စာအုပ်များ

ရှာဖွေခြင်း

  • အမျိုးအစားများ

  • စာအုပ်များ
  • ဂျာနယ်များ
  • မဂ္ဂဇင်းများ
  • ဝန်ဆောင်မှု

  • စာအုပ်ဝန်ဆောင်မှု
  • ဂျာနယ်ဝန်ဆောင်မှု
  • အမျိုးအစား

  • စာအုပ်များ
  • အက်ရှင်၊ စွန့်စားခန်း နှင့် ထိတ်လန့်ဖွယ်ရာ
  • အနုပညာနှင့် သရော်စာ
  • အထ္တုပ္ပတိ နှင့် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ
  • စီးပွားရေးနှင့် အလုပ်အကိုင်
  • ဖက်ရှင်
  • သမိုင်းနှင့် ဘူမိဘေတ
  • သိပ္ပံနှင့် နည်းပညာ
  • သုတစာပေ
  • အခြား
  • ကဗျာ
  • နိုင်ငံရေးနှင့် လူမှုသိပ္ပံ
  • အချစ်ဝတ္ထု
  • အားကစားနှင့် ကျန်းမာရေး
  • ခရီးသွားခြင်းနှင့် အစားအစာ
  • ဂျာနယ်များ
  • မော်တော်ယာဉ်များ
  • စီးပွားရေးနှင့် အလုပ်အကိုင်
  • လက်မှုပညာနှင့် ဝါသနာ
  • မှုခင်း
  • ဖျော်ဖြည်ရေး
  • ဖက်ရှင်နှင့် နေထိုင်မှုပုံစံ
  • အစားအသောက်
  • သတင်းအချက်အလက်နှင့် နည်းပညာ
  • လျှို့ဝှက်ဆန်းကြယ် နှင့် သည်းထိတ်ရင်ဖို
  • အားကစား
  • မဂ္ဂဇင်းများ
  • မော်တော်ယာဉ်များ
  • စီးပွားရေးနှင့် အလုပ်အကိုင်
  • လက်မှုပညာနှင့် ဝါသနာ
  • မှုခင်း
  • ဖျော်ဖြည်ရေး
  • ဖက်ရှင်နှင့် နေထိုင်မှုပုံစံ
  • အစားအသောက်
  • သတင်းအချက်အလက်နှင့် နည်းပညာ
  • လျှို့ဝှက်ဆန်းကြယ် နှင့် သည်းထိတ်ရင်ဖို
  • အားကစား
  • ဈေးနှုန်း

  • အောက် 50KS
  • 50KS - 100KS
  • 100KS - 500KS
  • 500KS - 1000KS
  • 1000KS & အပေါ်
  • နှုန်းထား

  • အပြီးပေးချေခြင်း။
  • အငှား
  • အခမဲ့
  • စာအုပ်ဘာသာစကား

  • အင်္ဂလိပ်
  • မြန်မာ

စာရေးသူအမည်နှင့်ရှာသည်။

စာအုပ် xxx တွေ့ရှိသည်။

ကြည့်ရှုမည့်ပုံစံ:

ကြည့်ရှုမည့်ပုံစံ:

အမျိုးအစား : စာအုပ်များအမျိုးအစား : အက်ရှင်၊ စွန့်စားခန်း နှင့် ထိတ်လန့်ဖွယ်ရာ
မြိုင်ရာဇာတွတ်ပီ ကျွန်ုပ်နှင့်ရေနဂါးကြီးနှင့်ရတနာ
ရေးသားသူ: ဆွေမင်း(ဓနုဖြူ) (ပုတက်ကာတွန်း)
Ks
တစ်နေ့တွင် မြိုင်ရာဇာတွတ်ပီတို့၏ ကြံုတိုင်းရွာလေးသို့ ဦးဝဇီရာနှင့် မြေးမလေး ရတနာတို့သည် သူတို့၏ ဆိုးဝါးလှသည့် အတိတ်ကို ဖုံးကွယ်ရန်ရည်ရွယ်ချက်ဖြင့် လာရောက် အခြေချနေထိုင်ကြပါသည်။ ထိုအချိန်တွင် ကြုံတိုင်းရွာအနီးရှိ ရွှေတဆင်ချောင်းထဲတွင် ရေနဂါးကြီးတစ်ကောင် ပေါ်ထွက်လာပါသည်။ ရေနဂါးကြီးသည် အလွန်ကြီးမားသော မြွေမျိုးစိတ်မှဖြစ်ပြီး ရွှေတဆင်ချောင်းထဲသို့ ဖြတ်သန်းသွားလာသော မော်တော်များ၊လှေများကို မှောက်လှန်ကာ လူများအား ဒုက္ခပေးနေလေသည်။ ရပ်ရွာကို ကာကွယ်စောင့်ရှောက်ရန်တာဝန်ရှိသည့် မြိုင်ရာဇာတွတ်ပီနှင့် တပည့်ကျော်ဗိုက်ကလေးတို့သည်လည်း ရေနဂါးကြီးအား နှိမ်နင်းနိုင်ရန် အစွမ်းကုန်ကြိုးစားရပါတော့သည်။ ထိုအချိန်တွင် ဦးဝဇီရာနှင့်မြေးမလေးတို့၏ ထိတ်လန့်ခြောက်ခြားဖွယ်ရာ အတိတ်ဇာတ်လမ်းသည်လည်း တစ်ချိန်တည်းလိုလို ပေါ်ပေါက်လာပါတော့သည်။မြိုင်ရာဇာတွတ်ပီ ကျွနု်ပ်နှင့်ရေနဂါးကြီးနှင့်ရတနာ
part of pack
မြိုင်ရာဇာတွတ်ပီ ကျွန်ုပ်နှင့်စုတ်ဖွားသတ္တဝါကြီး
ရေးသားသူ: ဆွေမင်း(ဓနုဖြူ) (ပုတတ်ကာတွန်း)
Ks
ဆွေမင်း(ဓနုဖြူ) ရေးသားသော ......မြိုင်ရာဇာတွတ်ပီ ကျွနု်ပ်နှင့်စုတ်ဖွားသတ္တဝါကြီး
part of pack
မြန်မာ့ဂန္ထဝင်လျှို့ဝှက်ဆန်းကြယ် ၀တ္ထုတိုများ
ရေးသားသူ: ခွန်းချိုရွှေရည်
Ks
မြန်မာ့ဂန္ထဝင်လျှို့ဝှက်ဆန်းကြယ် ၀တ္ထုတိုများ
part of pack
အရှေ့မိုးကောင်းကင်
ရေးသားသူ: နတ်နွယ်
Ks
မာရီယာ ဆာဂျီယက်ဗနာ … ကိုယ်လုံးကိုယ်ထည် သေးငယ်၍ သိုးမွေးထည်များ ၀တ်ဆင်ထားသော မာရီယာဆာဂျီယက်ဗနာသည် ဘောလ်တစ်ဘူတာရုံရှေ့သို့ ရောက်သောအခါ လော်ရီကားပေါ်မှ ခုန်ဆင်းလိုက်သည်။ ထို့နောက် ဂါ၀န်ပေါ်မှ ရွှံ့ဗွက်များကို တောက်ခါပစ်ပြီး ဓာတ်ရထား မှတ်တိုင်ဆီသို့ လျှောက်သွားလေသည်။ မြို့တွင် သူမ မရှိခဲ့သည်မှာ တစ်လကျော်ပြီ ဖြစ်၏။ အကြောင်းမှာ တင့်ကား ခံတုတ်ကျင်းများ တူးနေရသော ကြောင့် ဖြစ်၏။ ပထမဆုံး ကင်ဂျီဆစ်တိုက်နယ်၊ ထို့နောက် အိုရင်နီယင်ဆန်း၏ တောင်ဘက်၊ ထို့နောက် ဂျာမနီတို့က မီတာဟော့နှင့် စထရယ်နာကို သိမ်းလိုက်သောအခါ မြို့တော်၏ အပြင်ဘက်အဖျား ဥတ္တရဆိပ်ကမ်းနှင့် လီနင်ဂရက် လက်နှိပ်စက်အလုပ်ရုံအနီးတို့တွင် ဖြစ်၏။ ယင်းအချိန်များကဆိုလျှင် သူမနှင့်တကွ ထောင်ပေါင်းများစွာသော အမျိုးသမီးတို့သည် မီးလောင်ရွာများနှင့် အနင်းချေခံ လယ်များအကြား ၀ယ် တရစပ် ကြဲချပစ်ခတ်နေသော ဗုံးဆန်အမြောက်ဆန်များအောက်ဝယ် အဝတ်တစ်ထည် ကိုယ်တစ်ခုနှင့် မြေကြီးပေါ်ဝယ် အိပ်စက်ခဲ့ကြရပေသည်။ မြို့တွင်းမှ သတင်းဆို၍ မကြားရသလောက် ဖြစ်၏။ မြို့တွင်းမှ သတင်းဆို၍ မကြားရသလောက်ဖြစ်၏။ သို့သော် ဂျာမနီများတွင် မြို့တော်ကို စက်တင်ဘာလဆန်းမှစ၍ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ရှေ့တန်း စစ်မျက်နှာပြင်သည် အလွန်နီးကပ်လျက်ရှိကြောင်းကိုတော့ သူမ သိပေသည်။ မိမိပြန်ရောက်သွားသောအခါတွင် မြို့တော်သည် မည်သို့ရှိနေချိမ့်မည်ကို မမှန်းဆတတ်။ သို့ရာတွင် ပြောင်းလဲ၍ နေလေမည်ကား သေချာသည်။ သို့တစေလည်း မြို့တော်သည် ယခင်ကအတိုင်းလိုပင် ရှိနေသည်ကို တွေ့ရ၍ သူမ အံ့သြမိသည်။ ဘူတာရုံအတွင်းမှ ဆိုင်များသည် အရောင်အဆင်း အမျိုးမျိုးသော အဖျော်ယမကာများကို ရောင်းချလျက်ရှိ၏။မာရီယာ ဆာဂျီယက်ဗနာ … ကိုယ်လုံးကိုယ်ထည် သေးငယ်၍ သိုးမွေးထည်များ ၀တ်ဆင်ထားသော မာရီယာဆာဂျီယက်ဗနာသည် ဘောလ်တစ်ဘူတာရုံရှေ့သို့ ရောက်သောအခါ လော်ရီကားပေါ်မှ ခုန်ဆင်းလိုက်သည်။ ထို့နောက် ဂါ၀န်ပေါ်မှ ရွှံ့ဗွက်များကို တောက်ခါပစ်ပြီး ဓာတ်ရထား မှတ်တိုင်ဆီသို့ လျှောက်သွားလေသည်။ မြို့တွင် သူမ မရှိခဲ့သည်မှာ တစ်လကျော်ပြီ ဖြစ်၏။ အကြောင်းမှာ တင့်ကား ခံတုတ်ကျင်းများ တူးနေရသော ကြောင့် ဖြစ်၏။ ပထမဆုံး ကင်ဂျီဆစ်တိုက်နယ်၊ ထို့နောက် အိုရင်နီယင်ဆန်း၏ တောင်ဘက်၊ ထို့နောက် ဂျာမနီတို့က မီတာဟော့နှင့် စထရယ်နာကို သိမ်းလိုက်သောအခါ မြို့တော်၏ အပြင်ဘက်အဖျား ဥတ္တရဆိပ်ကမ်းနှင့် လီနင်ဂရက် လက်နှိပ်စက်အလုပ်ရုံအနီးတို့တွင် ဖြစ်၏။ ယင်းအချိန်များကဆိုလျှင် သူမနှင့်တကွ ထောင်ပေါင်းများစွာသော အမျိုးသမီးတို့သည် မီးလောင်ရွာများနှင့် အနင်းချေခံ လယ်များအကြား ၀ယ် တရစပ် ကြဲချပစ်ခတ်နေသော ဗုံးဆန်အမြောက်ဆန်များအောက်ဝယ် အဝတ်တစ်ထည် ကိုယ်တစ်ခုနှင့် မြေကြီးပေါ်ဝယ် အိပ်စက်ခဲ့ကြရပေသည်။ မြို့တွင်းမှ သတင်းဆို၍ မကြားရသလောက် ဖြစ်၏။ မြို့တွင်းမှ သတင်းဆို၍ မကြားရသလောက်ဖြစ်၏။ သို့သော် ဂျာမနီများတွင် မြို့တော်ကို စက်တင်ဘာလဆန်းမှစ၍ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ရှေ့တန်း စစ်မျက်နှာပြင်သည် အလွန်နီးကပ်လျက်ရှိကြောင်းကိုတော့ သူမ သိပေသည်။ မိမိပြန်ရောက်သွားသောအခါတွင် မြို့တော်သည် မည်သို့ရှိနေချိမ့်မည်ကို မမှန်းဆတတ်။ သို့ရာတွင် ပြောင်းလဲ၍ နေလေမည်ကား သေချာသည်။ သို့တစေလည်း မြို့တော်သည် ယခင်ကအတိုင်းလိုပင် ရှိနေသည်ကို တွေ့ရ၍ သူမ အံ့သြမိသည်။ ဘူတာရုံအတွင်းမှ ဆိုင်များသည် အရောင်အဆင်း အမျိုးမျိုးသော အဖျော်ယမကာများကို ရောင်းချလျက်ရှိ၏။
part of pack
ဒက်ဇယ်လာ
ရေးသားသူ: နတ်နွယ်
Ks
အသည်းတထိတ်ထိတ် ရင်တလှပ်လှပ်ဖြစ်ရသော စွန့်စားခန်း ၀တ္ထုပေါင်းများစွာကို ရေးသားခဲ့သော စာရေးဆရာဂျက်လန်ဒန်၏ ဘဝမှာလည်း အသည်း တထိတ်ထိတ် ရင်တလှပ်လှပ် စွန့်စားခန်းများနှင့် ပြည့်ပြွွမ်းနေပါသည်။ ဂျက်လန်ဒန်ကို ၁၈၇၆ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့တွင် မွေးဖွားခဲ့သည်။ သူသည် မြို့တော်၏လမ်းများပေါ်တွင် ပေပေတေတေ ကြမ်းကြမ်းရမ်းရမ်း ကြီးပြင်းခဲ့ရသည်။ ထိုစဉ်က ဆန်ဖရန်စစ္စကိုမြို့ဆိုသည်ကလည်း အင်မတန်စိတ်ဝင်စား ချောက်ချားဖွယ်ရာဖြစ်သည်။ ၁၇၇၆ ခုနှစ်တွင် မြို့တည်သည်။ ၁၈၄၈ ခုနှစ် ရွှေပွဲတော်ကြီးတွင် အံသြဖွယ်ရာ ကောင်းလောက်အောင် ကြီးထွားစည်ကားလာသည်။ အနယ်နယ်အရပ်ရပ်မှ စွန့်စားသူများရောက်ရှိလာကြ သည်။ လူဦးရေအဆမတန်များပြားလာသည်။ အီတလီရပ်ကွက်၊ စပိန် ရပ်ကွက်နှင့် တရုတ်တန်း ဆိုသည်တို့ ဖြစ်ပေါ်လာသည်။ ထိုအခါ ဆန်ဖရန်စစ္စကိုမြို့ပေါ်မှ လူငယ်လူရွယ်အားလုံးသည် ကိုယ့်ကိုယ်ကိုယ် ကာကွယ် နိုင်ရန် ကြိုးစားကြသည်။ ကိုယ့်လက်သီးကိုယ် အားကိုးကြရသည်။ ထိုခေတ်က ကျောင်းသားများသည် တစ်ယောက်နှင့်တစ်ယောက်ရန် မဖြစ်ဖူးသူဟူ၍ မရှိချေ။ ဂျက်လန်ဒန်သည် အပစ်အခတ်ဝါသနာထုံသည်။ ပင်လယ်ပြင်စွန့်စားခြင်းကို နှစ်သက်မက်မောသည်။ သူသည် သင်္ဘောဆိပ်ခံတံတားများတွင် လှည့်လည်ကျက်စားပြီး ရရာအလုပ်ကို လုပ်ကိုင်လေ့ရှိသည်။ သင်္ဘောသား များက သူ့ကို ကြမ်းတိုက်ခိုင်းသည်။ ရွက်တိုင်ထိပ်ဖျားသို့ သက်စွန့်ဆံဖျား တက်ခိုင်းသည်။ သူတို့နှင့်အတူ ပင်လယ်ထဲသို့ ခေါ်သွားသည်။ သင်္ဘောသား ပညာကို သင်ကြားပေးသည်။ သူတို့ထံမှ မဖြစ်စလောက်သော အခကြေးငွေကို သူ ရရှိသည်။ တိုလီမိုလီလုပ်၍ရသော ပိုက်ဆံများအားလုံးလောက်ကိုပင် သူ့အမေကို အပ်ရသည်။ သို့သော် သည်ကြားထဲကပင် ဂျက်လန်ဒန်သည် ပိုက်ဆံ စုပြီး တစ်ပတ်ရစ် လှေကလေးတစ်စင်းကို ၀ယ်ယူသည်။ စု၍ရသော ပိုက်ဆံဖြင့် ထိုလှေကလေးကို ဆေးသုတ်သည်။ ရွက်ဝယ်သည်။ တက်ဝယ်သည်။ ထို့နောက် ရေတက်ရေကျများတွင် လိုက်ပါပြီး ငါးမျှားသည်။
part of pack
အကျဉ်းစံမနူဟာဘုရင် အပိုင်း(၄)
ရေးသားသူ: ပန်းချီလှပ(ပုတက်ကာတွန်း)
Ks
မနူဟာဘုရင်သည် သထုံမင်းဆက် ၅၂ ဆက်မြောက်မင်းဖြစ်ပါသည်။ ရှေးသထုံမင်းတို့၏ အတိုင်း ဘုန်းတန်ခိုး အာဏာနှင့်ပြည့်စုံသောမင်းဖြစ်ပြီး ဆင်ဖြူသုံးဆယ့်နှစ်စီးအရှင်ဖြစ်ပါသည်။ သာသနာတော်ကို စောင့်ရှောက်သော မင်းဖြစ်သည်နှင့်အညီ သထုံတွင် ဗုဒ ္ဓသာသနာကို ထွန်းကားပြန့်ပွားစေခဲ့သောမင်းတစ်ပါးလည်းဖြစ်ပါသည်။ ခေတ်ပြိုင်ဘုရင်ဖြစ်သော အနော်ရထာမင်းနှင့်စစ်မက်ဖြစ်ရာမှာ အိမ်နိမ့်စံဘဝဖြင့် အကျဉ်းချခံခဲ့ရသော မနူဟာဘုရင်၏ စိတ်ဝင်စားဖွယ်ရာ ဘဝဇာတ်ကြောင်းကို ဖတ်ရှုရမည်ဖြစ်ပါသည်။
part of pack
နောက်မှရောက်လာတဲ့ဧည့်သည်
ရေးသားသူ: မင်းသိင်္ခ (ပုတက်ကာတွန်း)
Ks
တစ်နေ့သ၌ ဆရာကြီး မင်းသိင်္ခသည် သူ၏ခြံကျယ်ကြီးသို့ ဂရမ္မာကြာရွက်ဟူသည့် ငယ်သူငယ်ချင်းတစ်ဦး လာရောက်နေထိုင်မည်ဟု သိရလေသည်။ ဂရမ္မာကြာရွက်မှာ နာမည်နှင့်လိုက်အောင် ကတ်သီးကတ်သတ်နိုင်သူဖြစ်၏။ ဇီဇာကြောင်သူဖြစ်၏။ ပေါင်းရသင်းရ ခက်သူဖြစ်လေ၏။ မင်းသိင်္ခတစ်ယောက် ဂရမ္မာကြာရွက် လာရောက် လည်ပတ်စဉ်အတွင်း အစစအရာရာ လိုလေသေး မရှိရအောင် စဉ်းစားရလေသည်၊ အမျိုးမျိုး စီစဉ်ရရှာလေသည်။ သို့သော်လည်း ဂရမ္မာကြာရွက် တကယ်ရောက်လာသော အခါတွင်မှု ကြိုတင်မျှော်လင့်ထားသမျှ လွဲရလေတော့သည်။ သဲထဲရေသွန် ဖြစ်ရလေတော့သည်။ မည်သို့မည်ပုံဖြစ်ကြသည်ကို ဇာတ်လမ်းထဲတွင် အစအဆုံး ဆက်လက်ဖတ်ရှုနိုင်ပါကြောင်း...  
part of pack
ဖေဖော်ဝါရီတစ္ဆေ
ရေးသားသူ: သတိုးတေဇ
Ks
သူတွေ့လိုက်ရသည်ကား မျက်နှာဖြူစုပ်စုပ်နှင့်လူတစ်ယောက်။ ထိုလူ၏မျက်လုံးများသည် တစ်စုံတစ်ခုအပေါ် မကျေနပ်သည့်အရိပ်များနှင့် ပေါက်ထွက်တော့မတတ် နီရဲနေသည်။ သွေးပျက်မတတ် ကြောက်လန့်သွားသည့် ကိုတာတီးက သတိပြန်ဝင်လာချိန်တွင် လက်ထဲမှဓာတ်မီးကို လွှတ်ချကာ ခြံပြင်သို့ ပြေးထွက်လိုက်၏။ "အံမယ်လေး ..ကယ်ကြပါဦးဗျ ..သရဲ ..သရဲ ..ကယ်ကြပါဦး" သူ နောက်ဆုံးမြင်လိုက်ရသည်ကား မျက်နှာကြီး ကျောဘက် ရောက်နေသည့် လူတစ်ယောက်။ .... သတိုးတေဇ ၏ ဖေဖော်ဝါရီတစ္ဆေ
part of pack
ကြမ္မာပြောင်းသူ
ရေးသားသူ: သတိုးတေဇ
Ks
ဘာဖြစ်လို့များ... ကျွန်တော့်ဘဝ ပြက္ခဒိန်မှာ ပြဿဒါးနေ့တွေ ကြီးစိုးနေရတာလဲ။ အိပ်မက်ထဲတွင် ကျွန်တော်က ကျွန်တော့် လော့ကာတစ်ဆယ့်သုံး ရှေ့သို့ ရောက်နေသည်။ လော့ကာတံခါးရွက်ပေါ်တွင် မည်သူလာကပ်ထားမှန်းမသိသည့် ပြက္ခဒိန်တစ်ခု။ လော့ကာထဲမှ ကြက်သီးထချင်စရာ အော်ဟစ်ညည်းညူနေသံမှာလည်း တဖြည်းဖြည်း ပီသရှင်းလင်းလာ၏။ "ငါ့ကို အပြင်ထုတ်ပေးပါ... ငါ့ကို အပြင်ထုတ်ပေးပါ" ဘယ်သူလဲ... ။ အဲဒါ ဘယ်သူလဲ။ သိချင်ရင်တော့ သတိုးတေဇ "ကြမ္မာပြောင်းသူ"ဆိုတဲ့ ဒီစာအုပ်လေးထဲအဖြေရှိပါတယ်။
part of pack
အနက်ရောင်မိစ္ဆာ
ရေးသားသူ: သတိုးတေဇ
Ks
သူ ဟီးလေးဆွဲခိုထားသော သစ်ကိုင်းကြီးမှာ ငြိမ့်ခနဲလှုပ်ရမ်းသွားသည်ကို သတိပြုမိလိုက်ပြီး အပေါ်သို့ မော့ကြည့်လိုက်လေရာ .. ကိုဖိုးမောင်ကို ပြန်ငုံ့ကြည့်နေသည့် ကျွဲမျက်နှာအကြီးကြီးကို တွေ့လိုက်ရလေသည်။ ထိုကျွဲကြီး၏ မီးဝင်းဝင်းတောက်နေသော မျက်လုံး နီနီကြီး နှစ်လုံးမှာလည်း ထမင်းစားပန်းကန်ပြားလောက် ကြီးမားနေပြီး သူ ဟီးလေးခိုထားမိသည့် သစ်ကိုင်းကြီးမှာ .. . ချောက်ချားဖွယ်ရာ အဖြစ်ဆိုးများကို စတင် ပေါ်ပေါက်စေခဲ့သော အဓိကတရားခံကတော့ .... "တို့ရွာမှာ အခုမှ ဘာကြောင့် ဒီလောက်တောင် ခြောက်လှန့်နေရတာလဲ .."
part of pack

ဆက်လက်လုပ်ဆောင်ရန်သေချာပါသလား။

ဤဟာသည် ကျွန်ုပ်၏စာအုပ်များ အောက်တွင်ရှိပြီးသားဖြစ်သည်။

ဝန်ဆောင်မှုအားရယူထားပြီးပါပြီ။