part of pack

ဒေတာအရွယ်အစား 1.16MB

ကိုးသင်္ချိုင်းသံဓား

ရေးသားသူဓူ၀ံ

0 Ratings
အနှစ်ချုပ်

မြင်းတစ်စီး၊ ဓားတစ်လက်ကို အရင်းတည်၍ ခြေသလုံး
အိမ်တိုင်ထူကာ ကိုယ်ကျိုးမဖက် နိုင်ငံတော်အတွက်သက်သက်
လူဖြစ်လာရသော အညတရစစ်သည်တော် သီရိဗြတ်ကမွန်အား ဤ ကိုးသင်္ချိုင်းသံဓား
ဝတ္ထုတွင် စံပြ စစ်သားကောင်းတစ်ဦး
အဖြစ် သရုပ်ဖော်ထားသည်ကို တွေ့ရပေလိမ့်မည်။
စစ်သည်တော်ကောင်းတို့မည်သည် မိမိတို့၏ ကိုယ်ကျိုး
ကိုစွန့်၍ နိုင်ငံတော်အတွက် အသက်ကိုပင် စွန့်လွှတ်ရန် ဝန်မလေး
သူများ ဖြစ်ရမည်ကို သီရိဗြတ်ကမွန်၏ စွန့်စားခန်းများဖြင့်
ပေါ်လွင်စေခဲ့သည်ကိုလည်း တွေ့ကြရပေလိမ့်မည်။ ထိုသို့ စွန့်စား
ရာတွင် အချောအလှ ထိပ်ခေါင်တင်ဖြစ်သော ဆောင်းတူးမြို့စား
ကြီး၏ သမီးဦးရတနာ နှင်းကေသရာနှင့် တွေ့ဆုံခဲ့ရာမှ ဇာတ်လမ်း
ဇာတ်အိမ် ကျယ်ပြန့်လာခဲ့ခြင်းဖြစ်ပေသည်။ နှင်းကေသရာအပေါ်
တွင် သီရိဗြတ်ကမွန်သည် အသည်းနှလုံးခိုက်အောင် စွဲလမ်းခဲ့
သော်လည်း အချစ်ကို ဦးစားမပေး၊ မိမိအပေါ်တွင် ကျရောက်လာ
မည့် နိုင်ငံတော်၏တာဝန်ကိုသာ ဦးစားပေးပြီး ရွပ်ရွပ်ချွံချွံ ထမ်း
ဆောင်ခဲ့ပုံများကို ဇာတ်ကွက်ဆင်၍ သရုပ်ဖော်ခဲ့ရာ၌ အသည်း
ထိတ်စရာ၊ ရင်ဖိုစရာ၊ စွန့်စားခန်းများအကြားတွင် ပျော်ရွှင်စရာ၊
ကြည်နူးစရာ၊ ကြေကွဲစရာ၊ ရင်နင့်စရာ၊ လွမ်းဆွေးဖွယ်ရာ၊ ချစ်ခန်း
ကြိုက်ခန်းများ တစ်ပြိုင်တည်း ရောပြွမ်း၍ ပါလာမည်ကို တွေ့ရ
ပေလိမ့်မည်။
ဤဝတ္ထုကို ရေးသားရာ၌ “ရာဇာဓိရာဇ် အရေးတော်ပုံ
ကျမ်း” နှင့် “ရှင်စောပု ရာဇဝင်ဝတ္ထု” တို့သည် စာရေးသူအတွက်
များစွာ အထောက်အကူဖြစ်စေရမည်ကို မှတ်တမ်းတင်လိုပေ
သည်။ သို့ရာတွင် ရာဇဝင်ကို ရေးသားခြင်းမဟုတ်၊ ရာဇဝင်ကို
နောက်ခံထား၍ စိတ်ကူးယဉ်ဝတ္ထုတစ်ပုဒ်ဖြစ်လာအောင် ရေးသား
ထားခြင်း ဖြစ်သည်ကို ဖော်ပြလိုပေသည်။ ဝတ္ထုသည် ဝတ္ထုသာ
ဖြစ်သည်ကို သတိချပ်စေလိုပါသည်။

  • စာအုပ်
  • သုတစာပေ
  • မြန်မာ
ဝန်ဆောင်မှုအစီအစဉ်(ဖတ်သည်။ 1597 စာအုပ်များ)
ဝယ်ယူသည်။ 1500 KS
ငှားရမ်းသည်။48 နာရီအတွက် 200 KS

ဒေတာပိတ်ထားပြီး စာဖတ်ရန်အတွက် ကျေးဇူးပြု၍ app ကိုဒေါင်းလုဒ်ဆွဲပါ။

ဆက်လက်လုပ်ဆောင်ရန်သေချာပါသလား။

ဤဟာသည် ကျွန်ုပ်၏စာအုပ်များ အောက်တွင်ရှိပြီးသားဖြစ်သည်။

ဝန်ဆောင်မှုအားရယူထားပြီးပါပြီ။