စာအုပ်များ

ရှာဖွေခြင်း

  • အမျိုးအစားများ

  • စာအုပ်များ
  • ဂျာနယ်များ
  • မဂ္ဂဇင်းများ
  • ဝန်ဆောင်မှု

  • စာအုပ်ဝန်ဆောင်မှု
  • ဂျာနယ်ဝန်ဆောင်မှု
  • အမျိုးအစား

  • စာအုပ်များ
  • အက်ရှင်၊ စွန့်စားခန်း နှင့် ထိတ်လန့်ဖွယ်ရာ
  • အနုပညာနှင့် သရော်စာ
  • အထ္တုပ္ပတိ နှင့် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ
  • စီးပွားရေးနှင့် အလုပ်အကိုင်
  • ဖက်ရှင်
  • သမိုင်းနှင့် ဘူမိဘေတ
  • သိပ္ပံနှင့် နည်းပညာ
  • သုတစာပေ
  • အခြား
  • ကဗျာ
  • နိုင်ငံရေးနှင့် လူမှုသိပ္ပံ
  • အချစ်ဝတ္ထု
  • အားကစားနှင့် ကျန်းမာရေး
  • ခရီးသွားခြင်းနှင့် အစားအစာ
  • ဂျာနယ်များ
  • မော်တော်ယာဉ်များ
  • စီးပွားရေးနှင့် အလုပ်အကိုင်
  • လက်မှုပညာနှင့် ဝါသနာ
  • မှုခင်း
  • ဖျော်ဖြည်ရေး
  • ဖက်ရှင်နှင့် နေထိုင်မှုပုံစံ
  • အစားအသောက်
  • သတင်းအချက်အလက်နှင့် နည်းပညာ
  • လျှို့ဝှက်ဆန်းကြယ် နှင့် သည်းထိတ်ရင်ဖို
  • အားကစား
  • မဂ္ဂဇင်းများ
  • မော်တော်ယာဉ်များ
  • စီးပွားရေးနှင့် အလုပ်အကိုင်
  • လက်မှုပညာနှင့် ဝါသနာ
  • မှုခင်း
  • ဖျော်ဖြည်ရေး
  • ဖက်ရှင်နှင့် နေထိုင်မှုပုံစံ
  • အစားအသောက်
  • သတင်းအချက်အလက်နှင့် နည်းပညာ
  • လျှို့ဝှက်ဆန်းကြယ် နှင့် သည်းထိတ်ရင်ဖို
  • အားကစား
  • ဈေးနှုန်း

  • အောက် 50KS
  • 50KS - 100KS
  • 100KS - 500KS
  • 500KS - 1000KS
  • 1000KS & အပေါ်
  • နှုန်းထား

  • အပြီးပေးချေခြင်း။
  • အငှား
  • အခမဲ့
  • စာအုပ်ဘာသာစကား

  • အင်္ဂလိပ်
  • မြန်မာ

စာရေးသူအမည်နှင့်ရှာသည်။

စာအုပ် xxx တွေ့ရှိသည်။

ကြည့်ရှုမည့်ပုံစံ:

ကြည့်ရှုမည့်ပုံစံ:

အမျိုးအစား : စာအုပ်များ
ခေတ်သစ်ဂျာမန်လက်ရွေးစင်စာပေ
ရေးသားသူ: လှသမိန်
Ks
ကြံုရဖူးတယ် - မာတင်ဝေါလ်ဆာ ကျွန်တော့်အတွက် နွားနို့မရ။ သင်အအေးမိလိမ့်မည်။ သင့်ဘဝနှင့် တခြားစီ။ ကျွန်တော်တို့ ကုန်းပတ်ပေါ်မှာထိုင်ကြသည်။ ကျွန်တော် မီးခိုးမှုတ်ထုတ်လိုက်သည်။ တံခါးရွက် ဂျိုင်းခနဲ ပိတ်သွားသည်။ နေမင်း သာဆဲ။ နေ့တာကုန်လုပြီ။ ချည်တစ်မျှင်ပြတ်သွားသည်။ ခင်ဗျားအတွက် သောက်စရာထပ်ထည့်ပေးရဦးမည်လား။ ကျွန်တော် သူ၏လက်ကို နမ်းလိုက်သည်။ ကျွန်တော်၏နှုတ်ခမ်းမှ သွေးများကို သုတ်ပစ်လိုက်သည်။ ဘယ်အချိန်ရှိပြီလဲ။ ဤသည်မှာမယုံနိုင်စရာ။ စက်ရုံတံခါးဝတွင် လူရိပ်များ။ စင်ရော် တစ်ကောင်မျှမမြင်ရ။ စာပို့သမားသည် စက်ဘီးစီးထွက်သွားသည်။ ကျွန်တော်၏မိခင်လည်း ထွက်သွားပြီ။ ကျွန်တော် သူ့ကို မသိတတ်။ တဖြည်းဖြည်းနှင့် ရယ်စရာဘက်မှ မြင်စပြုလာပြီ။ ကျွန်တော် ခြေကုပ်လွတ်ခဲ့သည်။ နာရီ၏မြည်သံမှာ ကျယ်သည်ထက် ကျယ်လာသည်။ ကျွန်တော် မုန့်တစ်ချပ်ထပ်ယူသည်။ ကျွန်တော့်အဒေါ်မှာ သန့်ရှင်းရေး လုပ်ရန် ထွက်သွားသည်။ ကျွန်တော် ကလေးကို ချော့သည်။ သံကြိုးခတ်မိသံ မြည်သည်။ ကျွန်တော် စိတ်ဝင်စားစရာ တွေ့ရဆဲ။ ကန့်လန့်ကာမှ တွဲလဲပင်။ ရဲသားအတွက် စိတ် မကောင်းစရာ ဖြစ်သည်။ အချိန်မှာ ၁၉၃၇ ခုနှစ် နွေရာသီနှင့်တူသည်။ အမျိုးသမီးများက ခြေဆစ်ဝဲသော ဘောင်းဘီရှည်ဝတ်ကြသည်။ ကျွန်တော်တောင့်တင်းနေသည်။ အမှန်အားဖြင့် နာကျင်နေသည်။ လူများသည် သက်သောင့် သက်သာပင် အသက်ဝဝရှူနိုင်ကြသည်။ နေရာတိုင်းတွင် အဝတ်ဖွပ်သမားများ။ အနံ့အသက်များ ပျံ့နေသည်။ ဤသည်မှာ မုချပြောင်းလဲပစ်ရမည့်အရာ ဖြစ်သည်။ လူတိုင်း ကြိုးစားပမ်းစား အလုပ်လုပ်ကြသည်။ ကျွန်တော် တွေးတောအံ့သြနေသည်။ မိုးခေါင်နေသည်ဟု ကျွန်တော် ဆိုသည်။ ကျွန်တော်ကိုယ်တိုင် နားလည်အောင် ကြိုးစား၍မရ။ ကျွန်တော် လှေသမားကို စောင့်ကြည့်သည်။ မသိမသာ သင်ယူနေခြင်းပင်။ ကျွန်တော်တို့ ဆင်းရဲကြသည်။ ကျွန်တော်တို့ လိုသမျှ ပြည့်စုံသည်။ ကျွန်တော် အားရပါးရစားသည်။ ကျွန်တော်၏ လျှာခင်ထွက်လာသည်။ ယခု ကျွန်တော် စဉ်းစားမိပြီ။ ကျွန်တော်တို့ ကမ်းမှခွာသည်။ အလွန်မြန်သည်။ မြေပြင်။ ယင်းသည် မြူဆိုင်းလျက် ကျန်ခဲ့သည်။ ကျွန်တော် ဆက်၍လေမရတော့။ ကျွန်တော့်မှာ အာရုံခံစားမှုရှိသည်။ ကျွန်တော်၏ အိမ်နီးချင်းမှာ ကြက်ခြေနီတပ်နှင့် လိုက်သွားသည်။ ရေပြင်သည် လုံးဝငြိမ်သက်နေသည်။ သင်္ဘောသည် အဟန့်ကောင်းလှသည်။ ကျွန်တော်တို့ တနင်္ဂနွေနေ့နံနက်ကို ရွေးချယ်သည်။ လျင်မြန်စွာ အမှောင်သန်းလာသည်။ ကျွန်တော့်ကိုယ်ကျွန်တော် အားတင်းရသည်။ သတ်္တိရှိစမ်းပါကွာ။ ကျွန်တော်၏အခန်းမှာ အရှေ့ဘက်သို့ မျက်နှာမူသည်။ အမှန်အားဖြင့် ကျွန်တော်တို့ကို သတိပေးပြီးဖြစ်သည်။ သင်သည် သင်္ဘောတစ်စီးပေါ်တွင် အနေကြာလာ သောအခါ ထိုသတိပေးချက်များမှာ ရိုးလာသည်။
part of pack
ဗိုလ်ချုပ်အောင်ဆန်းလမ်းစဉ်
ရေးသားသူ: ဦးဗဆွေ
Ks
ဖဆပလခေတ် ဗမာပြည်ဆိုရှယ်လစ်ပါတီအထွေထွေအတွင်းရေးမှူးချုပ်၊ အလုပ်သမားများအစည်းအရုံးအဖွဲ့ချုပ်(ဗမာနိုင်ငံ)ဥက္ကဋ္ဌ၊ ဖဆပလအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ၊ အာရှဆိုရှယ်လစ်ဗြူရိုသဘာပတိရဲဘော်ကြီး ဦးဗဆွေ၏ မိန့်ခွန်း နှစ်ရပ်ကို စုစည်းစီစဉ်ထားခြင်းဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းအလွန် အစိုးရသဘောထား၊ ဖဆပလပြည်တော်သာခေတ်၏ အုပ်ချုပ်ရေးယန္တရားနှင့် တိုင်းရေးပြည်ရေးအနေအထားကို တစ်ကွက်တစ်ကွင်း မြင်သာလေ့လာနိုင်ကြမည်ဟု မျှော်လင့်ပါသည်။
part of pack
ဆည်းဆာဖြူ
ရေးသားသူ: ဇော်ဇော်အောင်
Ks
ဆ ည် း ဆ ာ ဖြူ [ ၁ ] အတော်အသင့် ရေးခဲ့ဖူးပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စိတ်သွားတိုင်း ကိုယ်မပါ၊ လိုရာ သိပ်မရောက်ဘူး။ အခု လိုအပ်တယ်ယူဆလို့ ထပ်ရေးလိုက်ပါတယ်။ ကျွန်တော်သိထားတယ်လို့ ထင်ထားသမျှ ပို့စ်မော်ဒန်အကြောင်းပါပဲ။ *** တစ်ခုခုပြောမယ်ကြံလိုက်ရင် ဘာမှမပြောရသေးဘူး။ ရှေ့က ခံခံနေတဲ့ ကိစ္စတွေ ရှိတတ်တယ်။ ဘာမှမပြောရသေးခင်ပဲ ရှင်းလိုက် လင်းလိုက်ရတာအမော။ မော်ဒန်အကြောင်း စပြောတုန်းက ဒါတွေဟာနိုင်တီးဝမ်တီဝမ်း ကဟာတွေ၊ အခုမှ လာလုပ်နေ တယ်လို့ ပြောကြတယ်။ ဖတ်စရာ ဂျာနယ်၊ အမှတ် ၁၈၊ မေလ ၁၇၊ ၂၀၀၅။ ဟုတ်ပါသော်ကော။ မော်ဒန်ဆရာမကြီး ဗာဂျီနီယာဝုဖ် (woolf) ရဲ့ စကားတစ်ခွန်းက ကမ္ဘာကျော်ပါ။ “၁၉၁၀ ခုနှစ်၊ ဒီဇင်ဘာလအတွင်း သို့မဟုတ် ဒီဇင်ဘာလလောက်မှာ အပြောင်းအလဲတစ်ခုဖြစ်ပြီး မော်ဒန်ဝတ္ထုတိုခေတ်စတယ်” လို့ ပြောခဲ့တယ်။ (In or about December, 1910) ဒီတော့ နိုင်တီးဝမ်တီဝမ်း ၁၉၁၁ လို့ အမနာပ ပြောတဲ့လူလည်း ပြောစရာပါပဲ။ ဒါပေမဲ့ အသေအချာ ဆင်ဆင်ခြင်ခြင် စိတ်ကြီးကြီး သဘောကျယ်ကျယ်ပြန့်ပြန့်ထားပြီး စဉ်းစားတော့ အဲဒီလိုပြောတဲ့ပုဂ်္ဂိုလ်ဟာ သမိုင်းအမြင်မရှိဘူး။ အနုပညာ ဖွံ့ဖြိုးတိုးတက်မှု၊ အနုပညာသဘော သဘာဝတို့ကို မသိတဲ့လူဖြစ်နေတာ တွေ့ရပါတယ်။ ၀ုဖ် ပြောခဲ့တဲ့ ၁၉၁၀ ခုနှစ်ဆိုတာ စဉ်းစားကြည့်ပါ။ မြန်မာကာလပေါ်ဝတ္ထု (နော်ဗယ်) ဆိုတာ ဘယ်ဟာလဲ။ ဘယ်တုန်းက ပေါ်ခဲ့သလဲ။ မောင်ရင်မောင် မမယ်မ ၀တ္ထုပါပဲ။ ၁၉၀၄ ခုနှစ်မှာ စပေါ်တယ်။ ဒါတောင် ပီပီပြင်ပြင် မဟုတ်သေးဘူး။ အမှီးဝတ္ထုပဲ ရှိသေးတယ်။ဆ ည် း ဆ ာ ဖြူ [ ၁ ] အတော်အသင့် ရေးခဲ့ဖူးပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စိတ်သွားတိုင်း ကိုယ်မပါ၊ လိုရာ သိပ်မရောက်ဘူး။ အခု လိုအပ်တယ်ယူဆလို့ ထပ်ရေးလိုက်ပါတယ်။ ကျွန်တော်သိထားတယ်လို့ ထင်ထားသမျှ ပို့စ်မော်ဒန်အကြောင်းပါပဲ။ *** တစ်ခုခုပြောမယ်ကြံလိုက်ရင် ဘာမှမပြောရသေးဘူး။ ရှေ့က ခံခံနေတဲ့ ကိစ္စတွေ ရှိတတ်တယ်။ ဘာမှမပြောရသေးခင်ပဲ ရှင်းလိုက် လင်းလိုက်ရတာအမော။ မော်ဒန်အကြောင်း စပြောတုန်းက ဒါတွေဟာနိုင်တီးဝမ်တီဝမ်း ကဟာတွေ၊ အခုမှ လာလုပ်နေ တယ်လို့ ပြောကြတယ်။ ဖတ်စရာ ဂျာနယ်၊ အမှတ် ၁၈၊ မေလ ၁၇၊ ၂၀၀၅။ ဟုတ်ပါသော်ကော။ မော်ဒန်ဆရာမကြီး ဗာဂျီနီယာဝုဖ် (woolf) ရဲ့ စကားတစ်ခွန်းက ကမ္ဘာကျော်ပါ။ “၁၉၁၀ ခုနှစ်၊ ဒီဇင်ဘာလအတွင်း သို့မဟုတ် ဒီဇင်ဘာလလောက်မှာ အပြောင်းအလဲတစ်ခုဖြစ်ပြီး မော်ဒန်ဝတ္ထုတိုခေတ်စတယ်” လို့ ပြောခဲ့တယ်။ (In or about December, 1910) ဒီတော့ နိုင်တီးဝမ်တီဝမ်း ၁၉၁၁ လို့ အမနာပ ပြောတဲ့လူလည်း ပြောစရာပါပဲ။ ဒါပေမဲ့ အသေအချာ ဆင်ဆင်ခြင်ခြင် စိတ်ကြီးကြီး သဘောကျယ်ကျယ်ပြန့်ပြန့်ထားပြီး စဉ်းစားတော့ အဲဒီလိုပြောတဲ့ပုဂ်္ဂိုလ်ဟာ သမိုင်းအမြင်မရှိဘူး။ အနုပညာ ဖွံ့ဖြိုးတိုးတက်မှု၊ အနုပညာသဘော သဘာဝတို့ကို မသိတဲ့လူဖြစ်နေတာ တွေ့ရပါတယ်။ ၀ုဖ် ပြောခဲ့တဲ့ ၁၉၁၀ ခုနှစ်ဆိုတာ စဉ်းစားကြည့်ပါ။ မြန်မာကာလပေါ်ဝတ္ထု (နော်ဗယ်) ဆိုတာ ဘယ်ဟာလဲ။ ဘယ်တုန်းက ပေါ်ခဲ့သလဲ။ မောင်ရင်မောင် မမယ်မ ၀တ္ထုပါပဲ။ ၁၉၀၄ ခုနှစ်မှာ စပေါ်တယ်။ ဒါတောင် ပီပီပြင်ပြင် မဟုတ်သေးဘူး။ အမှီးဝတ္ထုပဲ ရှိသေးတယ်။
part of pack
မြန်မာစာအုပ်လောက ၂၀၁၄
ရေးသားသူ: ကလောင်စုံ
Ks
ရှေးဟောင်းပစ္စည်း - {မောင်သစ်ဆင်း} ရေကန်အစပ်သို့ရောက်သောအခါ သူတို့ခြေလှမ်းတွေ ရပ်လိုက်ကြသည်။ ကောင်မလေး၏ ပါးစပ်လှုပ်ရှားမှုလည်း ရပ်သွားသည်။ ကောင်းကင်ပြာပြာကို နောက်ခံပြု၍ aရသားပြင်၌ပေါ်လာသော ကိုယ့်ပုံရိပ်ကိုယ် ငုံကြည့်လိုက်ကြသည်။ ထို့နောက် တစ် ယောက်ပုံရိပ်ကိုတစ်ယောက် ကြည့်ကြပြန်သည်။ “ဒီလိုကျတော့လည်း နင်က ကြည့်ကောင်းသလိုပဲ” ကောင်လေး၏ ရေသားပုံရိပ်ကိုကြည့်ပြီး ရယ်မောပြောလိုက်သည့် ကောင်မလေး၏ အသံက လွင်၍ ကြည်သည်။ သို့ရာတွင် ကောင်လေးက တစ်စုံတစ်ခုကို စူးစိုက်စဉ်းစားနေသလို မျက်မှောင်ကုတ်၍ ရေသားကို ထွင်းဖောက်ကြည့်နေဟန်ရှိသော်လည်း သူ့ မျက်လုံးများ၌ ဘာကိုမှ မြင်ပုံမရ။ ကောင်မလေးပြောသည်ကိုလည်း ကြားပုံမပေါ်။ ကြားသော်တောင်မှ သူ့အတွက် ဘာမှထူးခြားဟန်မရှိ။ နေလုံးနီနီသည် မမြင်ရသော အပိုင်းအခြားတစ်ခုအောက်သို့ တဖြည်းဖြည်း နစ်ဝင်ကျွံကျပျောက်ကွယ်သွားခဲ့သည်။ နီစွေးစွေးလက်ကျန်ရောင်ခြည်များက တိမ်တောင် တိမ်လိပ်များအား ထူးဆန်း၍ ကြောက်ဖွယ်ကောင်းသော အသွေးအရောင်နှင့် ပုံသဏ္ဌာန် ကို ဖြစ်နေစေသည်။ အောက်ခြေမြေပြင်တွင် လေငြိမ်နေသော်လည်း အပေါ်တွင်မူ ကောင်းကင် လေထန်နေပုံပေါ်သည်။ တိမ်တွေ လျင်မြန်စွာ ပုံသဏ္ဌာန်အမျိုးမျိုး ပြောင်း၍ ရွေ့လျားနေလေသည်။ “သွားကြစို့” ကောင်လေးက နေရာမှ ချာခနဲလှည့်၍ထွက်သွား၏။ ကောင်မလေးသည် ရေထဲက သူ့ပုံရိပ်ကို တစ်ချက်ကြည့်ကာ လျှာထုတ်ပြပြီး နောက်ကလိုက်သွားသည်။ ပတ်ဝန်းကျင်သည် သစ်ပင်ဟူ၍မရှိသလောက် ကြဲပါးလှသော လွင်ပြင်ကြီးဖြစ်၏။ အနီရောင် ကောင်းကင်အောက်က မည်းနက်သောမြေပြင်ပေါ်တွင် ချိန်းကြိုးတပ်ယာဉ်တို့ သွားလာခဲ့ခြင်း အမှတ်အသားများ၊ တာယာဘီးရာများဖြင့် ရှုပ်ထွေးပြည့်နှက်လျက်ရှိသည်။ ဆူးခြံုကလေးတစ်ခုအနား၌ ကျည်ခွံကြီးတစ်ခုက သဲဆန်သောမြေထဲ၌ တစ်ပိုင်းမြုပ်နေသည်။ နေရာတကာ ကြည့်လေတိုင်း၌ စစ်မြေပြင်ဖြစ်ခဲ့ခြင်း၏ အငွေ့အသက်များ ထင်ကျန်နေဆဲဖြစ်လေသည်။ ကောင်လေးနှင့် ကောင်မလေးတို့ အဆောက်အဦပျက်တစ်ခုထဲသို့ ၀င်သွားကြချိန်တွင် ကြယ်များစတင်ထွက်ပေါ်လာကြသည်။ ဆည်းဆာသည် မှိန်သည်ထက်မှိန်ကာ တစ်စတစ်စ သန်စွမ်းအားကောင်းလာသော အမှောင်အောက်၌ နစ်မြုပ်သွားတော့သည်။ ကောင်လေးက သစ်သားအံဖုံးတစ်ခုကို မ၍ ဖွင့်လိုက်သည်။ မြေတိုက်ခန်းထဲက အလင်းရောင်သည် အပေါ်သို့ ခုန်တက်၍လာ၏။ ထိုအလင်းရောင်ထဲ၌ ကောင်မလေး၏ စိတ်အားထက်သန်နေသော မျက်နှာက ၀င်းလက်လျက်ရှိသည်။ သူတို့နှစ်ယောက် အောက် သို့ ခုန်ဆင်းပြီးသည့်အခါ ကောင်လေးက အံဖုံးတံခါးကို ပြန်ပိတ်လိုက်သည်။ မြေတိုက်ခန်းမှာ သိပ်မကျယ်လှပါ။ တစ်ဝက်တစ်ပျက် ကျိုးပဲ့ပျက်စီးနေသော ပရိဘောဂအနည်းငယ်သည်လည်း နေရာတကျမရှိ။ “နင့်အဖေ မရောက်သေးဘူး” ကောင်လေးက ဆံပင်ကို တစ်ချက်ပင့်တင်ရင်း ပြော၏။ “သုံးရက်ရှိပြီ” အဝတ်စုတ်တွေ မွစာကြဲဖွာထွက်နေသည့် အိတ်တစ်ခုကိုငေးကြည့်နေသည့် ကောင်လေးအား ကောင်မလေးက ငေးကြည့်နေသည်။ “ပြန်လာမယ်ထင်ပါရဲ့ဟယ်၊ အို ... ပြန်လာမှာပါ” ကောင်လေးက ဘာမှမပြော။ မီးရောင်ထဲ၌ သူ့မျက်နှာမှာ ခံစားမှုကင်းသည့် မျက်နှာဖုံးတစ်ခုဖြစ်နေသည်။ရှေးဟောင်းပစ္စည်း - {မောင်သစ်ဆင်း} ရေကန်အစပ်သို့ရောက်သောအခါ သူတို့ခြေလှမ်းတွေ ရပ်လိုက်ကြသည်။ ကောင်မလေး၏ ပါးစပ်လှုပ်ရှားမှုလည်း ရပ်သွားသည်။ ကောင်းကင်ပြာပြာကို နောက်ခံပြု၍ aရသားပြင်၌ပေါ်လာသော ကိုယ့်ပုံရိပ်ကိုယ် ငုံကြည့်လိုက်ကြသည်။ ထို့နောက် တစ် ယောက်ပုံရိပ်ကိုတစ်ယောက် ကြည့်ကြပြန်သည်။ “ဒီလိုကျတော့လည်း နင်က ကြည့်ကောင်းသလိုပဲ” ကောင်လေး၏ ရေသားပုံရိပ်ကိုကြည့်ပြီး ရယ်မောပြောလိုက်သည့် ကောင်မလေး၏ အသံက လွင်၍ ကြည်သည်။ သို့ရာတွင် ကောင်လေးက တစ်စုံတစ်ခုကို စူးစိုက်စဉ်းစားနေသလို မျက်မှောင်ကုတ်၍ ရေသားကို ထွင်းဖောက်ကြည့်နေဟန်ရှိသော်လည်း သူ့ မျက်လုံးများ၌ ဘာကိုမှ မြင်ပုံမရ။ ကောင်မလေးပြောသည်ကိုလည်း ကြားပုံမပေါ်။ ကြားသော်တောင်မှ သူ့အတွက် ဘာမှထူးခြားဟန်မရှိ။ နေလုံးနီနီသည် မမြင်ရသော အပိုင်းအခြားတစ်ခုအောက်သို့ တဖြည်းဖြည်း နစ်ဝင်ကျွံကျပျောက်ကွယ်သွားခဲ့သည်။ နီစွေးစွေးလက်ကျန်ရောင်ခြည်များက တိမ်တောင် တိမ်လိပ်များအား ထူးဆန်း၍ ကြောက်ဖွယ်ကောင်းသော အသွေးအရောင်နှင့် ပုံသဏ္ဌာန် ကို ဖြစ်နေစေသည်။ အောက်ခြေမြေပြင်တွင် လေငြိမ်နေသော်လည်း အပေါ်တွင်မူ ကောင်းကင် လေထန်နေပုံပေါ်သည်။ တိမ်တွေ လျင်မြန်စွာ ပုံသဏ္ဌာန်အမျိုးမျိုး ပြောင်း၍ ရွေ့လျားနေလေသည်။ “သွားကြစို့” ကောင်လေးက နေရာမှ ချာခနဲလှည့်၍ထွက်သွား၏။ ကောင်မလေးသည် ရေထဲက သူ့ပုံရိပ်ကို တစ်ချက်ကြည့်ကာ လျှာထုတ်ပြပြီး နောက်ကလိုက်သွားသည်။ ပတ်ဝန်းကျင်သည် သစ်ပင်ဟူ၍မရှိသလောက် ကြဲပါးလှသော လွင်ပြင်ကြီးဖြစ်၏။ အနီရောင် ကောင်းကင်အောက်က မည်းနက်သောမြေပြင်ပေါ်တွင် ချိန်းကြိုးတပ်ယာဉ်တို့ သွားလာခဲ့ခြင်း အမှတ်အသားများ၊ တာယာဘီးရာများဖြင့် ရှုပ်ထွေးပြည့်နှက်လျက်ရှိသည်။ ဆူးခြံုကလေးတစ်ခုအနား၌ ကျည်ခွံကြီးတစ်ခုက သဲဆန်သောမြေထဲ၌ တစ်ပိုင်းမြုပ်နေသည်။ နေရာတကာ ကြည့်လေတိုင်း၌ စစ်မြေပြင်ဖြစ်ခဲ့ခြင်း၏ အငွေ့အသက်များ ထင်ကျန်နေဆဲဖြစ်လေသည်။ ကောင်လေးနှင့် ကောင်မလေးတို့ အဆောက်အဦပျက်တစ်ခုထဲသို့ ၀င်သွားကြချိန်တွင် ကြယ်များစတင်ထွက်ပေါ်လာကြသည်။ ဆည်းဆာသည် မှိန်သည်ထက်မှိန်ကာ တစ်စတစ်စ သန်စွမ်းအားကောင်းလာသော အမှောင်အောက်၌ နစ်မြုပ်သွားတော့သည်။ ကောင်လေးက သစ်သားအံဖုံးတစ်ခုကို မ၍ ဖွင့်လိုက်သည်။ မြေတိုက်ခန်းထဲက အလင်းရောင်သည် အပေါ်သို့ ခုန်တက်၍လာ၏။ ထိုအလင်းရောင်ထဲ၌ ကောင်မလေး၏ စိတ်အားထက်သန်နေသော မျက်နှာက ၀င်းလက်လျက်ရှိသည်။ သူတို့နှစ်ယောက် အောက် သို့ ခုန်ဆင်းပြီးသည့်အခါ ကောင်လေးက အံဖုံးတံခါးကို ပြန်ပိတ်လိုက်သည်။ မြေတိုက်ခန်းမှာ သိပ်မကျယ်လှပါ။ တစ်ဝက်တစ်ပျက် ကျိုးပဲ့ပျက်စီးနေသော ပရိဘောဂအနည်းငယ်သည်လည်း နေရာတကျမရှိ။ “နင့်အဖေ မရောက်သေးဘူး” ကောင်လေးက ဆံပင်ကို တစ်ချက်ပင့်တင်ရင်း ပြော၏။ “သုံးရက်ရှိပြီ” အဝတ်စုတ်တွေ မွစာကြဲဖွာထွက်နေသည့် အိတ်တစ်ခုကိုငေးကြည့်နေသည့် ကောင်လေးအား ကောင်မလေးက ငေးကြည့်နေသည်။ “ပြန်လာမယ်ထင်ပါရဲ့ဟယ်၊ အို ... ပြန်လာမှာပါ” ကောင်လေးက ဘာမှမပြော။ မီးရောင်ထဲ၌ သူ့မျက်နှာမှာ ခံစားမှုကင်းသည့် မျက်နှာဖုံးတစ်ခုဖြစ်နေသည်။
part of pack
အသက်ဉာဏ်စောင့် ဥစ္စာကံစောင့် ပုံပြင်များ
ရေးသားသူ: ၀င်းဇော် (သုံးဆယ်)
Ks
အရေးကြံုမှ သက်လုံကောင်း ဒီတစ်ခါတော့ကလေးတို့ကိုအခွင့်အခါကြံုတွေ့လာမှမိမိအရည်အချင်းကို ထုတ်သုံးသင့်တယ်ဆိုတဲ့ စကားပုံလေးကိုပုံပြင်တစ်ပုဒ်သဖွယ် ပြောပြမယ်။ ဟိုးတစ်ခါတုန်းက ဗာရာဏသီပြည်မှ လုလင်ပျို (လူငယ်) တစ်ယောက်ဟာ တက္ကသိုလ်ပြည်ကဒိသာပါမောက္ခဆရာကြီးထံမှာ အဋ္ဌာရဿ၁၈ရပ်သောပညာတွေကို သင်ကြား တတ်မြောက်ပြီမို့အခြား တိုင်းပြည်တစ်ခုမှာ တာဝန်ထမ်းရွက်ဖို့လာခဲ့တယ်။ အဲဒီလုလင်ပျိုဟာ လေးပစ်တဲ့အတတ်မှာတော့သူတစ်ပါးလိုက်မမီအောင်ကို တတ်ကျွမ်းတယ်။ သို့ပေမယ့်လုလင်ပျိုဟာ အရပ်က လည်း ပုတယ်။ ကျောကလည်း ကုန်းနေတယ်။ အခြားတိုင်းပြည်က ဘုရင်ထံမှာသာ အမှုထမ်းမယ် ဆိုရင်သူ့ရုပ်ရည်အသွင်အပြင်က ညံ့ဖျင်းတာမို့ သူရဲ့အစွမ်းကိုအထင်အမြင်သေးမှာအမှန်ပဲလို့တွေးမိတယ်။ အဲဒါကြောင့် လုလင်ပျိုဟာရုပ်ရည်ချောမောလှပပြီးအရပ်အမောင်းကောင်းတဲ့သူတစ်ယောက်နှင့်တိုင်ပင်တယ်။ လုလင်ပျိုကထိုသူကို“သင်က လေးပစ်အတတ်ကျွမ်းကျင်သူတစ်ယောက်ပမာဟန် ဆောင်ပါ။ ကျွန်ုပ်ကသင့်တပည့်တစ်ဦးပမာဟန်ဆောင်၍ဘုရင်မင်းမြတ်ထံမှာအမှုထမ်းရအောင်”လို့ ပြောတယ်။ ထိုသူကလုလင်ပျိုရဲ့အကြံကိုသဘောတူတာကြောင့်ဘုရင်မင်းမြတ်ထံသို့ ၀င်ရောက်ခံစားပြီးအမှုတော်ထမ်းလိုပါကြောင်း လျှောက်တင်တယ်။ ဘုရင်မင်းမြတ်က “သင်တို့မှာဘယ်လိုအတတ်ပညာမျိုးတွေရှိကြသနည်း”လို့ မေးတော်မူတာပေါ့။ လုလင်ပျိုက “ကျွန်တော်မျိုး၏ ဆရာသည် လေးပစ်အတတ်ကိုအထူးကျွမ်းကျင်ပါသည်။ ကျွန်တော်မျိုးကဆရာအားအလုပ်အကျွေးပြုရင်း လေးအတတ်ပညာကို သင်ယူနေသူပါဘုရား”လို့ လျှောက်တင်လေတယ်။ ဘုရင်မင်းမြတ်က လုလင်ပျိုခေါ်လာတဲ့ အားအင်ပြည့်ဝအရပ်အမောင်းကောင်းပြီး ချောမောလှပတဲ့သူကိုတကယ်ပင် လေးအတတ်တတ်ကျွမ်းသူလို့ ထင်ပြီး တစ်လကိုအသပြာငွေ၂၀၀၀နှင့် အမှုတော်ထမ်းစေတယ်။ ဘုရင်မင်းမြတ်ကလုလင်ပျိုတို့၂ ယောက်ကိုစားစရာ၊ နေစရာလည်း ပေးထားတယ်။အဲဒီအချိန်ကစပြီး လေးပစ်သမား ယောင်ဆောင်ထားတဲ့ သူလုပ်ရမယ့်အလုပ်တွေကို လုလင်ပျိုကသူများတွေမသိအောင်လုပ်ဆောင်ပေးရတယ်။ တစ်နေ့မှာတော့နန်းတော်အနီးအပါးက တောအုပ်ထဲမှာကျားတစ်ကောင်က သောင်းကျန်းနေတယ်။ တောထဲမှဖြတ်သွားဖြတ်လာ သူအပေါင်းတို့ကို ကျားက ကိုက်သတ်စားနေတယ်။ အဲဒီအကြောင်းကို ဘုရင်ကကြားတော့ လေးပစ်သမားကိုခေါ်ပြီးကျားသောင်းကျန်းကို နှိမ်နှင်းသတ်ဖြတ်ရန်တာဝန်ပေးတော်မူတယ်။ လေးပစ်အယောင် ဆောင်နေသူဟာလိမ်ညာထားသူမို့ “မုသား”လို့ သူ့နာမည်ကိုမှတ်ထားတာ ပေါ့။ ထိုအခါလုလင်က“မုသား၊ကျားဖမ်းရန်သင်သွားပါ”လို့ပြောတယ်။
part of pack
မအဏ္ဏဝါနှင့် ပင်ကိုရေးပုံပြင်များ
ရေးသားသူ: ၀င်းဇော် (သုံးဆယ်)
Ks
မျောက်ကလေး တိုးမောင် တစ်ခါတုန်းက ရွာတစ်ရွာတွင် မောင်ညိုဆိုသောလူငယ်တစ်ဦးရှိလေသည်။ မောင်ညို၏နေအိမ်သည်ရွာစွန်ရွာဖျားတွင်ရှိ၏။ မောင်ညိုသည် တောထဲတွင်သစ်ဝါးခုတ်သောအလုပ်ဖြင့်ဝင်ငွေရှာကာအသက် မွေးဝမ်းကျောင်းပြုလေ၏။ တစ်နေ့တွင် မောင်ညိုသည် တောထဲသို့သစ်ဝါးခုတ်ရန်လာခဲ့လေ၏။ တောတွင်းတစ်နေရာတွင် အော်မြည်နေသော အသံတစ်ခုကြောင့် ထိုနေရာသို့ ရောက်အောင်လာခဲ့လေသည်။ အော်မြည်သံသည် မောင်ညို နှင့်နီးကပ်လာလေ၏။ မောင်ညိုသည် မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် အံ့သြသွားမိလေ၏။ သေးငယ်သော မျောက်ကလေးတစ်ကောင်သည် မြေပြင်ပေါ်တွင်ပက်လက်လှန်လျက်ငြိမ်သက်နေသော မျောက်မကြီး၏ ခန္ဓာကိုယ်အားလက်ဖြင့်ပုတ်ကာ အော် ဟစ်နေခြင်းဖြစ်သည်။ မောင်ညိုက အသေအချာကြည့်သောအခါ မျောက်မကြီးမှာ သေဆုံးနေကြောင်း သိရလေ၏။ မောင်ညိုသည် မျောက်ကလေးအားသနားသွားလေ၏။ မျောက်မကြီးမှာ ရောဂါဘယကြောင့် သေဆုံးသွားခြင်းဖြစ်မည်ဟု တွေးမိလေသည်။ ထို့ကြောင့် မောင်ညိုသည် မျောက်ကလေး၏အနီးသို့ ချဉ်းကပ်သွားလေသည်။ မျောက်ကလေးက မောင်ညိုကိုမြင်လျှင် ေြ ပးရန် ဟန်ပြင်လေသည်။ သို့သော် မောင်ညိုက မျောက်ကလေးအားချော့မြှူ၍ ဖမ်းလိုက်လေသည်။ မျောက်ကလေးက အတင်းရုန်းကန်၏။ မောင်ညိုက မျောက်ကလေး၏ကျောပြင်ကိုလက်ဖြင့် ယုယစွာသပ်ပေးလေသည်။ မျောက်ကလေးသည် မောင်ညို၏ လက်ထဲတွင်ငြိမ်သက်နေလေသည်။ “ငါကမင်းကို အန္တရာယ်မပြုပါဘူး ၊မင်းအမေက သေနေပြီ၊ ဒီတောတွင်းထဲမှာ မင်းတစ်ကောင်တည်း နေရင်မင်းကိုအခြား တိရစ္ဆာန်တွေက အန္တရာယ်ပြုကြလိမ့်မယ်၊ ဒီတော့ မင်းကို ငါကျွေးမွေးမှဖြစ်တော့မယ်” မောင်ညိုသည် မျောက်ကလေးအားသူ၏အိမ်သို့ ခေါ်လာလေ၏။ အိမ်သို့ရောက်လျှင် နွားနို့တိုက်ကျွေး၏။ မျောက်ကလေးနေရန် သစ်သားလှောင်အိမ်ဆောက်သည်။ မောင်ညိုသည် တောထဲမှ မျောက်ကလေးတစ်ကောင် ဖမ်းလာသည်ဆိုသည့်သတင်းက တစ်ရွာလုံးသို့ ပျံ့နှံ့သွား သည်။ရွာထဲမှကလေးလူကြီးမှန်သမျှသည် မျောက်ကလေးအား လာရောက်ကြည့်ရှုကြလေ၏။ မျောက်ကလေးသည် မောင်ညို၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ကြောက်နေလေ၏။မျောက်ကလေး တိုးမောင် တစ်ခါတုန်းက ရွာတစ်ရွာတွင် မောင်ညိုဆိုသောလူငယ်တစ်ဦးရှိလေသည်။ မောင်ညို၏နေအိမ်သည်ရွာစွန်ရွာဖျားတွင်ရှိ၏။ မောင်ညိုသည် တောထဲတွင်သစ်ဝါးခုတ်သောအလုပ်ဖြင့်ဝင်ငွေရှာကာအသက် မွေးဝမ်းကျောင်းပြုလေ၏။ တစ်နေ့တွင် မောင်ညိုသည် တောထဲသို့သစ်ဝါးခုတ်ရန်လာခဲ့လေ၏။ တောတွင်းတစ်နေရာတွင် အော်မြည်နေသော အသံတစ်ခုကြောင့် ထိုနေရာသို့ ရောက်အောင်လာခဲ့လေသည်။ အော်မြည်သံသည် မောင်ညို နှင့်နီးကပ်လာလေ၏။ မောင်ညိုသည် မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် အံ့သြသွားမိလေ၏။ သေးငယ်သော မျောက်ကလေးတစ်ကောင်သည် မြေပြင်ပေါ်တွင်ပက်လက်လှန်လျက်ငြိမ်သက်နေသော မျောက်မကြီး၏ ခန္ဓာကိုယ်အားလက်ဖြင့်ပုတ်ကာ အော် ဟစ်နေခြင်းဖြစ်သည်။ မောင်ညိုက အသေအချာကြည့်သောအခါ မျောက်မကြီးမှာ သေဆုံးနေကြောင်း သိရလေ၏။ မောင်ညိုသည် မျောက်ကလေးအားသနားသွားလေ၏။ မျောက်မကြီးမှာ ရောဂါဘယကြောင့် သေဆုံးသွားခြင်းဖြစ်မည်ဟု တွေးမိလေသည်။ ထို့ကြောင့် မောင်ညိုသည် မျောက်ကလေး၏အနီးသို့ ချဉ်းကပ်သွားလေသည်။ မျောက်ကလေးက မောင်ညိုကိုမြင်လျှင် ေြ ပးရန် ဟန်ပြင်လေသည်။ သို့သော် မောင်ညိုက မျောက်ကလေးအားချော့မြှူ၍ ဖမ်းလိုက်လေသည်။ မျောက်ကလေးက အတင်းရုန်းကန်၏။ မောင်ညိုက မျောက်ကလေး၏ကျောပြင်ကိုလက်ဖြင့် ယုယစွာသပ်ပေးလေသည်။ မျောက်ကလေးသည် မောင်ညို၏ လက်ထဲတွင်ငြိမ်သက်နေလေသည်။ “ငါကမင်းကို အန္တရာယ်မပြုပါဘူး ၊မင်းအမေက သေနေပြီ၊ ဒီတောတွင်းထဲမှာ မင်းတစ်ကောင်တည်း နေရင်မင်းကိုအခြား တိရစ္ဆာန်တွေက အန္တရာယ်ပြုကြလိမ့်မယ်၊ ဒီတော့ မင်းကို ငါကျွေးမွေးမှဖြစ်တော့မယ်” မောင်ညိုသည် မျောက်ကလေးအားသူ၏အိမ်သို့ ခေါ်လာလေ၏။ အိမ်သို့ရောက်လျှင် နွားနို့တိုက်ကျွေး၏။ မျောက်ကလေးနေရန် သစ်သားလှောင်အိမ်ဆောက်သည်။ မောင်ညိုသည် တောထဲမှ မျောက်ကလေးတစ်ကောင် ဖမ်းလာသည်ဆိုသည့်သတင်းက တစ်ရွာလုံးသို့ ပျံ့နှံ့သွား သည်။ရွာထဲမှကလေးလူကြီးမှန်သမျှသည် မျောက်ကလေးအား လာရောက်ကြည့်ရှုကြလေ၏။ မျောက်ကလေးသည် မောင်ညို၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ကြောက်နေလေ၏။
part of pack
မတူရင် မတုနှင့် အပါအဝင် စကားပုံ ပုံပြင်များ
ရေးသားသူ: ၀င်းဇော် (သုံးဆယ်)
Ks
ကွယ်ရင်မေ့ တွေ့ရင်လွမ်း “အဘိုး၊ နေကောင်းပါသလား” “ဟာ၊ မောင်တင်ဌေး။ မင်းက မင်းရဲ့ဒေါ်လေးခေါ်လို့အညာကို လိုက်သွားတာအခုမှပဲ ပြန်လာရတော့သလား။အညာက ဆွေမျိုးတွေဆီရောက်တာနှင့် မင်းကအဘိုးကို မေ့နေတာမဟုတ်လား။ အခုအဘိုးကို တွေ့တော့မှလွမ်းပြနေတာ ဖြစ်မှာပါ” “မဟုတ်ပါဘူးအဘိုးရဲ့။သားကအညာကို ရောက်ပေမဲ့ညတိုင်း ပုံပြောပြတဲ့အဘိုးကိုအမြဲသတိရနေတာပါ။” "အေးပါကွာ။ အဘိုးက သားကိုတမင်စတာပါ။ ကလေးတွေ အားလုံးစုံပြီနော်။ဒီညတော့အကြောင်းတိုက်ဆိုင်လို့“ကွယ်ရင်မေ့ တွေ့ရင်လွမ်း”ဆိုတဲ့စကားပုံလေးကို ပုံပြင်တစ်ပုဒ်ပမာအဘိုး ပြောပြမယ်။ သေသေချာချာနားထောင်ကြနော်။ ရှေးလွန်လေပြီးသောအခါကကာသိကတိုင်း၊ ပါဋံလိနေပြည်တော်ကြီးမှာ အဿကမင်းကြီးထီးနန်းအုပ်ချုပ်မင်းလုပ်တော်မူတယ်ကွဲ့။ “အဲဒီအဿကမင်းကြီးမှာအလွန်ချစ်မြတ်နိုးတော်မူရတဲ့ တောင်နန်းစံဒေဝီမိဖုရားကြီးဥပရိဒေဝီဆိုတာရှိတယ်။ အဲဒီမိဖုရားကြီးက ရုပ်ရည်အလွန်ချောမောလှပတဲ့ဂုဏ်နှင့် ပြည့်စုံတယ်။ အဲဒါကြောင့် မိဖုရားကြီးက တစ်လောကလုံးမှာ ငါသာလျှင်အလှဆုံးလို့ထင်ပြီး အလှမာနတက်နေတယ်။ ကောင်းမှုကုသိုလ်ကိုတစ်ခုမျှ မပြုလုပ်ဘဲ မေ့လျော့နေရှာတယ်။” “ပြီးတော့ဥပရိဒေဝီမိဖုရားကြီးဟာကာသိကတိုင်းပြည်ကြီးကို “ငါသာလျှင် ပိုင်ဆိုင်တယ်။ ငါသာ မိဖုရားခေါင်ကြီး”ဆိုပြီး စည်းစိမ်မာန်လည်း တက်နေရှာတယ်။ အဲသလို အလှမာန်၊ဓနမာန် တက်ပြီး မာနထောင်လွှားနေတဲ့ ဥပရိဒေဝီမိဖုရားခေါင်ကြီးဟာ တစ်နေ့မှာတော့ မမျှော်လင့်ဘဲ ရုတ်တရက် သေဆုံးသွားခဲ့တယ်။လူ့ဘဝ ဖြစ်စဉ်အခါတုန်းက ကောင်းမှုကုသိုလ်ဘာမျှမပြုလုပ်ခဲ့တာကြောင့် သေလွန်သွားတဲ့အခါမှာတော့ အဿကမင်းကြီးရဲ့ဥယျာဉ်တော်အတွင်းမှာ နွားချေးပိုးဘဝသို့ရောက်သွားရှာတယ်။ကွယ်ရင်မေ့ တွေ့ရင်လွမ်း “အဘိုး၊ နေကောင်းပါသလား” “ဟာ၊ မောင်တင်ဌေး။ မင်းက မင်းရဲ့ဒေါ်လေးခေါ်လို့အညာကို လိုက်သွားတာအခုမှပဲ ပြန်လာရတော့သလား။အညာက ဆွေမျိုးတွေဆီရောက်တာနှင့် မင်းကအဘိုးကို မေ့နေတာမဟုတ်လား။ အခုအဘိုးကို တွေ့တော့မှလွမ်းပြနေတာ ဖြစ်မှာပါ” “မဟုတ်ပါဘူးအဘိုးရဲ့။သားကအညာကို ရောက်ပေမဲ့ညတိုင်း ပုံပြောပြတဲ့အဘိုးကိုအမြဲသတိရနေတာပါ။” "အေးပါကွာ။ အဘိုးက သားကိုတမင်စတာပါ။ ကလေးတွေ အားလုံးစုံပြီနော်။ဒီညတော့အကြောင်းတိုက်ဆိုင်လို့“ကွယ်ရင်မေ့ တွေ့ရင်လွမ်း”ဆိုတဲ့စကားပုံလေးကို ပုံပြင်တစ်ပုဒ်ပမာအဘိုး ပြောပြမယ်။ သေသေချာချာနားထောင်ကြနော်။ ရှေးလွန်လေပြီးသောအခါကကာသိကတိုင်း၊ ပါဋံလိနေပြည်တော်ကြီးမှာ အဿကမင်းကြီးထီးနန်းအုပ်ချုပ်မင်းလုပ်တော်မူတယ်ကွဲ့။ “အဲဒီအဿကမင်းကြီးမှာအလွန်ချစ်မြတ်နိုးတော်မူရတဲ့ တောင်နန်းစံဒေဝီမိဖုရားကြီးဥပရိဒေဝီဆိုတာရှိတယ်။ အဲဒီမိဖုရားကြီးက ရုပ်ရည်အလွန်ချောမောလှပတဲ့ဂုဏ်နှင့် ပြည့်စုံတယ်။ အဲဒါကြောင့် မိဖုရားကြီးက တစ်လောကလုံးမှာ ငါသာလျှင်အလှဆုံးလို့ထင်ပြီး အလှမာနတက်နေတယ်။ ကောင်းမှုကုသိုလ်ကိုတစ်ခုမျှ မပြုလုပ်ဘဲ မေ့လျော့နေရှာတယ်။” “ပြီးတော့ဥပရိဒေဝီမိဖုရားကြီးဟာကာသိကတိုင်းပြည်ကြီးကို “ငါသာလျှင် ပိုင်ဆိုင်တယ်။ ငါသာ မိဖုရားခေါင်ကြီး”ဆိုပြီး စည်းစိမ်မာန်လည်း တက်နေရှာတယ်။ အဲသလို အလှမာန်၊ဓနမာန် တက်ပြီး မာနထောင်လွှားနေတဲ့ ဥပရိဒေဝီမိဖုရားခေါင်ကြီးဟာ တစ်နေ့မှာတော့ မမျှော်လင့်ဘဲ ရုတ်တရက် သေဆုံးသွားခဲ့တယ်။လူ့ဘဝ ဖြစ်စဉ်အခါတုန်းက ကောင်းမှုကုသိုလ်ဘာမျှမပြုလုပ်ခဲ့တာကြောင့် သေလွန်သွားတဲ့အခါမှာတော့ အဿကမင်းကြီးရဲ့ဥယျာဉ်တော်အတွင်းမှာ နွားချေးပိုးဘဝသို့ရောက်သွားရှာတယ်။
part of pack
အလယ်တန်းအဆင့် ဖွင့်ဆိုရှင်းပြ စာစီစာကုံးများ
ရေးသားသူ: ဖြိုးသာရ
Ks
အခြေခံပညာအလယ်တန်းအဆင့်ကို ရောက်ရှိလာပြီဖြစ်တဲ့ ကျောင်းသူ ကျောင်းသားများအနေနဲ့ “စာစီစာကုံး”ရဲ့ အဓိပ်္ပာယ်ကို အထိုက်အလျောက်သိရှိ နားလည်နေကြပြီးပြီလို့ ယူဆပါတယ်။ စာစီစာကုံးထဲမှာ အရေးပါတဲ့ စာစီစာကုံးအမျိုးအစားကတော့ “ဖွင့်ဆိုရှင်းပြ” စာစီစာကုံးမျိုး ဖြစ်ပါတယ်။ ဖွင့်ဆိုရှင်းပြဆိုတဲ့ အတိုင်းပါပဲ။ ပေးထားတဲ့ စာစီစာ ကုံးခေါင်းစဉ်ရဲ့ အဓိပ်္ပာယ်ကို အရင်ဦးဆုံး ဖွင့်ဆိုရပါတယ်။ ပြီးတော့မှ အချက် အလက်ပြည့်ပြည့်စုံစုံ ခိုင်ခိုင်လုံလုံနဲ့ ရှင်းပြရပါတယ်။ ဒီစာစီစာကုံးမျိုးကို “ကျိုးကြောင်းပြ” စာစီစာကုံးလည်း ခေါ်ကြပါတယ်။ ဘာ ကြောင့်ဆိုတဲ့အချက်ကို ဖော်ပြရပါတယ်။ ဘယ်လိုအကျိုးရှိတယ်ဆိုတာကိုလည်း ဖော်ပြရပါတယ်။ အထူးသဖြင့် “စကားပုံ” စာစီစာကုံးမျိုးတွေကို ဖွင့်ဆိုရှင်းပြကျိုး ကြောင်းပြကြရပါတယ်။ စာစီစာကုံးရေးသားမှု ကျွမး်ကျင်ဖို့ဆိုတာ လက်တွေ့လေ့ကျင့်မှုအပေါ်မှာ မူ တည်ပါတယ်။ စာစီစာကုံးစာအုပ်တွေကို ဖတ်နေရုံနဲ့ မပြီးသေးပါဘူး။ စာစီစာကုံး ဟာ ကျက်စာမဟုတ်ဘူး။ စာစီစာကုံးကိုကျက်ဖို့ မလိုဘူးဆိုပေမဲ့ တချို့အချက် အလက်တွေကတော့ ကျက်ကိုကျက်၊ မှတ်ကိုမှတ်ရမှာ ဖြစ်ပါတယ်။ လက်တွေ့လေ့ကျင့်ရေးသားပြီးတဲ့အခါမှာလည်း ဆရာ၊ ဆရာမကို ပြကြရ ပါမယ်။ အချင်းချင်းကူးချရတာမျိုး မလုပ်ကြဖို့လည်း မှာချင်ပါတယ်။ အလယ် တန်းကျောင်းသားကျောင်းသူဘဝမှာ စာစီစာကုံးရေးသားနည်းကို လေ့ကျင့်မှုများ များနဲ့ ကျွမ်းကျင်ခဲ့မယ်ဆိုရင် နောက်လာမယ့် အထက်တန်းအဆင့်၊ တက်္ကသိုလ်ဝင် တန်းအဆင့် စာမေးပွဲမှာ အခက်အခဲမရှိနိုင်ဘူးဆိုတာ အသေအချာဖြစ်ပါတယ်။အခြေခံပညာအလယ်တန်းအဆင့်ကို ရောက်ရှိလာပြီဖြစ်တဲ့ ကျောင်းသူ ကျောင်းသားများအနေနဲ့ “စာစီစာကုံး”ရဲ့အဓိပ္ပာယ်ကိုအထိုက်အလျောက် သိရှိ နားလည်နေကြပြီးပြီလို့ ယူဆပါတယ်။ စာစီစာကုံးထဲမှာအရေးပါတဲ့စာစီစာကုံးအမျိုးအစားကတော့ “ဖွင့်ဆိုရှင်းပြ” စာစီစာကုံးမျိုး ဖြစ်ပါတယ်။ ဖွင့်ဆိုရှင်းပြဆိုတဲ့အတိုင်းပါပဲ။ ပေးထားတဲ့စာစီစာကုံးခေါင်းစဉ်ရဲ့အဓိပ္ပာယ်ကို အရင်ဦးဆုံးဖွင့်ဆိုရပါတယ်။ ပြီးတော့မှ အချက် အလက်ပြည့်ပြည့်စုံစုံခိုင်ခိုင်လုံလုံနဲ ့ရှင်းပြရပါတယ်။ ဒီစာစီစာကုံးမျိုးကို “ကျိုးကြောင်းပြ”စာစီစာကုံးလည်း ခေါ်ကြပါတယ်။ ဘာကြောင့်ဆိုတဲ့အချက်ကို ဖော်ပြရပါတယ်။ ဘယ်လိုအကျိုးရှိတယ်ဆိုတာကိုလည်း ဖော်ပြရပါတယ်။အထူးသဖြင့် “စကားပုံ”စာစီစာကုံးမျိုးတွေကိုဖွင့်ဆိုရှင်းပြကျိုးကြောင်းပြကြရပါတယ်။ စာစီစာကုံးရေးသားမှုကျွမး်ကျင်ဖို့ဆိုတာလက်တွေ့လေ့ကျင့်မှုအပေါ်မှာ မူတည်ပါတယ်။ စာစီစာကုံးစာအုပ်တွေကိုဖတ်နေရုံနဲ့မပြီးသေးပါဘူး။ စာစီစာကုံးဟာ ကျက်စာမဟုတ်ဘူး။ စာစီစာကုံးကိုကျက်ဖို့မလိုဘူးဆိုပေမဲ့ တချို့အချက်အလက်တွေကတော့ ကျက်ကိုကျက်၊မှတ်ကိုမှတ်ရမှာ ဖြစ်ပါတယ်။လက်တွေ့လေ့ကျင့်ရေးသားပြီးတဲ့အခါမှာလည်းဆရာ၊ဆရာမကို ပြကြရပါမယ်။ အချင်းချင်းကူးချရတာမျိုးမလုပ်ကြဖို့လည်း မှာချင်ပါတယ်။ အလယ်တန်းကျောင်းသားကျောင်းသူဘဝမှာ စာစီစာကုံးရေးသားနည်းကို လေ့ကျင့်မှုများ များနဲ့ ကျွမ်းကျင်ခဲ့မယ်ဆိုရင် နောက်လာမယ့်အထက်တန်းအဆင့်၊တက္ကသိုလ်ဝင်တန်းအဆင့် စာမေးပွဲမှာအခက်အခဲမရှိနိုင်ဘူးဆိုတာ အသေအချာဖြစ်ပါတယ်။
part of pack
ရညး်စားရှိတဲ့အဖွား
ရေးသားသူ: ကျော်မြင့်အေး
Ks
မြန်မြန်ခုန်ချပါ ပထမသူခိုး ။ ။ အိုး ... ရဲတွေရောက်နေပြီကွ။ မြန်မြန် ပြတင်းပေါက်ကနေ ခုန်ချ။ ဒုတိယသူခိုး ။ ။ ဟ ... တို့ရောက်နေတာ ဆယ့်သုံးထပ်နော်။ ပထမသူခိုး ။ ။ မြန်မြန်လုပ်စမ်းပါ။ အယူသီးဖို့ အချိန်မရှိဘူးကွ။
part of pack
မှဲ့ကြည့်နည်း
ရေးသားသူ: ကျော်ခိုင်
Ks
မှဲ့စလွယ် … ဤနေရာတွင် မှဲ့စလွယ်နှင့်ပတ်သက်၍ သိရှိနိုင်ရန် အနည်းငယ် ရှင်းဦးအံ့။ မှဲ့စလွယ်ကား များသောအားဖြင့် ယောက်ျားများတွင်သာ ပေါက်လေ့ရှိပြီး မိန်းမများတွင် ပေါက်သည်ဟူ၍ ကျွနု်ပ်အနေနှင့် မကြားဖူး မလေ့လာဖူးပေ။ မှဲ့စလွယ်ဆိုသည်မှာ လူ၏ကိုယ်ခန္ဓာပေါ်တွင် စလွယ်သိုင်းထား သကဲ့သို့ မှဲ့များ စီတန်းညီညာစွာဖြင့် ပေါက်နေသောကြောင့် မှဲ့စလွယ်ဟု ခေါ်၏။ ကျွနု်ပ်၏ လေ့လာခဲ့သော အတွေ့အကြံုတစ်လျှောက်လုံးတွင် မှဲ့စလွယ်ပေါက်သူတစ်ဦးကိုသာ တွေ့ဖူးရာ ၎င်းမှာ ချမ်းသာကြွယ်ဝသော မိသားစုမှ မွေးဖွားလာသူတစ်ဦးဖြစ်ခြင်း၊ စာပေပညာတွင်လည်း ထူးချွန် သူဖြစ်ခြင်း၊ ၎င်းဝါသနာပါသော အားကစားဘက်တွင်လည်း ထူးချွန်သူဖြစ်ခြင်းနှင့် ကျောင်းမှဘွဲ့ရပြီး လုပ်ငန်းခွင်သို့ ၀င်ရောက် အမှုထမ်းရာတွင်လည်း သြဇာရှိသောနေရာတွင် လုပ်ဆောင်ရခြင်းတို့ဖြင့် အဆင့်အတန်း မြင့်မားစွာ နေထိုင်လုပ်ကိုင်ရခြင်းနှင့် စိတ်နေသဘောထားပါ ကောင်းမွန်ခြင်းတို့နှင့် ပြည့်စုံသောကြောင့် ထူးခြားသည့် ကောင်းကျိုးပေးသည့် မှဲ့အမျိုးအစားပင်ဖြစ်ကြောင်းကို ကိုယ်တွေ့ လေ့လာတွေ့ရှိရပါသည်။မှဲ့စလွယ် … ဤနေရာတွင် မှဲ့စလွယ်နှင့်ပတ်သက်၍ သိရှိနိုင်ရန် အနည်းငယ် ရှင်းဦးအံ့။ မှဲ့စလွယ်ကား များသောအားဖြင့် ယောက်ျားများတွင်သာ ပေါက်လေ့ရှိပြီး မိန်းမများတွင် ပေါက်သည်ဟူ၍ ကျွနု်ပ်အနေနှင့် မကြားဖူး မလေ့လာဖူးပေ။ မှဲ့စလွယ်ဆိုသည်မှာ လူ၏ကိုယ်ခန္ဓာပေါ်တွင် စလွယ်သိုင်းထား သကဲ့သို့ မှဲ့များ စီတန်းညီညာစွာဖြင့် ပေါက်နေသောကြောင့် မှဲ့စလွယ်ဟု ခေါ်၏။ ကျွနု်ပ်၏ လေ့လာခဲ့သော အတွေ့အကြံုတစ်လျှောက်လုံးတွင် မှဲ့စလွယ်ပေါက်သူတစ်ဦးကိုသာ တွေ့ဖူးရာ ၎င်းမှာ ချမ်းသာကြွယ်ဝသော မိသားစုမှ မွေးဖွားလာသူတစ်ဦးဖြစ်ခြင်း၊ စာပေပညာတွင်လည်း ထူးချွန် သူဖြစ်ခြင်း၊ ၎င်းဝါသနာပါသော အားကစားဘက်တွင်လည်း ထူးချွန်သူဖြစ်ခြင်းနှင့် ကျောင်းမှဘွဲ့ရပြီး လုပ်ငန်းခွင်သို့ ၀င်ရောက် အမှုထမ်းရာတွင်လည်း သြဇာရှိသောနေရာတွင် လုပ်ဆောင်ရခြင်းတို့ဖြင့် အဆင့်အတန်း မြင့်မားစွာ နေထိုင်လုပ်ကိုင်ရခြင်းနှင့် စိတ်နေသဘောထားပါ ကောင်းမွန်ခြင်းတို့နှင့် ပြည့်စုံသောကြောင့် ထူးခြားသည့် ကောင်းကျိုးပေးသည့် မှဲ့အမျိုးအစားပင်ဖြစ်ကြောင်းကို ကိုယ်တွေ့ လေ့လာတွေ့ရှိရပါသည်။
part of pack

ဆက်လက်လုပ်ဆောင်ရန်သေချာပါသလား။

ဤဟာသည် ကျွန်ုပ်၏စာအုပ်များ အောက်တွင်ရှိပြီးသားဖြစ်သည်။

ဝန်ဆောင်မှုအားရယူထားပြီးပါပြီ။