စာအုပ်များ

ရှာဖွေခြင်း

  • အမျိုးအစားများ

  • စာအုပ်များ
  • ဂျာနယ်များ
  • မဂ္ဂဇင်းများ
  • ဝန်ဆောင်မှု

  • စာအုပ်ဝန်ဆောင်မှု
  • ဂျာနယ်ဝန်ဆောင်မှု
  • အမျိုးအစား

  • စာအုပ်များ
  • အက်ရှင်၊ စွန့်စားခန်း နှင့် ထိတ်လန့်ဖွယ်ရာ
  • အနုပညာနှင့် သရော်စာ
  • အထ္တုပ္ပတိ နှင့် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ
  • စီးပွားရေးနှင့် အလုပ်အကိုင်
  • ဖက်ရှင်
  • သမိုင်းနှင့် ဘူမိဘေတ
  • သိပ္ပံနှင့် နည်းပညာ
  • သုတစာပေ
  • အခြား
  • ကဗျာ
  • နိုင်ငံရေးနှင့် လူမှုသိပ္ပံ
  • အချစ်ဝတ္ထု
  • အားကစားနှင့် ကျန်းမာရေး
  • ခရီးသွားခြင်းနှင့် အစားအစာ
  • ဂျာနယ်များ
  • မော်တော်ယာဉ်များ
  • စီးပွားရေးနှင့် အလုပ်အကိုင်
  • လက်မှုပညာနှင့် ဝါသနာ
  • မှုခင်း
  • ဖျော်ဖြည်ရေး
  • ဖက်ရှင်နှင့် နေထိုင်မှုပုံစံ
  • အစားအသောက်
  • သတင်းအချက်အလက်နှင့် နည်းပညာ
  • လျှို့ဝှက်ဆန်းကြယ် နှင့် သည်းထိတ်ရင်ဖို
  • အားကစား
  • မဂ္ဂဇင်းများ
  • မော်တော်ယာဉ်များ
  • စီးပွားရေးနှင့် အလုပ်အကိုင်
  • လက်မှုပညာနှင့် ဝါသနာ
  • မှုခင်း
  • ဖျော်ဖြည်ရေး
  • ဖက်ရှင်နှင့် နေထိုင်မှုပုံစံ
  • အစားအသောက်
  • သတင်းအချက်အလက်နှင့် နည်းပညာ
  • လျှို့ဝှက်ဆန်းကြယ် နှင့် သည်းထိတ်ရင်ဖို
  • အားကစား
  • ဈေးနှုန်း

  • အောက် 50KS
  • 50KS - 100KS
  • 100KS - 500KS
  • 500KS - 1000KS
  • 1000KS & အပေါ်
  • နှုန်းထား

  • အပြီးပေးချေခြင်း။
  • အငှား
  • အခမဲ့
  • စာအုပ်ဘာသာစကား

  • အင်္ဂလိပ်
  • မြန်မာ

စာရေးသူအမည်နှင့်ရှာသည်။

စာအုပ် xxx တွေ့ရှိသည်။

ကြည့်ရှုမည့်ပုံစံ:

ကြည့်ရှုမည့်ပုံစံ:

အမျိုးအစား : စာအုပ်များ
ရညး်စားရှိတဲ့အဖွား
ရေးသားသူ: ကျော်မြင့်အေး
Ks
မြန်မြန်ခုန်ချပါ ပထမသူခိုး ။ ။ အိုး ... ရဲတွေရောက်နေပြီကွ။ မြန်မြန် ပြတင်းပေါက်ကနေ ခုန်ချ။ ဒုတိယသူခိုး ။ ။ ဟ ... တို့ရောက်နေတာ ဆယ့်သုံးထပ်နော်။ ပထမသူခိုး ။ ။ မြန်မြန်လုပ်စမ်းပါ။ အယူသီးဖို့ အချိန်မရှိဘူးကွ။
part of pack
မှဲ့ကြည့်နည်း
ရေးသားသူ: ကျော်ခိုင်
Ks
မှဲ့စလွယ် … ဤနေရာတွင် မှဲ့စလွယ်နှင့်ပတ်သက်၍ သိရှိနိုင်ရန် အနည်းငယ် ရှင်းဦးအံ့။ မှဲ့စလွယ်ကား များသောအားဖြင့် ယောက်ျားများတွင်သာ ပေါက်လေ့ရှိပြီး မိန်းမများတွင် ပေါက်သည်ဟူ၍ ကျွနု်ပ်အနေနှင့် မကြားဖူး မလေ့လာဖူးပေ။ မှဲ့စလွယ်ဆိုသည်မှာ လူ၏ကိုယ်ခန္ဓာပေါ်တွင် စလွယ်သိုင်းထား သကဲ့သို့ မှဲ့များ စီတန်းညီညာစွာဖြင့် ပေါက်နေသောကြောင့် မှဲ့စလွယ်ဟု ခေါ်၏။ ကျွနု်ပ်၏ လေ့လာခဲ့သော အတွေ့အကြံုတစ်လျှောက်လုံးတွင် မှဲ့စလွယ်ပေါက်သူတစ်ဦးကိုသာ တွေ့ဖူးရာ ၎င်းမှာ ချမ်းသာကြွယ်ဝသော မိသားစုမှ မွေးဖွားလာသူတစ်ဦးဖြစ်ခြင်း၊ စာပေပညာတွင်လည်း ထူးချွန် သူဖြစ်ခြင်း၊ ၎င်းဝါသနာပါသော အားကစားဘက်တွင်လည်း ထူးချွန်သူဖြစ်ခြင်းနှင့် ကျောင်းမှဘွဲ့ရပြီး လုပ်ငန်းခွင်သို့ ၀င်ရောက် အမှုထမ်းရာတွင်လည်း သြဇာရှိသောနေရာတွင် လုပ်ဆောင်ရခြင်းတို့ဖြင့် အဆင့်အတန်း မြင့်မားစွာ နေထိုင်လုပ်ကိုင်ရခြင်းနှင့် စိတ်နေသဘောထားပါ ကောင်းမွန်ခြင်းတို့နှင့် ပြည့်စုံသောကြောင့် ထူးခြားသည့် ကောင်းကျိုးပေးသည့် မှဲ့အမျိုးအစားပင်ဖြစ်ကြောင်းကို ကိုယ်တွေ့ လေ့လာတွေ့ရှိရပါသည်။မှဲ့စလွယ် … ဤနေရာတွင် မှဲ့စလွယ်နှင့်ပတ်သက်၍ သိရှိနိုင်ရန် အနည်းငယ် ရှင်းဦးအံ့။ မှဲ့စလွယ်ကား များသောအားဖြင့် ယောက်ျားများတွင်သာ ပေါက်လေ့ရှိပြီး မိန်းမများတွင် ပေါက်သည်ဟူ၍ ကျွနု်ပ်အနေနှင့် မကြားဖူး မလေ့လာဖူးပေ။ မှဲ့စလွယ်ဆိုသည်မှာ လူ၏ကိုယ်ခန္ဓာပေါ်တွင် စလွယ်သိုင်းထား သကဲ့သို့ မှဲ့များ စီတန်းညီညာစွာဖြင့် ပေါက်နေသောကြောင့် မှဲ့စလွယ်ဟု ခေါ်၏။ ကျွနု်ပ်၏ လေ့လာခဲ့သော အတွေ့အကြံုတစ်လျှောက်လုံးတွင် မှဲ့စလွယ်ပေါက်သူတစ်ဦးကိုသာ တွေ့ဖူးရာ ၎င်းမှာ ချမ်းသာကြွယ်ဝသော မိသားစုမှ မွေးဖွားလာသူတစ်ဦးဖြစ်ခြင်း၊ စာပေပညာတွင်လည်း ထူးချွန် သူဖြစ်ခြင်း၊ ၎င်းဝါသနာပါသော အားကစားဘက်တွင်လည်း ထူးချွန်သူဖြစ်ခြင်းနှင့် ကျောင်းမှဘွဲ့ရပြီး လုပ်ငန်းခွင်သို့ ၀င်ရောက် အမှုထမ်းရာတွင်လည်း သြဇာရှိသောနေရာတွင် လုပ်ဆောင်ရခြင်းတို့ဖြင့် အဆင့်အတန်း မြင့်မားစွာ နေထိုင်လုပ်ကိုင်ရခြင်းနှင့် စိတ်နေသဘောထားပါ ကောင်းမွန်ခြင်းတို့နှင့် ပြည့်စုံသောကြောင့် ထူးခြားသည့် ကောင်းကျိုးပေးသည့် မှဲ့အမျိုးအစားပင်ဖြစ်ကြောင်းကို ကိုယ်တွေ့ လေ့လာတွေ့ရှိရပါသည်။
part of pack
တစ်ပိုင်တစ်နိုင် မှိုစိုက်ပျိုးနည်း
ရေးသားသူ: အောင်ဝင်းထွဋ်
Ks
ကောက်ရိုးမှိုစိုက်ပျိုးခြင်း (က) မှိုမျိုးပြုလုပ်ခြင်း ကောက်ရိုးမှိုစိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းမှုရှိရန် မှိုမျိုးကောင်းများ လိုအပ်ပေသည်။ စိုက်ပျိုးမှုအောင်မြင် ဖြစ်ထွန်းရန်မှာ လတ်ဆတ်ပြည့်ဝကောင်းမွန်သောမှိုမျိုး၊မှိုထည့်ရန် ကောက်ရိုးပုံ စနစ်တကျပြုလုပ်ခြင်း၊ သင့်တော်လုံလောက်သော ရေဓာတ်ပေးခြင်း စသည့်အချက်များပေါ်တွင် မူတည်သည်။ ပထမဦးစွာမှိုအလင်(Stock Culture)များ ပြုလုပ်ရန်လိုအပ်သည်။ သန့်ရှင်းစွာရှိအောင် မွေးမြူထား သော မှိုမျိုးအလင်ကို ဖန်ပုလင်း (Test tube) ထဲ၌သြဇာဓာတ်များရောထားသော ကျောက်ကျောများ ပေါ်တွင် မွေးရမည်။ သြဇာဓာတ်ပြုလုပ်ရန်လိုအပ်သောပစ္စည်းများမှာ အာလူး၊ ဆေးသကြား၊ ကျောက်ကျော၊ ရေ (ပေါင်းခံရေ၊မိုးရေဖြစ်ပါက ပိုကောင်းသည်။) စမ်းသပ်ဖန်ပြွန်(မီးအပူခံနိုင်ပြီးအရှည် ၆ လက်မခန့်)၊ ဂွမ်း(ဖန်ပြွန်အစိုပြုလုပ်ရန်)၊ဓား(ဓာတ်ခွဲခန်းသုံးဓား ဖြစ်ပါကပို၍ သင့်တော်)၊ ပူလွယ်အေး လွယ်သောအပ်(မျိုးကူးအပ်)၊ ဇာဂနာ(ထိပ်အနည်းငယ်ပြားနေသော)၊ဖန်ပန်းကန်ပြား(အဖုံးပါ)၊ ဖန်ခွက် (မှိုငုံကိုဆေးကြောရန်)၊အရက်ပျံ(ပိုးသန့်စေရန်ဆေးကြောရာတွင် အသုံးပြုရန်) ၊ သြဇာဓာတ်ထည့်ထားသော ဖန်ပုလင်းများ တစ်စောင်းလှဲ၍အအေးခံနိုင်ရန်သစ်သားဗန်း၊ ပေါင်းအိုးထဲတွင် ဖန်ပြွန်များကိုထောင်၍စီပြီး ထည့်ရန် သံခြင်း၊ ဂွမ်းစို့များကိုပတ်ရန် စက္ကူ၊သားရေကွင်း၊ဒန်အိုး၊အာလူးပြုတ်များကိုစစ်ရန်ပိတ်စိမ်းပါး၊ ကတော့၊ ရော်ဘာပိုက်၊အရက်ပျံမီးခွက်၊ ပေါင်းအိုး၊ ရော်ဘာပိုက်ကို ညှပ်ထားရန် ညှပ်၊မျိုးကူး မှန်အိမ်ငယ်များ လိုအပ်သည်။ လိုအပ်သော ပစ္စည်းများစုဆောင်းပြီးပါကသြဇာဓာတ်(အာဟာရ)ပြုလုပ်ရန်အဆင် သင့်ဖြစ်နေပြီ ဖြစ်သည်။
part of pack
ပန်းမာလာ တစ်နိုင် စိုက်ပျိုးနည်း
ရေးသားသူ: အောင်ဝင်းထွဋ်
Ks
မေမြို့ပန်းစိုက်ပျိုးခြင်း ရေမြေရာသီဥတု - နေရာအနှံ့အပြားတွင်စိုက်ပျိုးနိုင်သည်။ မိုးရာသီတွင်ကုန်းမြေများ၌လည်းကောင်း၊ ဆောင်းရာသီတွင်ခဲမြေများ၌လည်းကောင်းစိုက်ပျိုးနိုင်ပါသည်။ ကုန်းမြေမှာ မြေနီ၊ မြေဝါနှင့်သဲနုန်းမြေအမျိုးအစားဖြစ်သည်။ ခဲမြေ မှာအစိုဓာတ်များသည့် သစ်ဆွေးပုပ်မြေ များဖြစ်ပြီးအချို့နေရာများတွင် မြေအောက်(၂-၃)အထိ ရေဝပ်မြေများဖြစ်သည်။ စိုက်ပျိုးခြင်း - စိုက်ပျိုးရာတွင်ပျိုးထောင်၍ ရွှေ့ပြောင်း စိုက်ပျိုးခြင်းနှင့်တိုက်ရိုက်ပက်ကြဲစိုက်ပျိုးြ ခင်းဟူ၍ (၂)မျိုး စိုက်ပျိုးနိုင်သည်။ ပျိုးထောင်၍ ရွှေ့ပြောင်းစိုက်ပုံ မှာသစ်သားဗန်းကို အောက်မှ အပေါက်ကလေးများဖောက်ပေးပြီး အုတ်ခဲကျိုးကလေးများကို၁လက်မခန့်အထူရရှိအောင်ထည့်ပေးရမည်။ ထို့နောက်သဲနှင့်မြေဆွေးတစ်ဆစီ ရောစပ်ထည့်ပေးပြီး မျိုးစေ့များကိုအတန်းလိုက်ချပေးပါ။ မျိုးစေ့များ ချပြီးပါက မြေသားနုနုကလေးများ ဖုံးအုပ်ပေးရမည်။ ပျိုးထောင်ရာတွင် အောက်တိုဘာလတွင် ပျိုးထောင်ပြီး ၄၅ရက်၊ အပင်ကလေးများ၃ လက်မခန့်ရှိသောအခါ ပြောင်းရွှေ့စိုက်ပျိုးနိုင်သည်။ ပျိုးပင်ကလေးများ နုတ်ယူရာတွင် အပင်ရှင်သန်မှုရှိစေရန်အမြစ်၌ မြေသား(မြေလုံး)ကပ်၍ပါလာစေ ရန်ဂရုစိုက်ရမည်။ စိုက်ပျိုး ဘောင်ကိုမူအကျယ်(၄)ပေ၊အလျား သင့်တော်သလို၊အမြင့်၁ ပေခွဲခန့်ပြုလုပ်သင့်သည်။ စိုက်ပျိုးသည့်အခါ ပျိုးပင်တစ်ပင်လျှင် နွားချေးလက်တစ်ဆုပ်စာခန့်ထည့်ပေးရမည်။ စိုက်ပျိုးပြီးသောအခါ ရေနိုင်နိုင်လောင်း ပေးရန်လိုအပ်သည်။ စိုက်ပျိုးမည့်မြေမှာ မြေစေးဖြစ်နေပါကသဲ၃၀%၊နွားချေး၊ မြေဆွေး ၄၀% ရော၍ ထည့်ပေး ရမည်။ (ဤပျိုးထောင်စိုက်ပျိုးစနစ်မှာ ဆောင်းရာသီ စိုက်ပျိုးခြင်းနှင့် ခဲမြေများတွင် စိုက်ပျိုးခြင်းတို့ နှင့်သာ သင့်တော်သည်။)
part of pack
မင်းခေါင်ကြီး
ရေးသားသူ: ဟံသာဝတီဦးဘရင်
Ks
ထိုမင်းခေါင်ကြီး အတ္ထုပ္ပတ္တိကို ကြည့်ရှုမှတ်သားကြသော အမျိုးသား အမျိုးသမီးတို့၌ (၁) မြင့်မြတ်သော ဇာတိသွေး ဇာတိမာန်ကို ဖြစ်စေနိုင်ခြင်း၊ (၂) ပညာရှိတို့ ဆိုဆုံးမသော စကားတို့ကို မှတ်သားနာယူရသဖြင့် မိမိတို့ကိုယ်ကို ဆင်ခြင်စောင့်ထိန်းကာ ပြုလုပ်နေထိုင်ရတတ်ခြင်း၊ (၃) မိမိတို့၏ အမျိုးဘာသာ သာသနာကို မည်ကဲ့သို့ ကြီးပွားတိုးတက်အောင် ကြံဆောင်ပြုလုပ်ရမည်ကို သိရခြင်း၊ (၄) မိမိ၏ အမျိုးနှင့် စပ်လျဉ်း၍လာလျှင် စွန့်စားလိုသော စိတ်များပေါ်ထွက်၍ လာခြင်း၊ (၅) နှလုံးရည်ကို မည်ကဲ့သို့သော နေရာ၌ သုံးရသည်၊ လက်ရုံးရည်ကို မည်ကဲ့သို့သော နေရာ၌ သုံးရသည်တို့ကို သိရခြင်းစသော ကျေးဇူးတို့နှင့် ပြည့်စုံနိုင် ပေ၏။ ထို့ကြောင့် ဖော်ပြပါ ကျေးဇူးတို့နှင့် ပြည့်စုံလိုသော အမျိုးကောင်းသားသမီးတို့သည် ဤ “မင်းခေါင်ကြီး” ၏ အတ္ထုပ္ပတ္တိကို စဆုံး ဥဿံုကြည့်ရှုမှတ်သားကာ မိမိတို့၏ အမျိုးဘာသာသာသနာကို ရောင်ဝါတောက်ပအောင် ဆောင်ကြဉ်းနိုင်ကြပါ စေခလို။ ဟံသာဝတီဦးဘရင်ထိုမင်းခေါင်ကြီး အတ္ထုပ္ပတ္တိကို ကြည့်ရှုမှတ်သားကြသော အမျိုးသား အမျိုးသမီးတို့၌ (၁) မြင့်မြတ်သော ဇာတိသွေး ဇာတိမာန်ကို ဖြစ်စေနိုင်ခြင်း၊ (၂) ပညာရှိတို့ ဆိုဆုံးမသော စကားတို့ကို မှတ်သားနာယူရသဖြင့် မိမိတို့ကိုယ်ကို ဆင်ခြင်စောင့်ထိန်းကာ ပြုလုပ်နေထိုင်ရတတ်ခြင်း၊ (၃) မိမိတို့၏ အမျိုးဘာသာ သာသနာကို မည်ကဲ့သို့ ကြီးပွားတိုးတက်အောင် ကြံဆောင်ပြုလုပ်ရမည်ကို သိရခြင်း၊ (၄) မိမိ၏ အမျိုးနှင့် စပ်လျဉ်း၍လာလျှင် စွန့်စားလိုသော စိတ်များပေါ်ထွက်၍ လာခြင်း၊ (၅) နှလုံးရည်ကို မည်ကဲ့သို့သော နေရာ၌ သုံးရသည်၊ လက်ရုံးရည်ကို မည်ကဲ့သို့သော နေရာ၌ သုံးရသည်တို့ကို သိရခြင်းစသော ကျေးဇူးတို့နှင့် ပြည့်စုံနိုင် ပေ၏။ ထို့ကြောင့် ဖော်ပြပါ ကျေးဇူးတို့နှင့် ပြည့်စုံလိုသော အမျိုးကောင်းသားသမီးတို့သည် ဤ “မင်းခေါင်ကြီး” ၏ အတ္ထုပ္ပတ္တိကို စဆုံး ဥဿံုကြည့်ရှုမှတ်သားကာ မိမိတို့၏ အမျိုးဘာသာသာသနာကို ရောင်ဝါတောက်ပအောင် ဆောင်ကြဉ်းနိုင်ကြကပါ စေခလို။ ဟံသာဝတီဦးဘရင်
part of pack
ကိုယ်တွေ့လွတ်လပ်ရေးတိုက်ပွဲ
ရေးသားသူ: သခင်တင်
Ks
သီတင်းကျွတ်လထုတ် အိုးဝေအတွက် ရည်မှန်းလျက် “နိဗ္ဗာန်နှင့်နိဗ္ဗာန် အာရုံ”ခေါင်းစဉ်ဖြင့် ဆောင်းပါတစ်ပုဒ် ရေးသားပေးပို့လိုက်ရာ အိုးဝေအမှတ်-၄ တွင် ဖော်ပြသည်ကို တွေ့လိုက်ရပါသည်။ ထိုကဲ့သို့ ကျွန်တော်ရေးသားပေးပို့သောဆောင်းပါးကို အိုးဝေ၌ ထည့်သွင်းဖော်ပြခဲ့သော်လည်း မောင်သုမန၏ စိတ်ပေါက်ကို တိုးမိဟန် မတူပါ။ အဘယ်ကြောင့်ဆိုသော် “ခင်ဗျား၏ ဘာသာရေးဆောင်းပါးမှာ သူ့အခါနှင့်သူ ကောင်းပါ၏။ သို့သော် ခင်ဗျား၏ နိုင်ငံရေးသက်တမ်းတစ်လျှောက်၌ တွေ့ကြံုခဲ့ရသော ကိုယ်တွေ့နိုင်ငံရေးများကို ရေးသားပေးပို့ခဲ့ပါလျှင်လည်း တစ်မျိုးကောင်းပါလိမ့်မည်” ဟူသော သွန်သင်လမ်းပြခြင်းသဘော သက်ရောက်သည့် နားပူနားဆာပြုမှုများ ဆက်လက်၍ ပေါ်လာသောကြောင့်ပင် ဖြစ်ပါ၏။ ကိုယ်တွေ့ နိုင်ငံရေးကိုရေးလျှင် မိမိကိုယ်ကို အရင်းခံထား၍ ရေးရပေမည်။ ဤကဲ့သို့ရေးရန် ရှေးအထက်က ရှက်စနိုးသဖြင့် အကြိမ်ကြိမ် ပျက်ခဲ့ဖူးလေပြီ။ ယခုအကြိမ် မောင်သုမနက တိုက်တွန်းရာတွင်လည်း ထို ရှက်စနိုးစိတ်များ ထပ်ကာထပ်ကာ ပေါ်လာကြပါသေးသည်။သီတင်းကျွတ်လထုတ် အိုးဝေအတွက် ရည်မှန်းလျက် “နိဗ္ဗာန်နှင့်နိဗ္ဗာန် အာရုံ”ခေါင်းစဉ်ဖြင့် ဆောင်းပါတစ်ပုဒ် ရေးသားပေးပို့လိုက်ရာ အိုးဝေအမှတ်-၄ တွင် ဖော်ပြသည်ကို တွေ့လိုက်ရပါသည်။ ထိုကဲ့သို့ ကျွန်တော်ရေးသားပေးပို့သောဆောင်းပါးကို အိုးဝေ၌ ထည့်သွင်းဖော်ပြခဲ့သော်လည်း မောင်သုမန၏ စိတ်ပေါက်ကို တိုးမိဟန် မတူပါ။ အဘယ်ကြောင့်ဆိုသော် “ခင်ဗျား၏ ဘာသာရေးဆောင်းပါးမှာ သူ့အခါနှင့်သူ ကောင်းပါ၏။ သို့သော် ခင်ဗျား၏ နိုင်ငံရေးသက်တမ်းတစ်လျှောက်၌ တွေ့ကြံုခဲ့ရသော ကိုယ်တွေ့နိုင်ငံရေးများကို ရေးသားပေးပို့ခဲ့ပါလျှင်လည်း တစ်မျိုးကောင်းပါလိမ့်မည်” ဟူသော သွန်သင်လမ်းပြခြင်းသဘော သက်ရောက်သည့် နားပူနားဆာပြုမှုများ ဆက်လက်၍ ပေါ်လာသောကြောင့်ပင် ဖြစ်ပါ၏။ ကိုယ်တွေ့ နိုင်ငံရေးကိုရေးလျှင် မိမိကိုယ်ကို အရင်းခံထား၍ ရေးရပေမည်။ ဤကဲ့သို့ရေးရန် ရှေးအထက်က ရှက်စနိုးသဖြင့် အကြိမ်ကြိမ် ပျက်ခဲ့ဖူးလေပြီ။ ယခုအကြိမ် မောင်သုမနက တိုက်တွန်းရာတွင်လည်း ထို ရှက်စနိုးစိတ်များ ထပ်ကာထပ်ကာ ပေါ်လာကြပါသေးသည်။
part of pack
ကလေးတို့သိမှတ်ဖွယ်ရာ ကမ္ဘာ့ပုဂ္ဂိုလ်ထူးများ
ရေးသားသူ: မောင်ခေတ်ထွန်း
Ks
ဟစ်တလာ Hitler သည် မည်သူနည်း။ ... ဟစ်တလာသည် ၁၉၃၃ ခုနှစ်တွင် ဂျာမနီအစိုးရ၏ အဆင့်အမြင့်ဆုံးပုဂ်္ဂိုလ် ဖြစ်သည်။ ဟစ်တလာကို ၁၈၈၉ ခုနှစ်တွင် သြစတြီးယားနိုင်ငံ၌ မွေးဖွားသည်။ သူသည် အစွန်းရောက် လက်ယာ နာဇီနိုင်ငံရေးပါတီ၏ ခေါင်းဆောင်ဖြစ်လာခဲ့သည်။ သူ့အဓိက ရည်ရွယ်ချက်မှာ ကမ္ဘာပေါ်တွင် ဂျာမနီနိုင်ငံကို အင်အား အတောင့်တင်းဆုံးနိုင်ငံ ဖြစ်အောင် ပြုလုပ်ရန် ဖြစ်သည်။ သူသည် ဂျူးလူမျိုးများနှင့် တခြားလူမျိုးများကို ဂျာမနီနိုင်ငံမှ မောင်းထုတ်ချင်သည့် ဆန္ဒပြင်းပြသူ ဖြစ်သည်။ ထို့ကြောင့် ၁၉၃၄ ခုနှစ်တွင် သူသည် သူ့နိုင်ငံတွင်းမှ ဂျူးနှင့် လူမျိုးခြားများကို စတင် ဖိနှိပ် နှိပ်စက်ခဲ့သည်။ ဂျူးလူမျိုးများနှင့် လူမျိုးခြားများသည် သူတို့အလုပ်နှင့် လုပ်ငန်းများကို စွန့်လွှတ်ခဲ့ကြရသည်။ နောက်ပိုင်းတွင် သူတို့သည် စခန်းများသို့ အပို့ခံခဲ့ကြရသည်။ ယင်းစခန်းများတွင် ပြည်သူလူထု ၆ သန်းကျော် အသတ်ခံခဲ့ကြရသည်။ ၁၉၄၅ ခုနှစ်တွင် စစ်ရှုံးပြီးနောက် ဟစ်တလာသည် မိမိကိုယ်ကို သတ်သေသွားသည်။ဟစ်တလာ Hitler သည် မည်သူနည်း။ ... ဟစ်တလာသည် ၁၉၃၃ ခုနှစ်တွင် ဂျာမနီအစိုးရ၏ အဆင့်အမြင့်ဆုံးပုဂ်္ဂိုလ် ဖြစ်သည်။ ဟစ်တလာကို ၁၈၈၉ ခုနှစ်တွင် သြစတြီးယားနိုင်ငံ၌ မွေးဖွားသည်။ သူသည် အစွန်းရောက် လက်ယာ နာဇီနိုင်ငံရေးပါတီ၏ ခေါင်းဆောင်ဖြစ်လာခဲ့သည်။ သူ့အဓိက ရည်ရွယ်ချက်မှာ ကမ္ဘာပေါ်တွင် ဂျာမနီနိုင်ငံကို အင်အား အတောင့်တင်းဆုံးနိုင်ငံ ဖြစ်အောင် ပြုလုပ်ရန် ဖြစ်သည်။ သူသည် ဂျူးလူမျိုးများနှင့် တခြားလူမျိုးများကို ဂျာမနီနိုင်ငံမှ မောင်းထုတ်ချင်သည့် ဆန္ဒပြင်းပြသူ ဖြစ်သည်။ ထို့ကြောင့် ၁၉၃၄ ခုနှစ်တွင် သူသည် သူ့နိုင်ငံတွင်းမှ ဂျူးနှင့် လူမျိုးခြားများကို စတင် ဖိနှိပ် နှိပ်စက်ခဲ့သည်။ ဂျူးလူမျိုးများနှင့် လူမျိုးခြားများသည် သူတို့အလုပ်နှင့် လုပ်ငန်းများကို စွန့်လွှတ်ခဲ့ကြရသည်။ နောက်ပိုင်းတွင် သူတို့သည် စခန်းများသို့ အပို့ခံခဲ့ကြရသည်။ ယင်းစခန်းများတွင် ပြည်သူလူထု ၆ သန်းကျော် အသတ်ခံခဲ့ကြရသည်။ ၁၉၄၅ ခုနှစ်တွင် စစ်ရှုံးပြီးနောက် ဟစ်တလာသည် မိမိကိုယ်ကို သတ်သေသွားသည်။
part of pack
ဘားမယ်ကြွေ
ရေးသားသူ: တင်တင်ကြီး
Ks
တစ်ခေတ်တစ်ခါတုန်းက မြန်မာအမျိုးသမီးတို့၏ ဂုဏ်ကို ဆောင်ပြနိုင်သော အမျိုးသမီး အနုပညာရှင်တစ်ဦး၊ ယင်းသို့ ဆင်းရဲညှိုးငယ်ရှိနေရသည်မှာ ၀မ်းနည်းဖွယ်ဖြစ်ပါသည်။ အမေကြွေသည် တစ်ခေတ်တစ်ခါတုန်းက ဘားမယ်ကြွေ အဖြစ်နှင့် ဂုဏ်ရောင်မြင့်၍ တင့်တယ်ခဲ့ပါသည်။ မြန်မာအမျိုးသမီးများ ခြေသလုံးပေါ်အောင်ပင် ခပ်မြန်မြန် လှမ်းမသွားဝံ့လှဘဲ ကြွကြွရွရွ ဖွဖွကလေး လှမ်းသွားနေကြသော ခေတ်ထဲတွင် ဘားမယ်ကြွေသည် ကျွမ်းပစ်၍ ပြခဲ့ပါသည်။ ခုန်ပျံလှုပ်ရှားကစား၍ ပြသခဲ့ပါသည်။ အမျိုးသမီးများကို အလှကြည့်ပစ္စည်းလို သတ်မှတ်ခြင်းခံနေကြရသည်မှ ပြောင်းလဲတော်လှန်သူတို့တွင် ဘားမယ်ကြွေလည်း ပါ၀င်သည်ဟု ဆိုရပါသည်။တစ်ခေတ်တစ်ခါတုန်းက မြန်မာအမျိုးသမီးတို့၏ ဂုဏ်ကို ဆောင်ပြနိုင်သော အမျိုးသမီး အနုပညာရှင်တစ်ဦး၊ ယင်းသို့ ဆင်းရဲညှိုးငယ်ရှိနေရသည်မှာ ၀မ်းနည်းဖွယ်ဖြစ်ပါသည်။ အမေကြွေသည် တစ်ခေတ်တစ်ခါတုန်းက ဘားမယ်ကြွေ အဖြစ်နှင့် ဂုဏ်ရောင်မြင့်၍ တင့်တယ်ခဲ့ပါသည်။ မြန်မာအမျိုးသမီးများ ခြေသလုံးပေါ်အောင်ပင် ခပ်မြန်မြန် လှမ်းမသွားဝံ့လှဘဲ ကြွကြွရွရွ ဖွဖွကလေး လှမ်းသွားနေကြသော ခေတ်ထဲတွင် ဘားမယ်ကြွေသည် ကျွမ်းပစ်၍ ပြခဲ့ပါသည်။ ခုန်ပျံလှုပ်ရှားကစား၍ ပြသခဲ့ပါသည်။ အမျိုးသမီးများကို အလှကြည့်ပစ္စည်းလို သတ်မှတ်ခြင်းခံနေကြရသည်မှ ပြောင်းလဲတော်လှန်သူတို့တွင် ဘားမယ်ကြွေလည်း ပါ၀င်သည်ဟု ဆိုရပါသည်။
part of pack
နန်းတော်ရှေ့ဆရာတင်
ရေးသားသူ: ဦးသော်ဇင်
Ks
နေကား ၀င်လုနီးပြီ။ ၀င်လုနီး နေရောင်ဖျော့ဖျော့တွင် တောတန်းကြီးသည် ညိုဆိုင်းရီမှောင်သော တောင်ခြေ၌ ပန်းချီကျော်တို့၏ လက်ရာလို ရှုမငြီးအောင် အသရေဆောင်၍ နေလေသည်။ ထိုအချိန် ထိုကာလ၌ အဘယ်က ပေါ်လာသည် မသိ။ ပလွေကလေးတစ်သံသည် နိမ့်လိုက် မြင့်လိုက်နှင့် လွမ်းစရာကောင်းအောင် ပေါ်လာလေသည်။ ဒေသ၌ ရခိုင်ပြည်နယ် ဘူးသီးတောင်အရပ်ဖြစ်၏။ ပလွေသံရှင်က မောင်တင်ဖြစ်လေသည်။ ထိုညနေက ကြားရသော ပလွေသံသည် နောင်အခါ၌ ဗမာတစ်ပြည်လုံးတွင် ပဲ့တင်ထပ်၍ သွားခဲ့သည်။ ပလွေရှင်သည်လည်း “နန်းတော်ရှေ့ဆရာတင်” ဟူသော အမည်ဖြင့် နှစ်ပေါင်းများစွာ နိုင်ငံကျော်ခဲ့လေ၏။ နန်းတော်ရှေ့ ဆရာတင်ကား မည်သူနည်း။ **
part of pack
ရှင်စောပု
ရေးသားသူ: မြဒေါင်းရင်
Ks
၁။ ။ ဇာတိတော် သက္ကရာဇ် ရ၁၁ ခုနှစ်တွင် ဆင်ဖြူရှင်ဗညားဦးသည် မုတ္တမမြို့မှ ပြောင်းရွှေ့၍ ဟံသာဝတီကို မင်းနေပြည်ဖန်ဆင်းစံနေတော်မူ၏။ ဆင်ဖြူရှင်တွင် မိဖုရားငါးဦးရှိရာ ထိုငါးဦးအနက် မိဖုရားသီရိမာတွင် ဖွားမြင်တော်မူသော ငယ်မည်ဗသုံပန်း စက်ဗညားနွဲ့သည် ဆင်ဖြူရှင်ကံကုန်တော်မူသောအခါ ရာဇာဓိရာဇ်ဘွဲ့တော်ကိုခံယူ၍ ဟံသာဝတီကို သိမ်းပိုက်အုပ်စိုးတော်မူ၏။ ရာဇာဓိရာဇ်တွင်ကား အိမ်နိမ့်စံစဉ်က စုံဖက်ခဲ့သော ကြင်ယာတော်၊ တလမည်ဒေါ၊ သူပုန်မင်းသားဘဝနှင့် ဒဂုန်တွင်စုံဖက်သော မွေမနိပ်ပီယ ရာဇာဒေဝီ၊ အထွဋ်အမြတ်သို့ရောက်မှ စုံဖက်သော မိဖုရား သုဒ်္ဓိမာယာဟု သုံးဆက်ရှိသည့်အနက် မိဖုရား သုဒ်္ဓိမာယာတွင် သားတော်နှစ်ပါး၊ သမီးတော်တစ်ပါး ဖွားမြင်တော်မူရာ သမီးတော်ကို “သခင်ကျော်ဘို့” ဟု အမည်တော် မှည့်ခေါ်ပေ၏။ “သခင်ကျော်ဘို့” သည် ရှင်စောပုပင်ဖြစ်၏။ * သက္ကရာဇ် ရ၅၅ ခု တပို့တွဲလဆန်း ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်တော်မူ၍ အရည်အသွေး လှလှနှင့် အသားအရောင်ဖြူဖြူဝင်းဝင်းရှိသောကြောင့် ရာဇာဓိရာဇ်၏ အရီးတော်၊ မဟာဒေဝီ မင်းသမီး ပျိုကြီးက ယုယ မြတ်နိုးစွာနှင့် မွန်အခေါ်အားဖြင့် (တခင်စဲဖောံ)၊မြန်မာအသံနှင့် “သခင်ကျော်ဘို့” ဟု မှည့်ခေါ်တော်မူသည်ဖြစ်ရာ (မြေးဖြူမ) ဟု မြန်မာလို အဓိပ္ပာယ်ရလေသည်။ ဘွားဧငယ်မဟာဒေဝီ၏ ယုယခြင်းအားဖြင့်သာ ကြီးပြင်းခဲ့ပြီး သက်တော်ဆယ့်နှစ်နှစ်အရွယ်တွင် မဟာဒေဝီကံကုန်လျှင် မဟာဒေဝီ အပိုင်စားသော ဒဂုန်မြို့ကိုပင် အပိုင်စားရ၍ ဒဂုန်၌ပင် စံနေပေ၏။၁။ ။ ဇာတိတော် သက္ကရာဇ် ရ၁၁ ခုနှစ်တွင် ဆင်ဖြူရှင်ဗညားဦးသည် မုတ္တမမြို့မှ ပြောင်းရွှေ့၍ ဟံသာဝတီကို မင်းနေပြည်ဖန်ဆင်းစံနေတော်မူ၏။ ဆင်ဖြူရှင်တွင် မိဖုရားငါးဦးရှိရာ ထိုငါးဦးအနက် မိဖုရားသီရိမာတွင် ဖွားမြင်တော်မူသော ငယ်မည်ဗသုံပန်း စက်ဗညားနွဲ့သည် ဆင်ဖြူရှင်ကံကုန်တော်မူသောအခါ ရာဇာဓိရာဇ်ဘွဲ့တော်ကိုခံယူ၍ ဟံသာဝတီကို သိမ်းပိုက်အုပ်စိုးတော်မူ၏။ ရာဇာဓိရာဇ်တွင်ကား အိမ်နိမ့်စံစဉ်က စုံဖက်ခဲ့သော ကြင်ယာတော်၊ တလမည်ဒေါ၊ သူပုန်မင်းသားဘဝနှင့် ဒဂုန်တွင်စုံဖက်သော မွေမနိပ်ပီယ ရာဇာဒေဝီ၊ အထွဋ်အမြတ်သို့ရောက်မှ စုံဖက်သော မိဖုရား သုဒ်္ဓိမာယာဟု သုံးဆက်ရှိသည့်အနက် မိဖုရား သုဒ်္ဓိမာယာတွင် သားတော်နှစ်ပါး၊ သမီးတော်တစ်ပါး ဖွားမြင်တော်မူရာ သမီးတော်ကို “သခင်ကျော်ဘို့” ဟု အမည်တော် မှည့်ခေါ်ပေ၏။ “သခင်ကျော်ဘို့” သည် ရှင်စောပုပင်ဖြစ်၏။ * သက္ကရာဇ် ရ၅၅ ခု တပို့တွဲလဆန်း ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်တော်မူ၍ အရည်အသွေး လှလှနှင့် အသားအရောင်ဖြူဖြူဝင်းဝင်းရှိသောကြောင့် ရာဇာဓိရာဇ်၏ အရီးတော်၊ မဟာဒေဝီ မင်းသမီး ပျိုကြီးက ယုယ မြတ်နိုးစွာနှင့် မွန်အခေါ်အားဖြင့် (တခင်စဲဖောံ)၊မြန်မာအသံနှင့် “သခင်ကျော်ဘို့” ဟု မှည့်ခေါ်တော်မူသည်ဖြစ်ရာ (မြေးဖြူမ) ဟု မြန်မာလို အဓိပ္ပာယ်ရလေသည်။ ဘွားဧငယ်မဟာဒေဝီ၏ ယုယခြင်းအားဖြင့်သာ ကြီးပြင်းခဲ့ပြီး သက်တော်ဆယ့်နှစ်နှစ်အရွယ်တွင် မဟာဒေဝီကံကုန်လျှင် မဟာဒေဝီ အပိုင်စားသော ဒဂုန်မြို့ကိုပင် အပိုင်စားရ၍ ဒဂုန်၌ပင် စံနေပေ၏။
part of pack

ဆက်လက်လုပ်ဆောင်ရန်သေချာပါသလား။

ဤဟာသည် ကျွန်ုပ်၏စာအုပ်များ အောက်တွင်ရှိပြီးသားဖြစ်သည်။

ဝန်ဆောင်မှုအားရယူထားပြီးပါပြီ။