စာအုပ်များ

ရှာဖွေခြင်း

  • အမျိုးအစားများ

  • စာအုပ်များ
  • ဂျာနယ်များ
  • မဂ္ဂဇင်းများ
  • ဝန်ဆောင်မှု

  • စာအုပ်ဝန်ဆောင်မှု
  • ဂျာနယ်ဝန်ဆောင်မှု
  • အမျိုးအစား

  • စာအုပ်များ
  • အက်ရှင်၊ စွန့်စားခန်း နှင့် ထိတ်လန့်ဖွယ်ရာ
  • အနုပညာနှင့် သရော်စာ
  • အထ္တုပ္ပတိ နှင့် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ
  • စီးပွားရေးနှင့် အလုပ်အကိုင်
  • ဖက်ရှင်
  • သမိုင်းနှင့် ဘူမိဘေတ
  • သိပ္ပံနှင့် နည်းပညာ
  • သုတစာပေ
  • အခြား
  • ကဗျာ
  • နိုင်ငံရေးနှင့် လူမှုသိပ္ပံ
  • အချစ်ဝတ္ထု
  • အားကစားနှင့် ကျန်းမာရေး
  • ခရီးသွားခြင်းနှင့် အစားအစာ
  • ဂျာနယ်များ
  • မော်တော်ယာဉ်များ
  • စီးပွားရေးနှင့် အလုပ်အကိုင်
  • လက်မှုပညာနှင့် ဝါသနာ
  • မှုခင်း
  • ဖျော်ဖြည်ရေး
  • ဖက်ရှင်နှင့် နေထိုင်မှုပုံစံ
  • အစားအသောက်
  • သတင်းအချက်အလက်နှင့် နည်းပညာ
  • လျှို့ဝှက်ဆန်းကြယ် နှင့် သည်းထိတ်ရင်ဖို
  • အားကစား
  • မဂ္ဂဇင်းများ
  • မော်တော်ယာဉ်များ
  • စီးပွားရေးနှင့် အလုပ်အကိုင်
  • လက်မှုပညာနှင့် ဝါသနာ
  • မှုခင်း
  • ဖျော်ဖြည်ရေး
  • ဖက်ရှင်နှင့် နေထိုင်မှုပုံစံ
  • အစားအသောက်
  • သတင်းအချက်အလက်နှင့် နည်းပညာ
  • လျှို့ဝှက်ဆန်းကြယ် နှင့် သည်းထိတ်ရင်ဖို
  • အားကစား
  • ဈေးနှုန်း

  • အောက် 50KS
  • 50KS - 100KS
  • 100KS - 500KS
  • 500KS - 1000KS
  • 1000KS & အပေါ်
  • နှုန်းထား

  • အပြီးပေးချေခြင်း။
  • အငှား
  • အခမဲ့
  • စာအုပ်ဘာသာစကား

  • အင်္ဂလိပ်
  • မြန်မာ

စာအုပ် xxx တွေ့ရှိသည်။

ကြည့်ရှုမည့်ပုံစံ:

ကြည့်ရှုမည့်ပုံစံ:

မေတ္တာမီးအိမ်
ရေးသားသူ: ကြည်အေး
Ks
မေတ္တာမီးအိမ်
part of pack
ပေါက်ကျော်ဖို့ ပုံ
ရေးသားသူ: ကြည်အေး
Ks
ရေသူမကလေး ဥယျာဉ်ထဲမှာ မင်းသမီးကလေးတစ်ယောက်ကို မြေတစ်ကွက်စာ ရကြတယ်။ သဘောရှိသလို စိုက်ပျိုးဖို့ပေါ့။ တစ်ယောက်က ဝေလငါးပုံ အကွက်ရိုက်ပြီး ပန်းပင်စိုက်တယ်။ တစ်ယောက်က ရေသူမပုံ၊ အငယ်ဆုံးကလေးကတော့ နေသဏ္ဌာန်လုံးဝန်းတဲ့ပုံကို ရွေးချယ်ပြီး စိုက်ပြန်တော့ နေရဲ့အရောင်ကို သူ ထင်မြင်ရှာတဲ့ အနီရောင် ပန်းပွင့်ပင်များမှ စိုက်သတဲ့။ အတော်ဆန်းတယ်ပေါ့။ အင်မတန်အေးချမ်းပြီး သူ့စိတ်ကူးနဲ့ပဲ သူ နေတတ်ပြန်တယ်။ သင်္ဘောပျက်နဲ့ကြံုလို့ ပစ်္စည်းဆန်းကလေးများရရင် တခြားညီမဖော်တွေက ကိုယ်မှာဆင်သလို့မဆုံးဘူး။ သူကတော့ လူသားကျောက်ဆစ်ရုပ်ကလေးပဲ တောင်းခံပြီး သူ့မြေကွက်မှာ စိုက်တည်ထားသတဲ့။ ပြီးတော့ ကျောက်ဖြူရုပ်နံဘေးမှာ နီရဲတဲ့ ကျောက်ခက်ပင်တစ်ပင် စိုက်တယ်။ ကျောက်ခက်ပင်ဟာ တစ်ခဏချင်း ကြီးလာပြီး ခက်လက်များနဲ့ မြေကို လှမ်းပြီး ငြိလေတော့ အမြစ်နုများနဲ့ ဖက်ယမ်းမိတယ်ထင်ရအောင် ခက်လက်များရဲ့ ခရမ်းညို့ရိပ်များဟာ ကစားနေတော့တာပေါ့။ မင်းသမီးလေးဟာ ရေလွှာအပေါ်ဆီက လူသားတွေအကြောင်းများ နားထောင်လို့ မငြီးနိုင်ရှာဘူး။ သင်္ဘောဆောက်ပြီး ပင်လယ်ကူးကြတာတွေ၊ မြို့တည်ပြီး နေထိုင်ကြတာတွေ၊ တိရစ္ဆာန်ကောင်တွေ ခိုင်းစေလို့ နေကြတာတွေကို အဘွားလုပ်သူနားကပ်ပြီး ပြောပြခိုင်းတယ်။ လူ့ပြည်က ပန်းပွင့်တွေဟာ မွှေးကြိုင်တယ်ဆိုတာ သိရတော့ဖြင့် သိပ်သဘောကျနေတော့တာပဲ။ ပင်လယ်ပန်းတွေက ရနံ့မှမရှိဘဲကိုး ကျော်ရဲ့။ ပြီးတော့ သစ်တောတွေဟာ စိမ်းတယ်လားပေါ့။ ရောင်စုံတောက်ပတဲ့ သစ်ခက်ကိုင်းတွေကြားမှာ ငါးတွေ ကလည်း ပျံတယ်လားပေါ့။ အသံကျယ်ကျယ်နဲ့ သီချင်းပီအောင် ဆိုတယ်လားပေါ့။ တကယ်တော့ အဘွားကြီးဆိုလိုတာက ငှက်တွေပါ။
part of pack
ကေဖွဲ့ဆိုသီ၊ ဖူးငုံပွင့်သစ်
ရေးသားသူ: ကြည်အေး
Ks
ကေဖွဲ့ဆိုသီ ကေသည် တက္ကသိုလ်ပြန်ဖွင့်မည့်နေ့မတိုင်မီ ၂ ရက်အလိုမှာမှ အင်းလျားဆောင်သို့ ရောက်လာသည်။ အင်းလျားဆောင်တွင်းသို့ သူ တစ်ခါမှ မရောက်ဖူးပေ။ သူ့ဆွေမျိုး ကလေးတစ်သိုက်မှာ သူ ပထမဆုံးကောလိပ် ရောက်သူဖြစ်သည်။ မေမေ ကျောင်းသူဘဝက နေခဲ့ရာ ကျောင်းဆောင်ဖြစ်သော်လည်း မေမေက သူ့မောင်ငယ်၊ ညီမငယ်များနှင့် အလုပ်ရှုပ်မြဲမို့ လိုက်ပြမည်ပြောပြီး တစ်ခါမှ မပြဖြစ်ခဲ့။ သူ့အရင်တစ်နှစ် စောအောင်သွားသည့် သူငယ်ချင်း မြင့်ဆီလည်း မလာဖြစ်ခဲ့။ အင်းလျားဆောင်သို့ရောက်ရောက်ချင်း မြင့်အခန်းကို အရင်ရှာရပါဦးမည်။ ပြီးမှ အဆောင်မှူးဆီသွားပြီး ကိုယ့်အခန်း တောင်းရမည်ပေါ့။ မြင့်အခန်းနံပါတ် ၂၁၁ ပါ ဟုတ်ပါသည်။ မမေ့ပါဘူး။ ပြီးတော့ သူ ဒီနေ့ စောင့်နေမယ်လို့ဆိုသည်။ အောက်ကနေ ဆင်းပြီးတော့ဖြင့် စောင့်မနေပါရစေနဲ့တဲ့၊ စုံတွဲတွေကို အားနာသည်တဲ့။ သူတို့ကောလိပ်က ဒီလိုတဲ့လား ကွယ်။ မြင့်အခန်းကို လွယ်လွယ်ကူကူတွေ့သည်။ မြင့်ကို အိပ်ရာပေါ်မှာ ခပ်တောင့်တောင့်လှဲနေတာ တွေ့သည်။ ဖြီးလိမ်းကြော့မော့နေကာ ဆံပင်ပျက်မည်စိုးလို့ အိပ်ရာပေါ်လှဲလည်း ခေါင်းမလှုပ်ဝံ့ဘဲ နေရသည်ကို တွေ့ လေသည်။ “ဟေ့ .. ကေ၊ ကိုယ်စောင့်နေတာ ကြာပြီ” ဟု ဆီးပြောသည်။ “ဘာဖြစ်လို့ အကြာကြီးစောင့်နေရတာလဲ၊ သုံးနာရီကျော်မှ လာနိုင်မယ်ပြောထားသားနဲ့” “ခု လေးနာရီပဲ ခွဲတော့မယ်။ ကိုယ့်ဧည့်သည်တောင် ဒီနေ့မလာပါနဲ့လို့ ပြောထားရတယ်။ ပြီးတော့ စောစောလည်း မလာဘူး။ တစ်ညနေလုံး ကိုယ်ပျင်းလိုက်တာ”
part of pack
အပြင်ကလူ ၁ + ၂
ရေးသားသူ: ကြည်အေး
Ks
အပြင်ကလူ ၁ + ၂
part of pack
မှန် ၏ မှောင်ရိပ်
ရေးသားသူ: ကြည်အေး
Ks
စိုးကို ပထမဆုံးတွေ့တော့ တစ်ညနေဦး မြို့လယ်ကောင် ရုပ်ရှင်ရုံများ အနားမှာ ဖြစ်၏။ ခိုင်တစ်ယောက်တည်း ရည်ရွယ်ချက်မရှိ လျှောက်လာပြီး လမ်းဘေး ဆိုင်များက သိပ်ကိုအဖိုးမတန်၊ အသုံးမကျသော ပစ်္စည်းကလေးများ စိတ်ကူးမရှိဘဲ ကြံုသလိုဝယ်ဖို့ အသင့်ရှိလေ၏။ တစ်ခါတစ်ရံ စာအုပ်ဟောင်းများလည်း တွေ့ရှိ ရတတ်၏။ မကြာခဏပင် ကလေးကစားစရာကလေးများကို ကိုင်တွယ်ကြည့်မိ တတ်၏။ တစ်ခါတလေ အများအပြားဝယ်မိပြီး ထားစရာနေရာမရှိ ပြတင်းပေါင် ပေါ်၊ စာအုပ်စင်ပေါ်၊ အဝတ်ဗီရိုပေါ် ထိုင်နေကြကာ ဖုန်တင်နေတတ်သည်။ တဖြည်း ဖြည်းများလာလျှင် ကလေးဆေးရုံသို့ လှူပစ်ရတတ်သည်။ ထိုမည်မည်ရရပြောစရာမရှိသော တစ်ညနေဦးမှာ ကျောင်းစောစောပြီးသည် နှင့် တက်္ကသိုလ်အရိပ်မှခွာခဲ့ပြီး မြို့လယ်သို့ ရောက်လာသည်တွင် စိုးနှင့် တွေ့သည်။ စိုးက ဗြုန်းခနဲ ခိုင် အနားရောက်လာပြီး- “ခိုင် မဟုတ်လား” လို့မေးသည်။ သူ ခိုင့်ကို သိနေပြီး ရင်းရင်းနှီးနှီး နာမည် တစ်လုံးတည်းခေါ်သည်ကို သတိထားမိ၏။ အမှုမထားလှဘဲ ရယ်ချင်သလိုလို ရှိ သော်လည်း ...စိုးကို ပထမဆုံးတွေ့တော့ တစ်ညနေဦး မြို့လယ်ကောင် ရုပ်ရှင်ရုံများ အနားမှာ ဖြစ်၏။ ခိုင်တစ်ယောက်တည်း ရည်ရွယ်ချက်မရှိ လျှောက်လာပြီး လမ်းဘေး ဆိုင်များက သိပ်ကိုအဖိုးမတန်၊ အသုံးမကျသော ပစ်္စည်းကလေးများ စိတ်ကူးမရှိဘဲ ကြံုသလိုဝယ်ဖို့ အသင့်ရှိလေ၏။ တစ်ခါတစ်ရံ စာအုပ်ဟောင်းများလည်း တွေ့ရှိ ရတတ်၏။ မကြာခဏပင် ကလေးကစားစရာကလေးများကို ကိုင်တွယ်ကြည့်မိ တတ်၏။ တစ်ခါတလေ အများအပြားဝယ်မိပြီး ထားစရာနေရာမရှိ ပြတင်းပေါင် ပေါ်၊ စာအုပ်စင်ပေါ်၊ အဝတ်ဗီရိုပေါ် ထိုင်နေကြကာ ဖုန်တင်နေတတ်သည်။ တဖြည်း ဖြည်းများလာလျှင် ကလေးဆေးရုံသို့ လှူပစ်ရတတ်သည်။ ထိုမည်မည်ရရပြောစရာမရှိသော တစ်ညနေဦးမှာ ကျောင်းစောစောပြီးသည် နှင့် တက်္ကသိုလ်အရိပ်မှခွာခဲ့ပြီး မြို့လယ်သို့ ရောက်လာသည်တွင် စိုးနှင့် တွေ့သည်။ စိုးက ဗြုန်းခနဲ ခိုင် အနားရောက်လာပြီး- ““ခိုင် မဟုတ်လား”” လို့မေးသည်။ သူ ခိုင့်ကို သိနေပြီး ရင်းရင်းနှီးနှီး နာမည် တစ်လုံးတည်းခေါ်သည်ကို သတိထားမိ၏။ အမှုမထားလှဘဲ ရယ်ချင်သလိုလို ရှိ သော်လည်း ...
part of pack
ဂျိုကာမပါဘဲ တုတ်စားခြင်း နှင့် အခြားဝတ္ထုတိုများ
ရေးသားသူ: ကြည်အေး
Ks
ကြေးကြီးလောင်းသူ .... ကိုခင်လှိုင်သည် ကျွန်မနှင့် တက္ကသိုလ်သို့ တစ်နှစ်တည်းရောက်သူလည်းဖြစ်သည်။ ဘာသာယူပုံချင်းလည်းတူသည်။ အတန်းတူတူ နှစ်များစွာ အတူစာသင်ခဲ့ရသည်။ သို့သော် သူက အသက်လေးငါးနှစ် ငယ်တယ်လို့ ထင်ရတာပဲလား၊ သူ့မျက်နှာပုံပန်းကိုက လူငယ်နှင့် အမြဲတူနေတာကြောင့် လားမသိ၊ ကျွန်မသည် ရွယ်တူချင်းလို ခင်မင်လို့ မရချေ။ ပြီးတော့ သူ့ဦးလေးအရင်းဖြစ်သော ကိုခင်မောင်ဆွေ ကလည်း ကျွန်မယောက်ျား၏ သူငယ်ချင်းဖြစ်ကာ ကျွန်မတို့သည် ကိုခင်လှိုင်ထက် အလကားေ နရင်း ၀ါကြီး၍နေသည်။ ကိုခင်လှိုင်ကို တူရွယ် မောင်ရွယ်ထင်ပြီး ခပ်တန်းတန်းနေခဲ့ပါသည်။ သူနှင့် သူ့ဦးလေးကလည်း တယ်ရင်းရင်းနှီးနှီးမရှိလှချေ။ ထို့ကြောင့် ကိုခင်လှိုင်သည် ဘယ်နည်းနဲ့မှ ကျွန်မတို့ အသိုက်အဝန်းမှာ မပါခဲ့ချေ။ ကိုခင်လှိုင် ဘီအက်စ်စီအောင်တာကို သတိမပြုလိုက်မိသော်လည်း အမ်အက်စ်စီ အောင်တာကိုတော့ သိလိုက်၏။ ထိုအချိန်မှာ ကျွန်မသည် ကျောင်းနှင့်ဝေးကွာခဲ့ကာ သားတစ်ဖြာပင် ရခဲ့လေပြီ။ ကိုခင်လှိုင် ပညာတော်သင်သွားသလိုလို သစ်တောဘက်ဝင်သလိုလို ကြားလိုက်သေး၏။ သို့မဟုတ် ကျောင်းမှာပင် ဆရာပြန်လုပ်တာဖြစ်လိမ့်သည်။ သူ့ကို စိတ်ဝင်စားခဲ့သည်မဟုတ်ပါ။ သို့သော် သူ မင်္ဂလာဆောင်သည့်ပွဲကို တော့ ကောင်းစွာမှတ်မိနေပါသည်။ကြေးကြီးလောင်းသူ .... ကိုခင်လှိုင်သည် ကျွန်မနှင့် တက္ကသိုလ်သို့ တစ်နှစ်တည်းရောက်သူလည်းဖြစ်သည်။ ဘာသာယူပုံချင်းလည်းတူသည်။ အတန်းတူတူ နှစ်များစွာ အတူစာသင်ခဲ့ရသည်။ သို့သော် သူက အသက်လေးငါးနှစ် ငယ်တယ်လို့ ထင်ရတာပဲလား၊ သူ့မျက်နှာပုံပန်းကိုက လူငယ်နှင့် အမြဲတူနေတာကြောင့် လားမသိ၊ ကျွန်မသည် ရွယ်တူချင်းလို ခင်မင်လို့ မရချေ။ ပြီးတော့ သူ့ဦးလေးအရင်းဖြစ်သော ကိုခင်မောင်ဆွေ ကလည်း ကျွန်မယောက်ျား၏ သူငယ်ချင်းဖြစ်ကာ ကျွန်မတို့သည် ကိုခင်လှိုင်ထက် အလကားေ နရင်း ၀ါကြီး၍နေသည်။ ကိုခင်လှိုင်ကို တူရွယ် မောင်ရွယ်ထင်ပြီး ခပ်တန်းတန်းနေခဲ့ပါသည်။ သူနှင့် သူ့ဦးလေးကလည်း တယ်ရင်းရင်းနှီးနှီးမရှိလှချေ။ ထို့ကြောင့် ကိုခင်လှိုင်သည် ဘယ်နည်းနဲ့မှ ကျွန်မတို့ အသိုက်အဝန်းမှာ မပါခဲ့ချေ။ ကိုခင်လှိုင် ဘီအက်စ်စီအောင်တာကို သတိမပြုလိုက်မိသော်လည်း အမ်အက်စ်စီ အောင်တာကိုတော့ သိလိုက်၏။ ထိုအချိန်မှာ ကျွန်မသည် ကျောင်းနှင့်ဝေးကွာခဲ့ကာ သားတစ်ဖြာပင် ရခဲ့လေပြီ။ ကိုခင်လှိုင် ပညာတော်သင်သွားသလိုလို သစ်တောဘက်ဝင်သလိုလို ကြားလိုက်သေး၏။ သို့မဟုတ် ကျောင်းမှာပင် ဆရာပြန်လုပ်တာဖြစ်လိမ့်သည်။ သူ့ကို စိတ်ဝင်စားခဲ့သည်မဟုတ်ပါ။ သို့သော် သူ မင်္ဂလာဆောင်သည့်ပွဲကို တော့ ကောင်းစွာမှတ်မိနေပါသည်။
part of pack
ကျွန်မ ပညာသည်
ရေးသားသူ: ကြည်အေး
Ks
အနုပညာသည် လူ့ဘောင်အတွက် လိုလည်း လိုအပ်၊ လေးစားလည်း လေးစားအပ်သော ပညာတစ်ရပ်ဖြစ်သည်။ ဇာတ်သဘင်ပညာသည် အနုပညာတစ်ရပ်ဖြစ်သည်။ မြန်မာ့ရိုးရာ ဇာတ်သဘင်ပညာကို ရှေးမြန်မာဘုရင်များ ကိုယ်တိုင် အမျိုးသားယဉ်ကျေးမှုအဖြစ်ဖြင့် အားပေးသမှု ပြုခဲ့ကြသည်။ သို့သော် ...
part of pack
၀တ္ထုတိုပေါင်းချုပ်သစ်
ရေးသားသူ: ကြည်အေး
Ks
၀တ္ထုတိုပေါင်းချုပ်သစ် (ကြည်အေး၏ ၀တ္ထုတိုလက်ရာ ပင်ကိုရေးများနှင့် ဘာသာပြန်ဝတ္ထုတို အားလုံးပါ၀င်သည်)
part of pack
တမ််းတတတ်သည်
ရေးသားသူ: ကြည်အေး
Ks
[ ၁ ] .... ညကပင် အထွေးကို အိပ်မက် မက်သေးသည်။ အထွေးကို ခဏခဏ အိပ်မက် မက်လေ့မရှိ။ အထွေးက ကိုယ်နှင့်အတူ ရှိနေသလို စိတ်ထဲ အမြဲနေသောကြောင့် ထင်သည်။ ညကမူ အထွေးကို အိပ်မက်မက်သည်။ ညက အေးလည်း အေးသည်။ နှင်းများဝေကာ ပြာမှောင်သည်။ တစ်လံအကွာက ဘာကိုမှ မမြင်ရ။ မမြင်ရသည်ကို အလကား ငေးမောနေလျက် ၀ရန်တာတွင်ပင် ပက်လက်ကုလားထိုင်၌ အိပ်ပျော်သွားသည်။ သည့်နောက် အထွေးကို အိပ်မက် မက်သည်။ အထွေးက ကိုယ်နှင့်အဝေးကြီးမှာ ရှိနေသည်တဲ့။ အထွေး၏ ဖြူဖွေးဝင်းပသော မျက်နှာကလေးကို လှမ်းမျှော်ပြီး မမီမကမ်းလို ကြည့်ဆဲမှာ နီးနီးလာတယ် ထင်ရလျက်က ဘယ်လို ဘယ်လိုမှန်းမသိ၊ အထွေး မရှိတော့ချေ။ အထွေးရေလို့တော့ လှမ်းမခေါ်မိဘူးတဲ့။ မိုးလင်းလျှင် အထွေး၏ ထူထဲသော မျက်ခုံး၊ မျက်တောင်များကို သတိရ၏။ ပန်းနုရောင် နှုတ်ခမ်းက နားမှာ ကပ်လျက် စကားပြောမည်လို နီးစပ်၏။ ထို့ကြောင့် ““အထွေးရေ ကျွန်တော့်ဆီလာပါ၊ မောင့်ဆီလာပါ””ဟု အိပ်ရာပေါ် ၀မ်းလျားမှောက်လှဲ၍ ငိုရ၏။ ထိုသို့ ငိုစဉ်ကမူ အထွေးဟာ ဘယ်တော့မှ ကိုယ့်ဆီလာတော့မယ် မဟုတ်ဘူးဆိုတာ ခုလို မသိသေး။ ညက အိပ်မက်ထဲမှာတော့ အထွေး၏ ဆံပင်များသည် အင်မတန် ရှည်လျားကာ လွင့်ပါးနေတယ် ထင်သည်။ ကိုယ့်စိတ်ထဲက အထွေးရဲ့ မတိုမရှည် ဆံပြတ်များကို မကျေနပ်နိုင်လို့ ထင်ရဲ့၊ အထွေးတစ်ယောက် လှပါလျက်နဲ့ ဆံပင်ပွနေတာ မကြိုက်နိုင်ပါဘူး။ အထွေးရဲ့ တဒိတ်ဒိတ်တိုးတဲ့ နှလုံးသွေး တစ်ဝက်ဟာ မဟာဆီ မဟာသွေး စစ်စစ်ပါ ဆိုတာကို အားနည်းနည်းနာလျှင် အထွေး ဆံထုံးထုံးဖြစ်မည် ထင်သည်။ အထွေး ဆံထုံးထုံးတာ တစ်ခါမှ မမြင်စဖူး။ ကြည့်ချင်ပါရဲ့။ သို့သော် နောက်လည်း မြင်ဖူးမည်တော့ မဟုတ်ချေ။
part of pack
မီ
ရေးသားသူ: ကြည်အေး
Ks
မီ...တဲ့။ မီ...မီ...မီ့ကို မမြင်ဘူးခင်ကတည်းက သည်နာမည်ကလေးကို ဘယ်လောက် ဘယ်လောက်များ တ ရပါလိမ့်။ ပထမတော့ နာမည်ကလေး ဆန်းဆန်းမို့ ခေါ်ကောင်းကောင်းနှင့် ခေါ်မိသည်။ နောက်တော့ ယောကျ်ားတစ်ယောက်ကို ပေါ့ပေါ့ကလေး သေစေနိုင် သူမို့၊ နောက်တော့ ဘယ်သူကိုမှ မခဲရလျှင် သူ့အမြီးသူပြန်ခဲသည့် ကျားနာ လို ရက်စက်သူမို့... ခုမှာမူ ကျွန်တော်သည် ပပ်ကြားအက်ကွဲနေသော အသည်းနှလုံးနှင့် မှုန်ရီဝေးကွာခဲ့သည့် မီ၏ အတိတ်ကအရိပ်တွေကို လိုက်လံဖမ်းယူကာ မီ... မီ...မီဟု မောဟိုက်တမ်းရှိုက်မိပါသည်။
part of pack

ဆက်လက်လုပ်ဆောင်ရန်သေချာပါသလား။

ဤဟာသည် ကျွန်ုပ်၏စာအုပ်များ အောက်တွင်ရှိပြီးသားဖြစ်သည်။

ဝန်ဆောင်မှုအားရယူထားပြီးပါပြီ။