွန်းသည် တစ်ညတာ
အိပ်စက်အနားယူရာ မှ နိုးလျှင်နိုးချင်း ကိုယ်လက်သန့်စင် ရေမိုးချိုး၊ ဝတ်စားဆင်ယင်ပြီး လက်ဆွဲအိတ်တစ်လုံးဆွဲကာ (မိုးတွင်းဆိုလျှင်
ထီးပါသည်) အခန်းသော့ခတ်ထွက်တော့သည်။ ဆရာကြီးသည် လက်ဖက်ရည်ကို ဆိုင်မှာသောက်သည်။ ထမင်းကို ဆိုင်မှာစားသည်။
သတင်းစာတိုက်များသို့လည်း ရောက်သည်။ ရုပ်ရှင်ရုံများသို့လည်း ရောက်သည်။ (ဆရာကြီးသည် ကြေးမုံသို့ အင်္ဂလိပ်ရုပ်ရှင်သတင်း
နှင့် မြန်မာ့ရုပ်ရှင်သတင်းများပေးရန် တာဝန်ယူထားသည်။)ပုံနှိပ်တိုက်များသို့လည်း ရောက်သည်။ မိတ်ဆွေနှင့် တပည့်တပန်းများအိမ်သို့လည်း ရောက်သည်။ နေညိုခဲ့ပြီ။
ဆရာကြီးသည် ရန်ကုန်မြို့တွင်း လှည့်လည်ဆဲပင်ရှိသည်။ တစ်မြို့လုံး မီးများလင်းထိန်နေပြီ။ ဆရာကြီးသည် မြန်မာ၊ သို့မဟုတ် တရုတ်၊ သို့မဟုတ် ကုလားထမင်းဆိုင်
တစ်ဆိုင်သို့ဝင်ကာ ညစာစားကာ တစ်နေ့တာအတွက် အနားယူ အိပ်စက်ရန် အခန်းသို့ပြန်ခဲ့သည်။ အချိန်ကား ည ၈ နာရီ၊ သို့မဟုတ်
၉ နာရီ၊ ၁၀ နာရီ။

  • စာအုပ်
  • အခြား
  • မြန်မာ
ဝန်ဆောင်မှုအစီအစဉ်(ဖတ်သည်။ 1597 စာအုပ်များ)
ဝယ်ယူသည်။ 360 KS
ငှားရမ်းသည်။48 နာရီအတွက် 200 KS

ဒေတာပိတ်ထားပြီး စာဖတ်ရန်အတွက် ကျေးဇူးပြု၍ app ကိုဒေါင်းလုဒ်ဆွဲပါ။

ဆက်လက်လုပ်ဆောင်ရန်သေချာပါသလား။

ဤဟာသည် ကျွန်ုပ်၏စာအုပ်များ အောက်တွင်ရှိပြီးသားဖြစ်သည်။

ဝန်ဆောင်မှုအားရယူထားပြီးပါပြီ။