စာအုပ်များ

ရှာဖွေခြင်း

  • အမျိုးအစားများ

  • စာအုပ်များ
  • ဂျာနယ်များ
  • မဂ္ဂဇင်းများ
  • ဝန်ဆောင်မှု

  • စာအုပ်ဝန်ဆောင်မှု
  • ဂျာနယ်ဝန်ဆောင်မှု
  • အမျိုးအစား

  • စာအုပ်များ
  • အက်ရှင်၊ စွန့်စားခန်း နှင့် ထိတ်လန့်ဖွယ်ရာ
  • အနုပညာနှင့် သရော်စာ
  • အထ္တုပ္ပတိ နှင့် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ
  • စီးပွားရေးနှင့် အလုပ်အကိုင်
  • ဖက်ရှင်
  • သမိုင်းနှင့် ဘူမိဘေတ
  • သိပ္ပံနှင့် နည်းပညာ
  • သုတစာပေ
  • အခြား
  • ကဗျာ
  • နိုင်ငံရေးနှင့် လူမှုသိပ္ပံ
  • အချစ်ဝတ္ထု
  • အားကစားနှင့် ကျန်းမာရေး
  • ခရီးသွားခြင်းနှင့် အစားအစာ
  • ဂျာနယ်များ
  • မော်တော်ယာဉ်များ
  • စီးပွားရေးနှင့် အလုပ်အကိုင်
  • လက်မှုပညာနှင့် ဝါသနာ
  • မှုခင်း
  • ဖျော်ဖြည်ရေး
  • ဖက်ရှင်နှင့် နေထိုင်မှုပုံစံ
  • အစားအသောက်
  • သတင်းအချက်အလက်နှင့် နည်းပညာ
  • လျှို့ဝှက်ဆန်းကြယ် နှင့် သည်းထိတ်ရင်ဖို
  • အားကစား
  • မဂ္ဂဇင်းများ
  • မော်တော်ယာဉ်များ
  • စီးပွားရေးနှင့် အလုပ်အကိုင်
  • လက်မှုပညာနှင့် ဝါသနာ
  • မှုခင်း
  • ဖျော်ဖြည်ရေး
  • ဖက်ရှင်နှင့် နေထိုင်မှုပုံစံ
  • အစားအသောက်
  • သတင်းအချက်အလက်နှင့် နည်းပညာ
  • လျှို့ဝှက်ဆန်းကြယ် နှင့် သည်းထိတ်ရင်ဖို
  • အားကစား
  • ဈေးနှုန်း

  • အောက် 50KS
  • 50KS - 100KS
  • 100KS - 500KS
  • 500KS - 1000KS
  • 1000KS & အပေါ်
  • နှုန်းထား

  • အပြီးပေးချေခြင်း။
  • အငှား
  • အခမဲ့
  • စာအုပ်ဘာသာစကား

  • အင်္ဂလိပ်
  • မြန်မာ

စာရေးသူအမည်နှင့်ရှာသည်။

စာအုပ် xxx တွေ့ရှိသည်။

ကြည့်ရှုမည့်ပုံစံ:

ကြည့်ရှုမည့်ပုံစံ:

နှလုံးကျန်းမာရေး ဟင်းလျာများ
ရေးသားသူ: ခင်ခင်မင်(မြန်မာပြန်)
Ks
ဤစာအုပ်ဟာ Reader Digest မဂ္ဂဇင်းကနေ ရှာဖွေ စုဆောင်းတင်ပြထားတဲ့ “နှလုံးကျန်းမာရေးဟင်းလျာများ” စာအုပ် ပါ ဟင်းလျာများကို ပြန်ဆိုထားတာဖြစ်ပါတယ်။ လူတစ်ဦးရဲ့ ကျန်းမာရေးကို အစားအသောက်စားသုံးမှုပုံစံက များစွာ သက် ရောက်မှုရှိစေပါတယ်။ အစားအသောက်စားသုံးမှု ပုံမမှန်မှု ကြောင့် ကျန်းမာရေးကို ဆိုးကျိုးပေးတဲ့ အဝလွန်တာ၊ သွေးတိုး တာ၊ နှလုံးသွေးကြောပိတ်တာစတဲ့ ရောဂါတွေ ရနိုင်ပါတယ်။ ဒါကြောင့် မိမိအသက်တာမှာ ကျန်းကျန်းမာမာနဲ့ အသက် ရှည်ရှည်နေနိုင်ဖို့ရာ နေ့စဉ်စားသုံးမှုပုံစံကို ဂရုစိုက်ပေးရပါမယ်။ ဒီစာအုပ်မှာ ပါဝင်တဲ့ဟင်းအမည်အများစုဟာ သင့်နှလုံးကျန်းမာ ရေးကို အထောက်အကူပြုစေတဲ့ ဟင်းအမည်များ ဖြစ်ပါတယ်။ ဥပမာ ဘလူးဘယ်ရီသီးမှာ ပါဝင်တဲ့ အပြာရောင်ခြယ်ဆဲလ်ဟာ သွေးလွှတ်ကြောတွေကို သန့်ရှင်းစေတဲ့နေရာမှာ အလွန် အစွမ်း ထက်ပါတယ်တဲ့။ အခြားအာဟာရဖြစ်စေတဲ့ ဓာတ်များလည်း အများအပြား ပါဝင်ပါတယ်။ ဗီနီဂါကို မှန်မှန်သုံးစွဲပါက ကိုလက်စထရောကို ကျစေပါတယ်။
part of pack
ကိုးသင်္ချိုင်းသံဓား
ရေးသားသူ: ဓူ၀ံ
Ks
မြင်းတစ်စီး၊ ဓားတစ်လက်ကို အရင်းတည်၍ ခြေသလုံး အိမ်တိုင်ထူကာ ကိုယ်ကျိုးမဖက် နိုင်ငံတော်အတွက်သက်သက် လူဖြစ်လာရသော အညတရစစ်သည်တော် သီရိဗြတ်ကမွန်အား ဤ ကိုးသင်္ချိုင်းသံဓား ဝတ္ထုတွင် စံပြ စစ်သားကောင်းတစ်ဦး အဖြစ် သရုပ်ဖော်ထားသည်ကို တွေ့ရပေလိမ့်မည်။ စစ်သည်တော်ကောင်းတို့မည်သည် မိမိတို့၏ ကိုယ်ကျိုး ကိုစွန့်၍ နိုင်ငံတော်အတွက် အသက်ကိုပင် စွန့်လွှတ်ရန် ဝန်မလေး သူများ ဖြစ်ရမည်ကို သီရိဗြတ်ကမွန်၏ စွန့်စားခန်းများဖြင့် ပေါ်လွင်စေခဲ့သည်ကိုလည်း တွေ့ကြရပေလိမ့်မည်။ ထိုသို့ စွန့်စား ရာတွင် အချောအလှ ထိပ်ခေါင်တင်ဖြစ်သော ဆောင်းတူးမြို့စား ကြီး၏ သမီးဦးရတနာ နှင်းကေသရာနှင့် တွေ့ဆုံခဲ့ရာမှ ဇာတ်လမ်း ဇာတ်အိမ် ကျယ်ပြန့်လာခဲ့ခြင်းဖြစ်ပေသည်။ နှင်းကေသရာအပေါ် တွင် သီရိဗြတ်ကမွန်သည် အသည်းနှလုံးခိုက်အောင် စွဲလမ်းခဲ့ သော်လည်း အချစ်ကို ဦးစားမပေး၊ မိမိအပေါ်တွင် ကျရောက်လာ မည့် နိုင်ငံတော်၏တာဝန်ကိုသာ ဦးစားပေးပြီး ရွပ်ရွပ်ချွံချွံ ထမ်း ဆောင်ခဲ့ပုံများကို ဇာတ်ကွက်ဆင်၍ သရုပ်ဖော်ခဲ့ရာ၌ အသည်း ထိတ်စရာ၊ ရင်ဖိုစရာ၊ စွန့်စားခန်းများအကြားတွင် ပျော်ရွှင်စရာ၊ ကြည်နူးစရာ၊ ကြေကွဲစရာ၊ ရင်နင့်စရာ၊ လွမ်းဆွေးဖွယ်ရာ၊ ချစ်ခန်း ကြိုက်ခန်းများ တစ်ပြိုင်တည်း ရောပြွမ်း၍ ပါလာမည်ကို တွေ့ရ ပေလိမ့်မည်။ ဤဝတ္ထုကို ရေးသားရာ၌ “ရာဇာဓိရာဇ် အရေးတော်ပုံ ကျမ်း” နှင့် “ရှင်စောပု ရာဇဝင်ဝတ္ထု” တို့သည် စာရေးသူအတွက် များစွာ အထောက်အကူဖြစ်စေရမည်ကို မှတ်တမ်းတင်လိုပေ သည်။ သို့ရာတွင် ရာဇဝင်ကို ရေးသားခြင်းမဟုတ်၊ ရာဇဝင်ကို နောက်ခံထား၍ စိတ်ကူးယဉ်ဝတ္ထုတစ်ပုဒ်ဖြစ်လာအောင် ရေးသား ထားခြင်း ဖြစ်သည်ကို ဖော်ပြလိုပေသည်။ ဝတ္ထုသည် ဝတ္ထုသာ ဖြစ်သည်ကို သတိချပ်စေလိုပါသည်။
part of pack
ကမ္ဘာ့ သမိုင်းဝင် သိမှတ်ဖွယ် ၁၀၀
ရေးသားသူ: အောင်လှိုင်(မြန်မာပြန်)
Ks
လူ့သမိုင်းအစမှာ စတင်ရှင်သန်ခဲ့တဲ့ လူသားတွေရဲ့ တီထွင် ထုတ်လုပ်နိုင် စွမ်းတွေဟာ အာဖရိကဒေသမှ အရှေ့အလယ်ပိုင်းဒေ၊ ဥရောပနှင့် အာရှဒေသထိတိုင် ပျံ့နှံ့ရောက်ရှိသွားခဲ့ပါတယ်။ လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀၀ ခန့် နောက်ဆုံး ရေခဲခေတ်ကာလ အတွင်း လူသားတွေဟာ ကမ္ဘာ့ပထမဆုံး ပန်းချီ၊ ပန်းပု အနုလက်ရာ တွေကို သရုပ်ဖော်တင်ပြ ပေးနိုင်တဲ့သူတွေအဖြစ် ဖန်တီးနိုင်စွမ်းတွေ မြင့်တက်လာခဲ့တာ တွေ့ရပါတယ်။ ရေခဲခေတ်ဟာ ကမ္ဘာ့ပင်လယ်ရေပြင်အမြင့်ကို နိမ့်ဆင်းသွား စေပြီး ဆိုက်ဗေး ရီးယားနှင့် အလာစကာအကြား ကုန်းမြေတံတား တစ်စင်းသဖွယ် ဖြစ်တည်နေတာကြောင့် အဲဒီကုန်းမြေတံတားက လူသားတွေကို အမေရိကသို့ ပထမဆုံး စတင်ရောက်ရှိနိုင်အောင်နဲ့ အမေရိက တစ်နံတစ်လျားအနှံ့ ကျယ်ပြန့်စွာ သွားလာနိုင်အောင် ခွင့်ပြုပေး သလို ဖြစ်ခဲ့ပါတယ်။
part of pack
မြိုင်ရာဇာတွတ်ပီကျွန်ုပ်နှင့် ရွာကျောင်းကခေါင်းလောင်းသံ
ရေးသားသူ: ဆွေမင်း(ဓနုဖြူ)
Ks
ဆွေမင်း(ဓနုဖြူ)ရေးဆွဲသရုပ်ဖော်ထားသော မြိုင်ရာဇာတွတ်ပီကျွန်ုပ်နှင့် ရွာကျောင်းကခေါင်းလောင်းသံ ....
part of pack
အိုဘယ့် … ပုဂံ
ရေးသားသူ: ရွှေကူမေနှင်း
Ks
ပုဂံရောက်ခဲ့သော အကြိမ်များကမူ တစ်ကြိမ် နှင့်တစ်ကြိမ် မတူသလို အတူသွားရသည့် ခရီးဖော် များလည်း ကွဲပြားသည်။ အသက်အရွယ်ကလည်း ကွာခြားသည်။ ထိုအခါ အတွေးအမြင်များကွာခြားခဲ့ ခြင်းမှာ မဆန်းပေ။ ပုဂံနှင့်ပတ်သက်၍ ကျွန်မတွင် “အတွေး” များစွာရှိနေခဲ့သည်။ ပုဂံဆိုသည်မှာဆိုပြီး အနက်အဓိပ္ပာယ်တွေ များစွာဖွင့်နေခဲ့သည်။ အိုဘယ့် ...ချစ်သောပုဂံဆိုပြီး မြတ်နိုးမှုတွေများစွာ သိုမှီးနေ ခဲ့သည်။ မည်သူတွေ မည်သို့ရေးသားကြပါစေ ... ကျွန်မသည် ထိုသူများနှင့်ကွဲပြားစွာ ပုဂံကို ရေးဖွဲ့ချင် နေခဲ့သည်။ ပုဂံကို ရေးဖွဲ့လိုစိတ်သည် ကျွန်မနှလုံး သား၌ အမြစ်တွယ်နေခဲ့တာကြာပြီ။ ကျွန်မအိမ်ဧည့်ခန်း၌ အချို့လူများကဲ့သို့ ဓာတ်ပုံ များချိတ်ဆွဲထားသော အလေ့အထမရှိပေ။ အိမ်သူ အိမ်သားများ၏ဓာတ်ပုံများသည် ဧည့်သည်များအား စိတ်အနှောင့်အယှက်ဖြစ်စေသည် ဟူသော အဆို တစ်ခုကို ခပ်ငယ်ငယ်ကပင် ကျွန်မဖတ်ဖူးခဲ့၏။ သို့သော် ခြွင်းချက် တစ်ခုကား ရှိနေသည်။ ထိုခြွင်းချက်မှာ ကျွန်မအခန်းတွင်း ဓာတ်ပုံဆိုင်က အကြီးဆုံးအရွယ် ကူးပေးနိုင်သော 10" x 12" အရွယ် ပုဂံရှုခင်းပုံ ရှိနေ ခြင်းပါပဲ။ ဓာတ်ပုံအရောင်က စိမ်းမလိုနှင့် မှိုင်းညို့နေ သည်။
part of pack
သုတရိပ်မြိုင် စာဂနိုင်
ရေးသားသူ: ပိဋကတ်တိုက်မှူးဦးညွှန့်မောင်
Ks
ယခု ရှင်မဟာအရိယဝံသ၏ ဆုံးမစာကား လင်္ကာသွားမဟုတ်၊ စကားပြေဆုံးမစာ ဖြစ်သည်။ ၎င်းပြင် တစ်နိုင်ငံလုံးကို မရည်ရွယ်၊ အဓိကအားဖြင့် မိမိ၏ အရိယဝံသချောင်နေ ရဟန်းသာမဏေများကိုသာ ရည်ညွှန်း၍ စည်းကမ်းသဘောမျိုး ပညတ်ထားသော ဆုံးမစာဖြစ်ပါသည်။ ဤသို့ ဆုံးမစာချင်း ခြားနားမှုရှိပါသည်။ ရှင်မဟာအရိယဝံသကို ကျမ်းတတ်၊ ကျမ်းပြု အကျော်ဟူသော ပရိယတ္တိ ဝိသာရဒဂုဏ်အနေဖြင့်သာ လူသိများခဲ့ပါသည်။ သို့ရာတွင် ရှင်မဟာအရိယဝံသသည် စာပေကျမ်းဂန် ထူးချွန်ပြောင်မြောက်ရုံသာ မဟုတ်ပါ။ ဝိနည်းတော်ကို လေးစားခြင်း ဝိနယဂရုကဂုဏ်နှင့် ဝိဝေက သုခကို လွန်စွာ ခုံမင်သော သမထ ဝိပဿနာ ဟူသည့် ပဋိပတ္တိမာမကဂုဏ်နှင့် လည်း ပြည့်စုံကြောင်းတို့ကို အောက်ပါစကားပြေ ဆုံးမစာကို ကြည့်ခြင်း ဖြင့် ကြည်ညိုဖွယ်ရာ သိရှိနိုင်ကြပါသည်။ ရှင်မဟာအရိယဝံသ၏ ဆုံးမစကားမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်။ မမဝစနံ စိရံ တိဋ္ဌတု သာသနေ။ ဘုန်းကြီးအရိယဝံသ မဟာထေရ် ကား တပည့်သားတော်တို့အား ဤသို့လျှင် ဆုံးမတော်မူသတည်း။ “မိုးသောက်အောင် မအိပ်ခြင်း၊ ညဥ့်ကထ၍ သန့်သက်ရေထား ခြင်း၊ တံမြက်လှည်းခြင်း၊ တံမြက်ချေးကျုံးခြင်း၊ ရေဆောင်ခြင်း၊ တံပူ (ဒန်ပူ)ကပ်ခြင်း၊ နံနက် နေ့ညဥ့် အိပ်ရာနေရာထုတ်ခြင်း, ခါခြင်း, ခင်းခြင်း၊ ဇာကို အားထုတ်သင်ခြင်း (“ဇာ”ဆိုသည်မှာ သင်အံသောစာကို ဆိုလိုသည်)၊
part of pack
မူလတန်းကျောင်းသားများအတွက် မြန်မာ့သမိုင်းပုံပြင်များ
ရေးသားသူ: တန်းမြင့်ကျောင်းအုပ်ဆရာကြီး ဦးတိုးမြိုင်
Ks
နိဒါန်း မူလတန်းကျောင်းသားကလေးများအား နိုင်ငံသမိုင်းနှင့်ဆိုင်သော ဗဟုသုတ အထိုက်အလျောက် ရရှိစေရန် သမိုင်းအနေဖြင့် ဦးစွာ သင်ကြားခြင်း မပြုသေး မူ၍ ရာဇဝင်သမိုင်းတွင် ကျောထောက်နောက်ခံသဖွယ်ဖြစ်သော ပုံပြင်ဝတ္ထုကလေး များဖြင့်သာ လမ်းခင်း၍ ပေးသင့်သေးပေသည်။ သို့ဖြစ်၍ သမိုင်းနှင့်ဆိုင်သော အချက်အလက်များ အနည်းအကျဉ်းမျှ သာပါစေပြီး ပုံပြင်ဝတ္ထုသဘော သက်ရောက်စေမည့် အကြောင်းအရာများ ဖြစ်စေရန် ပို၍အရေးကြီးသည်ဟု ယူဆမိသည်။ တစ်ဖန် ရွေးချယ်သည့် ပုံပြင်ကလေးများသည် ကလေးတို့အား စိတ်ပါ ဝင်စားခြင်းရှိစေရမည့်ပြင် ၎င်းတို့ကို ဖတ်ခြင်းဖြင့် စိတ်ထိခိုက် လှုပ်ရှားမှုများ ဖြစ်စေ၍ သူတို့၏ အပြုအမူစိတ်နေသဘောထားတို့ကို အမှတ်မထင် ပြုပြင် ပေးစွမ်းနိုင်မည့်အကြောင်းမျိုးများလည်း ဖြစ်သင့်ပေသည်။ ဤစာအုပ်ငယ်မှာ ထိုအချက်များနှင့် ညီညွတ်စေ၍ ခေတ်အသီးသီးမှ သင့်လျော်ရာပုံပြင်တို့ကို စေ့စေ့ငငစိစစ်ရွေးချယ်ပြီးလျှင် တတ်နိုင်သမျှ လွယ်ကူ ရှင်းလင်းစေရန် ရည်သန်၍ရေးသားထားခြင်းဖြစ်ပါကြောင်း။ ။ ဦးတိုးမြိုင်
part of pack
သင့်ကလေးငယ်၏ ဦးနှောက်တည်ဆောက်ပုံနှင့် လေ့ကျင့်ပျိုးထောင်နည်းများ
ရေးသားသူ: အန်တီချို စုစည်းပြန်ဆိုသည်
Ks
ကလေးငယ်ရဲ့ ဦးနှောက်တည်ဆောက်မှုအတွက် ကလေးငယ်ရဲ့ အသက်ပထမ ၅ နှစ်က အလွန်အရေးပါတယ်ဆိုတာကို သိပ္ပံပညာ ရှင်တွေက သိထားကြပြီးဖြစ်ပါတယ်။ အဆိုပါ ၅ နှစ်တာကာလ အတွင်းမှာ မိဘဖြစ်တဲ့ သင် (ဇနီး/ခင်ပွန်း)အပြင် အဘိုးအဘွားတွေ ကအစ ကလေးငယ်ရဲ့ ဦးနှောက်တည်ဆောက်မှုလုပ်ငန်းကို နေ့စဉ်နဲ့ အမျှ ဂရုစိုက်ပေးဖို့ လိုပါတယ်။ ဦးနှောက်တည်ဆောက်မှု တိုးတက် လာပြီဆိုရင် စဉ်းစားတွေးခေါ်ခြင်း၊ ခံစားခြင်း၊ လှုပ်ရှားခြင်း၊ သင်ယူ ခြင်းတွေကို ဆင့်ကဲလုပ်လာနိုင်မှာဖြစ်ပါတယ်။ ပထမ ၅ နှစ်တာ အတွင်းမှာ ကလေးငယ်ရဲ့ ဉာဏ်ရည်နဲ့ ဦးနှောက်ဖံွ့ဖြိုးမှု ဆင့်ကဲ တိုးတက်လာမှသာ အနာဂတ်ကာလအတွက် ပညာသင်ယူနိုင်ရေး အစီအစဉ်တွေမှာ အောင်မြင်မှုရှိလာပါလိမ့်မယ်။ ကလေးငယ်များ ကြီးထွားဖွံ့ဖြိုးမှုဖြစ်စဉ်ဟာ ကလေးတစ်ဦးနဲ့ တစ်ဦး တူညီနိုင်မှုမရှိပါဘူး။ သို့သော်လည်း သူတို့အားလုံးရဲ့ လို အပ်ချက်တွေကတော့ အတူတူပဲဖြစ်ပါတယ်။ ကလေးငယ်ရဲ့ ဦးနှောက် တည်ဆောက်မှုနဲ့ပတ်သက်ပြီး သိပ္ပံပညာရှင်များ သိရှိနားလည်ထားတဲ့ အရေးပါသော ခေါင်းစဉ်တွေကို တစ်ဖက်ပါ မာတိကာအတိုင်း ဖော်ပြ လိုပါတယ်။
part of pack
မနေ့တစ်နေ့က ရွာတဲ့မိုး၊ မနေ့တစ်နေ့က တိုက်တဲ့မုန်တိုင်း
ရေးသားသူ: နတ်နွယ်
Ks
ဒီနေ့ ဒီကာလမှာ ဒဂုန်တာရာက “ရန်သူမရှိ မိတ်ဆွေ သာရှိ”၊ “မုန်းသူမရှိ ချစ်သူသာရှိ”၊ “နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာ” လို့ ဒဂုန်တာရာက သူ့အယူအဆ၊ သူ့ယုံကြည်မှုကို ပွင့်ပွင့်လင်းလင်းနဲ့ ရဲရဲ တင်းတင်း တင်ပြနေတဲ့ကာလပါ။ လွတ်လပ်စွာ သဘော ကွဲလွဲပိုင်ခွင့်ကို ယုံကြည်နေတဲ့ ဒဂုန်တာရာပါ။ ငြိမ်းချမ်းရေး ကို ထာဝရချစ်မြတ်နိုးနေတဲ့ ဒဂုန်တာရာကို။ နတ်နွယ်က သူ့အင်တာဗျူးတစ်ခုမှာ “ဒဂုန်တာရာရဲ့ကျေးဇူး ကျွန်တော် တို့အပေါ်မှာ ရှိပါတယ်” လို့ဆိုတဲ့စကားကို ကျွန်တော် မဂ္ဂဇင်းတစ်ခုမှာ မှတ်မှတ်ထင်ထင် ဖတ်ရှုလိုက်ရပါတယ်။ နတ်နွယ်ဟာ မနေ့တစ်နေ့က ရွာတဲ့မိုး မနေ့တစ်နေ့က တိုက်တဲ့မုန်တိုင်း ဆက်ထွက်လာမယ့် မနေ့တစ်နေ့က ဝေတဲ့နှင်းလို့ နာမည်တွေကို အင်မတန် ကြိုက်မက်ရှာပုံပေါ်ပါတယ်။ ဒါကြောင့် ဒီစာတမ်းငယ်လေးလို မနေ့တစ်နေ့က နတ်နွယ် လို့ အမည်ပေးလိုက်ပါတယ်။ ဟုတ်ကဲ့ ... မနေ့တစ်နေ့က နတ်နွယ်။ မောင်နွေထက် (နှင်းဆီဝါကဗျာစားပွဲကလေးဘေးမှာ)
part of pack
ကမ္ဘာ့တိရစ္ဆာန်ပုံပြင်များ
ရေးသားသူ: ကြည်ကြည်မာ
Ks
“မင်း ရေထဲမှာ ကစားတာ သိပ်ကြိုက်တယ် မဟုတ်လား” မိခင်က ညင်သာတဲ့အသံနဲ့ သူ့ကိုပြောတယ်။ သူမ သားလေးကို နားချတယ်။ “ဒီနေ့ မသွားဘူး” ဆင်ကလေးဟာ နှုတ်ခမ်းစူနေတယ်။ “လူကြီးစကားလည်း နားမထောင်၊ အကျိုးအကြောင်းလည်း နား မလည်တဲ့ကလေး မလုပ်နဲ့နော်” ဆင်ကလေးရဲ့အဘိုးက ဖျောင်းဖျတယ်။ “တို့အားလုံး သွားကြရင် မင်းတစ်ယောက်တည်း ကျန်ခဲ့တော့ ပျင်းနေမှာပေါ့” “ကျွန်တော် ဘယ်တုန်းကမှ မပျင်းဘူး” ဆင်ကလေးက ခေါင်းမာ မာနဲ့ ဖြေတယ်။ “အလွန်လှပတဲ့ သဖန်းပင်တစ်ပင်ကို တွေ့ထားတယ်” ဆင်အဘိုးက သူ့မြေးလေးကို လိုက်ချင်အောင် ပြောတယ်။ “မင်းကို ငါခေါ်သွားမယ်” ဒီတစ်ခါတော့ ဆင်ကလေးဟာ ငြိမ်နေတယ်။ “အခု ခေါင်းမမာနဲ့တော့ လိုက်ခဲ့ပါ” ဦးလေးက အော်ပြောတယ်။ ဒီနောက် အဒေါ်က အော်ပြောပြန် တယ်။ “မင်းက တို့ကို ကျီစားနေတာလား၊ မြန်မြန်လာလေ” ဆင်ကလေးဟာ ခေါင်းမာမာနဲ့ မလှုပ်မယှက် ကြည့်နေတယ်။ “တို့တစ်တွေ ရေထဲမှာ လိုက်တမ်းပြေးတမ်း ကစားမယ်ဆိုတာ မင်းသိလား” ဆင်ကလေးရဲ့ညီအစ်ကိုမောင်နှမတွေက အော်ပြောတယ်။ “မလိုက်ဘူး၊ မလိုက်ဘူး”
part of pack

ဆက်လက်လုပ်ဆောင်ရန်သေချာပါသလား။

ဤဟာသည် ကျွန်ုပ်၏စာအုပ်များ အောက်တွင်ရှိပြီးသားဖြစ်သည်။

ဝန်ဆောင်မှုအားရယူထားပြီးပါပြီ။