Books

filter

  • Categories

  • Books
  • Journals
  • Magazines
  • Pack

  • Book Package
  • journal package
  • genre

  • Books
  • Action, Adventure & Horror
  • Arts & Satire
  • Biography & Autography
  • Business & Economy
  • Fashion
  • History & Geography
  • IT & Science
  • Nonfiction
  • Others
  • Poem
  • Politics & Social Sciences
  • Romance
  • Sports & Health
  • Travel & Cooking
  • Journals
  • Automotive
  • Business & Economy
  • Craft & Hobby
  • Crime
  • Entertainment
  • Fashion & Lifestyle
  • Food & Drink
  • IT & Technology
  • Mystery & Suspense
  • Sports
  • Magazines
  • Automotive
  • Business & Economy
  • Craft & Hobby
  • Crime
  • Entertainment
  • Fashion & Lifestyle
  • Food & Drink
  • IT & Technology
  • Mystery & Suspense
  • Sports
  • price

  • under 50KS
  • 50KS - 100KS
  • 100KS - 500KS
  • 500KS - 1000KS
  • 1000KS & above
  • PRICING PLAN

  • One Time Payment
  • Rental
  • Free
  • BOOK LANGUAGE

  • english
  • myanmar

Search by author name

xxx items found

Show:

Sort by:

category : Booksgenre : Sports & Health
ဆီးချိုရောဂါနှင့်နေထိုင်ခြင်း အမေး+အဖြေ ၁၁၁
By: ဒေါက်တာစိုးခိုင်
Ks
ဒေါက်တာစိုးခိုင် ၏ ဆီးချိုရောဂါနှင့်နေထိုင်ခြင်း အမေး+အဖြေ ၁၁၁ ။
part of pack
တစ်ပတ်အတွင်း ဝိတ်ချနည်း
By: ဒေါက်တာအေးမင်းထူး
Ks
အရမ်းကို ရောင်းရတဲ့ တစ်ပတ်အတွင်း ဝိတ်ချနည်း စာအုပ်လေးပါ။ စာရေးသူက ဒေါက်တာအေးမင်းထူးဖြစ်ပါတယ်။ တကယ်လက်တွေ့ ဝိတ်ချချင်သူတွေ ဝယ်ပြီး လေ့လာလိုက်နာသင့်တဲ့စာအုပ်ကောင်းတစ်အုပ်ပါ။ အဲဒီစာအုပ်ထဲမှာ ၁။ ဝိတ်ချနည်းသီအိုရီ၊ ၂။ စိတ်ကို တည်ဆောက်ခြင်း၊ ၃။ ကယ်လိုရီများကို လေ့လာခြင်း၊ ၄။ အာဟာရဓာတ် (၃) မျိုး၊ ၅။ အစားလျှော့နည်း၊ ၆။ ဝိတ်ချနည်း၊ ၇။ လေ့ကျင့်ခန်းလုပ်ခြင်း၊ ၈။ ဝိတ်ထိန်းခြင်း၊ ၉။ ပိန်ဆေးများ စတဲ့ အကြောင်းအရာတွေကို ဖတ်ရမှာဖြစ်ပါတယ်။
part of pack
လိမ္မာရည်မွန်ထူးချွန်ထက်မြက်တဲ့ သားသမီး‌ ပြုစုပျိုးထောင်နည်း
By: အောင်ကိုလတ် (Ayeyarwaddy)
Ks
Ayeyarwaddy International School က ဆရာအောင်ကိုလတ်ရဲ့ စေတနာနဲ့ရေးတဲ့ စာလို့တောင် ပြောနိုင်ပါတယ်။ လိမ္မာရည်မွန်၊ ထူးချွန်ထက်မြက်တဲ့ သားသမီး ပြုစုပျိုးထောင်နည်းဆိုတဲ့စာအုပ် ဖြစ်ပါတယ်။ တန်းဖိုးရှိတဲ့သားသမီးတွေကြီးပြင်လာနိုင်ဖို့အတွက် မိဘတွေရဲ့ တာဝန်ယူမှုနဲ့ စိတ်ပိုင်းဆိုင်ရာတွေကို သူ့ရဲ့အတွေ့ အကြုံကနေရတဲ့သင်ခန်းစာတွေနဲ့ ရှင်းပြထားပါတယ်။ အလုပ်အရမ်းများတယ်ဆိုတဲ့မိဘ များအတွက်  ကလေးတွေကိုဘယ်လိုပြုစုပျိုးထောင်မလဲ။ ဘာက ပိုအရေးကြီးသလဲ......စသည်ဖြင့် သိသင့်တဲ့ခေါင်းစဉ်အောက်မှာ ကလေးတွေကို ကျွေးမွေးတာ၊ ဆုံးမတာ၊ စာဖတ်ချင်အောင် ပြောတာကနေ မိဘကိုတန်ဖိုးထားတတ်အောင် ပတ်ဝန်းကျင်နဲ့အဆင်ပြေပြေနေတတ်အောင် သွန်သင်ပြသပေးရမယ့် နည်းလမ်းကောင်းတွေ ရေးဖွဲ့ထားတဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။
part of pack
ကျန်းမာသက်ရှည်ရေး ဆေးပင်နှင့်ဆေးနည်းများ
By: စေတနာလှိုင်(ရေစကြို)
Ks
အာရောဂျံ မဂ်္ဂဇင်း၊ နိုင်ငံ့ဂုဏ်ရည် မဂ်္ဂဇင်း၊ ဂမ်္ဘီရ မဂ်္ဂဇင်းတို့၌ ဖော်ပြခြင်းဖြစ်သည့် စာရေးသူ ရေးသော ဆေးဖက်ဝင် အပင် ဆောင်းပါးများကို စုစည်း၍ “ကျန်းမာ သက်ရှည်ရေး ဆေးနည်း ဆေးပင်များ” အမည်ဖြင့် ပထမ တွဲကို ၂၀၀၆ ခုနှစ် ဧပြီလ၌လည်းကောင်း၊ ဒုတိယတွဲကို ၂၀၀၇ ခုနှစ် မတ်လ၌လည်းကောင်း၊ တတိယတွဲကို ၂၀၀၉ခုနှစ် မေလ၌လည်းကောင်း ရန်အောင်စာပေက ထုတ်ဝေခဲ့ပါသည်။ ယခု ... ယင်း စာအုပ်အတွဲ သုံးတွဲတို့ကို စုပေါင်း၍ နောက်ထပ်ဖြည့်စွက်၊ ပြင်ဆင်ချက်များနှင့်အတူ “ကျန်းမာ သက်ရှည်ရေး ဆေးပင်နှင့် ဆေးနည်းများ” အမည်ဖြင့် စိတ်ကူးချိုချိုမှ တစ်စုတစ်စည်း စီစဉ်ထုတ်ဝေခြင်း ဖြစ်ပါ သည်။
part of pack
ကလေးတို့အတွက် ယောဂ
By: တီချယ်သွင် (H & F)
Ks
၂၁ ရာစု ကလေးငယ်များမှာ အလုပ်များသောမိဘများနှင့် မိသားစုဘဝ၊ မီဒီယာနှင့် ကြော်ငြာတို့၏ ဖိစီးမှုများဖြင့် ပျင်းရိ ငြီးငွေ့ဖွယ်ဘဝကို ဖြတ်သန်းနေကြရသည်။ အပြိုင်အဆိုင်များသော ကျောင်းများတွင် ပညာသင်ယူကြရရာ ကလေးများ စိတ်ဖိစီးမှု တို့ကို ကြုံနေရသည်မှာ အံ့သြစရာမရှိပေ။ ယောဂလေ့ကျင့်ခြင်းသည် လူကြီးများကိုသာမက ကလေးငယ်များ၏ စိတ်ဖိစီးမှုများ၊ စိတ်ခံစားမှုများ၊ ပူပင်သောကများကို လျော့ကျစေနိုင်ပြီး တာဝန်သိစိတ်၊ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်နှင့် တည်ငြိမ်မှုတို့ကို ရရှိစေသည်။ ယောဂသည် လူတစ်ဦးချင်းစီအတွက် စိတ်နှလုံးအေးချမ်းမှု၊ ဘဝအဓိပ်္ပာယ်၊ ဒဿနတို့ကို ရရှိလာနိုင်စေပြီး ကလေးငယ်ကဲ့သို့ ဖြူစင်သောစိတ်ထားကိုလည်း ဖြစ်ပေါ်စေနိုင်သည်။
part of pack
သက်ရှည်ကျန်းမာရေး လိုတိုရှင်းအကြံပြုချက်များ
By: အောင်အေး (ရန်ကုန်တက္ကသိုလ်)
Ks
မိမိရဲ့ ကြီးကြပ်ရေးမှူးဟာ မိမိပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ စာဖတ်သူကို အကူအညီပေးမယ့်လက်စွဲစာအုပ်တစ်အုပ်အဖြစ် ပေါ်ထွက် လာတာဖြစ်ပါတယ်။ တချို့အချက်အလက်တွေဟာ မိမိနဲ့ မကိုက်ညီ ရင် ပယ်ပစ်လိုက်နိုင်ပါတယ်။ ဒီစာအုပ်ရဲ့ အသည်းနှလုံးက စာဖတ်သူ ဟာ ကိုယ့်ဆရာဝန်နဲ့ တိုင်ပင်တဲ့အခါ ဘယ်လိုအချက်အလက်တွေ အပေါ် တိုင်ပင်ရမယ်ဆိုတာ သိလာအောင် အကူအညီပေးချင်တာဖြစ် ပါတယ်။ စာဖတ်သူရဲ့ ကျန်းမာရေးဆိုင်ရာအသိအမြင်တွေ တိုးတက် လာစေချင်တာဖြစ်ပါတယ်။ ဒီကနေ့ ကိုယ်ပိုင်ဆိုင်ထားတဲ့ကျန်းမာရေး အသိအမြင်တွေဟာ အနာဂတ်အတွက် အများကြီး အကျိုးရှိပါတယ်။
part of pack
စကားပြောသောကိုယ်တွင်းအင်္ဂါများ
By: ကျော်ဇေယျာ(ပုသိမ်)
Ks
လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကြီးမှာ ဖွဲ့စည်းထားတဲ့ဦးခေါင်းရဲ့ လုပ်ဆောင်နိုင်မှု၊ မျက်လုံးရဲ့အသုံးဝင်မှု၊ နှလုံးရဲ့တာဝန်၊ အသည်းရဲ့စွမ်းဆောင်ချက်၊ ခြေ၊ လက်၊ အင်္ဂါအားလုံးဟာ သူ့နေရာနဲ့သူ စွမ်းဆောင်နေကြတဲ့အကြောင်းကို လွယ်ကူရှင်းလင်းစွာ ရေးသားထားပါတယ်။ ဒီစာအုပ်ကို ဖတ်လိုက်ရတဲ့အတွက် ဆရာဝန်တစ်ယောက်ကဲ့သို့ လူ့ခန္ဓာကိုယ်အကြောင်း သိမြင်သွားပြီး ကိုယ်တိုင် ကျန်းမာရေးစောင့်ရှောက်မှု ပြုနိုင်မှာ ဖြစ်ပါတယ်။
part of pack
ကျန်းမာရေးအတွက် အကြံပြုချက်
By: ဒေါက်တာမီမီကို
Ks
ကျန်းမာရေးအတွက် အကြံပြုချက်စာအုပ်ဟာ လူတွေမှာ အဖြစ်များတဲ့ အသေးအမွှားရောဂါတွေအတွက် ကာကွယ်ဖို့၊ ဖြစ်လာရင် ကုသဖို့ ကိစ္စတွေအတွက် အလွန်တန်ဖိုးရှိတဲ့ စာအုပ်ဖြစ်ပါတယ်။ ရောဂါပေါင်း ၃၉ မျိုးအတွက် ညွှန်ပြချက်တွေပါရှိပါတယ်။ ဥပမာ ဝက်ခြံပေါက်တဲ့သူတွေအတွက် သဘာ၀ဗီတာမင်အီးသောက်ခြင်း၊ လက်ဖက်စိမ်းဆီပါသော ဆပ်ပြာဖြင့် ပွတ်တိုက်ရေချိုးပေးခြင်း၊ ရှားစောင်းလက်ပပ်ဖျော်ရည်သောက်ပေးခြင်း၊ အဖတ်ဂျဲလ်များကို ဝက်ခြံနေရာတွင် လိမ်းပေးခြင်း၊ လေ့ကျင့်ခန်းလုပ်ပေးခြင်းစသည်ဖြင့် ညွှန်ပြသလို... ခါးနာတတ်သူများအတွက် ရေကူးခြင်း၊ ပျဉ်ပြားပေါ်တွင် ဆန့်၍အိပ်စက်ခြင်း၊ ရေချိုးတဲ့အခါ ဆားခါးကို ဖျော်ပြီး ချိုးခြင်း၊ သောက်သင့်သည့် ဆေးဝါး စသည်ဖြင့် ညွှန်ပြထားပါတယ်။ သဲဝဲစားခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ဓာတ်မတည့်ခြင်း၊ အစာအိမ်အချဉ်ပေါက်ခြင်း၊ ခန္ဓာကိုယ်မှ အနံ့ဆိုးထွက်ခြင်း၊ ကြွက်တက်ခြင်း၊ ကြွက်နို့၊ လိပ်ခေါင်းစသည်ဖြင့် အသေးအမွှားရောဂါအကြောင့် စိတ်ညစ်နေရသူများ စိတ်လက်ချမ်းသာ ဖြစ်သွားအောင် ညွှန်ပြထားတဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ။
part of pack
၂၀၁၄ ဆေးဝါးမိတ်ဆက်
By: ဇီ၀ကမဂ္ဂဇင်းအယ်ဒီတာအဖွဲ့
Ks
၂၀၀၃ ခုနှစ်ကတည်းက စတင်ထုတ်ဝေလာခဲ့တဲ့ ဆေးဝါးမိတ်ဆက်စာအုပ်က အိမ်တိုင်းဆောင်ထားသင့်တဲ့စာအုပ်တစ်အုပ်အဖြစ် ရပ်တည်လာခဲ့ပါတယ်။ ကိုယ်သောက်ရမယ့်ဆေးရဲ့ အာနိသင်၊ ဆေးရဲ့ဘေးထွက်ဆိုးကျိုး၊ ဘယ်လိုသောက်ရမလဲ၊ ဘယ်ကုမ္ပဏီက ထုတ်ပြီး မြန်မာပြည်မှာ ဘယ်ကုမ္ပဏီက တာဝန်ယူဖြန့်ချိပေးနေသလဲဆိုတဲ့အထိ ဆေးဝါးနဲ့ပတ်သက်တဲ့ သိစရာတွေ စုံညီတာ၊ တိကျတာကြောင့် ဆေးဝါးမိတ်ဆက်စာအုပ်ဟာ မိသားစုအိမ်တိုင်းမှာ ဆောင်ထားသင့်တဲ့ စာအုပ်ဖြစ်လာပါတယ်။ ၂၀၁၄ ခုနှစ်ရောက်လာတဲ့အခါမှာတော့ ၁၀ နှစ်တာ ကာလအတွင်း မျိုးဆက်သစ်ဆေးဝါးများရဲ့ ပြောင်းလဲမှုအခြေအနေကြောင့် အက္ခရာအစဉ်အလိုက် ပြုစုရာကနေ "ရောဂါအမျိုးအစားအလိုက် ဆေးဝါးလမ်းညွှန်"ဆိုပြီး အသုံးမပြုတော့ဘဲ ဆေးဝါးတွေကို ပယ်ခဲ့ပြီး မျိုးဆက်သစ်ဆေးဝါးများအားလုံးကို အသုံးပြုသူတို့အတွက် စေတနာအပြည့်နဲ့ Special Issue အနေနဲ့ ထုတ်ပေးခဲ့ပါတယ်။ ဒီနေ့အထိ အသုံးဝင်နေသေးတဲ့စာအုပ်ဖြစ်တာမို့ ရောဂါအမျိုးအစားအလိုက် လိုအပ်တဲ့ဆေးဝါးတွေကို ရှာဖွေရလွယ်အောင် စီစဉ်ထားတဲ့ စာအုပ်ဖြစ်ပါတယ်။
part of pack
Korea Beauty Secret
By: Rosy Angel
Ks
ကိုရီးယားနိုင်ငံရဲ့ ရောင်းအားအကောင်းဆုံး ကိုရီးယား အလှအပထိန်းသိမ်းနည်းစာအုပ်ဖြစ်တဲ့ Korea Beauty Secret စာအုပ်ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။ ဘယ်အချိန်ကြည့်ကြည့် ကိုရီးယားမလေးတွေ လှနေတဲ့ လျှို့ဝှက်ချက်ကိုသိရင် သူတိုလိုပဲလှနေနိုင်စေနိုင်ပါပြီ။ ကိုရီးယား အလှပဂေးတွေသုံးတဲ့ Skin care တွေ ၊အသားအရေ ထိမ်းသိမ်းပုံတွေ ၊ဆံသားထိမ်းသိမ်းပုံတွေ၊ မိတ်ကပိအပြင်အဆင်တွေ၊မိတ်ကပ်ခြယ်သနည်းတွေ ။ပိန်သွယ်လှပစေမယ့် K pop Diet Tips တွေ၊အသားအရေအလိုက်သုံးသင့်တဲ့မိတ်ကပ်၊ skincare တွေ ၊သာဘာဝနည်းတွေ၊အသားအရေမှာဖြစ်တတ်တဲ့ ပြဿနာတွေအတွက် အဖြေတွေကို တစုတစည်းတည်း ဖော်ပြထားတဲ့ Korea Beauty Secret စာအုပ်ဖြစ်ပါတယ်။
part of pack

Are you sure you want to continue?

You already have this product in My Books

You have already Subscribed to this package