စာအုပ်များ

ရှာဖွေခြင်း

  • အမျိုးအစားများ

  • စာအုပ်များ
  • ဂျာနယ်များ
  • မဂ္ဂဇင်းများ
  • ဝန်ဆောင်မှု

  • စာအုပ်ဝန်ဆောင်မှု
  • ဂျာနယ်ဝန်ဆောင်မှု
  • အမျိုးအစား

  • စာအုပ်များ
  • အက်ရှင်၊ စွန့်စားခန်း နှင့် ထိတ်လန့်ဖွယ်ရာ
  • အနုပညာနှင့် သရော်စာ
  • အထ္တုပ္ပတိ နှင့် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ
  • စီးပွားရေးနှင့် အလုပ်အကိုင်
  • ဖက်ရှင်
  • သမိုင်းနှင့် ဘူမိဘေတ
  • သိပ္ပံနှင့် နည်းပညာ
  • သုတစာပေ
  • အခြား
  • ကဗျာ
  • နိုင်ငံရေးနှင့် လူမှုသိပ္ပံ
  • အချစ်ဝတ္ထု
  • အားကစားနှင့် ကျန်းမာရေး
  • ခရီးသွားခြင်းနှင့် အစားအစာ
  • ဂျာနယ်များ
  • မော်တော်ယာဉ်များ
  • စီးပွားရေးနှင့် အလုပ်အကိုင်
  • လက်မှုပညာနှင့် ဝါသနာ
  • မှုခင်း
  • ဖျော်ဖြည်ရေး
  • ဖက်ရှင်နှင့် နေထိုင်မှုပုံစံ
  • အစားအသောက်
  • သတင်းအချက်အလက်နှင့် နည်းပညာ
  • လျှို့ဝှက်ဆန်းကြယ် နှင့် သည်းထိတ်ရင်ဖို
  • အားကစား
  • မဂ္ဂဇင်းများ
  • မော်တော်ယာဉ်များ
  • စီးပွားရေးနှင့် အလုပ်အကိုင်
  • လက်မှုပညာနှင့် ဝါသနာ
  • မှုခင်း
  • ဖျော်ဖြည်ရေး
  • ဖက်ရှင်နှင့် နေထိုင်မှုပုံစံ
  • အစားအသောက်
  • သတင်းအချက်အလက်နှင့် နည်းပညာ
  • လျှို့ဝှက်ဆန်းကြယ် နှင့် သည်းထိတ်ရင်ဖို
  • အားကစား
  • ဈေးနှုန်း

  • အောက် 50KS
  • 50KS - 100KS
  • 100KS - 500KS
  • 500KS - 1000KS
  • 1000KS & အပေါ်
  • နှုန်းထား

  • အပြီးပေးချေခြင်း။
  • အငှား
  • အခမဲ့
  • စာအုပ်ဘာသာစကား

  • အင်္ဂလိပ်
  • မြန်မာ

စာအုပ် xxx တွေ့ရှိသည်။

ကြည့်ရှုမည့်ပုံစံ:

ကြည့်ရှုမည့်ပုံစံ:

ကျောက်ဘီလူး
ရေးသားသူ: နတ်နွယ်
Ks
မည်သို့ပင်ဖြစ်စေ... သူတို့လေးဦးသည် အမျိုးသမီးတစ်ယောက်တည်းကို ဝိုင်း၍ ချစ်နေမိကြသည့်တိုင် အချစ်အခင် မပျက်ကြသည့် သူငယ်ချင်းများ ဖြစ်ကြ၏။ မခွဲမခွာ ရှိနေကြမည့်သူများ ဖြစ်၏။ သို့ရာတွင် အလုပ်အကိုင်အားဖြင့် ရန်ကုန်တွင် နေထိုင်ရန် သင့်လျော်သော်လည်း ပန်းချီဆရာ ကိုပေါ်နှောင်းသည် မန်္တလေးမြေနှင့် တစ်လလောက် ဝေးကွာနေလျှင် အနုပညာဈာန်ဝင်စားမှုများ ကျဆင်းလျော့ပါးသွား သည်ဆို၍ သူငယ်ချင်းလေးယောက်အနက် သုံးယောက်က ရန်ကုန်တွင်ရှိနေပြီး တစ်ယောက်ကမူ မန်္တလေးကို ဖက်တွယ်လျက်ရှိလေသည်။ သူတို့လေးယောက် ဆုံစည်းခွင့်သည် ကိုပေါ်နှောင်း ရန်ကုန်သို့ဆင်းလာမှသာလျှင် ရရှိကြပေသည်။ ဤနေရာတွင်တော့ ကိုပေါ်နှောင်းသည် တစ်လတစ်ခါလောက် ရန်ကုန်ဆင်းလာပြီး တစ်ခေါက်လျှင် တစ်ပတ်ခန့် နေထိုင်သွားတတ်သည်။ သို့ရာတွင် သူသည် မန်္တလေးမြို့ ၌ အနုပညာဈာန် အဝင်လွန်နေပြီး သမိုင်းဝင် ပန်းချီကားကြီးတစ်ချပ်ကို ရေးဆွဲနေ သဖြင့် ရန်ကုန်သို့ သုံးလလောက် ရောက်မလာဘဲ ကနေ့တွင်မှ ဗြုန်းစားကြီး ပြန်ရောက် လာပြီး မနက်ဖြန် မှာပင် ပြန်ရမည်ဟု ဆိုလေသည်။ သို့ဖြင့် သူတို့လေးယောက်သည် အတူတကွ တွေ့ဆုံ၍ အကြောင်းအရာမျိုးစုံကို ဆွေးနွေး ငြင်းခုံကြရန် အင်းလျားကန် စောင်းရှိ “ရေဇလာ” ဟိုတယ်၌ ချိန်းဆိုလိုက်ကြသည်။ ညနေ ၆ နာရီတွင်ဖြစ်သည်။ တစ်မိနစ် မလို၊ တစ်မိနစ်မစွန်း ဖြစ်သည်။
part of pack
လေ့လာဖွယ်ခေတ်ပေါ်အီဒီယံများ
ရေးသားသူ: ဘာသာပြန်အယ်ဒီတာတစ်ဦး
Ks
About-face နောက်ပြန်လှည့်ဖို့ အမိန့်ပေးတဲ့ About-turn နဲ့ အဓိပ္ပာယ်ဆင် ပြီး အီဒီယံအဓိပ္ပာယ်က ပြောင်းပြန်လုပ်တာ၊ လုံးဝဆန့်ကျင်ဘက် ဖြစ်သွား တာကို ဆိုလိုပါတယ်။ ရှေ့ကို သွားရာကနေ ရုတ်တရက် နောက်ကိုပြန်လှည့် သွားမယ့်သဘော ၁၈၀ ဒီဂရီ လှည့်ပစ်တာမျိုး ဖြစ်ပါတယ်။ 􀁑 We were all shocked when Mary did an about-face on her decision. - မေရီက သူ့ရဲ့ ဆုံးဖြတ်ချက်ကို လုံးဝပြောင်းပြန်လုပ်လိုက်တဲ့အတွက် ကျွန်တော်တို့အားလုံး အံ့အားသင့် တုန်လှုပ်သွားကြတယ်။
part of pack
မသေဆေးနဲ့ နိုင်ငံရပ်ခြားပုံပြင်များ
ရေးသားသူ: ဘဘသက်(မြန်မာပြန်)
Ks
ကီဂျူ ဘယ်လိုဆုတောင်းပေမဲ့ သူတို့မောင်နှံမှာ ကလေးမရဘဲ ဖြစ်နေသတဲ့ကွယ်။ နတ်ဘုရား ဂျီဇိုက သူ့ဆုတောင်းသံကို မကြားဘဲ နေလေရော့သလား။ တစ်နေ့မှာတော့ ကီဂျူတစ်ယောက် ဈေးဆိုင်တန်းတွေဘက်ကို ထွက်သွားသတဲ့ကွယ်။ အဲဒီညနေဘက်မှာ ကီဂျူဟာ ပျော်ရွှင်မြူးထူးစွာ နဲ့ အိမ်ကိုပြန်လာခဲ့ပါသတဲ့။ ဈေးဆိုင်တန်းတွေဆီကနေ အိမ်ကို ပျော် ရွှင်မြူးထူးစွာနဲ့ ပြန်လာတဲ့ ဇနီးဖြစ်သူကို တွေ့လိုက်ရတော့ ခင်ပွန်းသည် ကာနာယာက စိတ်ထဲ ဆန်းသလိုဖြစ်သွားပြီး အခုလိုမေးလိုက်ပါသတဲ့။ “ဟဲ့ ရှင်မ... ဘာအကြောင်းတွေကြောင့် အခုလို ပျော်နေရတာ တုံး” လို့ မေးလိုက်တော့ ကီဂျူက... “ကဲ... ဟောဒီမှာကြည့် ယောကျ်ားရေ...” ဆိုပြီး လက်ထဲပိုက် လာတဲ့ သေတ္တာတစ်လုံးကို ဖွင့်ပြလိုက်သတဲ့။ အဲဒီသေတ္တာထဲကို ကာနာ ယာ ကဲကြည့်လိုက်တော့ တွေ့လိုက်ရတာက... တကယ့်ကို လှပတဲ့ အရုပ်လေးတစ်ရုပ်ပဲတဲ့ကွယ်။ အဲဒီအရုပ်ကို သူ့ယောကျ်ား တွေ့လိုက်ရတဲ့အချိန်မှာပဲ...
part of pack
တိမ်မြုပ်နေသော သခင်ကိုယ်တော်မှိုင်း စာပေများ
ရေးသားသူ: မြင့်ဆွေ
Ks
ပစ္စက္ခမြန်မာစာပေသမိုင်း၌ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ကဏ္ဍသည် ကျယ်လည်း ကျယ်ဝန်းသည်။ ရှည်လည်း ရှည်လျားသည်။ နှစ်ဆယ်ရာစုအဦးပိုင်းမှစ၍ နှစ်ဆယ်ရာစု၏ ၃ ပိုင်း ၂ ပိုင်းအထိ အချိန်ကာလကို ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ ကဏ္ဍဟူ၍ သတ်မှတ်၇ပေမည်။ အဘယ့်ကြောင့်ဆိုသော် ၁၉၀၀ ပြည့်နှစ်မှာပင် "ရွှေတောင်ဆရာလွမ်း"အမည်ဖြင့် ရေးသော ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ ပြဇာတ်များ စတင်ထွက်ပေါ်လာသောကြောင့် ဖြစ်သည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ စာပေကဏ္ဍမှာ ဤမျှလောက် ကျယ်ဝန်းရှည်လျားလျက်ရှိရာ မျက်မှောက်ခေတ် မြန်မာစာပေလောကကို လေ့လာလျှင် ဆရာကြီး၏ စာပေများကို ချန်လှပ်ထား၍ ဘယ်နည်းနှင့်မျှ ပြည့်စုံနိုင်မည် မဟုတ်။
part of pack
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
ရေးသားသူ: စာသား-ကိုလေးမြတ်၊ သရုပ်ဖော်- ကိုကိုနိုင်
Ks
၁၉၈၉ ခုနှစ်မှစ၍ မြန်မာအာဏာပိုင်များ၏ နေအိမ်အကျယ်ချုပ် ချထားခြင်းကို နှစ်ရှည်လများ ခံခဲ့ရသည်။ သို့သော် စိတ်ဓာတ်ခွန်အား လုံးဝ ယိုင်နဲ့ ကျဆင်းသွားခြင်း မရှိဘဲ၊ မတရားသည့် တရားဥပဒေများကို တစိုက် မတ်မတ် အာခံခဲ့သည်။ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ထွန်းကားစေရန် လှုပ်ရှားတိုက်ပွဲဝင်ခဲ့သည်။ ရဲရဲတောက် အာဂအမျိုးသမီး တစ်ဦးဖြစ်၍ ဒေါ်အောင်ဆန်းစုကြည်ကို သံမဏိနှင်းဆီဟု တင်စားကြ သည်။
part of pack
တစ် (ယောနသံစင်ရော် ရေးသူ စာရေးဆရာ ရစ်ချတ်ဘက်ချ်၏ အရောင်းရဆုံး စာရင်းဝင်စာအုပ်)
ရေးသားသူ: အောင်အေး(ရန်ကုန်တက္ကသိုလ်)
Ks
“မာတင် ရဲရင့်တစ်လေး” လော့စ်အိန်ဂျယ်လိစ်မျှော်စင်က ခေါ်သည်။ “လမ်းကြောင်း စကွပ် လေးခြောက်လေးငါးကို ယူပါ” ဤ စွဲမက်ဖွယ် မိန်းမတစ်ယောက်နှင့် ကျွန်တော်တို့ နှစ်ဦးသား ထူးထူးဆန်းဆန်း ဘယ်လိုလုပ်ပြီး ဖူးစာလမ်းဆုံ ရေစက်ကြုံခဲ့ကြ ပါလိမ့်။ သူစိမ်းတွေ ဘဝကနေ အသည်းချင်း ဂဟေကပ်၊ ဝိညာဉ်ချင်း ဆက်စပ်သွားတဲ့ ဖူးစာရှင်တွေအဖြစ် ပြောင်းလဲသွားတာကိုက ထူးဆန်း မနေပေဘူးလား။ “အဲဒါ တို့ကို လမ်းကြောင်းပေးတာ မဟုတ်ဘူးလား” လက်စလီ က မေးလာ၏။ “ဟုတ်တယ်လေ။ မင်းပြောတာ...” ကျွန်တော်က ဖြေပြီးမှ ပြန်မေးလိုက်မိသည်။ “သူ ပြောသွားတဲ့ နံပါတ်က ဘယ်လောက်...” “ရှင် မမှတ်မိဘူးလား” “လေးခြောက်လေးငါး မဟုတ်လား” “အဲဒါပဲ...”သူမက ညည်းသည်။
part of pack
မြိုင်ရာဇာတွတ်ပီကျွန်ုပ်နှင့် ရွာကျောင်းကခေါင်းလောင်းသံ
ရေးသားသူ: ဆွေမင်း(ဓနုဖြူ)
Ks
ဆွေမင်း(ဓနုဖြူ)ရေးဆွဲသရုပ်ဖော်ထားသော မြိုင်ရာဇာတွတ်ပီကျွန်ုပ်နှင့် ရွာကျောင်းကခေါင်းလောင်းသံ ....
part of pack
သင့်လုပ်ငန်းကို facebook မှာ ထိထိရောက်ရောက်ကြော်ငြာနိုင်ဖို့ နည်းလမ်းနှင့် မဟာဗျူဟာများ
ရေးသားသူ: အောင်စည်သာ(မြန်မာပြန်)
Ks
ဒီစာအုပ်မှာ အခန်း (၁၀) ခန်း ပါပါတယ်။ တစ်ခန်း ချင်းဆီမှာ အကြံပြုချက်နဲ့ မဟာဗျူဟာ ၁၁ ခုစီ ဖြည့်စွက် ထားပြီး အခန်းတိုင်းရဲ့ နောက်ဆုံးမှာ ဘယ်လို လက်တွေ့ အကောင်အထည်ဖော်ရမလဲဆိုတဲ့ မေးခွန်းအတွက် လွယ်ကူ ရိုးရှင်းတဲ့ အဆင့် သုံးဆင့်ကို ထည့်ပေးထားပါတယ်။ ဒါ့ အပြင် အခြား ၤခေနဘသသု မားကက်တင်းဂုရုတွေရဲ့ အကြံ ပေးချက်တွေကိုပါ ထည့်သွင်းဖော်ပြထားလို့ သင့်လုပ်ငန်းရဲ့ တိုးတက် အောင်မြင်မှုအတွက် မရှိမဖြစ် စာအုပ်တစ်အုပ် ဖြစ်လာဖို့ မျှော်လင့်ပါတယ်။
part of pack
ဟီရိုရှီးမား (အဏုမြူဗုံးဒဏ်သင့်ခဲ့ပုံ ဖြစ်ရပ်စုံ)
ရေးသားသူ: စိုးမြိုင်(မြန်မာပြန်)
Ks
တိယကမ္ဘာစစ်ကြီး၏ ဇာတ်သိမ်းပိုင်းကာလ။ ၁၉၄၅ ခု သြဂုတ်လ ၆ ရက်နေ့ နံနက် ၈း၁၅ နာရီ။ ကမ္ဘာသူ ကမ္ဘာသားတို့၏ အတွေ့အကြုံ၌ ပထမဦးဆုံးသော အဏု မြူဗုံးကြီး၏ ဒဏ်ကို ဟီရိုရှီးမား မြို့သူမြို့သားတို့ ပွဲဦးထွက်အနေဖြင့် ခံစားလိုက်ကြရလေသည်။ တစ်နည်းအားဖြင့် ဟီရိုရှီးမား တစ်မြို့လုံး မီး လောင်တိုက် အသွင်းခံရခြင်း ဟူ၍လည်း ဆိုနိုင်ပါ၏။ ဟီရိုရှီးမားသည် ဂျပန်ပြည်၏ အဓိက ကျွန်းကြီးလေးကျွန်းအနက် အကြီးဆုံးဖြစ်သော ဟွန်ရှူးကျွန်းပေါ်တွင် တည်ရှိပြီး ကုန်းတွင်းပင်လယ် ၏ ဆိပ်ကမ်းမြို့ ဖြစ်သည်။ လူဦးရေ ၃၆၀၈၀၈ ရှိခဲ့သည်။ ထိုနံနက်က ဟီရိုရှီးမားမြို့တွင် ရာသီဥတု သာယာကောင်းမွန်နေ သည်မို့ နာရီပိုင်းအတွင်း လောကငရဲသို့ ကျရောက်ရတော့မည့်အဖြစ်ကို မြို့သူမြို့သားတို့ မမှန်းဆမိကြပေ။ သို့သော် သေမင်းတမန် ဗုံးကြီးကို တင်ဆောင်လာသော ဘီ-၂၉ လေယာဉ်ပျံကြီးသည် အခြားသော လေယာဉ် ပျံများ လိုက်ပါခြံရံလျက် နံနက် ၂း၄၅ နာရီကပင် မာရီယာနာကျွန်းမှ ထွက်ခွာပျံသန်းလာနေပြီ ဖြစ်သည်။ ယင်းဗုံးကြဲလေယာဉ်ပျံကြီးကို မောင်း နှင်လာသူကား အမေရိကန် လေတပ်မှ ဗိုလ်မှူးကြီး ပေါလ်ဒဗလျူ တစ် ဘက်ဆိုသူတည်း။
part of pack
မြန်မာဝတ္ထုတို (စာရေးဆရာပေါင်းစုံ၏ ဝတ္ထုပေါင်းစုံကို မြန်မာစာပေနယ်၌ စတင်စီစဉ်ဖော်ဆောင်သော ပထမဆုံးဝတ္ထုတိုပေါင်းချုပ်)
ရေးသားသူ: မောင်နေဝင်း-စီစဉ်သည်
Ks
မဖော့သည် ယခု သုံးဆယ့်ခုနစ်နှစ်အတွင်းသို့ ဝင်ပြီ။ ကိုဆင်သည် မဖော့ ထက် ခြောက်နှစ်မျှကြီးသည်။ ကိုဆင်သည် ဤအသက် ဤအရွယ်အထိ မည်သည့်အလုပ်ကိုမျှ ဖြစ်ဖြစ် မြောက်မြောက် မလုပ်မကိုင်ခဲ့ဖူးချေ။ “ထဘီနားခိုစားသည်” ဟု မလိုသူတို့က ကဲ့ရဲ့ကြ လျှင် “အလို ဝေဿန္တရာမင်းကြီးပင်လျှင် မဒ္ဒီ၏လုပ်စာကို ထိုင်စားသေးတာပဲ”ဟု ရယ်သလိုမောသလို ပြန်ချေလေ့ရှိသည်။ “ကိုယ့်ကုသိုလ်နဲ့ ကိုယ်ဖြစ်တာ မနာလို တိုရှည်မဖြစ်ကြနဲ့လေ” ဟုပင် နောက်ထပ်ဆက်လိုက်တတ်သေးလေသည်။ သို့ရာ တွင် စိတ်ထဲ၌ကား နာကျင်မိသည်။ နာပင်နာရသော်လည်း နာရမှန်းမသိ၊ စကားနိုင် လု၍ ပြောလိုက်ရသော သူ့ကိုယ်သူပင် သူ ချီးမွမ်းလိုက်သေးသည်။ မလိုသူတို့သည် စကားအတင်စီးခံကြရသဖြင့် သာ၍ မလိုစိတ်ပေါက်လာ ကြသည်။ အခွင့်ရတိုင်း မေးငေါ့ကြသည်။ မဲ့ရွဲ့ကြသည်။ ကိုဆင် အသက်အရွယ်ကြီး လာသောအခါ ပျိုရွယ်စဉ်က အမေးအငေါ့ခံရ၊ အမဲ့အရွဲ့ခံရသော ဒဏ်ရာများသည် ကိုဆင်၏စိတ်ထဲတွင် ပေါ်လာကြလေသည်။ ထို့ကြောင့် ကိုဆင်သည် အစ်ကိုဝမ်းကွဲတစ်ယောက်ထံမှ ငွေချေး၍ ဝါးရောင်း သည်။ ဝါးဈေးကျခိုက် ကြုံသဖြင့် ခွက်ခွက်လန်အောင် ရှုံးပါလေ၏။ နောက်တစ်နှစ် မိုးဦးကျသောအခါ ကိုဆင်သည် လယ်အငှားဆင်းထွန်ပြန်သည်။ ထွန်သွားထိသဖြင့် ခြေသလုံးဝယ် သွေးစက်စက်နှင့် အိမ်သို့ပြန်လာရသည်။ အနာကို ဆယ့်ငါးရက် လောက် ကုရလေသည်။
part of pack

ဆက်လက်လုပ်ဆောင်ရန်သေချာပါသလား။

ဤဟာသည် ကျွန်ုပ်၏စာအုပ်များ အောက်တွင်ရှိပြီးသားဖြစ်သည်။

ဝန်ဆောင်မှုအားရယူထားပြီးပါပြီ။