စာအုပ်များ

ရှာဖွေခြင်း

  • အမျိုးအစားများ

  • စာအုပ်များ
  • ဂျာနယ်များ
  • မဂ္ဂဇင်းများ
  • ဝန်ဆောင်မှု

  • စာအုပ်ဝန်ဆောင်မှု
  • ဂျာနယ်ဝန်ဆောင်မှု
  • အမျိုးအစား

  • စာအုပ်များ
  • အက်ရှင်၊ စွန့်စားခန်း နှင့် ထိတ်လန့်ဖွယ်ရာ
  • အနုပညာနှင့် သရော်စာ
  • အထ္တုပ္ပတိ နှင့် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ
  • စီးပွားရေးနှင့် အလုပ်အကိုင်
  • ဖက်ရှင်
  • သမိုင်းနှင့် ဘူမိဘေတ
  • သိပ္ပံနှင့် နည်းပညာ
  • သုတစာပေ
  • အခြား
  • ကဗျာ
  • နိုင်ငံရေးနှင့် လူမှုသိပ္ပံ
  • အချစ်ဝတ္ထု
  • အားကစားနှင့် ကျန်းမာရေး
  • ခရီးသွားခြင်းနှင့် အစားအစာ
  • ဂျာနယ်များ
  • မော်တော်ယာဉ်များ
  • စီးပွားရေးနှင့် အလုပ်အကိုင်
  • လက်မှုပညာနှင့် ဝါသနာ
  • မှုခင်း
  • ဖျော်ဖြည်ရေး
  • ဖက်ရှင်နှင့် နေထိုင်မှုပုံစံ
  • အစားအသောက်
  • သတင်းအချက်အလက်နှင့် နည်းပညာ
  • လျှို့ဝှက်ဆန်းကြယ် နှင့် သည်းထိတ်ရင်ဖို
  • အားကစား
  • မဂ္ဂဇင်းများ
  • မော်တော်ယာဉ်များ
  • စီးပွားရေးနှင့် အလုပ်အကိုင်
  • လက်မှုပညာနှင့် ဝါသနာ
  • မှုခင်း
  • ဖျော်ဖြည်ရေး
  • ဖက်ရှင်နှင့် နေထိုင်မှုပုံစံ
  • အစားအသောက်
  • သတင်းအချက်အလက်နှင့် နည်းပညာ
  • လျှို့ဝှက်ဆန်းကြယ် နှင့် သည်းထိတ်ရင်ဖို
  • အားကစား
  • ဈေးနှုန်း

  • အောက် 50KS
  • 50KS - 100KS
  • 100KS - 500KS
  • 500KS - 1000KS
  • 1000KS & အပေါ်
  • နှုန်းထား

  • အပြီးပေးချေခြင်း။
  • အငှား
  • အခမဲ့
  • စာအုပ်ဘာသာစကား

  • အင်္ဂလိပ်
  • မြန်မာ

စာရေးသူအမည်နှင့်ရှာသည်။

စာအုပ် xxx တွေ့ရှိသည်။

ကြည့်ရှုမည့်ပုံစံ:

ကြည့်ရှုမည့်ပုံစံ:

ကိုယ်ဝန်ဆောင်ခြင်း၊ မီးဖွားခြင်းနှင့် မိခင်ဘဝအပါအဝင် ရင်သွေးပြုစုစောင့်ရှောက်ခြင်း
ရေးသားသူ: အန်တီချို
Ks
ယခုရေးသားဖော်ပြတဲ့ စာအုပ်ဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက် စောင့်ရှောက်ရမယ်ဆိုတာရယ်၊ ကိုယ့်ရဲ့ရင်သွေးကို ဘယ်လို စောင့်ရှောက်ရမယ်ဆိုတာတွေကို အတိအကျ ရေးသားဖော်ပြထားတဲ့ စာအုပ်ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ဖြစ်သူ သင်က ဤစာအုပ်ကိုဖတ်ပြီး သင်သိထား နားလည်ထားတဲ့ အချက်အလက်တွေကို သက်ဆိုင်ရာဆရာဝန်နဲ့ဆွေးနွေးပြီး လိုအပ်တဲ့ လမ်းညွှန်မှုတွေ ခံယူရမှာ ဖြစ်ပါတယ်။
part of pack
ရွှေဂူရှင်မ
ရေးသားသူ: တာတေ
Ks
တာတေရဲ.ရွှေဂူရှင်မ
part of pack
တစ်ပိုင်တစ်နိုင် မှိုစိုက်ပျိုးနည်း
ရေးသားသူ: အောင်ဝင်းထွဋ်
Ks
ကောက်ရိုးမှိုစိုက်ပျိုးခြင်း (က) မှိုမျိုးပြုလုပ်ခြင်း ကောက်ရိုးမှိုစိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းမှုရှိရန် မှိုမျိုးကောင်းများ လိုအပ်ပေသည်။ စိုက်ပျိုးမှုအောင်မြင် ဖြစ်ထွန်းရန်မှာ လတ်ဆတ်ပြည့်ဝကောင်းမွန်သောမှိုမျိုး၊မှိုထည့်ရန် ကောက်ရိုးပုံ စနစ်တကျပြုလုပ်ခြင်း၊ သင့်တော်လုံလောက်သော ရေဓာတ်ပေးခြင်း စသည့်အချက်များပေါ်တွင် မူတည်သည်။ ပထမဦးစွာမှိုအလင်(Stock Culture)များ ပြုလုပ်ရန်လိုအပ်သည်။ သန့်ရှင်းစွာရှိအောင် မွေးမြူထား သော မှိုမျိုးအလင်ကို ဖန်ပုလင်း (Test tube) ထဲ၌သြဇာဓာတ်များရောထားသော ကျောက်ကျောများ ပေါ်တွင် မွေးရမည်။ သြဇာဓာတ်ပြုလုပ်ရန်လိုအပ်သောပစ္စည်းများမှာ အာလူး၊ ဆေးသကြား၊ ကျောက်ကျော၊ ရေ (ပေါင်းခံရေ၊မိုးရေဖြစ်ပါက ပိုကောင်းသည်။) စမ်းသပ်ဖန်ပြွန်(မီးအပူခံနိုင်ပြီးအရှည် ၆ လက်မခန့်)၊ ဂွမ်း(ဖန်ပြွန်အစိုပြုလုပ်ရန်)၊ဓား(ဓာတ်ခွဲခန်းသုံးဓား ဖြစ်ပါကပို၍ သင့်တော်)၊ ပူလွယ်အေး လွယ်သောအပ်(မျိုးကူးအပ်)၊ ဇာဂနာ(ထိပ်အနည်းငယ်ပြားနေသော)၊ဖန်ပန်းကန်ပြား(အဖုံးပါ)၊ ဖန်ခွက် (မှိုငုံကိုဆေးကြောရန်)၊အရက်ပျံ(ပိုးသန့်စေရန်ဆေးကြောရာတွင် အသုံးပြုရန်) ၊ သြဇာဓာတ်ထည့်ထားသော ဖန်ပုလင်းများ တစ်စောင်းလှဲ၍အအေးခံနိုင်ရန်သစ်သားဗန်း၊ ပေါင်းအိုးထဲတွင် ဖန်ပြွန်များကိုထောင်၍စီပြီး ထည့်ရန် သံခြင်း၊ ဂွမ်းစို့များကိုပတ်ရန် စက္ကူ၊သားရေကွင်း၊ဒန်အိုး၊အာလူးပြုတ်များကိုစစ်ရန်ပိတ်စိမ်းပါး၊ ကတော့၊ ရော်ဘာပိုက်၊အရက်ပျံမီးခွက်၊ ပေါင်းအိုး၊ ရော်ဘာပိုက်ကို ညှပ်ထားရန် ညှပ်၊မျိုးကူး မှန်အိမ်ငယ်များ လိုအပ်သည်။ လိုအပ်သော ပစ္စည်းများစုဆောင်းပြီးပါကသြဇာဓာတ်(အာဟာရ)ပြုလုပ်ရန်အဆင် သင့်ဖြစ်နေပြီ ဖြစ်သည်။
part of pack
အိပ်မက်အဘိဓာန်ကျမ်း
ရေးသားသူ: ကျော်ခိုင်
Ks
နိဒါန်း လူရယ်လို့ဖြစ်လာလျှင် အိပ်မက်မမက်ဖူးသောသူရယ်လို ့မရှိကြပါ။ လူတိုင်းလူတိုင်းသည် အိပ်မက်မက်ဖူးသည်မှာ အမှန်ပင်ဖြစ်၏။ သို့သော်လည်းအိပ်မက်ဟူသည်ကားမှန်သည်လည်းရှိသကဲ့ သို့မမှန်သည် လည်းရှိ၏။ အကြောင်းအရာတစ်ခုခုကိုစွဲလမ်း၍ မက်သောအိပ်မက်မျိုး၊သွေးလေချောက်ချား၍မက်သောအိပ်မက်မျိုးနှင့် ရောဂါဝေဒနာကြောင့် မက်သောအိပ်မက်မျိုးမှာကားမမှန်တတ်ပေ။ အိပ်မက်တိုင်းကားမှန်ကန်မှုမရှိကြောင်းကို ဤစာအုပ်မှဝန်ခံထားပါသည်။ သို့ရာတွင် မှန်ကန်သောအိပ်မက်မျိုးများသည်လည်း ရှိရာကျန်းမာပျော်ရွှင်သောအခါမျိုးတွင်မက်သောအိပ်မက်၊အခြားပြုဖွယ်ရာကိစ္စတစ်ခုခုကြောင့်မက်သောအိပ်မက်မျိုးနှင့် ကုသိုလ်ကောင်းမှုပြုလုပ်သည့် အခါမျိုးတွင်မက်သောအိပ်မက်မျိုးများကား မှန်ကန်သည်ကများပါသည်။
part of pack
မြိုင်ရာဇာတွတ်ပီကျွန်ုပ်နှင့် နောက်မဆုတ်နဲ့ကိုဝက်ဝံ
ရေးသားသူ: ဆွေမင်း(ဓနုဖြူ)
Ks
ဆွေမင်း(ဓနုဖြူ)ရေးသားသော မြိုင်ရာဇာတွတ်ပီကျွန်ုပ်နှင့် နောက်မဆုတ်နဲ့ကိုဝက်ဝံ....
part of pack
မြိုင်ရာဇာတွတ်ပီကျွန်ုပ်နှင့် ‌‌‌လောဘဘုံ
ရေးသားသူ: ဆွေမင်း(ဓနုဖြူ)ပုတက်ကာတွန်း
Ks
မြိုင်ရာဇာတွတ်ပီ ကျွန်ုပ်နှင့် ‌‌‌လောဘဘုံ ......
part of pack
ထူးချွန်ပြောင်မြောက်သော အရည်အသွေးကို ဖော်ဆောင်ခြင်း (သို့မဟုတ်) ဆန်းသစ်တီထွင်သူ စတိဗ်ဂျော့
ရေးသားသူ: ဇေရတု (မြန်မာပြန်)
Ks
“ခင်ဗျားတို့ရဲ့အချိန်ဟာ အကန့်အသတ်အတွင်းမှာ ရှိတာပါ။ ဒါကြောင့် အဲဒီအချိန်ကို သူတစ်ပါးအလိုကျ၊ သူတစ်ပါးအထင်အမြင်တွေ ဂရုစိုက်နေရင်းနဲ့ ဖြုန်းမပစ်လိုက်ပါနဲ့။ တရားသေ အတွေးအခေါ်တွေထဲမှာ ပိတ်မိမနေပါစေနဲ့” [စတိဗ်ဂျော့]
part of pack
သင့်ဦးနှောက်က တီထွင်ဖန်တီးနိုင်ပါတယ်
ရေးသားသူ: ဇေရတု (မြန်မာပြန်)
Ks
ကမ္ဘာကြီးက ရွာကြီးတစ်ရွာလို ကျဉ်းမြောင်းသွားတဲ့ လူ့အဖွဲ့အစည်း အတွင်းမှာ ကျွန်ုပ်တို့နေထိုင်နေကြတာပါ။ ဒီလို လူ့အဖွဲ့အစည်းကြီးမှာ ကုန်ပစ်္စည်းတွေ၊ ဝန်ဆောင်မှုတွေဟာ တစ်ခုနဲ့တစ်ခု ခွဲခြားရခက်လောက်အောင် ပိုပိုပြီး တူညီလာနေပါတယ်။ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် နည်းပညာနဲ့နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုတွေကို အရင်ကထက် လွယ်လွယ် ပေါပေါရလာပါပြီ။ နှစ်ဆယ်ရာစုမှာ အထူးတန်ဖိုးထားရှာမှီးရတဲ့ အသိပညာ အများအပြားဟာ အခုတော့ ပြောပလောက်တဲ့အရာတွေ မဟုတ်တော့ဘူး။ ဒီနေ့ကမ္ဘာမှာ အကောင်းတကာ့ အကောင်းဆုံးဖြစ်ဖို့ဆိုရင် စီးပွားရေး လုပ်ငန်းတွေ၊ အစိုးရတွေနဲ့ အဖွဲ့အစည်းတွေဟာ တီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့လူတွေကို လိုအပ်ပါတယ်။ လူမှုရေး၊ စီးပွားရေး၊ ပညာရေးနဲ့ စက်မှုလုပ်ငန်း နယ်ပယ်မှာ အကြီးမားဆုံး အပြောင်းအလဲကို လုပ်ဆောင်နိုင်တဲ့ လူတွေဟာ မျှဝေခံစားတတ်တဲ့၊ ဖန်တီးနိုင်စွမ်းရှိတဲ့လူတွေသာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ နားလည်သလောက်ကတော့ အကျိုးသင့် အကြောင်းသင့် တွေးခေါ်မှုကို လိုပါတယ်။ ဒါပေမဲ့ မလုံလောက်သေးပါဘူး။ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေက တစ်ဖက်သားနဲ့ (အလုပ်အပ်သူ၊ လုပ်ဖော်ကိုင်ဖက်၊ ပါတနာစသဖြင့်) မျှဝေခံစားပေးတတ်တဲ့လူတွေ၊ တစ်ဖက်သားရဲ့ အလိုဆန်္ဒတွေ၊ စိတ်သောကတွေ အကြောင်းကို နားလည်မှု ပိုထားတတ်တဲ့လူတွေ၊ တီထွင်ဉဏ်ရှိပြီး မတူကွဲပြားတဲ့ ဝန်ဆောင်မှု (သို့မဟုတ်) ထုတ်ကုန်နဲ့ သာလွန်ကောင်းမွန်တဲ့ အတွေ့အကြုံမျိုးပေးစွမ်းနိုင်တဲ့ လူတွေကိုပဲ ခန့်ထားချင်ကြ တာပါ။ ဒါပေမဲ့ ဒီလိုလူမျိုးတွေက ကျွန်ုပ်တို့လူ့အဖွဲ့အစည်းမှာ ရှားပါးနေပါပြီ။
part of pack
ငပျင်းတွေအတွက် အောင်မြင်ရေးနည်းလမ်းများ
ရေးသားသူ: ကျော်ရင်မြင့်
Ks
မအောင်မြင် မကြီးပွားချင်တဲ့ လူရယ်လို့တော့ မရှိဘူး။ နည်း လမ်းရှိမယ် သိပ်လည်း မခက်ဘူးဆိုရင်တော့ လုပ်ချင်တဲ့သူချည်းပဲပေါ့။ ကြီးပွားအောင်မြင် ချမ်းသာချင်သူတွေအတွက် နည်းလမ်းတွေ ဖော်ပြတဲ့စာအုပ်တွေ မရေမတွက်နိုင်အောင် ရှိတာပေါ့။ အများစုက ပျင်းစရာကြီး။ ရှည်လျားပေများတော့ စိတ်ဝင်စားစရာ မကောင်းဘူး။ နည်းလမ်းတွေက မှန်ချင်မှန် မယ်၊ ဖော်ပြပုံက “လေး” တော့ လူတွေနဲ့ “ဝေး” သွားတယ်။ ဒါကြောင့် ဒီစာအုပ်မှာတော့ လိုရင်းကို တိုရှင်းပဲ ရေးလိုက်ပါတယ်။ ကြိုက်တဲ့စာမျက်နှာလှန်ပြီး ဖတ်ချင်စိတ် ရှိသလောက်သာ ဖတ်ကြည့်ပါ။ အချိန်သိပ်မရတဲ့သူတွေ အချိန်သိပ်မယူချင်တဲ့ သူတွေအတွက် ရည်ရွယ်တယ်။ တစ်ခုတော့ ပြောချင်တယ်။ ဖတ်ပြီး ပြီးပြီးပျောက်ပျောက်တော့ သဘောမထားစေချင်ဘူး။ စာတစ်ကြောင်းဖတ်ဖတ် တစ်မျက်နှာဖတ်ဖတ် ဖတ်သလောက်ကိုတော့ အာရုံနှစ်ပြီး စိတ်ပါလက်ပါ ဖတ်ကြည့်စေချင်တယ်။ ဘာကြောင့်လဲဆိုတော့ စာလုံးတိုင်း စာကြောင်းတိုင်းမှာ စာဖတ်သူရဲ့ဘဝကို တိုးတက်ပြောင်းလဲအောင် ဖော်ဆောင်နိုင်တဲ့ စေတနာတွေ ထည့်ထားလို့ပါ။
part of pack
ကျမ်းပြုစာဆို ဆရာ ယုဒသန်
ရေးသားသူ: ဝင်းနိုင်ဦး(ရေနံ)
Ks
ခရစ်သက္ကရာဇ် ၁၈၁၃ ခုနှစ်၊ ဘကြီးတော်မင်းတရားကြီးလက်ထက်တွင် ဆရာကြီးယုဒသန်သည် မြန်မာနိုင်ငံ ရန်ကုန်မြို့ သို့ စတင်ရောက်ရှိကာ သူယုံကြည်သက်ဝင်လှသော သာသနာပြုလုပ်ငန်းကို စတင်ရန် ကြိုးပမ်းစဉ် ဘဝ၏ သောကမီးလျှံများက သူ့ယုံကြည်ချက် မဏ္ဍိုင်ကို လှုပ်ခါပစ်လိုက်ပါသည်။ ဤတွင် သူ၏ စိတ်ဓာတ်များသည် ဖရိုဖရဲဖြစ်ပြီး စိတ်ချောက်ချားကာ ဒုက္ခပရိ ဒေဝများ ပြင်းပြစွာခံစားလျက် ဘဝသစ္စာတရားကိုလည်းကောင်း၊ God Head ခေါ် ဘုရားသခင်ကိုလည်းကောင်း အပူတပြင်းရှာဖွေခဲ့သည်။ ဆရာသည် သဘောထားရိုးသားဖြောင့်မတ်သူတစ်ဦးဖြစ်သည့်အားလျော်စွာ မိမိကိုယ်မိမိ မလှည့်စားဘဲ သူ့ကိုယ်သူ ပွင့်ပွင့် လင်းလင်း ဝေဖန်သုံးသပ်သည်။ ထို့ပြင် ဆင်းရဲချို့တဲ့မှု၏ ကာမဂုဏ်အာရုံမှန်သမျှကို ကျောခိုင်းစွန့်လွှတ်မှုစသော ဝန်ထုပ်ဝန်ပိုး များကို ထမ်းပိုးလျက် မိမိခန္ဓာကိုယ်ကို ညှဉ်းပန်းနှိပ်စက်ကာ သူသိလိုသော သစ်္စာတရားနှင့် ဘုရားသခင်ကိုဖွေရှာရန် အပြင်း အထန် ကြိုးပမ်းခဲ့သည်။
part of pack

ဆက်လက်လုပ်ဆောင်ရန်သေချာပါသလား။

ဤဟာသည် ကျွန်ုပ်၏စာအုပ်များ အောက်တွင်ရှိပြီးသားဖြစ်သည်။

ဝန်ဆောင်မှုအားရယူထားပြီးပါပြီ။