part of pack

ဒေတာအရွယ်အစား 0.57MB

ကလယ်ရီနက်သမားအက်ဆေးများ

ရေးသားသူနေမျိုး

0 Ratings
အနှစ်ချုပ်

ခေတ်ကြီးဟာ အသက်ကိုဖြည်းဖြည်းချင်းရှူလို့၊ နေကောင်းရဲ့လားလို့
မေးလာသူကို မဆိုးပါဘူးလို့ ပြန်ဖြေနေရဲ့။ အခုကျွန်တော် ဖတ်ရှုကြည့်နေတဲ့
“သတ်ပုံမမှားစေနဲ့” ကဗျာစာအုပ်ထဲမှာ ကျွန်တော့်ကို လက်ညှိုးထိုးပြောနေသလို ခံစားရစေတဲ့ကဗျာတွေ၊
ကျွန်တော့်ကို ငါနဲ့အနေသာကြီးပဲလို့ မပြောနိုင်အောင် ရှော့(ခ်)ရသွားစေတဲ့ကဗျာတွေ၊
တစ်ခုခုကို စဉ်းစားမိရင် မှားယွင်းသွားနိုင်ပြီး ဘာမှမစဉ်းစားဘဲနေရင် မမှန်မကန်ဖြစ်ရပ်တစ်ခုပမာ
နည်းနည်းပါးပါးနားနားပြီး စဉ်းစားကြည့်ပြန်တော့ အမှန်ကိုလွယ်လွယ်နဲ့ မသိနိုင်ပြန်
ဘူးလို့ ရင်ခုန်ရစေမယ့်ကဗျာတွေကို အဆင်သင့်ထုတ်လုပ်ထားကြောင်း
တွေ့ရပါတယ်။ အဂ္ဂမိုး၊ အလင်းရောင် (မြို့သာ)၊ ဇင်မင်း (မြို့သာ)၊
မြင့်စည်သူ (မြိုင်)၊ နန္ဒမန်းကြယ် (တွင်းငယ်)၊ ဟိဏ်းဦးဆည် (တန့်ဆည်
မြေ)၊ ဉာဏကျော်၊ သျှိုင်းမေရီသုန် (ဧရာဝတီ) ရယ်လို့ အမည်နာမရှိသူတွေ၊
ကဗျာရေးသားခြင်းကို ပြုလုပ်သူတွေဟာ စစ်ကြီးဖြစ်ပွားပြီးသွားတော့
အိပ်မက်မြင်သူ အဘိုးအိုဟာ နိုးလာပြီး သူ့အိပ်မက်ဆန်းတွေကို သူတို့
အားလုံးကို ပြောကြားရစ်ခဲ့သည့်အလား။ သူတို့ဟာ ကဗျာရေးသူတွေပါပဲ။
သူတို့ဟာ ကဗျာဆရာတွေပါပဲ။ သူတို့အရေးအသားတွေဟာ ကဗျာတွေပါပဲ။
ကဗျာအဖြစ်ကြိုးပမ်းမှုတွေပါပဲ။
အဘိုးအိုက ဘယ်မှာလဲ။ အဘိုးအိုကဘာလဲ။

  • စာအုပ်
  • ကဗျာ
  • မြန်မာ
ဝန်ဆောင်မှုအစီအစဉ်(ဖတ်သည်။ 1603 စာအုပ်များ)
ဝယ်ယူသည်။ 500 KS
ငှားရမ်းသည်။48 နာရီအတွက် 200 KS

ဒေတာပိတ်ထားပြီး စာဖတ်ရန်အတွက် ကျေးဇူးပြု၍ app ကိုဒေါင်းလုဒ်ဆွဲပါ။

ဆက်လက်လုပ်ဆောင်ရန်သေချာပါသလား။

ဤဟာသည် ကျွန်ုပ်၏စာအုပ်များ အောက်တွင်ရှိပြီးသားဖြစ်သည်။

ဝန်ဆောင်မှုအားရယူထားပြီးပါပြီ။