Books

filter

  • Categories

  • Books
  • Journals
  • Magazines
  • Pack

  • Book Package
  • journal package
  • genre

  • Books
  • Action, Adventure & Horror
  • Arts & Satire
  • Biography & Autography
  • Business & Economy
  • Fashion
  • History & Geography
  • IT & Science
  • Nonfiction
  • Others
  • Poem
  • Politics & Social Sciences
  • Romance
  • Sports & Health
  • Travel & Cooking
  • Journals
  • Automotive
  • Business & Economy
  • Craft & Hobby
  • Crime
  • Entertainment
  • Fashion & Lifestyle
  • Food & Drink
  • IT & Technology
  • Mystery & Suspense
  • Sports
  • Magazines
  • Automotive
  • Business & Economy
  • Craft & Hobby
  • Crime
  • Entertainment
  • Fashion & Lifestyle
  • Food & Drink
  • IT & Technology
  • Mystery & Suspense
  • Sports
  • price

  • under 50KS
  • 50KS - 100KS
  • 100KS - 500KS
  • 500KS - 1000KS
  • 1000KS & above
  • PRICING PLAN

  • One Time Payment
  • Rental
  • Free
  • BOOK LANGUAGE

  • english
  • myanmar

Search by author name

xxx items found

Show:

Sort by:

category : Books
ဂွမ်းပုံ
By: ဓူဝံ
Ks
အခန်း ၁ စူးအက်တူးမြောင်း၏ ကောင်းမှုကြောင့် မြန်မာ့ဆန်ကို ကမ္ဘာက လက်မလည်အောင် အဝယ်သွက်ကာ မျက်နှာကြီးခဲ့သောအချိန်။ မြန်မာ့ ဆန် မျက်နှာကြီးခဲ့သလို စျေးကောင်းကောင်းရခဲ့သဖြင့် လယ်သမားများ တိုးချဲ့စိုက်ပျိုးကာ မြေပိုင်ရှင်၊ ဓနရှင်လူတန်းစားများ တစ်နေ့တခြား ထွန်းကားလာချိန်။ မော်တော်ကားဆိုလျှင် ရန်ကုန်မြို့တွင်သာ တစ်စီး တလေ တွေ့မြင်ရပြီး တောနေလူထုအဖို့ စက်ယန္တရားတပ်ဆင်ထားသော သတ္တဝါကြီးတစ်ကောင်ဟု ထင်မြင်ယူဆကာ အဆန်းတကြယ်ဖြစ်၍နေချိန်။ လူသတ်လက်နက်ဟူ၍ အစုလိုက် အပြံုလိုက် သေစေသော စက်သေနတ်၊ အမြောက်၊ ဗုံး၊ အဏုမြူ၊ ဟိုက်ဒရိုက်ဂျင် စသည်တို့ကို ကြားပင်မကြားဖူးသေးဘဲ တုတ်၊ ဓား၊ လှံများသာ ရှိနေပြီး နှစ်လုံးပြူးေ သနတ်ကိုပင် ထူးဆန်းသော လူသတ်လက်နက်အဖြစ် ကြောက်ရွံ့ နေကြသောအချိန်။ လေယာဉ်ပျံဆိုသည်မှာ မယ်သီတာကို ဒဿဂီရိ ခိုးယူတင်ဆောင်သွားသော ပန်းရထားမျိုးလားဟူ၍ တွေးတောမှန်းဆ နေချိန်။ တစ်နည်းအားဖြင့်ဆိုသော် လမ်းမကြီး ဖုန်တထောင်းထောင်းနှင့်ဖြစ်နေပြီး လမ်းမပေါ်တွင်လည်း နွားလှည်း၊ မြင်းလှည်းထက် ကြောက် စရာကောင်းသော ယာဉ်ရထားဟူ၍ မရှိချိန်။ (၀ါ) ဓာတ်ဆီဖြင့် မောင်းနှင်သော သေမင်းတမန် မော်တော်ယာဉ်များ ခေတ်မစားသေးသည့်အချိန်။ ထိုအချိန်သည်ကား အမျိုးသမီးများ အကျႌလက်ရှည်ရှည် ဖားဖားကြီးဝတ်သောအချိန်၊ နိုင်လွန်ဆိုသော စကားကို ကြားဖူးဖို့ဝေးစွ၊ ပဒုမ်္မာ ရှံသားကိုပင် လူရှေ့သူရှေ့တွင် မဝတ်ရဲအောင် ရိုးသားပြီး အရှက်အကြောက် ကြီးသောအချိန်။ မည်ရွေ့မည်မျှ ရိုးသားသနည်းဟူမူ အတိတ်တဘောင် စနည်းများကို ဘုရားဟောပမာ ယုံကြည်နေကြသောအချိန်။ မင်းလောင်း ကို မျှော်လင့်နေကြသောအချိန်လည်း ဖြစ်ပေသည်။ ဆိုရှယ်လစ်စီးပွားရေးလောက ဟူသောစကားကို ကြားလည်း မကြားဖူး၊ သိလည်းမသိ။ လယ်ယာစုပေါင်းထွန်ယက်ရေးဆိုသော စကား လည်းမပေါ်သေး။ ကိုယ်တိုင် လယ်ပိုင်ယာပိုင်ဖြစ်ပြီး ဓနရှင်ပေါက်စကလေးတွေဖြစ်ဖို့အရေး ချစ်တီးများထံမှ ငွေချေးကာ မြေပိုင်ရှင် သူဌေးလေး အခေါ်ခံရလျှင် ကျေနပ်နှစ်သက်ပြီး ဂုဏ်ယူဝင့်ဝါနေသောအချိန်လည်း ဖြစ်လေသည်။
part of pack
၀တ္ထုတို ၅ ပုဒ်
By: အောင်လင်း
Ks
ယောကျ်ားနဲ့နွား ... “ပုံရိုင်းရိုင်းပြောရတော့ မကောင်းဘူး မြရဲ့။ ယောကျ်ားဆိုတာမျိုးက နွားနဲ့အတူတူပဲ။ သူတို့ကို နဖားကြိုးကောင်းကောင်း တပ်နိုင်ရင် နွားကန်ကောင်းကောင်း ကိုင်ထားနိုင်ရင် ကိုယ်က နိုင်ရတာ ချည်းပဲ။ ဒါမှလည်း မယားဘဝနဲ့ စိတ်ချမ်းသာရတာကွယ့်...” မတင်မြသည် မလှမြင့်၏စကားကို နားထောင်ရင်း ခေါင်းကြီးသွားတော့သည်။ မလှမြင့်က သူ၏စကားအဆုံး တွင် မတင်မြဘက်သို့ မျက်စောင်းချီ၍ ထောက်ခံချက်ယူနေသည့်တိုင်အောင် မတင်မြမှာ ပါးစပ်ဟောင်းသားနှင့် ရင်တခုန်ခုန် ဖြစ်နေရရှာတော့သည်။ ““ရှင့်နှယ်ရှင်... ၀စီကံနှင့် အပြစ်လေးနေပါဦးမယ်။ ကျွန်မတို့တော့ ယောကျ်ားက ကိုယ့်ကို မယားမှတ်မှတ် ချစ်မယ်၊ ကြင်နာမယ်ဆိုရင် ၀မ်းသာလှပါဘိ။ သူတို့ကိုလည်း မနိုင်ချင်ပါဘူး””
part of pack
တောစောင့်နတ်နှင့် သစ်ခုတ်သမားပုံပြင်များ
By: ကိုကြွယ်
Ks
တာဝန်ကိုယ်စီ တစ်ခါတုန်းက စိမ်းလန်းစိုပြည်လှတဲ့ တောအုပ်တစ်ခုအလယ်မှာ ရေအိုင်ကြီးတစ်အိုင်ရှိသတဲ့ကွယ်။ အဲဒီရေအိုင်နားမှာနေထိုင်နေတဲ့ ဖားတစ်ကောင်က အလွန်ပူအိုက်လွန်းရှာတာမို့ မိုးရွာဖို့ အချိန်တန်ပြီဆိုတာ သိလိုက်တာနဲ့တစ်ပြိုင်နက် ““အုံအင် အုံအင်”” ဆိုပြီး အော်လိုက်သတဲ့ကွယ်။ အဲဒီဖားအော်သံကို ကြားလိုက်ရတဲ့အခါမှာ လေနတ်သားတို့မိုးရွာချဖို့အတွက် သူ့ရဲ့အင်အားသုံးပြီး ရေငွေ့ပါတဲ့ တိမ်တိုက်တွေကို သယ်လာခဲ့သတဲ့ကွယ်။ အဲဒီတိမ်တိုက်တွေကို အောက်ကအစိုဓာတ်နဲ့တွေ့အောင် လုပ်ပြီး မိုးနတ်သားက မိုးရွာချလိုက်သတဲ့ကွယ်... မိုးက သဲသဲမဲမဲရွာချလိုက်တဲ့အခါမှာ လူတွေ၊ တိရစ်္ဆာန်တွေ၊ သစ်ပင်တွေအားလုံး အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် ဖြစ်သွား တာပေါ့။ အပူဒဏ်ကို လှိမ့်ခံစားနေကြရတဲ့ လူတွေလည်း အားလုံး ကျန်းမာလန်းဆန်းသွားကြတာပေါ့။ တောထဲမှာရှိတဲ့ သမင်၊ ဒရယ် တိရစ္ဆာန်လေးတွေလည်း သူတို့သောက်သုံးနေတဲ့ ရေကန်မှာ ရေအပြည့်ရှိသွားတာမို့ တော် တော်လေး ၀မ်းသာနေတယ်။ သစ်ပင်တွေကလည်း စိမ်းစိုနေတာပေါ့။ အချို့အပင်တွေက အဖူးတွေ၊ အသီးတွေ ဝေဆာနေတယ်လေ။ အဲဒီအထဲမှာ ပိတောက်ပင်ကြီးတစ်ပင်က ပိတောက်ပန်းတွေ ပွင့်လိုက်တာမှ ရွှေရည်သွန်းလောင်းထားသလို ၀င်းဝါနေတာပဲ။ ညနေ ရေခပ်ဆင်းလာတဲ့ လုံမပျိုလေးတစ်ဦးက- ““ဟယ် ပိတောက်ပန်းတွေ လှလိုက်တာ၊ ခူးသွားဦးမှပဲ။ မိုးရွာချလိုက်လို့ အခုလို ပိတောက်ပန်းလှလှလေးတွေ ပန်ရတာ၊ မိုးနတ်မင်းကြီးကို ကျေးဇူးတင်လိုက်တာ”” အဲဒီစကားကို ကြားလိုက်ရတဲ့ ပိတောက်ပင်ကြီးက- ““သူပွင့်ပေးလို့ ပိတောက်ပန်း ပန်ရတာကို သူ့ကျေးဇူးမတင်လို့ မကျေနပ်ရှာဘူး””တာဝန်ကိုယ်စီ တစ်ခါတုန်းက စိမ်းလန်းစိုပြည်လှတဲ့ တောအုပ်တစ်ခုအလယ်မှာ ရေအိုင်ကြီးတစ်အိုင်ရှိသတဲ့ကွယ်။ အဲဒီရေအိုင်နားမှာနေထိုင်နေတဲ့ ဖားတစ်ကောင်က အလွန်ပူအိုက်လွန်းရှာတာမို့ မိုးရွာဖို့ အချိန်တန်ပြီဆိုတာ သိလိုက်တာနဲ့တစ်ပြိုင်နက် ““အုံအင် အုံအင်”” ဆိုပြီး အော်လိုက်သတဲ့ကွယ်။ အဲဒီဖားအော်သံကို ကြားလိုက်ရတဲ့အခါမှာ လေနတ်သားတို့မိုးရွာချဖို့အတွက် သူ့ရဲ့အင်အားသုံးပြီး ရေငွေ့ပါတဲ့ တိမ်တိုက်တွေကို သယ်လာခဲ့သတဲ့ကွယ်။ အဲဒီတိမ်တိုက်တွေကို အောက်ကအစိုဓာတ်နဲ့တွေ့အောင် လုပ်ပြီး မိုးနတ်သားက မိုးရွာချလိုက်သတဲ့ကွယ်... မိုးက သဲသဲမဲမဲရွာချလိုက်တဲ့အခါမှာ လူတွေ၊ တိရစ်္ဆာန်တွေ၊ သစ်ပင်တွေအားလုံး အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် ဖြစ်သွား တာပေါ့။ အပူဒဏ်ကို လှိမ့်ခံစားနေကြရတဲ့ လူတွေလည်း အားလုံး ကျန်းမာလန်းဆန်းသွားကြတာပေါ့။ တောထဲမှာရှိတဲ့ သမင်၊ ဒရယ် တိရစ္ဆာန်လေးတွေလည်း သူတို့သောက်သုံးနေတဲ့ ရေကန်မှာ ရေအပြည့်ရှိသွားတာမို့ တော် တော်လေး ၀မ်းသာနေတယ်။ သစ်ပင်တွေကလည်း စိမ်းစိုနေတာပေါ့။ အချို့အပင်တွေက အဖူးတွေ၊ အသီးတွေ ဝေဆာနေတယ်လေ။ အဲဒီအထဲမှာ ပိတောက်ပင်ကြီးတစ်ပင်က ပိတောက်ပန်းတွေ ပွင့်လိုက်တာမှ ရွှေရည်သွန်းလောင်းထားသလို ၀င်းဝါနေတာပဲ။ ညနေ ရေခပ်ဆင်းလာတဲ့ လုံမပျိုလေးတစ်ဦးက- ““ဟယ် ပိတောက်ပန်းတွေ လှလိုက်တာ၊ ခူးသွားဦးမှပဲ။ မိုးရွာချလိုက်လို့ အခုလို ပိတောက်ပန်းလှလှလေးတွေ ပန်ရတာ၊ မိုးနတ်မင်းကြီးကို ကျေးဇူးတင်လိုက်တာ”” အဲဒီစကားကို ကြားလိုက်ရတဲ့ ပိတောက်ပင်ကြီးက- ““သူပွင့်ပေးလို့ ပိတောက်ပန်း ပန်ရတာကို သူ့ကျေးဇူးမတင်လို့ မကျေနပ်ရှာဘူး””
part of pack
တော်လှန်ရေးဆက်သား ရဲဘော်ကျော်ထင်
By: ရဲဘော်စိန်လေး
Ks
ဗိုလ်မှူးကြီးဗထူး၏ မိန့်ခွန်း တော်လှန်ရေးမစမီနေ့တစ်နေ့ မန္တလေးမျက်ပါးရပ် အမြောက်တပ်၌ အနောက်မြောက်တိုင်းမှူး ဗိုလ်မှူး ဗိုလ်ဗထူးသည် ရဲဘော်များအားစည်းဝေးစေ၍ အောက်ပါအတိုင်း မိန့်ကြားပေသည်။ “... ရဲဘော်တို့၊ ငါတို့ရဲ့ အရေးတော်ပုံကား နီးကပ်လျက်ရှိနေပြီ။ ငါတို့ဟာ တိုင်းပြည်နှင့်လူမျိုးအတွက် လွတ်လပ်ရေးကြီးကို ရှေးရှုလျက် အသက်သွေးနှင့် ရင်းနှီးခဲ့သော်လည်းလည်း မရခဲ့ဘူး။ တိုင်းသူပြည်သားတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုမို ဆင်းရဲမွဲပြာကျပြီး သေတာတွေလည်း သေကုန်ပြီ။ ဗမာပြည်ရှိ သစ်တောကြီးများဟာ ငါတို့ ဗမာလူမျိုး အတွက်ဆိုလျှင် ဖူလုံပြီး နေနိုင်ထိုင်နိုင်တယ်။ ဆန်စပါးဆို လျှင် ၄-၅ နှစ်တိုင် စားနိုင်အောင် ၀ပြောသာယာတယ်။ အဝတ်အစားလည်း ဗမာတွေ အလွန်တိုးတက်နေတယ်။ အမရပူရ၊ မြင်းခြံ၊ မိတ္ထီလာ ဒိစတြိတ်၊ သာစည်နယ် ဟန်ဇားတို့ကထွက်တဲ့ အထည်များဟာ ဗမာပြည်အတွက် ဖူလုံတယ်။ ဒီ…သစ်တော ဆန်စပါး အထည်များ မြင်နေရပေမဲ့ တို့ဗမာတွေကြည့်လိုက်လျှင် တစ်နေ့ထက်တစ်နေ့ အစား ဆင်းရဲ၊ အနေဆင်းရဲ၊ ပိုမိုကျပ်တည်းပြီး ကျဉ်းမြောင်းလာခဲ့ကြပြီ။ဗိုလ်မှူးကြီးဗထူး၏ မိန့်ခွန်း တော်လှန်ရေးမစမီနေ့တစ်နေ့ မန္တလေးမျက်ပါးရပ် အမြောက်တပ်၌ အနောက်မြောက်တိုင်းမှူး ဗိုလ်မှူး ဗိုလ်ဗထူးသည် ရဲဘော်များအားစည်းဝေးစေ၍ အောက်ပါအတိုင်း မိန့်ကြားပေသည်။ “... ရဲဘော်တို့၊ ငါတို့ရဲ့ အရေးတော်ပုံကား နီးကပ်လျက်ရှိနေပြီ။ ငါတို့ဟာ တိုင်းပြည်နှင့်လူမျိုးအတွက် လွတ်လပ်ရေးကြီးကို ရှေးရှုလျက် အသက်သွေးနှင့် ရင်းနှီးခဲ့သော်လည်းလည်း မရခဲ့ဘူး။ တိုင်းသူပြည်သားတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုမို ဆင်းရဲမွဲပြာကျပြီး သေတာတွေလည်း သေကုန်ပြီ။ ဗမာပြည်ရှိ သစ်တောကြီးများဟာ ငါတို့ ဗမာလူမျိုး အတွက်ဆိုလျှင် ဖူလုံပြီး နေနိုင်ထိုင်နိုင်တယ်။ ဆန်စပါးဆို လျှင် ၄-၅ နှစ်တိုင် စားနိုင်အောင် ၀ပြောသာယာတယ်။ အဝတ်အစားလည်း ဗမာတွေ အလွန်တိုးတက်နေတယ်။ အမရပူရ၊ မြင်းခြံ၊ မိတ္ထီလာ ဒိစတြိတ်၊ သာစည်နယ် ဟန်ဇားတို့ကထွက်တဲ့ အထည်များဟာ ဗမာပြည်အတွက် ဖူလုံတယ်။ ဒီ…သစ်တော ဆန်စပါး အထည်များ မြင်နေရပေမဲ့ တို့ဗမာတွေကြည့်လိုက်လျှင် တစ်နေ့ထက်တစ်နေ့ အစား ဆင်းရဲ၊ အနေဆင်းရဲ၊ ပိုမိုကျပ်တည်းပြီး ကျဉ်းမြောင်းလာခဲ့ကြပြီ။
part of pack
မြန်မာပြည်မှ ပန်းချီဆရာများ
By: မိုးမိုးစောဝင်း၊ ကျော်ဖြူစံ
Ks
(၁) စိုးနိုင်ကိုဦးအောင်သန်းကျော်နှင့် ဒေါ်တင်နွယ်မိဘနှစ်ပါးမှ၁၉၆၁၊ ဇူလိုင်၂၆တွင်ရန်ကုန်မြို့၌ ဖွားမြင်ခဲ့၏။အဖေကဂုန်နီစက်ရုံ စာရေးဝန်ထမ်း၊အမေက ကျောင်းဆရာမ။ညီအစ်ကို သုံးယောက်ရှိ။စိုးနိုင်ကအကြီးဆုံး။ တောင်ဥက္ကလာပ၊ ကံဘဲ့ဘူတာရုံအနားမှာ နေကြသည်။ ညီအစ်ကိုသုံးယောက်၊ စိုးနိုင်က အကြီးဆုံး။ တောင်ဥက္ကလာ အ.လ.က၄ မှာပညာသင်ခဲ့၏။ ထို့နောက် တောင်ဥက္ကလာ အ.ထ.က၁သို့ ပြောင်းရွှေ့ခဲ့။ ဆယ်တန်းအောင်သည်။ လှိုင်ဒေသကောလိပ်။ ထို့နောက်ရန်ကုန်တက္ကသိုလ်(ပင်မ)။ သူက သတ္တဗေဒဘာသာကိုယူသည်။ ဒေသကောလိပ်မှာတုန်းက ပထမနှစ်မှာ၊ဒုတိယနှစ်မှာ စာမေးပွဲကျရှုံးခဲ့ဖူး၏။ (၂) စိုးနိုင်သည်ငယ်စဉ်ကတည်းကပင် ကျန်းမာရေးမကောင်းလှ။ သွေးနီဥဆိုင်ရာဟီမိုကလိုဘင်လုပ်ဆောင်မှုချို့ယွင်းခြင်းတစ်မျိုးဖြစ်သော Thalassaemia ရောဂါရှိကြောင်းစမ်းသပ်တွေ့ရှိခဲ့ကြ၏။ သို့သော်စိုးနိုင်သည်ဖန်တီးလိုသောစိတ်ဖြင့် ရှင်သန်ခဲ့၏။ (၃) စိုးနိုင်သည်ငယ်စဉ်ကပင်ပန်းချီ၊ ပန်းပုကိုဝါသနာထုံခဲ့၏။ ရုပ်ပြရေးသောကိုမင်းသိုက်တို့ထံသွားသည်။ ရုပ်ပြဆရာများသည်လက်မလည်အောင်လုပ်နေကြရ၏။ စိုးနိုင်ရေးချင်သည်မှာပန်းချီ။ ရုပ်ပြတော့မဟုတ်ခဲ့။ ဦးလေးပွကစိုးနိုင်ကိုပန်းချီဆရာကြီး ဦးသိန်းဟန်၏အိမ်သို့ပို့ပေးခဲ့၏။ (၄) ပန်းချီဆရာကြီးဦးသိန်းဟန်က တောင်ဥက္ကလာပ ၁၀ ရပ်ကွက်တွင်နေသည်။ ပန်းချီပညာသည်ဖြစ်ရုံနှင့် မကျေနပ်ကြနှင့်။ အနုပညာရှင်ဖြစ်အောင်သွားကြရမည်ဟူသော အယူအဆရှိ၏။ စိုးနိုင်တွေ့သော ဦးသိန်းဟန်သည်ဗုဒ္ဓ၏ တရား တော်မြတ်ကိုနှစ်နှစ်ကာကာယုံကြည်သူတစ်ဦးဖြစ်နေသည်။ ဦးသိန်းဟန်တွင်သားတစ်ယောက်ရှိ၏။ ဘောလုံးကန်သည်။ ဂစ်တာတီးသည်။ စိုးနိုင်ကတော့ ဦးသိန်းဟန်ထံတွင် ပန်းချီသင်ယူသည်။ သက်ငြိမ်ပန်းချီကားများ ရေးရသည်။ အပြင်ထွက်ပြီး ရှုခင်းပန်းချီကား များလည်း ရေးရ၏။(၁) စိုးနိုင်ကိုဦးအောင်သန်းကျော်နှင့် ဒေါ်တင်နွယ်မိဘနှစ်ပါးမှ၁၉၆၁၊ ဇူလိုင်၂၆တွင်ရန်ကုန်မြို့၌ ဖွားမြင်ခဲ့၏။အဖေကဂုန်နီစက်ရုံ စာရေးဝန်ထမ်း၊အမေက ကျောင်းဆရာမ။ညီအစ်ကို သုံးယောက်ရှိ။စိုးနိုင်ကအကြီးဆုံး။ တောင်ဥက္ကလာပ၊ ကံဘဲ့ဘူတာရုံအနားမှာ နေကြသည်။ ညီအစ်ကိုသုံးယောက်၊ စိုးနိုင်က အကြီးဆုံး။ တောင်ဥက္ကလာ အ.လ.က၄ မှာပညာသင်ခဲ့၏။ ထို့နောက် တောင်ဥက္ကလာ အ.ထ.က၁သို့ ပြောင်းရွှေ့ခဲ့။ ဆယ်တန်းအောင်သည်။ လှိုင်ဒေသကောလိပ်။ ထို့နောက်ရန်ကုန်တက္ကသိုလ်(ပင်မ)။ သူက သတ္တဗေဒဘာသာကိုယူသည်။ ဒေသကောလိပ်မှာတုန်းက ပထမနှစ်မှာ၊ဒုတိယနှစ်မှာ စာမေးပွဲကျရှုံးခဲ့ဖူး၏။ (၂) စိုးနိုင်သည်ငယ်စဉ်ကတည်းကပင် ကျန်းမာရေးမကောင်းလှ။ သွေးနီဥဆိုင်ရာဟီမိုကလိုဘင်လုပ်ဆောင်မှုချို့ယွင်းခြင်းတစ်မျိုးဖြစ်သော Thalassaemia ရောဂါရှိကြောင်းစမ်းသပ်တွေ့ရှိခဲ့ကြ၏။ သို့သော်စိုးနိုင်သည်ဖန်တီးလိုသောစိတ်ဖြင့် ရှင်သန်ခဲ့၏။ (၃) စိုးနိုင်သည်ငယ်စဉ်ကပင်ပန်းချီ၊ ပန်းပုကိုဝါသနာထုံခဲ့၏။ ရုပ်ပြရေးသောကိုမင်းသိုက်တို့ထံသွားသည်။ ရုပ်ပြဆရာများသည်လက်မလည်အောင်လုပ်နေကြရ၏။ စိုးနိုင်ရေးချင်သည်မှာပန်းချီ။ ရုပ်ပြတော့မဟုတ်ခဲ့။ ဦးလေးပွကစိုးနိုင်ကိုပန်းချီဆရာကြီး ဦးသိန်းဟန်၏အိမ်သို့ပို့ပေးခဲ့၏။ (၄) ပန်းချီဆရာကြီးဦးသိန်းဟန်က တောင်ဥက္ကလာပ ၁၀ ရပ်ကွက်တွင်နေသည်။ ပန်းချီပညာသည်ဖြစ်ရုံနှင့် မကျေနပ်ကြနှင့်။ အနုပညာရှင်ဖြစ်အောင်သွားကြရမည်ဟူသော အယူအဆရှိ၏။ စိုးနိုင်တွေ့သော ဦးသိန်းဟန်သည်ဗုဒ္ဓ၏ တရား တော်မြတ်ကိုနှစ်နှစ်ကာကာယုံကြည်သူတစ်ဦးဖြစ်နေသည်။ ဦးသိန်းဟန်တွင်သားတစ်ယောက်ရှိ၏။ ဘောလုံးကန်သည်။ ဂစ်တာတီးသည်။ စိုးနိုင်ကတော့ ဦးသိန်းဟန်ထံတွင် ပန်းချီသင်ယူသည်။ သက်ငြိမ်ပန်းချီကားများ ရေးရသည်။ အပြင်ထွက်ပြီး ရှုခင်းပန်းချီကား များလည်း ရေးရ၏။
part of pack
ကွန်မန်ဒိုဘချို
By: ဗြိတိသျှကိုကိုမောင်
Ks
ဗြိတိသျှကိုကိုမောင် ရဲ. ကွန်မန်ဒိုဘချို
part of pack

Are you sure you want to continue?

You already have this product in My Books

You have already Subscribed to this package