Books

filter

  • Categories

  • Books
  • Journals
  • Magazines
  • Pack

  • Book Package
  • journal package
  • genre

  • Books
  • Action, Adventure & Horror
  • Arts & Satire
  • Biography & Autography
  • Business & Economy
  • Fashion
  • History & Geography
  • IT & Science
  • Nonfiction
  • Others
  • Poem
  • Politics & Social Sciences
  • Romance
  • Sports & Health
  • Travel & Cooking
  • Journals
  • Automotive
  • Business & Economy
  • Craft & Hobby
  • Crime
  • Entertainment
  • Fashion & Lifestyle
  • Food & Drink
  • IT & Technology
  • Mystery & Suspense
  • Sports
  • Magazines
  • Automotive
  • Business & Economy
  • Craft & Hobby
  • Crime
  • Entertainment
  • Fashion & Lifestyle
  • Food & Drink
  • IT & Technology
  • Mystery & Suspense
  • Sports
  • price

  • under 50KS
  • 50KS - 100KS
  • 100KS - 500KS
  • 500KS - 1000KS
  • 1000KS & above
  • PRICING PLAN

  • One Time Payment
  • Rental
  • Free
  • BOOK LANGUAGE

  • english
  • myanmar

xxx items found

Show:

Sort by:

မော်ဒန် စီးပွားရေးသတင်းဂျာနယ် Ks
မော်ဒန် စီးပွားရေးသတင်းဂျာနယ်
part of pack
အနောက်နန်းမိဖုရားမမြကလေးနှင့် လှိုင်ထိပ်ခေါင်တင် ဘဝနှင့်စာပေ
By: လှသမိန်
Ks
စာဆိုတော်နေ့ စာဆိုတော်နေ့တွင် မြန်မာ့စာဆိုတော်များကို ဂုဏ်ပြုကြရန်မှာ စာပေချစ်မြတ်နိုးသူတို့၏ တာဝန်သာပင် ဖြစ်ပေသည်။ ထိုတာဝန်ကို ရွက်ဆောင်ဦးထိပ်တင်သောအားဖြင့် မြန်မာ့ စာဆိုတော် အမျိုးသမီးနှစ်ဦး၏ ဘဝနှင့်စာပေကို တင်ပြပြုစုလိုက်ပေ သည်။ ဘဝရေးရာတွင် သမိုင်း၏ဖြစ်ရပ်နှင့် ချိန်စက်၍ အမြင်အတိုင်း ပင် တင်ပြထားပေသည်။ အခွင့်သာသမျှ စူးစမ်းဖော်ထုတ်ထားပေသည်။ စာပေရေးရာတွင် ယင်းစာဆိုတော်နှစ်ဦး၏ တစ်စောင်တစ်ဖွဲ့ မဟုတ်သော ကောက်သင်းကောက် စာပေ၊ သီချင်း၊ ကဗျာ၊ လင်္ကာတို့ကို အပြည့်စုံနိုင်ဆုံး တစုတပေါင်းတည်း မှတ်တမ်းတင်ထားပေသည်။ ထို့ကြောင့် ဂန်္ထဝင်၌ ဤစာတစ်စောင်တစ်ဖွဲ့သည် ဖဲ့ထုတ်၍မရ သော ကျောက်အုတ်တစ်ချပ် ဖြစ်ပေမည်။ ဤမျှဆိုလျှင် စာတစ်စောင် တစ်ဖွဲ့၏ပြုစုပုံ၊ အာသီသနှင့် အနှစ်သာရကို သိမြင်သာပေလိမ့်မည်။ လှသမိန်
part of pack
ဆက်ဆံရန် ခက်ခဲသူများနှင့် အလွန်းသင့်နည်း
By: ခင်မောင်သန်း (စိတ်ပညာ)
Ks
သင်နှင့် ရင်ဆိုင်နေရသူသည် သင်၏အကြီးအကဲ ဖြစ်နိုင်သလို လုပ်ဖော်ကိုင်ဖက်များလည်း ဖြစ်နိုင် သည်။ သို့တည်းမဟုတ် သင့်လက်အောက်တွင် အလုပ်လုပ်နေသူများလည်း ဖြစ်နိုင်သည်။ ဆက်ဆံရန်ခက်ခဲသူ လူမျိုး ၁၀၀ နှင့် မည်သို့ဆက်ဆံရမည်ကို တင်ပြထားသည်။ သင် ကြုံတွေ့နေရသည့် အခြေအနေအရ ရွေးချယ်ဖတ်ရှုပြီး လက်တွေ့ အသုံးချနိုင်မည် ဖြစ်သည်။ ဆက်ဆံရန် ခက်ခဲသူများအကြောင်း ဖတ်ရှုရာတွင် လွယ်ကူပြီး နားလည်သဘောပေါက်လွယ်စေရန် “ဗန်းစကား” တချို့ကို တမင်သက်သက် ရွေးချယ် အသုံးပြုထားပါသည်။ ဤစာအုပ်ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ပေးသော “ဓန” စီးပွားရေးမဂ်္ဂဇင်းနှင့် “ဓန” ဝိုင်းတော်သားများ၏ စေတနာနှင့် ကူညီမှုကို အထူးကျေးဇူးတင်ပါကြောင်း ဖော်ပြအပ်ပါသည်။ ရှိန်းထက်နောင်
part of pack
ခေါင်းဆောင်တို့၏ နှလုံးသား
By: ခင်မောင်ညို(ဘောဂဗေဒ)
Ks
ဤအဆိုအမိန့်များသည် လုပ်ရည်ကိုင်ရည် မြင့်မားရေး၊ ထူးခြားသောရလဒ်များ ရရှိရေးအတွက် လိုအပ်သည့် စမတ်ကျသော ခေါင်းဆောင်မှုကို ပေးအပ်မည်ဟု မျှော်လင့်ပါသည်။ အတော်ဆုံး၊ အကောင်းဆုံး ခေါင်းဆောင်ဆိုသည် မှာ သူတို့ဆီက ပါဝါတွေ ထွက်လာသူတွေမဟုတ်၊ သူတို့ကို ပါဝါတွေ ဖြတ်သန်းပြီး သွားသူတွေဖြစ်ကြောင်း သဘော ပေါက်လာမည်ဟုလည်း မျှော်လင့်ပါသည်။ ဘုရားသခင် ကောင်းချီးပေးတော်မူပါစေ။ ကင်ဘခန့်ချ်
part of pack
သင့်ဦးနှောက်က တီထွင်ဖန်တီးနိုင်ပါတယ်
By: ဇေရတု (မြန်မာပြန်)
Ks
ကမ္ဘာကြီးက ရွာကြီးတစ်ရွာလို ကျဉ်းမြောင်းသွားတဲ့ လူ့အဖွဲ့အစည်း အတွင်းမှာ ကျွန်ုပ်တို့နေထိုင်နေကြတာပါ။ ဒီလို လူ့အဖွဲ့အစည်းကြီးမှာ ကုန်ပစ်္စည်းတွေ၊ ဝန်ဆောင်မှုတွေဟာ တစ်ခုနဲ့တစ်ခု ခွဲခြားရခက်လောက်အောင် ပိုပိုပြီး တူညီလာနေပါတယ်။ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် နည်းပညာနဲ့နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုတွေကို အရင်ကထက် လွယ်လွယ် ပေါပေါရလာပါပြီ။ နှစ်ဆယ်ရာစုမှာ အထူးတန်ဖိုးထားရှာမှီးရတဲ့ အသိပညာ အများအပြားဟာ အခုတော့ ပြောပလောက်တဲ့အရာတွေ မဟုတ်တော့ဘူး။ ဒီနေ့ကမ္ဘာမှာ အကောင်းတကာ့ အကောင်းဆုံးဖြစ်ဖို့ဆိုရင် စီးပွားရေး လုပ်ငန်းတွေ၊ အစိုးရတွေနဲ့ အဖွဲ့အစည်းတွေဟာ တီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့လူတွေကို လိုအပ်ပါတယ်။ လူမှုရေး၊ စီးပွားရေး၊ ပညာရေးနဲ့ စက်မှုလုပ်ငန်း နယ်ပယ်မှာ အကြီးမားဆုံး အပြောင်းအလဲကို လုပ်ဆောင်နိုင်တဲ့ လူတွေဟာ မျှဝေခံစားတတ်တဲ့၊ ဖန်တီးနိုင်စွမ်းရှိတဲ့လူတွေသာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ နားလည်သလောက်ကတော့ အကျိုးသင့် အကြောင်းသင့် တွေးခေါ်မှုကို လိုပါတယ်။ ဒါပေမဲ့ မလုံလောက်သေးပါဘူး။ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေက တစ်ဖက်သားနဲ့ (အလုပ်အပ်သူ၊ လုပ်ဖော်ကိုင်ဖက်၊ ပါတနာစသဖြင့်) မျှဝေခံစားပေးတတ်တဲ့လူတွေ၊ တစ်ဖက်သားရဲ့ အလိုဆန်္ဒတွေ၊ စိတ်သောကတွေ အကြောင်းကို နားလည်မှု ပိုထားတတ်တဲ့လူတွေ၊ တီထွင်ဉဏ်ရှိပြီး မတူကွဲပြားတဲ့ ဝန်ဆောင်မှု (သို့မဟုတ်) ထုတ်ကုန်နဲ့ သာလွန်ကောင်းမွန်တဲ့ အတွေ့အကြုံမျိုးပေးစွမ်းနိုင်တဲ့ လူတွေကိုပဲ ခန့်ထားချင်ကြ တာပါ။ ဒါပေမဲ့ ဒီလိုလူမျိုးတွေက ကျွန်ုပ်တို့လူ့အဖွဲ့အစည်းမှာ ရှားပါးနေပါပြီ။
part of pack
ထူးခြားအံ့မခန်း လူစွမ်းကောင်း ငါးယောက်(ပင်ကိုရေး ပုံပြင်များ)
By: ဝင်းဇော် (သုံးဆယ်)
Ks
“ဟေ့ကောင် မောင်မြား၊ မင်းက လေးပစ်တာလက်မှမတည့်ဘဲ ဘယ်လိုလုပ် ငှက်ရမှာလဲ။ ငှက်သားစားရဖို့ မပြောနဲ့၊ ငှက်ချေးတောင် မရဘူး။ ဟား ဟား ဟား” ကလေးချင်းစကားနာထိုးတာကို မောင်မြားက မခံချင်ဘူး။ အဲဒါ ကြောင့် မောင်မြားက ကွင်းပြင်ထဲကိုသွားပြီး တိုင်ကလေးတွေကို မတ်မတ်ထောင်ထားတယ်။ ခြေလှမ်းဆယ်လှမ်းအကွာလောက်မှာ ထိုင်ပြီး တိုင်ကလေးတွေကို လေးခွနဲ့ မှန်အောင်ပစ်တယ်။ “ဟာ... တိုင်နဲ့အဝေးကြီးက ဖြတ်သွားတယ်။ တောက်... ဟိုကောင် တွေ ပြောမယ်ဆိုလည်း ပြောစရာပဲ။ ငါပစ်တဲ့လေးချက်က တိုင်နဲ့ တစ်မိုက်လောက်ကွာနေတော့ ငှက်ကို ဘယ်လိုလုပ်မှန်မှာလဲ။ သူတို့ ပြောတာမှန်နေတာပဲ” မောင်မြားက သူ့လေးပစ်ချက်တွေ လွဲနေတာကို သူ့ကိုယ်သူ မကျေနပ်ဘူး။ မခံချင်စိတ်နဲ့ တိုင်ကလေးတွေကိုထောင်ပြီး လေးပစ်ကျင့် တယ်။ အဲသလိုနဲ့ သူ့လေးပစ်ချက်တွေက တိုင်နဲ့နီးလာတယ်။ လေးရဲ့ အယူအဆ ခန့်မှန်းမှုတွေကို တစ်နေ့ထက်တစ်နေ့ ချိန်ဆတတ်လာတယ်။
part of pack
မိုက်မဲသောလောဘနှင့် မြေးကို ပြောသောပုံပြင်များ (၂)
By: ဝင်းဇော် (သုံးဆယ်)
Ks
“ဟဲ့.... ဆင်ထိန်း၊ လှပတဲ့ဆင်ဖြူတော်က ဒီ့ထက်အစွမ်းသတ်္တိပြ နိုင်တယ်ဆိုရင် မြေပြင်ကိုမထိဘဲ ကောင်းကင်မှာ ရပ်ခိုင်းပြစမ်း” “ဟာ” “ဟင်” မဂဓမင်းက မဖြစ်နိုင်တာကို စေခိုင်းတော့တာပဲ။ မင်းပရိသတ် ကလည်း မဂဓမင်းရဲ့အမိန့်စကားကြောင့် အံ့သြသွားကြတာပေါ့။ ဆင် ထိန်းက.... “ဒီမင်းက တုဖက်ပြိုင်ကင်းတဲ့ ဆင်ဖြူတော်ကို တောင်ကမ်းပါးယံ ကပြုတ်ကျပြီး သေအောင်ခိုင်းနေတာပါလား” လို့တွေးမိသွားတာကြောင့် ဆင်ဖြူတော်အနားကို ကပ်ပြီး... “ငါ့သားကြီး၊ ဒီမင်းက သင့်ကို သေစေလိုတာကြောင့် မဖြစ်နိုင်တာ တွေကို ခိုင်းစေနေတယ်။ ငါ့သားကဒီမင်းဆိုးမင်းညစ်နဲ့ မထိုက်တန်ပါ ဘူး။ ငါ့သားက ကောင်းကင်မှာ ရပ်ပြနိုင်တယ်ဆိုရင်တော့ ငါ့ကို ဗာရာ ဏသီပြည်သို့ ခေါ်ဆောင်သွားပါတော့...” လို့ပြောလိုက်တယ်။ ဘုန်းတန်ခိုးနဲ့ ပြည့်စုံတဲ့ ဆင်ဖြူတော်ဟာ ဆင်ထိန်းပြောပြီး တစ် ခဏမှာပဲ ကောင်းကင်ပေါ်သို့တက်သွားပြီး ကောင်းကင်ယံမှာ ရပ်တန့်ပြ ပါတယ်။ အဲဒီအခါမှာ ဆင်ထိန်းက...
part of pack
နိုင်သူ့မျက်ရည်
By: မိုးဝေ
Ks
“ဒီတစ်ပွဲတော့ ကံမလိုက်ဘူးထင်ပါရဲ့နော်” ကျွန်တော့်နှုတ်မှ ရဲတင်းသွက်လက်စွာပင် ထွက်လာကြသည့် စကားလုံးတွေ ကလည်း သူမအား ကျွန်တော့်ကို သိသိသာသာကြီး အသိအမှတ်ပြုလိုက်စေပါ၏။ သူမ၏ သန်္တာခဲနှုတ်ခမ်းကလေးတွေမှာ ပြုံးသယောင် မဲ့သလိုလို တွန့်လာကြပါတော့ သည်။ “ဒီကနေ့ ဘယ်ပွဲမှာမှ ကံမကောင်းသေးပါဘူးရှင်” “အို...ဟုတ်လား၊ တကယ်တော့ မြင်းပွဲကိုလာရင် ကံလိုက်ဖို့တစ်ခုတည်း ကိုသာ အားထားနေရလို့ မဖြစ်သေးဘူးခင်ဗျာ။ ဒါကို ကျွန်တော်က လက်တွေ့နဲ့ ကောင်းကောင်းကြီး သင်ခန်းစာရထားပြီးဖြစ်တဲ့ လူတစ်ယောက်အနေနဲ့ ပြောပြပါရ စေနော်” ဤနေရာမျိုးတွင် အခွင့်အရေးကို ကောင်းကောင်းကြီး ရှာယူတတ်သူပီပီ ကျွန်တော် စကားစုအဆက်ပြတ်၍ မသွားစေဘဲ လောလောဆယ်ဆယ် အခြေအနေ တွင် သူမအဖို့ မုချစိတ်ဝင်စားစရာ ဖြစ်နေရမည့် စကားတွေကို ဆိုလိုက်ရလေသည်။ သူမကလည်း ကျွန်တော်က ပါးနပ်စွာ စကားလမ်း ခင်းပေးလိုက်သည့်အတိုင်း မဆိုင်း မတွပင် ပကတိ ရဲတင်းသွက်လက်စွာနှင့် လိုက်လာခဲ့ပါ၏။ “မြင်းပွဲကိုလာတာ ကံလိုက်ရဖို့ တစ်ခုအပြင် တခြားဘယ်ဟာတွေများ အား ထားရဦးမှာလဲရှင်” “အား...အဲဒီဟာ စိတ်ဝင်စားစရာပဲ ခင်ဗျာ...၊ ဒီလို လုပ်ပါလားလေ။ အဲဒီ ကိစ္စကို ကျွန်တော်တို့နှစ်ယောက် “ရက်စ်တောရင့်”ထဲမှာ တစ်ခုခုသွားသောက်ရင်းနဲ့ အေးအေးဆေးဆေး ဆွေးနွေးကြရင် ကောင်းလိမ့်မယ် ထင်တယ်၊ ကံမလိုက်တဲ့လူကို ကံလိုက်တဲ့လူက ပြုစုတဲ့အနေနဲ့ ပြုစုရပါစေလား ခင်ဗျ” ဤတွင်မှာတော့ သူမသည် ကျွန်တော်က တစ်ဆင့်တိုး၍
part of pack
ထူးချွန်ပြောင်မြောက်သော အရည်အသွေးကို ဖော်ဆောင်ခြင်း (သို့မဟုတ်) ဆန်းသစ်တီထွင်သူ စတိဗ်ဂျော့
By: ဇေရတု (မြန်မာပြန်)
Ks
“ခင်ဗျားတို့ရဲ့အချိန်ဟာ အကန့်အသတ်အတွင်းမှာ ရှိတာပါ။ ဒါကြောင့် အဲဒီအချိန်ကို သူတစ်ပါးအလိုကျ၊ သူတစ်ပါးအထင်အမြင်တွေ ဂရုစိုက်နေရင်းနဲ့ ဖြုန်းမပစ်လိုက်ပါနဲ့။ တရားသေ အတွေးအခေါ်တွေထဲမှာ ပိတ်မိမနေပါစေနဲ့” [စတိဗ်ဂျော့]
part of pack
မြိုင်ရာဇာတွတ်ပီကျွန်ုပ်နှင့်မြို့ပြခရီး
By: ဆွေမင်း(ဓနုဖြူ)ပုတက်ကာတွန်း
Ks
ဆွေမင်း(ဓနုဖြူ)ရေးသားသောမြိုင်ရာဇာတွတ်ပီ ကျွန်ုပ်နှင့်မြို့ပြခရီး....
part of pack

Are you sure you want to continue?

You already have this product in My Books

You have already Subscribed to this package