စာအုပ်များ

ရှာဖွေခြင်း

  • အမျိုးအစားများ

  • စာအုပ်များ
  • ဂျာနယ်များ
  • မဂ္ဂဇင်းများ
  • ဝန်ဆောင်မှု

  • စာအုပ်ဝန်ဆောင်မှု
  • ဂျာနယ်ဝန်ဆောင်မှု
  • အမျိုးအစား

  • စာအုပ်များ
  • အက်ရှင်၊ စွန့်စားခန်း နှင့် ထိတ်လန့်ဖွယ်ရာ
  • အနုပညာနှင့် သရော်စာ
  • အထ္တုပ္ပတိ နှင့် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ
  • စီးပွားရေးနှင့် အလုပ်အကိုင်
  • ဖက်ရှင်
  • သမိုင်းနှင့် ဘူမိဘေတ
  • သိပ္ပံနှင့် နည်းပညာ
  • သုတစာပေ
  • အခြား
  • ကဗျာ
  • နိုင်ငံရေးနှင့် လူမှုသိပ္ပံ
  • အချစ်ဝတ္ထု
  • အားကစားနှင့် ကျန်းမာရေး
  • ခရီးသွားခြင်းနှင့် အစားအစာ
  • ဂျာနယ်များ
  • မော်တော်ယာဉ်များ
  • စီးပွားရေးနှင့် အလုပ်အကိုင်
  • လက်မှုပညာနှင့် ဝါသနာ
  • မှုခင်း
  • ဖျော်ဖြည်ရေး
  • ဖက်ရှင်နှင့် နေထိုင်မှုပုံစံ
  • အစားအသောက်
  • သတင်းအချက်အလက်နှင့် နည်းပညာ
  • လျှို့ဝှက်ဆန်းကြယ် နှင့် သည်းထိတ်ရင်ဖို
  • အားကစား
  • မဂ္ဂဇင်းများ
  • မော်တော်ယာဉ်များ
  • စီးပွားရေးနှင့် အလုပ်အကိုင်
  • လက်မှုပညာနှင့် ဝါသနာ
  • မှုခင်း
  • ဖျော်ဖြည်ရေး
  • ဖက်ရှင်နှင့် နေထိုင်မှုပုံစံ
  • အစားအသောက်
  • သတင်းအချက်အလက်နှင့် နည်းပညာ
  • လျှို့ဝှက်ဆန်းကြယ် နှင့် သည်းထိတ်ရင်ဖို
  • အားကစား
  • ဈေးနှုန်း

  • အောက် 50KS
  • 50KS - 100KS
  • 100KS - 500KS
  • 500KS - 1000KS
  • 1000KS & အပေါ်
  • နှုန်းထား

  • အပြီးပေးချေခြင်း။
  • အငှား
  • အခမဲ့
  • စာအုပ်ဘာသာစကား

  • အင်္ဂလိပ်
  • မြန်မာ

စာရေးသူအမည်နှင့်ရှာသည်။

စာအုပ် xxx တွေ့ရှိသည်။

ကြည့်ရှုမည့်ပုံစံ:

ကြည့်ရှုမည့်ပုံစံ:

အမျိုးအစား : စာအုပ်များအမျိုးအစား : အထ္တုပ္ပတိ နှင့် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ
ဘားမယ်ကြွေ
ရေးသားသူ: တင်တင်ကြီး
Ks
တစ်ခေတ်တစ်ခါတုန်းက မြန်မာအမျိုးသမီးတို့၏ ဂုဏ်ကို ဆောင်ပြနိုင်သော အမျိုးသမီး အနုပညာရှင်တစ်ဦး၊ ယင်းသို့ ဆင်းရဲညှိုးငယ်ရှိနေရသည်မှာ ၀မ်းနည်းဖွယ်ဖြစ်ပါသည်။ အမေကြွေသည် တစ်ခေတ်တစ်ခါတုန်းက ဘားမယ်ကြွေ အဖြစ်နှင့် ဂုဏ်ရောင်မြင့်၍ တင့်တယ်ခဲ့ပါသည်။ မြန်မာအမျိုးသမီးများ ခြေသလုံးပေါ်အောင်ပင် ခပ်မြန်မြန် လှမ်းမသွားဝံ့လှဘဲ ကြွကြွရွရွ ဖွဖွကလေး လှမ်းသွားနေကြသော ခေတ်ထဲတွင် ဘားမယ်ကြွေသည် ကျွမ်းပစ်၍ ပြခဲ့ပါသည်။ ခုန်ပျံလှုပ်ရှားကစား၍ ပြသခဲ့ပါသည်။ အမျိုးသမီးများကို အလှကြည့်ပစ္စည်းလို သတ်မှတ်ခြင်းခံနေကြရသည်မှ ပြောင်းလဲတော်လှန်သူတို့တွင် ဘားမယ်ကြွေလည်း ပါ၀င်သည်ဟု ဆိုရပါသည်။တစ်ခေတ်တစ်ခါတုန်းက မြန်မာအမျိုးသမီးတို့၏ ဂုဏ်ကို ဆောင်ပြနိုင်သော အမျိုးသမီး အနုပညာရှင်တစ်ဦး၊ ယင်းသို့ ဆင်းရဲညှိုးငယ်ရှိနေရသည်မှာ ၀မ်းနည်းဖွယ်ဖြစ်ပါသည်။ အမေကြွေသည် တစ်ခေတ်တစ်ခါတုန်းက ဘားမယ်ကြွေ အဖြစ်နှင့် ဂုဏ်ရောင်မြင့်၍ တင့်တယ်ခဲ့ပါသည်။ မြန်မာအမျိုးသမီးများ ခြေသလုံးပေါ်အောင်ပင် ခပ်မြန်မြန် လှမ်းမသွားဝံ့လှဘဲ ကြွကြွရွရွ ဖွဖွကလေး လှမ်းသွားနေကြသော ခေတ်ထဲတွင် ဘားမယ်ကြွေသည် ကျွမ်းပစ်၍ ပြခဲ့ပါသည်။ ခုန်ပျံလှုပ်ရှားကစား၍ ပြသခဲ့ပါသည်။ အမျိုးသမီးများကို အလှကြည့်ပစ္စည်းလို သတ်မှတ်ခြင်းခံနေကြရသည်မှ ပြောင်းလဲတော်လှန်သူတို့တွင် ဘားမယ်ကြွေလည်း ပါ၀င်သည်ဟု ဆိုရပါသည်။
part of pack
နန်းတော်ရှေ့ဆရာတင်
ရေးသားသူ: ဦးသော်ဇင်
Ks
နေကား ၀င်လုနီးပြီ။ ၀င်လုနီး နေရောင်ဖျော့ဖျော့တွင် တောတန်းကြီးသည် ညိုဆိုင်းရီမှောင်သော တောင်ခြေ၌ ပန်းချီကျော်တို့၏ လက်ရာလို ရှုမငြီးအောင် အသရေဆောင်၍ နေလေသည်။ ထိုအချိန် ထိုကာလ၌ အဘယ်က ပေါ်လာသည် မသိ။ ပလွေကလေးတစ်သံသည် နိမ့်လိုက် မြင့်လိုက်နှင့် လွမ်းစရာကောင်းအောင် ပေါ်လာလေသည်။ ဒေသ၌ ရခိုင်ပြည်နယ် ဘူးသီးတောင်အရပ်ဖြစ်၏။ ပလွေသံရှင်က မောင်တင်ဖြစ်လေသည်။ ထိုညနေက ကြားရသော ပလွေသံသည် နောင်အခါ၌ ဗမာတစ်ပြည်လုံးတွင် ပဲ့တင်ထပ်၍ သွားခဲ့သည်။ ပလွေရှင်သည်လည်း “နန်းတော်ရှေ့ဆရာတင်” ဟူသော အမည်ဖြင့် နှစ်ပေါင်းများစွာ နိုင်ငံကျော်ခဲ့လေ၏။ နန်းတော်ရှေ့ ဆရာတင်ကား မည်သူနည်း။ **
part of pack
ရှင်စောပု
ရေးသားသူ: မြဒေါင်းရင်
Ks
၁။ ။ ဇာတိတော် သက္ကရာဇ် ရ၁၁ ခုနှစ်တွင် ဆင်ဖြူရှင်ဗညားဦးသည် မုတ္တမမြို့မှ ပြောင်းရွှေ့၍ ဟံသာဝတီကို မင်းနေပြည်ဖန်ဆင်းစံနေတော်မူ၏။ ဆင်ဖြူရှင်တွင် မိဖုရားငါးဦးရှိရာ ထိုငါးဦးအနက် မိဖုရားသီရိမာတွင် ဖွားမြင်တော်မူသော ငယ်မည်ဗသုံပန်း စက်ဗညားနွဲ့သည် ဆင်ဖြူရှင်ကံကုန်တော်မူသောအခါ ရာဇာဓိရာဇ်ဘွဲ့တော်ကိုခံယူ၍ ဟံသာဝတီကို သိမ်းပိုက်အုပ်စိုးတော်မူ၏။ ရာဇာဓိရာဇ်တွင်ကား အိမ်နိမ့်စံစဉ်က စုံဖက်ခဲ့သော ကြင်ယာတော်၊ တလမည်ဒေါ၊ သူပုန်မင်းသားဘဝနှင့် ဒဂုန်တွင်စုံဖက်သော မွေမနိပ်ပီယ ရာဇာဒေဝီ၊ အထွဋ်အမြတ်သို့ရောက်မှ စုံဖက်သော မိဖုရား သုဒ်္ဓိမာယာဟု သုံးဆက်ရှိသည့်အနက် မိဖုရား သုဒ်္ဓိမာယာတွင် သားတော်နှစ်ပါး၊ သမီးတော်တစ်ပါး ဖွားမြင်တော်မူရာ သမီးတော်ကို “သခင်ကျော်ဘို့” ဟု အမည်တော် မှည့်ခေါ်ပေ၏။ “သခင်ကျော်ဘို့” သည် ရှင်စောပုပင်ဖြစ်၏။ * သက္ကရာဇ် ရ၅၅ ခု တပို့တွဲလဆန်း ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်တော်မူ၍ အရည်အသွေး လှလှနှင့် အသားအရောင်ဖြူဖြူဝင်းဝင်းရှိသောကြောင့် ရာဇာဓိရာဇ်၏ အရီးတော်၊ မဟာဒေဝီ မင်းသမီး ပျိုကြီးက ယုယ မြတ်နိုးစွာနှင့် မွန်အခေါ်အားဖြင့် (တခင်စဲဖောံ)၊မြန်မာအသံနှင့် “သခင်ကျော်ဘို့” ဟု မှည့်ခေါ်တော်မူသည်ဖြစ်ရာ (မြေးဖြူမ) ဟု မြန်မာလို အဓိပ္ပာယ်ရလေသည်။ ဘွားဧငယ်မဟာဒေဝီ၏ ယုယခြင်းအားဖြင့်သာ ကြီးပြင်းခဲ့ပြီး သက်တော်ဆယ့်နှစ်နှစ်အရွယ်တွင် မဟာဒေဝီကံကုန်လျှင် မဟာဒေဝီ အပိုင်စားသော ဒဂုန်မြို့ကိုပင် အပိုင်စားရ၍ ဒဂုန်၌ပင် စံနေပေ၏။၁။ ။ ဇာတိတော် သက္ကရာဇ် ရ၁၁ ခုနှစ်တွင် ဆင်ဖြူရှင်ဗညားဦးသည် မုတ္တမမြို့မှ ပြောင်းရွှေ့၍ ဟံသာဝတီကို မင်းနေပြည်ဖန်ဆင်းစံနေတော်မူ၏။ ဆင်ဖြူရှင်တွင် မိဖုရားငါးဦးရှိရာ ထိုငါးဦးအနက် မိဖုရားသီရိမာတွင် ဖွားမြင်တော်မူသော ငယ်မည်ဗသုံပန်း စက်ဗညားနွဲ့သည် ဆင်ဖြူရှင်ကံကုန်တော်မူသောအခါ ရာဇာဓိရာဇ်ဘွဲ့တော်ကိုခံယူ၍ ဟံသာဝတီကို သိမ်းပိုက်အုပ်စိုးတော်မူ၏။ ရာဇာဓိရာဇ်တွင်ကား အိမ်နိမ့်စံစဉ်က စုံဖက်ခဲ့သော ကြင်ယာတော်၊ တလမည်ဒေါ၊ သူပုန်မင်းသားဘဝနှင့် ဒဂုန်တွင်စုံဖက်သော မွေမနိပ်ပီယ ရာဇာဒေဝီ၊ အထွဋ်အမြတ်သို့ရောက်မှ စုံဖက်သော မိဖုရား သုဒ်္ဓိမာယာဟု သုံးဆက်ရှိသည့်အနက် မိဖုရား သုဒ်္ဓိမာယာတွင် သားတော်နှစ်ပါး၊ သမီးတော်တစ်ပါး ဖွားမြင်တော်မူရာ သမီးတော်ကို “သခင်ကျော်ဘို့” ဟု အမည်တော် မှည့်ခေါ်ပေ၏။ “သခင်ကျော်ဘို့” သည် ရှင်စောပုပင်ဖြစ်၏။ * သက္ကရာဇ် ရ၅၅ ခု တပို့တွဲလဆန်း ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်တော်မူ၍ အရည်အသွေး လှလှနှင့် အသားအရောင်ဖြူဖြူဝင်းဝင်းရှိသောကြောင့် ရာဇာဓိရာဇ်၏ အရီးတော်၊ မဟာဒေဝီ မင်းသမီး ပျိုကြီးက ယုယ မြတ်နိုးစွာနှင့် မွန်အခေါ်အားဖြင့် (တခင်စဲဖောံ)၊မြန်မာအသံနှင့် “သခင်ကျော်ဘို့” ဟု မှည့်ခေါ်တော်မူသည်ဖြစ်ရာ (မြေးဖြူမ) ဟု မြန်မာလို အဓိပ္ပာယ်ရလေသည်။ ဘွားဧငယ်မဟာဒေဝီ၏ ယုယခြင်းအားဖြင့်သာ ကြီးပြင်းခဲ့ပြီး သက်တော်ဆယ့်နှစ်နှစ်အရွယ်တွင် မဟာဒေဝီကံကုန်လျှင် မဟာဒေဝီ အပိုင်စားသော ဒဂုန်မြို့ကိုပင် အပိုင်စားရ၍ ဒဂုန်၌ပင် စံနေပေ၏။
part of pack
စာရေးဆရာကြီး ဦးနု၏ ဘဝဖြစ်စဉ်ရက်စွဲသမိုင်း
Ks
စာရေးဆရာကြီး ဦးနု၏ ဘဝဖြစ်စဉ်ရက်စွဲသမိုင်း
part of pack
တော်လှန်ရေးဆက်သား ရဲဘော်ကျော်ထင်
ရေးသားသူ: ရဲဘော်စိန်လေး
Ks
ဗိုလ်မှူးကြီးဗထူး၏ မိန့်ခွန်း တော်လှန်ရေးမစမီနေ့တစ်နေ့ မန္တလေးမျက်ပါးရပ် အမြောက်တပ်၌ အနောက်မြောက်တိုင်းမှူး ဗိုလ်မှူး ဗိုလ်ဗထူးသည် ရဲဘော်များအားစည်းဝေးစေ၍ အောက်ပါအတိုင်း မိန့်ကြားပေသည်။ “... ရဲဘော်တို့၊ ငါတို့ရဲ့ အရေးတော်ပုံကား နီးကပ်လျက်ရှိနေပြီ။ ငါတို့ဟာ တိုင်းပြည်နှင့်လူမျိုးအတွက် လွတ်လပ်ရေးကြီးကို ရှေးရှုလျက် အသက်သွေးနှင့် ရင်းနှီးခဲ့သော်လည်းလည်း မရခဲ့ဘူး။ တိုင်းသူပြည်သားတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုမို ဆင်းရဲမွဲပြာကျပြီး သေတာတွေလည်း သေကုန်ပြီ။ ဗမာပြည်ရှိ သစ်တောကြီးများဟာ ငါတို့ ဗမာလူမျိုး အတွက်ဆိုလျှင် ဖူလုံပြီး နေနိုင်ထိုင်နိုင်တယ်။ ဆန်စပါးဆို လျှင် ၄-၅ နှစ်တိုင် စားနိုင်အောင် ၀ပြောသာယာတယ်။ အဝတ်အစားလည်း ဗမာတွေ အလွန်တိုးတက်နေတယ်။ အမရပူရ၊ မြင်းခြံ၊ မိတ္ထီလာ ဒိစတြိတ်၊ သာစည်နယ် ဟန်ဇားတို့ကထွက်တဲ့ အထည်များဟာ ဗမာပြည်အတွက် ဖူလုံတယ်။ ဒီ…သစ်တော ဆန်စပါး အထည်များ မြင်နေရပေမဲ့ တို့ဗမာတွေကြည့်လိုက်လျှင် တစ်နေ့ထက်တစ်နေ့ အစား ဆင်းရဲ၊ အနေဆင်းရဲ၊ ပိုမိုကျပ်တည်းပြီး ကျဉ်းမြောင်းလာခဲ့ကြပြီ။ဗိုလ်မှူးကြီးဗထူး၏ မိန့်ခွန်း တော်လှန်ရေးမစမီနေ့တစ်နေ့ မန္တလေးမျက်ပါးရပ် အမြောက်တပ်၌ အနောက်မြောက်တိုင်းမှူး ဗိုလ်မှူး ဗိုလ်ဗထူးသည် ရဲဘော်များအားစည်းဝေးစေ၍ အောက်ပါအတိုင်း မိန့်ကြားပေသည်။ “... ရဲဘော်တို့၊ ငါတို့ရဲ့ အရေးတော်ပုံကား နီးကပ်လျက်ရှိနေပြီ။ ငါတို့ဟာ တိုင်းပြည်နှင့်လူမျိုးအတွက် လွတ်လပ်ရေးကြီးကို ရှေးရှုလျက် အသက်သွေးနှင့် ရင်းနှီးခဲ့သော်လည်းလည်း မရခဲ့ဘူး။ တိုင်းသူပြည်သားတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုမို ဆင်းရဲမွဲပြာကျပြီး သေတာတွေလည်း သေကုန်ပြီ။ ဗမာပြည်ရှိ သစ်တောကြီးများဟာ ငါတို့ ဗမာလူမျိုး အတွက်ဆိုလျှင် ဖူလုံပြီး နေနိုင်ထိုင်နိုင်တယ်။ ဆန်စပါးဆို လျှင် ၄-၅ နှစ်တိုင် စားနိုင်အောင် ၀ပြောသာယာတယ်။ အဝတ်အစားလည်း ဗမာတွေ အလွန်တိုးတက်နေတယ်။ အမရပူရ၊ မြင်းခြံ၊ မိတ္ထီလာ ဒိစတြိတ်၊ သာစည်နယ် ဟန်ဇားတို့ကထွက်တဲ့ အထည်များဟာ ဗမာပြည်အတွက် ဖူလုံတယ်။ ဒီ…သစ်တော ဆန်စပါး အထည်များ မြင်နေရပေမဲ့ တို့ဗမာတွေကြည့်လိုက်လျှင် တစ်နေ့ထက်တစ်နေ့ အစား ဆင်းရဲ၊ အနေဆင်းရဲ၊ ပိုမိုကျပ်တည်းပြီး ကျဉ်းမြောင်းလာခဲ့ကြပြီ။
part of pack
မြန်မာပြည်မှ ပန်းချီဆရာများ
ရေးသားသူ: မိုးမိုးစောဝင်း၊ ကျော်ဖြူစံ
Ks
(၁) စိုးနိုင်ကိုဦးအောင်သန်းကျော်နှင့် ဒေါ်တင်နွယ်မိဘနှစ်ပါးမှ၁၉၆၁၊ ဇူလိုင်၂၆တွင်ရန်ကုန်မြို့၌ ဖွားမြင်ခဲ့၏။အဖေကဂုန်နီစက်ရုံ စာရေးဝန်ထမ်း၊အမေက ကျောင်းဆရာမ။ညီအစ်ကို သုံးယောက်ရှိ။စိုးနိုင်ကအကြီးဆုံး။ တောင်ဥက္ကလာပ၊ ကံဘဲ့ဘူတာရုံအနားမှာ နေကြသည်။ ညီအစ်ကိုသုံးယောက်၊ စိုးနိုင်က အကြီးဆုံး။ တောင်ဥက္ကလာ အ.လ.က၄ မှာပညာသင်ခဲ့၏။ ထို့နောက် တောင်ဥက္ကလာ အ.ထ.က၁သို့ ပြောင်းရွှေ့ခဲ့။ ဆယ်တန်းအောင်သည်။ လှိုင်ဒေသကောလိပ်။ ထို့နောက်ရန်ကုန်တက္ကသိုလ်(ပင်မ)။ သူက သတ္တဗေဒဘာသာကိုယူသည်။ ဒေသကောလိပ်မှာတုန်းက ပထမနှစ်မှာ၊ဒုတိယနှစ်မှာ စာမေးပွဲကျရှုံးခဲ့ဖူး၏။ (၂) စိုးနိုင်သည်ငယ်စဉ်ကတည်းကပင် ကျန်းမာရေးမကောင်းလှ။ သွေးနီဥဆိုင်ရာဟီမိုကလိုဘင်လုပ်ဆောင်မှုချို့ယွင်းခြင်းတစ်မျိုးဖြစ်သော Thalassaemia ရောဂါရှိကြောင်းစမ်းသပ်တွေ့ရှိခဲ့ကြ၏။ သို့သော်စိုးနိုင်သည်ဖန်တီးလိုသောစိတ်ဖြင့် ရှင်သန်ခဲ့၏။ (၃) စိုးနိုင်သည်ငယ်စဉ်ကပင်ပန်းချီ၊ ပန်းပုကိုဝါသနာထုံခဲ့၏။ ရုပ်ပြရေးသောကိုမင်းသိုက်တို့ထံသွားသည်။ ရုပ်ပြဆရာများသည်လက်မလည်အောင်လုပ်နေကြရ၏။ စိုးနိုင်ရေးချင်သည်မှာပန်းချီ။ ရုပ်ပြတော့မဟုတ်ခဲ့။ ဦးလေးပွကစိုးနိုင်ကိုပန်းချီဆရာကြီး ဦးသိန်းဟန်၏အိမ်သို့ပို့ပေးခဲ့၏။ (၄) ပန်းချီဆရာကြီးဦးသိန်းဟန်က တောင်ဥက္ကလာပ ၁၀ ရပ်ကွက်တွင်နေသည်။ ပန်းချီပညာသည်ဖြစ်ရုံနှင့် မကျေနပ်ကြနှင့်။ အနုပညာရှင်ဖြစ်အောင်သွားကြရမည်ဟူသော အယူအဆရှိ၏။ စိုးနိုင်တွေ့သော ဦးသိန်းဟန်သည်ဗုဒ္ဓ၏ တရား တော်မြတ်ကိုနှစ်နှစ်ကာကာယုံကြည်သူတစ်ဦးဖြစ်နေသည်။ ဦးသိန်းဟန်တွင်သားတစ်ယောက်ရှိ၏။ ဘောလုံးကန်သည်။ ဂစ်တာတီးသည်။ စိုးနိုင်ကတော့ ဦးသိန်းဟန်ထံတွင် ပန်းချီသင်ယူသည်။ သက်ငြိမ်ပန်းချီကားများ ရေးရသည်။ အပြင်ထွက်ပြီး ရှုခင်းပန်းချီကား များလည်း ရေးရ၏။(၁) စိုးနိုင်ကိုဦးအောင်သန်းကျော်နှင့် ဒေါ်တင်နွယ်မိဘနှစ်ပါးမှ၁၉၆၁၊ ဇူလိုင်၂၆တွင်ရန်ကုန်မြို့၌ ဖွားမြင်ခဲ့၏။အဖေကဂုန်နီစက်ရုံ စာရေးဝန်ထမ်း၊အမေက ကျောင်းဆရာမ။ညီအစ်ကို သုံးယောက်ရှိ။စိုးနိုင်ကအကြီးဆုံး။ တောင်ဥက္ကလာပ၊ ကံဘဲ့ဘူတာရုံအနားမှာ နေကြသည်။ ညီအစ်ကိုသုံးယောက်၊ စိုးနိုင်က အကြီးဆုံး။ တောင်ဥက္ကလာ အ.လ.က၄ မှာပညာသင်ခဲ့၏။ ထို့နောက် တောင်ဥက္ကလာ အ.ထ.က၁သို့ ပြောင်းရွှေ့ခဲ့။ ဆယ်တန်းအောင်သည်။ လှိုင်ဒေသကောလိပ်။ ထို့နောက်ရန်ကုန်တက္ကသိုလ်(ပင်မ)။ သူက သတ္တဗေဒဘာသာကိုယူသည်။ ဒေသကောလိပ်မှာတုန်းက ပထမနှစ်မှာ၊ဒုတိယနှစ်မှာ စာမေးပွဲကျရှုံးခဲ့ဖူး၏။ (၂) စိုးနိုင်သည်ငယ်စဉ်ကတည်းကပင် ကျန်းမာရေးမကောင်းလှ။ သွေးနီဥဆိုင်ရာဟီမိုကလိုဘင်လုပ်ဆောင်မှုချို့ယွင်းခြင်းတစ်မျိုးဖြစ်သော Thalassaemia ရောဂါရှိကြောင်းစမ်းသပ်တွေ့ရှိခဲ့ကြ၏။ သို့သော်စိုးနိုင်သည်ဖန်တီးလိုသောစိတ်ဖြင့် ရှင်သန်ခဲ့၏။ (၃) စိုးနိုင်သည်ငယ်စဉ်ကပင်ပန်းချီ၊ ပန်းပုကိုဝါသနာထုံခဲ့၏။ ရုပ်ပြရေးသောကိုမင်းသိုက်တို့ထံသွားသည်။ ရုပ်ပြဆရာများသည်လက်မလည်အောင်လုပ်နေကြရ၏။ စိုးနိုင်ရေးချင်သည်မှာပန်းချီ။ ရုပ်ပြတော့မဟုတ်ခဲ့။ ဦးလေးပွကစိုးနိုင်ကိုပန်းချီဆရာကြီး ဦးသိန်းဟန်၏အိမ်သို့ပို့ပေးခဲ့၏။ (၄) ပန်းချီဆရာကြီးဦးသိန်းဟန်က တောင်ဥက္ကလာပ ၁၀ ရပ်ကွက်တွင်နေသည်။ ပန်းချီပညာသည်ဖြစ်ရုံနှင့် မကျေနပ်ကြနှင့်။ အနုပညာရှင်ဖြစ်အောင်သွားကြရမည်ဟူသော အယူအဆရှိ၏။ စိုးနိုင်တွေ့သော ဦးသိန်းဟန်သည်ဗုဒ္ဓ၏ တရား တော်မြတ်ကိုနှစ်နှစ်ကာကာယုံကြည်သူတစ်ဦးဖြစ်နေသည်။ ဦးသိန်းဟန်တွင်သားတစ်ယောက်ရှိ၏။ ဘောလုံးကန်သည်။ ဂစ်တာတီးသည်။ စိုးနိုင်ကတော့ ဦးသိန်းဟန်ထံတွင် ပန်းချီသင်ယူသည်။ သက်ငြိမ်ပန်းချီကားများ ရေးရသည်။ အပြင်ထွက်ပြီး ရှုခင်းပန်းချီကား များလည်း ရေးရ၏။
part of pack
ဆရာကောင်းသန့် အင်တာဗျူး
ရေးသားသူ: ဝတ်ရည်အောင်
Ks
ဝတ်ရည်အောင်ရဲ. ဆရာကောင်းသန့် အင်တာဗျူး
part of pack

ဆက်လက်လုပ်ဆောင်ရန်သေချာပါသလား။

ဤဟာသည် ကျွန်ုပ်၏စာအုပ်များ အောက်တွင်ရှိပြီးသားဖြစ်သည်။

ဝန်ဆောင်မှုအားရယူထားပြီးပါပြီ။