part of pack

ဒေတာအရွယ်အစား 0.58MB

ကျောက်ဘီလူး

ရေးသားသူနတ်နွယ်

0 Ratings
အနှစ်ချုပ်

မည်သို့ပင်ဖြစ်စေ… သူတို့လေးဦးသည် အမျိုးသမီးတစ်ယောက်တည်းကို
ဝိုင်း၍ ချစ်နေမိကြသည့်တိုင် အချစ်အခင် မပျက်ကြသည့် သူငယ်ချင်းများ ဖြစ်ကြ၏။
မခွဲမခွာ ရှိနေကြမည့်သူများ ဖြစ်၏။ သို့ရာတွင် အလုပ်အကိုင်အားဖြင့် ရန်ကုန်တွင်
နေထိုင်ရန် သင့်လျော်သော်လည်း ပန်းချီဆရာ ကိုပေါ်နှောင်းသည် မန်္တလေးမြေနှင့်
တစ်လလောက် ဝေးကွာနေလျှင် အနုပညာဈာန်ဝင်စားမှုများ ကျဆင်းလျော့ပါးသွား
သည်ဆို၍ သူငယ်ချင်းလေးယောက်အနက် သုံးယောက်က ရန်ကုန်တွင်ရှိနေပြီး
တစ်ယောက်ကမူ မန်္တလေးကို ဖက်တွယ်လျက်ရှိလေသည်။ သူတို့လေးယောက်
ဆုံစည်းခွင့်သည် ကိုပေါ်နှောင်း ရန်ကုန်သို့ဆင်းလာမှသာလျှင် ရရှိကြပေသည်။
ဤနေရာတွင်တော့ ကိုပေါ်နှောင်းသည် တစ်လတစ်ခါလောက် ရန်ကုန်ဆင်းလာပြီး
တစ်ခေါက်လျှင် တစ်ပတ်ခန့် နေထိုင်သွားတတ်သည်။ သို့ရာတွင် သူသည် မန်္တလေးမြို့
၌ အနုပညာဈာန် အဝင်လွန်နေပြီး သမိုင်းဝင် ပန်းချီကားကြီးတစ်ချပ်ကို ရေးဆွဲနေ
သဖြင့် ရန်ကုန်သို့ သုံးလလောက် ရောက်မလာဘဲ ကနေ့တွင်မှ ဗြုန်းစားကြီး ပြန်ရောက်
လာပြီး မနက်ဖြန် မှာပင် ပြန်ရမည်ဟု ဆိုလေသည်။ သို့ဖြင့် သူတို့လေးယောက်သည်
အတူတကွ တွေ့ဆုံ၍ အကြောင်းအရာမျိုးစုံကို ဆွေးနွေး ငြင်းခုံကြရန် အင်းလျားကန်
စောင်းရှိ “ရေဇလာ” ဟိုတယ်၌ ချိန်းဆိုလိုက်ကြသည်။ ညနေ ၆ နာရီတွင်ဖြစ်သည်။
တစ်မိနစ် မလို၊ တစ်မိနစ်မစွန်း ဖြစ်သည်။

  • စာအုပ်
  • အခြား
  • မြန်မာ
ဝန်ဆောင်မှုအစီအစဉ်(ဖတ်သည်။ 1604 စာအုပ်များ)
ဝယ်ယူသည်။ 900 KS
ငှားရမ်းသည်။48 နာရီအတွက် 150 KS

ဒေတာပိတ်ထားပြီး စာဖတ်ရန်အတွက် ကျေးဇူးပြု၍ app ကိုဒေါင်းလုဒ်ဆွဲပါ။

ဆက်လက်လုပ်ဆောင်ရန်သေချာပါသလား။

ဤဟာသည် ကျွန်ုပ်၏စာအုပ်များ အောက်တွင်ရှိပြီးသားဖြစ်သည်။

ဝန်ဆောင်မှုအားရယူထားပြီးပါပြီ။