Books

filter

  • Categories

  • Books
  • Journals
  • Magazines
  • Pack

  • Book Package
  • journal package
  • genre

  • Books
  • Action, Adventure & Horror
  • Arts & Satire
  • Biography & Autography
  • Business & Economy
  • Fashion
  • History & Geography
  • IT & Science
  • Nonfiction
  • Others
  • Poem
  • Politics & Social Sciences
  • Romance
  • Sports & Health
  • Travel & Cooking
  • Journals
  • Automotive
  • Business & Economy
  • Craft & Hobby
  • Crime
  • Entertainment
  • Fashion & Lifestyle
  • Food & Drink
  • IT & Technology
  • Mystery & Suspense
  • Sports
  • Magazines
  • Automotive
  • Business & Economy
  • Craft & Hobby
  • Crime
  • Entertainment
  • Fashion & Lifestyle
  • Food & Drink
  • IT & Technology
  • Mystery & Suspense
  • Sports
  • price

  • under 50KS
  • 50KS - 100KS
  • 100KS - 500KS
  • 500KS - 1000KS
  • 1000KS & above
  • PRICING PLAN

  • One Time Payment
  • Rental
  • Free
  • BOOK LANGUAGE

  • english
  • myanmar

Search by author name

xxx items found

Show:

Sort by:

category : Booksgenre : Biography & Autography
အိမ်ဖြူတော်ရဲ့ သမ္မတကတော်များ
By: ဆောင်းဝင်းလတ်
Ks
မာသာဒင်းဒရစ်ချ် ကတ်စ်တစ်စ်ဝါရှင်တန် (၁၇၃၁-၁၈၀၂) “ကျွန်မထင်ပါတယ်။ ကျွန်မဟာ နိုင်ငံတော်ကို အလုပ်အကျွေးပြုပေးဖို့ ရပ်တည် နေတဲ့ မိန်းမသားတစ်ယောက်ပါ။ ကျွန်မရဲ့စိတ်၊ ကျွန်မရဲ့ဘဝ၊ ကျွန်မရဲ့ခန်္ဓာကိုယ်နဲ့ အမေရိကန်ပြည်ထောင်စုမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်သူတွေကို ဘယ်လိုမှ ခွဲခြားလို့ ရနိုင်မှာမဟုတ်ပါဘူး” လို့ သမ်္မတကတော် ကတ်စ်တစ်စ်ဝါရှင်တန်က ပြောခဲ့ပါတယ်။ သမ်္မတကြီး ဂျော့ဝါရှင်တန်ဟာ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ဖို့ ဧပြီလ ၃၀ ရက်နေ့ ၁၇၈၉ ခုနှစ်မှာ နယူးယောက်မြို့တော်ကိုသွားပြီး ရုံးလုပ်ငန်းတွေ ဆောင်ရွက်ကတည်းက သမ်္မတကြီးရဲ့ကတော်ဟာလည်း ွှငိန ျွှအေနမ ဠငမါငညငေ ှသခငနအပ လို့ခေါ်တဲ့ လူမှုရေးအကျိုးပြု အသင်းအဖွဲ့ကြီးရဲ့ တာဝန်ဝတ်္တရားတွေကို ထမ်းဆောင်ခဲ့ပါတယ်။ အသင်းရဲ့ လူမှုရေးတာဝန်ကိုထမ်းဆောင်ခဲ့တဲ့ သက်တမ်းကာလဟာ ၅၈ နှစ်ကြာမြင့် တဲ့အထိပါပဲ။ သမ်္မတကတော် ကတ်စ်တစ်စ်ဝါရှင်တန်ကို ဇွန်လ ၂ ရက် ၁၇၃၁ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ မိဘများကတော့ ဂျွန်ဒင်းဒရစ်ချ်နဲ့ ဖရန်စစ်ဒင်း ဒရစ်ချ်တို့ဖြစ်ကြပြီး သူမဟာ မွေးချင်းများထဲမှာ သမီးအကြီးဆုံးလည်းဖြစ်ပါတယ်။ ငယ်စဉ်ကတည်းကပဲ ကျောင်းပညာကို လေ့လာဆည်းပူးရင်း အားလပ်ရက်တွေမှာ မိသားစုအတွက် အိမ်ထောင် ထိန်းသိမ်းမှုကို ၀ိုင်းဝန်းကူညီခဲ့သူပါ။ သူမဟာ ရုပ်ရည်ပြေပြစ်သန့်စင်သလို စိတ်နေ သဘောထားလည်း ဖြူစင်သူဖြစ်ပါတယ်။ ပထမဆုံး လက်ထပ်ခဲ့တဲ့ အိမ်ထောင်ဖက်ရှိခဲ့ ပါတယ်။ ချမ်းသာကြွယ်ဝသူတစ်ဦးပါ။ မစ်္စတာဒင်နီယယ်လ်ပတ်စ်ကတ်စ်တစ်စ်ဖြစ်ပါ တယ်။ ၁၇၅၇ ခုနှစ်မှာ ပထမအိမ်ထောင် ကွယ်လွန်အနိစ်္စရောက်ခဲ့ပါတယ်။
part of pack
ကလေးတို့သိမှတ်ဖွယ် ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်များ
By: ဇင်မျိုး
Ks
အမေရိကန်ပြည်ထောင်စု၏ လူကြိုက်အများဆုံး သမ်္မတတစ်ဦးဖြစ်သည့် ဂျော့ဝါရှင်တန်သည် အမေရိကန်တော်လှန်ရေးတွင် ဗြိတိသျှတို့ကို အောင်နိုင် ခဲ့သည့် ပြည်နယ်တပ်ပေါင်းစု တပ်မတော်ကို ဦးဆောင်ခဲ့သောကြောင့် ထင်ရှား ခဲ့သူဖြစ်သည်။ သူသည် အမေရိကန်ပြည်ထောင်စု၏ ပထမဦးဆုံးသမ်္မတဖြစ် သည်။ သမ်္မတတစ်ဦးထမ်းဆောင်ရမည့်အခန်းကဏ္ဍကို ကူညီပြဋ္ဌာန်းပေးခဲ့သည်။
part of pack
ပျောက်ဆုံးနေသော စစ်တရားခံ မာတင်ဘောမန်း
By: လင်းယုန်မောင်မောင်
Ks
ဤစာအုပ်သည် ပျောက်ဆုံးနေသော စစ်တရားခံ မာတင်ဘောမန်း နှင့်ပတ်သက်၍ ကျွန်တော်လေ့လာစုဆောင်းရရှိသမျှ အကြောင်းအရာ အချက်အလက်များကို ပြန်လည်ပြုစု ရေးသားထားခြင်း ဖြစ်ပါသည်။ အထူးသဖြင့် ဒုတိယကမ်္ဘာစစ်ကြီးကို နောက်ခံထား၍ ကျွန်တော် ရေးသားခဲ့သမျှ နာဇီဂျာမနီနှင့် ပတ်သက်သည့် စာအုပ်များကို အစဉ်တစိုက် ဖတ်ရှုလာခဲ့ကြသည့် ချစ်စွာသော စာဖတ်သူအချို့ထံမှ မာတင်ဘောမန်း အကြောင်း အပြည့်အစုံ စာအုပ်တစ်အုပ် ရေးသားပြုစုပါရန် ကျွန်တော့်ထံ စာဖြင့်ရေးသား၍လည်းကောင်း၊ လူကိုယ်တိုင်တွေ့ဆုံ၍လည်းကောင်း အကြံဉာဏ် တောင်းဆိုခဲ့ကြပါသည်။ ဤစာအုပ်သည် ထိုချစ်စွာသော စာဖတ်သူများ၏ဆန္ဒကို ဖြည့်စွမ်းပေးလိုက်ခြင်းပင် ဖြစ်ပါသည်။
part of pack
ဟစ်တလာ သေမသေ
By: လင်းယုန်မောင်မောင်
Ks
ထိုနေ့၊ ထိုရက်၊ ထိုအချိန်တွင် ဂျာမနီနိုင်ငံ၏ ဒုတိယအကြီးဆုံး မြို့တော် ဖြစ်သော ဟမ်းဘာ့ဂ်မြို့ အသံလွှင့်ဌာနသည် နေ့စဉ်ပုံမှန် လွှင့်ထုတ်နေကျဖြစ်သော စစ်ရေးစစ်ရာ သတင်းဆောင်းပါးများနှင့် စစ်မြေပြင် အသီးသီးမှ နောက်ဆုံးရရှိသော စစ်သတင်းများကို အစီ အစဉ်အတိုင်း အသံလွှင့်နေရာမှ “ဆိုင်းမဆင့် ဗုံမဆင့်”ဘဲ ဗြုန်းခနဲ အစီ အစဉ်ကို ရပ်ပစ်လိုက်သည်။ ပြီးမှ အသံသွင်းထားသည့် တေးဂီတ တစ်ပိုဒ်ကို ရုတ်တရက် ထုတ်လွှင့်လိုက်သည်။ ယင်းတေးဂီတမှာ ကမ္ဘာကျော် သြစတြေးလျ ဂီတပညာရှင်ကြီး တစ်ဦးဖြစ်သော ဘရုကနား၏ သတ္တမမြောက် သံစုံတီးလုံးပင်ဖြစ်၍ ငြိမ့်ညောင်းပျော့ပျာင်းလှသည် နှင့်အမျှ ကြားရသူတိုင်းအဖို့ ကြေကွဲဝမ်းနည်းဖွယ်ရာ ကောင်းလှသည့် တီးလုံးပင် ဖြစ်သည်။
part of pack
ပုလဲဆိပ်ကမ်းမှ တစ်နေ့တာမှတ်တမ်း
By: လင်းယုန်မောင်မောင်
Ks
ဤစာအုပ်သည် ဒုတိယကမ်္ဘာစစ်ကြီးအတွင်းက ပုလဲဆိပ်ကမ်း ရှိ အမေရိကန်ရေတပ်စခန်းအား ဂျပန်တို့က အလစ်ဝင်ရောက် ဗုံးကြဲတိုက် ခိုက်ခဲ့သည့် အဖြစ်အပျက်များကို ပြန်လည်ဖော်ထုတ် တင်ပြထားခြင်း ဖြစ် ပါသည်။
part of pack
ဟစ်တလာ၏ သေတမ်းစာ
By: လင်းယုန်မောင်မောင်
Ks
အဒေါ့ဖ်ဟစ်တလာနှင့်ပတ်သက်၍ ခိုင်မာသောအထောက်အထား စာရွက်စာတမ်း များကို မကြာမီက ထပ်မံတွေ့ရှိရပြန်သည်။ ယင်းစာရွက်စာတမ်းများမှာ သမိုင်းဖြစ်စဉ် တွင် အလွန်စိတ်ဝင်စားဖွယ် ကောင်းလှသည့် ဟစ်တလာ၏နိုင်ငံရေးသေတမ်းစာများပင် ဖြစ်၏။ ယင်းသေတမ်းစာသည် ထိုစဉ်က သူ့အဖို့ ရှုံးနိမ့်နေပြီဖြစ်သော စစ်ကြီးနှင့် စပ် လျဉ်း၍ သူ့စိတ်ထဲတွင် ဖြစ်ပေါ်နေသည့် အထွေထွေ ရောင်ပြန်ဟပ်မှုများကို ဖော်ပြထား ခြင်းပင်ဖြစ်၏။ မှောင်မိုက်နေသည့် ခန်းမကြီးအတွင်းသို့ နောက်ဆုံးပြတင်းပေါက်တစ်ခုကို ဖွင့်လှစ်လိုက်ခြင်းပင် ဖြစ်ပေသည်။ တစ်နည်းဆိုရသော် အလွန်အန်္တရာယ်ကြီးမား၍ တုန် လှုပ်ချောက်ချားဖွယ်ရာ၊ ရွံရှာမုန်းတီးဖွယ်ရာ ကောင်းလှသည်နှင့်အမျှ တကယ်အားဖြင့် ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာ အင်အားကြီးမားလှသည့် ဟစ်တလာ၏စိတ်ထဲတွင် ပေါ် ပေါက်လာသော ခံစားချက်များပင် ဖြစ်သတည်း။
part of pack
ကြီးသုံးကြီးကိုလုပ်ကြံရန် ဟစ်တလာ၏အကြံ
By: လင်းယုန်မောင်မောင်
Ks
ပါရှင်းလူမျိုးများသည် ၎င်းင်းတို့၏မြို့တော်ဖြစ်သော တီဟာရန်မြို့ကို မူလ အစကပင် ယခုလက်ရှိ နေရာတွင် မဟုတ်ဘဲ အခြားတစ်နေရာရာတွင် ရွေးချယ်တည်ဆောက်သင့်ကြ သည်။ အဘယ့်ကြောင့်ဆိုသော် ယခုလက်ရှိ တီဟာရန်မြို့တော်မှာ သောက်ရေ၊ သုံးရေ ရှားပါးလှသည်နှင့်အမျှ ရာသီဥတု ဆိုးဝါးလှသောကြောင့်တည်း။ မိုင်နှစ်ဆယ်ခန့် ကွာဝေးသော အရပ်မှနေ၍ စမ်းချောင်းတစ်ခုကို တီဟာရန် မြို့တော်ဆီ သို့ ရေစီးကြောင်းပြောင်း၍ ဖောက်လုပ်ထားသည့်တိုင်အောင် မြို့သူမြို့သားများအတွက် ရေအခက်အခဲဖြင့် ကြံုနေကြရဆဲပင်ဖြစ်သည်။ ရာသီဥတုအနေဖြင့်လည်း နွေရာသီတွင် ပူလွန်း၊ အိုက်လွန်းလှသဖြင့် မြို့သူ မြို့သားများမှာ နေ့ရှိသရွေ့ အိမ်ထဲက အိမ်ပြင်မထွက် ဘဲ အရိပ်ထဲမှာပင် နေကြသည်က များသည်။ တစ်ဖန် ဆောင်းရာသီ ရောက်ပြန်လျှင်လည်း ခိုက်ခိုက်တုန်အောင် အေးလွန်းလှသဖြင့် မြေအောက်ခန်းများတွင် တစ်ချိန်လုံးလိုလို အောင်း နေတတ်ကြ၏။ စာရင်းဇယားများနှင့် ကိန်းဂဏန်းများကို ယုံကြည်အားထားသူများအတွက် ပြောရပါမူ မြို့တော်တစ်ခုလုံးရှိ လူဦးရေ၏ ၅၀ ရာခိုင်နှုန်းမှာ လူ့ပေါ်ကြော့၊ လူ့တေလေ ကြမ်းပိုးများ၊ သူတောင်းစားများနှင့် ရာဇဝတ်ကောင် လူဆိုးများသာဖြစ်ကြပြီး ၂၅ ရာခိုင်နှုန်း မှာ ကုန်သည်ပွဲစားများ၊ စာရေးစာချီ အမှုထမ်းများနှင့် အတတ်ပညာရှင်များ ဖြစ်ကြ သည်။
part of pack
အိုဘားမားရက်စွဲများ (အိုဘားမား၏ ကနဦးသမ္မတသက်တမ်းတစ်နှစ်အား လေ့လာခြင်း)
By: ဖြိုးသာရ
Ks
သက်တမ်းပထမဆုံးနေ့၌ပင် ဘာရက်အိုဘားမားသည် ပထမဆုံး ဆုံးဖြတ် ချက်တစ်ခုကို အံ့သြဖွယ် ကြေညာချက်ထုတ်ခဲ့သည်။ ယင်းကား အငြင်းပွားဖွယ် ဖြစ်နေသည့် ဂွာတာနာမိုအကျဉ်းစခန်း ပိတ်ပစ်ရေးဖြစ်သည်။ သူ၏တောင်းဆိုချက် တွင် အမေရိကန်စစ်တပ်က စစ်ဆေးစီရင်ရန် တရားစွဲဆိုထားမှုတို့ကို ရက်ပေါင်း ၁၂၀ အတွင်း အမြန်ဆုံးပြန်လည်စစ်ဆေး၍ အကျဉ်းစခန်းကိုပါ ပိတ်ပစ်ရန် တောင်း ဆိုခဲ့သည်။ ယင်းကား အမေရိကန်စစ်တပ်က တရားရုံး၊ အကျဉ်းစခန်းမှူးလုပ် ကာ ထိန်းသိမ်းထားသဖြင့် အများ၏အပြစ်တင်ဝေဖန်မှုကို ခံနေရသော အငြင်းပွား ဖွယ်အခြေအနေဆိုးတစ်ခုကို အစိုးရသစ်အနေဖြင့် ပြင်ဆင်နိုင်သော အခွင့်အရေး အား ရယူအသုံးချခဲ့ခြင်း ဖြစ်သည်။
part of pack
ကမ္ဘာ့အကြီးကျယ်ဆုံး လက်ဝှေ့သမား မိုဟာမက်အလီ အတ္ထုပတ္တိ
By: မောင်ရဲဝင်း
Ks
မိုဟာမက်အလီနှင့် စာဖတ်သူတို့ကို မိတ်ဆက်ပေးရန်မလိုပါချေ။ ကမ်္ဘာ့အားကစားလောကတွင်ရော ကမ်္ဘာပေါ်၌ပါ လူထုပရိသတ်ကို ဆွဲဆောင် မှုအရှိဆုံး လူသားတစ်ဦးမှာ အလီပင်ဖြစ်သည်။ လက်ဝှေ့တစ်ခေတ်တွင်လည်း သန်းချီဝင်ငွေရအောင် လုပ် ဆောင်ခဲ့သူတစ်ဦး ဖြစ်သည်။ အလီနှင့်ပတ်သက်၍ ရုပ်စုံမဂ်္ဂဇင်းစာအုပ်များ အပါအဝင် အတ်္ထုပ်္ပတိ်္တစာအုပ် ၃၀ နီးပါး အမေရိကန်၌ ထုတ်ဝေခဲ့ပြီး ဖြစ်ပါသည်။ ကမ်္ဘာတစ်ဝန်း၌လည်း ဘာသာစုံဖြင့် ထုတ်ဝေခဲ့ကြပါသည်။ သို့သော် လည်း အမေရိကန် နယူးယောက်မှ ရန်းဒွမ်းဟောက်(စ်) စာပေတိုက်ကမူ အလီ ကိုယ်တိုင်ပြောပြသော အတ်္ထုပ်္ပတိ်္တကို ထုတ်ဝေရန်စဉ်းစားပြီး အလီအား ချဉ်းကပ်ခဲ့ သည်။ အလီကို ဒေါ်လာတစ်သန်းခွဲပေးမည်ဟုလည်း ကမ်းလှမ်းခဲ့သည်။ အလီက လက်ခံလိုက်၍ ထုတ်ဝေသူတို့သည် စာရေးဆရာ ရစ်ချတ် ဒါဟမ်ကို ၁၉၇၁ ခုနှစ်ကပင် အလီသွားလေရာနောက်သို့ တကောက်ကောက် လိုက်စေကာ ပြင်ဆင်ခဲ့သည်။
part of pack
ရော်ဘင်ဟုဒ်
By: တီချယ်လှိုင်
Ks
ရော်ဘင်ဟုဒ်ကို တောထဲမှာမွေးဖွားခဲ့ပြီး တောက သူ့ဘဝရဲ့အချိန် အတော်များများအတွက် အိမ်တစ်အိမ်ဖြစ်ခဲ့ရတယ်။ ရော်ဘင်ဟုဒ်ရဲ့ဇာတ်လမ်းကတော့ နှစ်ပေါင်းရာချီ ကြာခဲ့ပါပြီ။ ထို ခေတ်က အင်္ဂလန်နိုင်ငံမှာ ဆက်ဆွန်လူမျိုးစုတွေက နိုင်ငံရဲ့ အရေးပါလှတဲ့ နော်မန်မူးမတ်တွေရဲ့မြေပေါ်မှာ ရွာတည်ပြီးနေခဲ့ကြတယ်။ အချို့တွေကျ တော့ ဘုရားကျောင်းပိုင်မြေမှာ နေကြတာပေါ့။ ထိုရွာသားတွေအတွက် ဘဝဟာ ခက်ခဲကြမ်းတမ်းလှပါတယ်။ ဘာ လို့လဲဆိုတော့ သူတို့က နော်မန်မူးမတ်တွေကို ငွေကြေးပေးရတာနဲ့ ဘုရား ကျောင်းကို စားစရာရိက္ခာတွေ ပေးရတာနဲ့ပဲ ဆင်းရဲမွဲတေနေကြရသတဲ့။
part of pack

Are you sure you want to continue?

You already have this product in My Books

You have already Subscribed to this package