Books

filter

  • Categories

  • Books
  • Pack

  • Book Package
  • journal package
  • genre

  • Books
  • Action, Adventure & Horror
  • Arts & Satire
  • Biography & Autography
  • Business & Economy
  • Fashion
  • History & Geography
  • IT & Science
  • Nonfiction
  • Others
  • Poem
  • Politics & Social Sciences
  • Romance
  • Sports & Health
  • Travel & Cooking
  • price

  • under 50KS
  • 50KS - 100KS
  • 100KS - 500KS
  • 500KS - 1000KS
  • 1000KS & above
  • PRICING PLAN

  • One Time Payment
  • Rental
  • Free
  • BOOK LANGUAGE

  • english
  • myanmar

xxx items found

Show:

Sort by:

မဖတ်ရသေးသောစာတစ်စောင်
By: မင်းသိင်္ခ(ပုတက်ကာတွန်း)
Ks
ဆရာကြီးမင်းသိင်္ခရေးသားသော..............
part of pack
အနာဂတ်ပန်း
By: အောင်ဇေယျ(ပုတက်ကာတွန်း)
Ks
ဆရာအောင်ဇေယျေ ရေးသား၍ ဂျောက်ဂျက်ပါဝင်သော.......
part of pack
လွယ်ကူဆန်းသစ်သောမုန့်လုပ်နည်းများ(၃)
By: EVY\'S Kitchen
Ks
ပထမ ၂ အုပ်တုန်းကလိုပဲ လွယ်ကူ ဆန်းသစ် သော မုန့်လုပ်နည်းများ (၃) ဆိုပြီး ရိုးရိုးရှင်းရှင်း နာမည်ကို ထပ် ပေးထားခဲ့ပါတယ်။
part of pack
လွယ်ကူဆန်းသစ်သောမုန့်လုပ်နည်းများ(၂)
By: EVY\'S Kitchen
Ks
လွယ်ကူဆန်းသစ်သော မုန့်လုပ်နည်းများ - ၂ လို့ပဲ အမည်တွင်စေခဲ့ပြီး ပထမစာအုပ်နဲ့ အလားတူစွာ လုပ်ရလွယ်ကူကာ လှပဆန်းသစ်သော မုန့်လုပ်နည်းများကို ထည့်သွင်းဖော်ပြပေးထားပါတယ်။ အကြောင်းကြောင်းကြောင့် ပထမမုန့်စာအုပ်နဲ့ ဒုတိယမုန့်စာအုပ်ဟာ ထုတ်ဝေချိန်ဟာ ၂ နှစ်ခန့် ကြာမြင့်ခဲ့ပါတယ်။ ဒီအချိန်အတွင်းမှာ မုန့်လုပ်နည်းများစွာကို စုဆောင်းမိခဲ့ပြီး အကောင်းဆုံးမုန့်များကို ပြန်လည်ရွေးထုတ်ထားတာကြောင့် စောင့်ရကျိုးနပ်မယ့် စာအုပ်တစ်အုပ် ဖြစ်လိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်။
part of pack
လွယ်ကူဆန်းသစ်သော မုန့်လုပ်နည်းများ
By: EVY\'S Kitchen
Ks
ဒီစာအုပ်မှာတော့ လူတိုင်းလိုက်လုပ်နိုင်လောက်အောင် လွယ်ကူပြီး ဆန်းသစ်တဲ့ မုန့်လုပ်နည်း ၅၅ မျိုးကို ဓာတ်ပုံများနှင့်တကွ အဆင့်ဆင့်ဖော်ပြပေးထားပါတယ်။
part of pack
ရသာထူးခြားအရှေ့တိုင်းဟင်းလျာများ
By: EVY\'S Kitchen
Ks
ငယ်စဉ်ကတည်းက ဟင်းလျာအဆန်းများ စမ်းသပ်ချက်ပြုတ် ခြင်းကို စိတ်ဝင်စားခဲ့ပေမယ့် မုန့်ဖုတ်ခြင်း၊ ဟင်းချက်ခြင်းများနဲ့ တကယ်တမ်း စတင်ထိတွေ့ခဲ့တာကတော့ ၂၀ဝ၈ ခုနှစ်ပါ။ ကျောင်းတက်ခဲ့စဉ် တစ်လျှောက် လုံး မီးဖိုချောင်သိပ်မဝင်ဖြစ်ခဲ့ဘဲ အိမ်ထောင်ပြုပြီးမှ ငယ်စဉ်က စိတ်ဝင်စားခဲ့တဲ့ ဝါသနာကို ပြန်လည်အသက်သွင်းခဲ့ပါတယ်။
part of pack
တရုတ်ရိုးရာအိမ်ချက်ဟင်းလျာများ
By: Myint Oo Thar
Ks
တရုတ်ရိုးရာအိမ်ချက်ဟင်းလျာများ "တရုတ်ရိုးရာအိမ်ချက်ဟင်းလျာများ"ဆိုတဲ့အတိုင်း တရုတ်လူမျိုးတွေရဲ့ အိမ်မှာ နေ့စဉ်ချက်စားလေ့ရှိတဲ့ ဟင်းတွေပါပဲ။ ဒီစာအုပ်မှာပါတဲ့ ဟင်းအမျိုးအစားအားလုံးနီးပါးက ကျွန်တော် မလေးရှားမှာနေစဉ်က ကျွန်တော်နဲ့အတူနေ မိသားစုများနဲ့ နေ့စဉ်ချက်ဖြစ်ခဲ့တဲ့ ဟင်းလေးတွေပါ။ တချို့ဟင်းတွေက ရုံးပိတ်ရက် အားရက်တွေမှာ ချက်ဖြစ်တဲ့ဟင်းတွေနဲ့ တရုတ်ပွဲတော်ရက်တွေမှာ ချက်ဖြစ်ခဲ့တဲ့ဟင်းတွေလည်း ပါဝင် ပါတယ်။ ကျွန်တော်နဲ့အတူနေမိသားစုမှာ အမျိုးသားက ပီနန်းမှာမွေးဖွားပြီး ကွာလာလမ်ပူမှာ ကြီးပြင်းတဲ့ တေကျိုးတရုတ်မိသားစုမျိုးနွယ်ဖြစ်ပြီး သူ့ရဲ့မိဘတွေက တရုတ်ပြည်ဖွားများဖြစ်ပါတယ်။ အမျိုးသမီးကတော့ ဟာကားတရုတ်မျိုးနွယ်စုမှ ဖြစ်ပါတယ်။ အဲဒါကြောင့် သူတို့နဲ့အတူနေကာလတစ်လျှောက်မှာ ဟာကားအစား အစာတွေကို ချက်ဖြစ်ခဲ့သလို တေကျိုးတရုတ်အစားအစာတွေကိုလည်း ချက်စားဖြစ်ခဲ့ပါတယ်။ အများစုက အိမ်ချက်ဟင်းတွေဖြစ်တဲ့အတွက် တရုတ်စားသောက်ဆိုင်တွေမှာ မတွေ့နိုင်တဲ့ ဟင်းအမျိုးအစားတွေဖြစ် ပါတယ်။ တချို့ဟင်းတွေကတော့ တရုတ်စားသောက်ဆိုင်တွေမှာ ရောင်းချပေမယ့် ဆိုင်တိုင်းမှာမရနိုင်တဲ့ ဟင်းအမျိုးအစားတွေပါ။ ကျွန်တော်ကိုယ်တိုင်က တရုတ်ရိုးရာဟင်းတွေကို စားရတာကြိုက်တယ်။ အဲဒီထဲကမှ အိမ်ချက်ဟင်းလေးတွေကို စားရတာ ပိုပြီးနှစ်သက်ပါတယ်။ အဲဒါကြောင့် မလေးရှားမှာနေစဉ် ဘယ်မြို့ ရောက်ရောက်၊ ဘယ်ပြည်နယ်ရောက်ရောက် အိမ်ချက်တရုတ်ဟင်းတွေ ရောင်းတဲ့ဆိုင်လေးတွေကို ရှာဖွေပြီး စားဖြစ်ခဲ့တယ်။ လေ့လာဖြစ်ခဲ့တယ်။ အဲဒါကြောင့် ဒီစာအုပ်လေးမှာ ကွဲပြားတဲ့ တရုတ်မျိုးနွယ်စုတွေရဲ့ အိမ်ချက်ဟင်းမျိုးစုံကို ရေးသားနိုင်ခဲ့တာပါ။ ရန်ကုန်ပြန်ရောက်တော့ အနှစ် ၃၀ နီးပါးစားခဲ့တဲ့ တရုတ်ရိုးရာ အိမ်ချက်ဟင်းလေးတွေကိုလွမ်းလို့ ချက်စားဖြစ်ခဲ့ပြီး မစားခင်မှာ ဓာတ်ပုံတွေရိုက်ထား၊ ချက်နည်းလေးတွေ ရေးပြီး င်္သသိြေါဖေငညန မှာ လစဉ်ရေးသားခဲ့ပါတယ်။ တချို့ဟင်းတွေက ရန်ကုန်က တရုတ်ဆိုင်တော်တော် များများမှာ မရနိုင်လို့ ကျွန်တော်ရေးထားတဲ့ ဟင်းတွေက တရုတ်ဟင်းစစ်စစ်တွေလား၊ ဒါမှမဟုတ် ကျွန်တော် ကပဲ ပြန်ပြီး ဖြူးရှင်းလုပ်ထားလားလို့ မေးကြပါတယ်။ ဟုတ်ကဲ့ပါ။ ကျွန်တော့်ရဲ့ "တရုတ်ရိုးရာအိမ်ချက်ဟင်းလျာ များ" စာအုပ်မှာပါတဲ့ ဟင်းတွေက တရုတ်လူမျိုးတွေရဲ့အိမ်မှာ ချက်စားလေ့ရှိတဲ့ ဟင်းလျာစစ်စစ်ဖြစ်ပါတယ် လို့ ပြောပါရစေ . . . ဒီစာအုပ်မှာပါတဲ့ ဟင်းလေးတွေကို ချက်စားရင်း မိသားစုခံတွင်းမြိန်စေတဲ့ ထမင်းဝိုင်းလေး ဖြစ်ပါစေခင်ဗျာ။ ပရိသတ်အားလုံးကို အမြဲတမ်း ချစ်ခင်လေးစားမြတ်နိုးလျက်ပါခင်ဗျာ မြင့်ဦးသာ
part of pack
အချစ်နှင့်စိတ်
By: နိုင်းနိုင်းစနေ
Ks
ဘာဖြစ်လို့ တချို့မိန်းကလေးက အိမ်ထောင်ပြုရေးကို ပျော်ရွှင်ခြင်းနိုင်ငံတည်ဆောက်နေသလို သတ်မှတ်နိုင်ပြီး ဘာဖြစ်လို့ တချို့မိန်းကလေးတွေက အိမ်ထောင်ရေးထဲလှမ်းဝင်ဖို့ ခက်ခဲပင်ပန်းရသလဲ။ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲ တွေကြည့်တဲ့အခါ အချစ်တစ်ခုပြိုကွဲချိန် လှည့်ထွက်သွားသူတွေက ယောကျာ်း လေးပဲ ဖြစ်တာများတယ်ဆိုတာကို တွေ့ရတယ်။
part of pack
ဆာဟာရရဲ့ပုံပြင်
By: နိုင်းနိုင်းစနေ
Ks
လူတော်တော်များများက ‘‘ဆာဟာရရဲ့ပုံပြင်’’ စာအုပ်အကြောင်း ပြောတော့ ကျွန်မပိုလို့ အံ့ဩမိပါတယ်။ လူကြီးပိုင်းတွေလောက်ပဲ ဒီစာအုပ်ကို ဖတ်မယ်လို့ ကျွန်မမျှော်လင့်ခဲ့တာပါ။ ကျွန်မတွေးထင်မထားမိတာက ကျောင်းသားလေးတွေကပါ ကျွန်မရဲ့တူ၊ တူမလေးတွေကို တောင်းပန်ပြီး ကန္တာရက အန်တီကိုကြည့်ဖို့ သူတို့ကို အိမ်အပါခေါ် ဖို့ တောင်းဆိုကြတာကိုပါပဲ။
part of pack
မြင့်ဦးသာနှင့်တူတူချက်ကြမယ်
By: Myint Oo Thar
Ks
Garlic Rice ကြက်သွန်ဖြူထမင်း လူကြီးလူငယ်မရွေးကြိုက်နှစ်သက်တဲ့ထမင်းအမျိုးဖြစ်ပြီး တွဲဖက်စားရမှာ ကတော့ Lemon Chicken ပါ.ထမင်းထွေးထွေးလေးဖြစ်ဖို့အတွက် ကောက်ညှင်းဆန်နဲနဲနဲ့ရောပြီး ချက်ထားပါတယ်. ဆန် long grain rice 1 ½ cup ကေက်ညှင်းဆန် glutinous rice ½ cup ရေဆေးပြီးအနဲဆုံး ၂ နာရီခန့် ရေစိမ်ထားပါ ကြက်သွန်ဖြူ garlic 15 gm နူတ်နူတ်စင်းထားပါ ကြက်အဆီဖတ် chicken fat 25 gm အတုံးသေးသေးတုံးထားပါ ဆီ cooking oil 3 စာပွဲစားဇွန်း ချင်း ginger 1တက် ဓားပြားရိုက်ထားပါ ဆားsalt 1 ½ လဖက်ရည်ဇွန်း ငရုပ်ကောင်းမူန့်အဖြူ white pepper powder ¼ လဖက်ရည်ဇွန်း ကြက်ရိုးပြုပ်ရည် chicken stock 2 ½ cup ချက်နည်းလေးကတော့… ဆန်ကို ပြောင်ရေဆေးပြီး ကေက်ညှင်းဆန်နဲ့ရောပြီး ဇကာထဲလောင်းထည့်ပြီးရေစစ့်ထားပါ ဒယ်အိုးတလုံးတွင်ဆီထည့်ပါ. ဆီပူသည်နှင့် ကြက်အဆီဖတ်များကို ထည့်ပြီးကြော်ပါ.ကြက်အဆီဖတ်များမှ ကြက်ဆီများထွက်လာပြီဆို ယင် ကြက်သွန်ဖြူထည့်ပြီးဆီသတ်ပါ.ပြီးယင် ဆန်.ချင်း ဆား ငရုပ်ကောင်းမူန့်တို့ထည့်ပြီးမွှေပါ. ပြီးယင်လျပ်စစ် ထမင်းပေါင်းအိုး(rice cooker) ထဲပြောင်းထည့်ပါ. ပြီးယင် ကြက်ရိုးပြုပ်ရည်ထည့်ပြီး ချက်ပါ. ( ကြက်ရိုးပြုပ်ရည်မရှိပါက ရေနှင့် ကြက်သားမူန့်ရောပြီးလဲချက်နိုင်ပါတယ်) Garlic rice ကြက်ပြီဆို ယင် လီမွန်ကြက်သားကြော်( lemon chicken ) နှင့် တွဲဖက်စားပါ.
part of pack

Are you sure you want to continue?

You already have this product in My Books

You have already Subscribed to this package