Books

filter

  • Categories

  • Books
  • Journals
  • Magazines
  • Pack

  • Book Package
  • journal package
  • genre

  • Books
  • Action, Adventure & Horror
  • Arts & Satire
  • Biography & Autography
  • Business & Economy
  • Fashion
  • History & Geography
  • IT & Science
  • Nonfiction
  • Others
  • Poem
  • Politics & Social Sciences
  • Romance
  • Sports & Health
  • Travel & Cooking
  • Journals
  • Automotive
  • Business & Economy
  • Craft & Hobby
  • Crime
  • Entertainment
  • Fashion & Lifestyle
  • Food & Drink
  • IT & Technology
  • Mystery & Suspense
  • Sports
  • Magazines
  • Automotive
  • Business & Economy
  • Craft & Hobby
  • Crime
  • Entertainment
  • Fashion & Lifestyle
  • Food & Drink
  • IT & Technology
  • Mystery & Suspense
  • Sports
  • price

  • under 50KS
  • 50KS - 100KS
  • 100KS - 500KS
  • 500KS - 1000KS
  • 1000KS & above
  • PRICING PLAN

  • One Time Payment
  • Rental
  • Free
  • BOOK LANGUAGE

  • english
  • myanmar

Search by author name

xxx items found

Show:

Sort by:

category : Booksgenre : Biography & Autography
သောမတ်ဂျက်ဖာဆန်
By: ပန်းဆက်လမ်းအယ်ဒီတာအဖွဲ့
Ks
သောမတ်ဂျက်ဖာဆန်သည် အမေရိကန်ပြည်ထောင်စု၏ တတိယမြောက်သမ္မတ၊ဒုတိယမြောက်ဒုသမ္မတ၊ ပထမမြောက်နိုင်ငံခြားရေးဝန်ကြီးဝန်ကြီးနှင် ပြင်သစ်သံအမတ်ဖြစ်ပါတယ်။ - ထို့အပြင် အမေရိကန်လွတ်လပ်ရေးကြေငြာစာတမ်းကို ဦးဆောင်ရေးသားခဲ့သူဖြစ်သည်။ ငွေကြေးစနစ်၊ ပညာရေးနှင့် ဥပဒေရေးရာများကို ပြုပြင်တည်ဆောက်သူ၊ဗာဂျီးနီးယားတက္ကသိုလ်ကို တည်ထောင်သူအဖြစ် လူအများက အောက်မေ့ချီးကျူးကြသည်။ နိုင်ငံရေးလောကတွင်သာမက သူဝါသနာပါရာ ဗိသုကာလောကနှင့်စာပေ နယ်တွင်လည်း နှောင်းလူတို့အမှတ်ရစရာများစွာ ချန်ရစ်ခဲ့သည်။ အမေရိကန်နိုင်ငံ၏တည်ထောင်သူ ဖခင်များထဲမှ တစ်ဦးအဖြစ် သမိုင်းထည်ဝါလှသူတစ်ဦးဖြစ်ပေသည်။
part of pack
နီကိုလာတက်စလာ
By: ပန်းဆက်လမ်းစာတည်းအဖွဲ့
Ks
ဆာဗီးယန်း-အမေရိကန်လူမျိုး သိပ္ပံပညာရှင်၊ လျှပ်စစ်အင်ဂျင်နီယာနှင့် တီထွင်သူတစ်ဦးဖြစ်သည်။ Alternating Current ကို စတင်အသုံးချရန် ကြိုးစားခဲ့သူတစ်ဦးလည်းဖြစ်ပြီး A.C လျှပ်စစ်ကို ယနေ့ အိမ်သုံးဓာတ်အားအဖြစ် အသုံးပြုနေကြသည်။ တက်စလာအနေနှင့် A.C induction generator Tesla coil နှင့် a.c current ၏ frequency ကို ပြောင်းပေးနီုင်သော ထရန်စဖော်မာ အစရှိသော တီထွင်မှုပေါင်း မြောက်မြားစွာကို ပြုလုပ်ခဲ့သူဖြစ်သည်။ ပင်လယ်တွင် သင်္ဘောများအား ထောက်လှမ်းသည့် စနစ်ကို ပုံကြမ်းထုတ်ခဲ့ပြီး ယခုအခါ ရေဒါအဖြစ် ပေါ်ထွက်ခဲ့သည်။ 20ရာစု၏ ဉာဏ်ကြီးရှင်များစာရင်းမှာ ထိပ်တန်းကျကျ ပါ၀င်သူတစ်ဦး ဖြစ်ပေသည်။
part of pack
ချားလ်ဒါဝင်
By: ပန်းဆက်လမ်းစာတည်းအဖွဲ့
Ks
ချားလ်ဒါ၀င် (1809-1882)သည် ဆင့်ကဲပြောင်းလဲမှု၊ သတ္တလောကနှင့် မျိုးစုဗီဇများအကြောင်းလူသားတို့၏ နားလည်သိမှတ်မှုများကို သူ၏တွေးခေါ်ယုံကြည်ချက်၊ သုတေသနပြု တွေ့ရှိချက်များဖြင့် ပြောင်းလဲတော်လှန်ခဲ့ သည့် ဇီဝသဘာဝတ္တပညာရှင်ဖြစ်သည်။ သူ့ခေတ် သူ့အခါက ဘာသာတရားအစွဲကြီးသူ ရှေးရိုးစွဲဝါဒီများ၏ တူးတူးခါးခါး ဆန့်ကျင့်မှုကို ခံခဲ့ရပြီး သူရေးသားခဲ့သည့် 'မျိုးစိတ်တို့၏ မူလအစ' စာအုပ်မှာ ကဲ့ရဲ့ရှုံ့ချခံရမှုများ ကြားမှ လူမှုသိမြင်မှုတစ်ခုကို နက်နက်ရှိုင်းရှိုင်း တော်လှန်ပြောင်းလဲခဲ့သည့် စာအုပ်ဖြစ်ပေသည်။
part of pack
ဂျင်ဂျစ်ခန်
By: ပန်းဆက်လမ်းစာတည်းအဖွဲ့
Ks
အကွဲကွဲဖြစ်နေသည့် လူမျိုးစုတွေကိုစုစည်းပြီး သူမတူသည့်ခေါင်းဆောင်မှုဖြင့် ကမ္ဘာ့အကြီးမားဆုံး စစ်အင်ပါယာကြီးကို တည်ထောင်ခဲ့ပေသည်။တိုက်ခဲ့သမျှတိုက်ပွဲတိုင်းတွင် တစ်ပွဲဲမှရှံးနိမ့်ခြင်းမရှိခဲ့ပေ။သူတည်ထောင်ခဲ့သော အင်ပါယာမှာ ကမ္ဘာ့ကုန်းမြေ၏ 16.11ရာခိုင်နှုန်းခန့်ကျယ်ဝန်းခဲ့ပေသည်။ထိုသူမှာ ကမ္ဘာ့နယ်မြေတစ်ဆက်တည်း အကြီးမားဆုံး အင်ပါယာကိုတည်ထောင်ခဲ့သူ စစ်ဘုရင်ကြီး ဂျင်ဂျစ်ခန်ဖြစ်ပေသည်။
part of pack
ဝုဒရိုးဝီလ်ဆင်
By: ပန်းဆက်လမ်းစာတည်းအဖွဲ့
Ks
အမေရိကန်သမ္မတ ဝုဒရိုးဝီလ်ဆင်သည် ပထမကမ္ဘာစစ်အတွင်း သမ္မတရာထားထမ်းဆောင်ခဲ့ပြီး ကမ္ဘာ့နိုင်ငံပေါင်းချုပ် အသင်းကြီး၏ ခေါင်းကိုင်ဖခင်ကြီးဖြစ်သည်။ ကမ္ဘာ့နိင်ငံအချင်းချင်းကြား ပဋိပက္ခများကို ဆွေးနွေးညှိနှိုင်းအဖြေရှာကြရန် နိုင်ငံအားလုံးပါ၀င်သည့် ကမ္ဘာ့ငြိမ်းချမ်းရေးကို ရှေးရှုသော အဖွဲ့အစည်းကြီးတစ်ရပ်ပေါ်ပေါက်စေရန် ရှေ့ဆောင်လမ်းပြ ခဲ့သည်။ အဆိုပါစွမ်းဆောင်မှုကြောင့် 1919ခုနှစ်တွင် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ပေးအပ်ချီးမြှင့်ခြင်းခံခဲ့ရသည်။ဝီလ်ဆင် ကို "အမေရိကကို ကမ္ဘာ့စင်မြင့်ထက်သို့ ဆောင်ကြဉ်းပေးခဲ့သည့် မာလိန်မှူးတစ်ဦး"ဟု ချီးကျူးဂုဏ်တင်ကြသည်။ အထူးချွန်ဆုံး အမေရိကန်သမ္မတများ စာရင်းတွင် ထိပ်တန်း နေရာမှ အမြဲပါရှိသူတစ်ဦးဖြစ်ပေးသည်။
part of pack
ငြိမ်းချမ်းရေးအနုပညာရှင် ပါဘလိုပီကာဆို
By: မျိုးမင်းရန်အောင်
Ks
ခေတ်သစ်ပန်းချီ (Modern art) အကြောင်း ရေးကြ သားကြ၊ ပြောကြ ဆိုကြမယ်ကြံရင် ပါဘလိုပီကာဆိုရဲ့ နာမည်ဟာ သင့်ခေါင်းထဲကို ပထမဆုံး ၀င်လာဖွယ်ရှိပါတယ်။ ဒါ့အပြင် ကနေ့ခေတ် ပန်းချီလောကဟာ လည်း ပီကာဆိုသာ မပေါ်ထွန်းခဲ့ဘူးဆိုရင် တစ်မျိုးတစ်မည် ပြောင်းလဲသွား စရာ ရှိပါတယ်။ (မပြည့်စုံဘဲ ယုတ်လျော့တဲ့ ပြောင်းလဲမှုပါ။) ပါဘလိုပီကာဆိုရဲ့ ဘဝသက်တမ်းဟာ အလွန်ရှည်လျားပြီး စိတ်ဝင် စားဖို့လည်း ကောင်းပါတယ်။ (လူမှုဘဝရော၊ အနုပညာဘဝကိုပါ ဆိုလိုတာ ပါ။) ပီကာဆိုဟာ အလွန်မတန် ရက်စက်ကြမ်းကြုတ်တဲ့ ပထမနဲ့ ဒုတိယ ကမ်္ဘာစစ်ကြီးနှစ်ခုစလုံးကို ဖြတ်သန်းခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူ့သက်တမ်းမှာ လျှပ်စစ်မီးကို တီထွင်နိုင်တာ၊ တယ်လီဖုန်းပေါ်လာတာ၊ ရေဒီယိုနဲ့ရုပ်သံကို တီထွင်နိုင်တာ၊ ရုပ်ရှင်ပေါ်လာတာ၊ မော်တော်ကားနဲ့ လေယာဉ်ပျံကို တီထွင်နိုင်တာ... အကုန်လုံးကို မီခဲ့ပါတယ်။
part of pack
ခန္တီပါရမီ
By: ပုတက်ကာတွန်း
Ks
သူတော်ကောင်းတို့စိတ်ထား - ခန္တီပါရမီ
part of pack
ကမ္ဘာ့အကြီးကျယ်ဆုံး လက်ဝှေ့သမား မိုဟာမက်အလီ အတ္ထုပတ္တိ
By: မောင်ရဲဝင်း
Ks
မိုဟာမက်အလီနှင့် စာဖတ်သူတို့ကို မိတ်ဆက်ပေးရန်မလိုပါချေ။ ကမ်္ဘာ့အားကစားလောကတွင်ရော ကမ်္ဘာပေါ်၌ပါ လူထုပရိသတ်ကို ဆွဲဆောင် မှုအရှိဆုံး လူသားတစ်ဦးမှာ အလီပင်ဖြစ်သည်။ လက်ဝှေ့တစ်ခေတ်တွင်လည်း သန်းချီဝင်ငွေရအောင် လုပ် ဆောင်ခဲ့သူတစ်ဦး ဖြစ်သည်။ အလီနှင့်ပတ်သက်၍ ရုပ်စုံမဂ်္ဂဇင်းစာအုပ်များ အပါအဝင် အတ်္ထုပ်္ပတိ်္တစာအုပ် ၃၀ နီးပါး အမေရိကန်၌ ထုတ်ဝေခဲ့ပြီး ဖြစ်ပါသည်။ ကမ်္ဘာတစ်ဝန်း၌လည်း ဘာသာစုံဖြင့် ထုတ်ဝေခဲ့ကြပါသည်။ သို့သော် လည်း အမေရိကန် နယူးယောက်မှ ရန်းဒွမ်းဟောက်(စ်) စာပေတိုက်ကမူ အလီ ကိုယ်တိုင်ပြောပြသော အတ်္ထုပ်္ပတိ်္တကို ထုတ်ဝေရန်စဉ်းစားပြီး အလီအား ချဉ်းကပ်ခဲ့ သည်။ အလီကို ဒေါ်လာတစ်သန်းခွဲပေးမည်ဟုလည်း ကမ်းလှမ်းခဲ့သည်။ အလီက လက်ခံလိုက်၍ ထုတ်ဝေသူတို့သည် စာရေးဆရာ ရစ်ချတ် ဒါဟမ်ကို ၁၉၇၁ ခုနှစ်ကပင် အလီသွားလေရာနောက်သို့ တကောက်ကောက် လိုက်စေကာ ပြင်ဆင်ခဲ့သည်။
part of pack
တယ်လီဖုန်းတီထွင်သူ အလက်ဇန္ဒား ဂရေဟမ်ဘဲလ်
By: မိုးဇက်ပိုင်
Ks
၁၈၇၆ ခုနှစ်၊ မတ်လ ၁၀ ရက်။ အလက်ဇန်္ဒားဂရေဟမ်ဘဲလ်ဟာ မက်ဆာ ချူးဆက်ပြည်နယ်၊ ဘော်စတွန်ရှိ သူ့လက် တွေ့စမ်းသပ်ခန်းထဲမှာ အလုပ်ရှုပ်နေခဲ့ တယ်။ အဲဒီစမ်းသပ်ခန်းဟာ ငှားရမ်းထား တဲ့ အိမ်တစ်လုံးရဲ့ အလွန်သေးငယ်တဲ့ အိပ်ခန်းလေးတွေထဲမှာ အမှန်စင်စစ် တည်ရှိ ခဲ့တာပါ။ နံရံတစ်ခုမှာတော့ ဇီးကွက်တစ် ကောင်ရဲ့ ပုံတူပန်းချီကားချပ်တစ်ချပ်ကို ချိတ်ဆွဲထားပါတယ်။ အဲဒီ ပုံတူပန်းချီ ကားဟာ တီထွင်သူကို နောက်ပြောင် ကျီစယ်နေသလိုပါပဲ။ ဘာကြောင့်လဲဆို တော့ သူဟာ အလုပ်ကို မကြာခဏဆို သလို ညဉ့်နက်သည့်တိုင်အောင် အလုပ် လုပ်လေ့ ရှိလို့ပါပဲ။
part of pack
ရှင်မဟာရဋ္ဌသာရ
By: မြန်မာနိုင်ငံစာပေပြန့်ပွားရေးအသင်း
Ks
ရေအတိမ်အနက်ကို ကြာရိုးကြာပင်မြင်သဖြင့် သိရသည်ဆိုသကဲ့သို့ လူမျိုး အဆင့်အတန်း မြင့်၊ မမြင့် ကိုလည်း စာပေကိုမြင်သဖြင့် သိရလေ သည်။ စာပေအဆင့် အတန်းမြင့်လျှင် လူမျိုးတို့လည်း အဆင့်အတန်း မြင့်သောလူမျိုးဟု လွယ်ကူစွာ အကဲဖြတ်နိုင်သည်။ မြန်မာစာပေသည် အဆင့်အတန်းမြင့်သော စာပေဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အဆင့်အတန်းမြင့်သော စာပေတို့ တွင် ရှိအပ်သည့် ဂုဏ်အင်္ဂါလက်္ခဏာများ မြန်မာစာပေ၌ အပြည့်အစုံ ပါရှိသောကြောင့်ဖြစ်သည်။ အဆင့်အတန်းမြင့်သောစာပေ ရှိနေသည့် အတွက် မြန်မာတို့သည် အဆင့်အတန်းမြင့်သော လူမျိုးတွင် ပါ၀င်နိုင် သည်။ သို့ဖြစ်ရာ အဆင့်အတန်းမြင့်သော စာပေ ရှိနေခြင်းသည် မြန်မာတစ်မျိုးလုံးအတွက် ဂုဏ်ယူစရာအချက်ကြီးဖြစ်လေသည်။ မြန်မာတို့၌ အဆင့်အတန်းမြင့်သောစာပေ ရှိနေခြင်းမှာလည်း လောက ဓမ်္မနှစ်ဖက် ကုံလုံသည့် စွယ်စုံပညာရှင် ပုဂ်္ဂိုလ်ကြီးများက မြန်မာစာပေ ကို အဆင့်အတန်းမြင့်အောင် ပြုစုပျိုးထောင်တော်မူခဲ့ကြသောကြောင့် ဖြစ်သည်။ မြန်မာတစ်မျိုးလုံး ဂုဏ်ရှိစေရန်အတွက် စာပေကို အဆင့် အတန်း မြင့်အောင် ပြုစုပျိုးထောင်တော်မူခဲ့သည့် ပညာရှိပုဂ်္ဂိုလ်မြတ် ကြီးတို့တွင် လွန်ခဲ့သော နှစ်ပေါင်းငါးရာက အင်းဝခေတ်တွင် ပေါ် ပေါက်တော်မူခဲ့သည့် အရှင်မဟာရဋ္ဌသာရ ဆရာတော်သည် ထိပ်တန်း က ပါ၀င်သော ပုဂ်္ဂိုလ်မြတ်ကြီးဖြစ်သည်။
part of pack

Are you sure you want to continue?

You already have this product in My Books

You have already Subscribed to this package