part of pack

ဒေတာအရွယ်အစား 2.21MB

ကမ္ဘာကျော် ရှိတ်စပီးယားပြဇာတ်များ

ရေးသားသူဦးနု

0 Ratings
အနှစ်ချုပ်

လန်ဒန်မြို့မှာ ယခုကဲ့သို့ မစည်ကားသေး၊ သိမ်းမြစ်တစ်ဖက်
တွင် ဝက်ဝံဖမ်းနိုင်၏။ ရန်သူဖြစ်နေသူတို့ ဓားရေးပြကြ၏။ ၁ဘစ်ရှော့
ဂိတ်ရပ်ကွက်မှာ အမြောက်ပစ်ကျင့်စရာ ကွင်းဖြစ်၏။ မြူနီစီပယ် နယ်
နိမိတ်ပြင်ပတွင် ဇာတ်ရုံနှစ်ရုံမျှသာ ရှိသေး၏။ လန်ဒန်မြို့ရှိ လူမျိုးစုံတို့
သည် ထိုဇာတ်ရုံသို့ စုဝေးလာရောက်ကြည့်ကြရ၏။ ဤသို့သော
ပတ်ဝန်းကျင်မှာ ရှိတ်စပီးယား၏ တက္ကသိုလ်ကြီး ဖြစ်ပေသည်။ ပွဲကြည့်
လာသော ပရိသတ်မျိုးစုံတို့၏ အမူအရာကို လေ့လာနိုင်သည်။ ထိုပရိ
သတ်အချင်းချင်း အတင်းပြောစကားများမှ ဇာတ်လမ်းများ ရနိုင်သည်။
ဓားခုတ်လှံထိုး အမြောက်စမ်းပုံတို့ကို လေ့လာနိုင်ပေသည်။ ထိုစဉ်က
အင်္ဂလန်ပြည်တွင် ဓားပြတိုက်မှုဖြစ်ခဲ့သမျှ ရွာဆော်လူကြီး ပါဝင်လေ
သည်။ ထိုလူကြီးသည် ခရီးသွားယောက်ျားအား ပစ္စည်းမည်မျှပါသည်၊
မည်သည့်အရပ်သို့ သွားမည်ဟု စစ်ဆေးမေးမြန်းပြီးလျှင် ခရီးတစ်
လျှောက် စိတ်ချရအောင် အဖော်ထည့်လိုက်ပါမည်ဟု သူ့လူတစ်ယောက်
ကို ထည့်လိုက်ပြီး တစ်ဖက်လှည့် ဓားပြတိုက်ခိုင်းတတ်လေသည်။
ဤသို့တိုက်ပုံမျိုးကို ရှိတ်စပီးယားသည် သူ့ စတုတ္ထမြောက် ဟင်နရီ
ဘုရင်ပြဇာတ်တွင် ထည့်ထားသဖြင့် ပွဲအလွန်ကျခဲ့လေသည်။

  • စာအုပ်
  • သုတစာပေ
  • မြန်မာ
ဝန်ဆောင်မှုအစီအစဉ်(ဖတ်သည်။ 1603 စာအုပ်များ)
ဝယ်ယူသည်။ 600 KS
ငှားရမ်းသည်။48 နာရီအတွက် 200 KS

ဒေတာပိတ်ထားပြီး စာဖတ်ရန်အတွက် ကျေးဇူးပြု၍ app ကိုဒေါင်းလုဒ်ဆွဲပါ။

ဆက်လက်လုပ်ဆောင်ရန်သေချာပါသလား။

ဤဟာသည် ကျွန်ုပ်၏စာအုပ်များ အောက်တွင်ရှိပြီးသားဖြစ်သည်။

ဝန်ဆောင်မှုအားရယူထားပြီးပါပြီ။