Books

filter

  • Categories

  • Books
  • Journals
  • Magazines
  • Pack

  • Book Package
  • journal package
  • genre

  • Books
  • Action, Adventure & Horror
  • Arts & Satire
  • Biography & Autography
  • Business & Economy
  • Fashion
  • History & Geography
  • IT & Science
  • Nonfiction
  • Others
  • Poem
  • Politics & Social Sciences
  • Romance
  • Sports & Health
  • Travel & Cooking
  • Journals
  • Automotive
  • Business & Economy
  • Craft & Hobby
  • Crime
  • Entertainment
  • Fashion & Lifestyle
  • Food & Drink
  • IT & Technology
  • Mystery & Suspense
  • Sports
  • Magazines
  • Automotive
  • Business & Economy
  • Craft & Hobby
  • Crime
  • Entertainment
  • Fashion & Lifestyle
  • Food & Drink
  • IT & Technology
  • Mystery & Suspense
  • Sports
  • price

  • under 50KS
  • 50KS - 100KS
  • 100KS - 500KS
  • 500KS - 1000KS
  • 1000KS & above
  • PRICING PLAN

  • One Time Payment
  • Rental
  • Free
  • BOOK LANGUAGE

  • english
  • myanmar

xxx items found

Show:

Sort by:

မောင် ကိုကို နှင့် မြနန္ဒာ
By: ကြည်အေး
Ks
““ဟော... လိုနေတဲ့အိမ် လာပြီ”” ဟု ဒေါ်ယုယုခင်က ပြော၏။ ဦးသန်းတင့် က အကျင့်ပါနေဟန်ဖြင့် သူ့မယား ပြောသည်ကို ခေါင်းညိတ်လိုက်ပြီး လက်ထဲက ဖဲ ၁၃ ချပ်ကို အသစ်ပြန်စီပြန်လေ၏။ ကိုတင်မောင်က ““သူ လာပြီလား၊ သူလား”” ဟု အနည်းငယ် တုန် ယင်သော အသံဖြင့်မေး၏။ ပြီးတော့ ဖဲချပ်များကို ပက်လက်စီ၍ စားပွဲပေါ် ချလိုက်ကာ စီးကရက်တစ်လိပ်ကို မီးညှိစပြုလေ၏။ တစ်နေ့လုံး တစ်ခါမျှ မဒေါင်းသေးသော ကိုလှဦးက ခေါင်းယမ်း လိုက်သော်လည်း ပြံုးရယ်ကာ ““မျှော်လို့သာ ပန်းရငဲ့၊ လမ်းဘယ်မမြင်””ဟု အသံနေ အသံထားဖြင့် ဆိုလိုက်သည်။ ဒေါက်တာ ခင်အေးရီက ““ဂျိုကာကိုမျှော်တာလား၊ ခုမှ ရောက်လာ သူကလေးကို မျှော်တာလား၊ ရွှေဘိုက ရောက်လာမယ့် ရှင့်ယောက်္ခမကြီးရဲ့ သမီးကို မျှော်တာလား... ဟင်”” ဟုပြောပြီး သူ့ဝါသနာအတိုင်း တဟားဟား ရယ်ပစ်လိုက်သည်။
part of pack
မီ
By: ကြည်အေး
Ks
မီ...တဲ့။ မီ...မီ...မီ့ကို မမြင်ဘူးခင်ကတည်းက သည်နာမည်ကလေးကို ဘယ်လောက် ဘယ်လောက်များ တ ရပါလိမ့်။ ပထမတော့ နာမည်ကလေး ဆန်းဆန်းမို့ ခေါ်ကောင်းကောင်းနှင့် ခေါ်မိသည်။ နောက်တော့ ယောကျ်ားတစ်ယောက်ကို ပေါ့ပေါ့ကလေး သေစေနိုင် သူမို့၊ နောက်တော့ ဘယ်သူကိုမှ မခဲရလျှင် သူ့အမြီးသူပြန်ခဲသည့် ကျားနာ လို ရက်စက်သူမို့... ခုမှာမူ ကျွန်တော်သည် ပပ်ကြားအက်ကွဲနေသော အသည်းနှလုံးနှင့် မှုန်ရီဝေးကွာခဲ့သည့် မီ၏ အတိတ်ကအရိပ်တွေကို လိုက်လံဖမ်းယူကာ မီ... မီ...မီဟု မောဟိုက်တမ်းရှိုက်မိပါသည်။
part of pack
တမ််းတတတ်သည်
By: ကြည်အေး
Ks
[ ၁ ] .... ညကပင် အထွေးကို အိပ်မက် မက်သေးသည်။ အထွေးကို ခဏခဏ အိပ်မက် မက်လေ့မရှိ။ အထွေးက ကိုယ်နှင့်အတူ ရှိနေသလို စိတ်ထဲ အမြဲနေသောကြောင့် ထင်သည်။ ညကမူ အထွေးကို အိပ်မက်မက်သည်။ ညက အေးလည်း အေးသည်။ နှင်းများဝေကာ ပြာမှောင်သည်။ တစ်လံအကွာက ဘာကိုမှ မမြင်ရ။ မမြင်ရသည်ကို အလကား ငေးမောနေလျက် ၀ရန်တာတွင်ပင် ပက်လက်ကုလားထိုင်၌ အိပ်ပျော်သွားသည်။ သည့်နောက် အထွေးကို အိပ်မက် မက်သည်။ အထွေးက ကိုယ်နှင့်အဝေးကြီးမှာ ရှိနေသည်တဲ့။ အထွေး၏ ဖြူဖွေးဝင်းပသော မျက်နှာကလေးကို လှမ်းမျှော်ပြီး မမီမကမ်းလို ကြည့်ဆဲမှာ နီးနီးလာတယ် ထင်ရလျက်က ဘယ်လို ဘယ်လိုမှန်းမသိ၊ အထွေး မရှိတော့ချေ။ အထွေးရေလို့တော့ လှမ်းမခေါ်မိဘူးတဲ့။ မိုးလင်းလျှင် အထွေး၏ ထူထဲသော မျက်ခုံး၊ မျက်တောင်များကို သတိရ၏။ ပန်းနုရောင် နှုတ်ခမ်းက နားမှာ ကပ်လျက် စကားပြောမည်လို နီးစပ်၏။ ထို့ကြောင့် ““အထွေးရေ ကျွန်တော့်ဆီလာပါ၊ မောင့်ဆီလာပါ””ဟု အိပ်ရာပေါ် ၀မ်းလျားမှောက်လှဲ၍ ငိုရ၏။ ထိုသို့ ငိုစဉ်ကမူ အထွေးဟာ ဘယ်တော့မှ ကိုယ့်ဆီလာတော့မယ် မဟုတ်ဘူးဆိုတာ ခုလို မသိသေး။ ညက အိပ်မက်ထဲမှာတော့ အထွေး၏ ဆံပင်များသည် အင်မတန် ရှည်လျားကာ လွင့်ပါးနေတယ် ထင်သည်။ ကိုယ့်စိတ်ထဲက အထွေးရဲ့ မတိုမရှည် ဆံပြတ်များကို မကျေနပ်နိုင်လို့ ထင်ရဲ့၊ အထွေးတစ်ယောက် လှပါလျက်နဲ့ ဆံပင်ပွနေတာ မကြိုက်နိုင်ပါဘူး။ အထွေးရဲ့ တဒိတ်ဒိတ်တိုးတဲ့ နှလုံးသွေး တစ်ဝက်ဟာ မဟာဆီ မဟာသွေး စစ်စစ်ပါ ဆိုတာကို အားနည်းနည်းနာလျှင် အထွေး ဆံထုံးထုံးဖြစ်မည် ထင်သည်။ အထွေး ဆံထုံးထုံးတာ တစ်ခါမှ မမြင်စဖူး။ ကြည့်ချင်ပါရဲ့။ သို့သော် နောက်လည်း မြင်ဖူးမည်တော့ မဟုတ်ချေ။
part of pack
ကျွန်မ ပညာသည်
By: ကြည်အေး
Ks
အနုပညာသည် လူ့ဘောင်အတွက် လိုလည်း လိုအပ်၊ လေးစားလည်း လေးစားအပ်သော ပညာတစ်ရပ်ဖြစ်သည်။ ဇာတ်သဘင်ပညာသည် အနုပညာတစ်ရပ်ဖြစ်သည်။ မြန်မာ့ရိုးရာ ဇာတ်သဘင်ပညာကို ရှေးမြန်မာဘုရင်များ ကိုယ်တိုင် အမျိုးသားယဉ်ကျေးမှုအဖြစ်ဖြင့် အားပေးသမှု ပြုခဲ့ကြသည်။ သို့သော် ...
part of pack
အပြင်ကလူ ၁ + ၂
By: ကြည်အေး
Ks
အပြင်ကလူ ၁ + ၂
part of pack
ပေါက်ကျော်ဖို့ ပုံ
By: ကြည်အေး
Ks
ရေသူမကလေး ဥယျာဉ်ထဲမှာ မင်းသမီးကလေးတစ်ယောက်ကို မြေတစ်ကွက်စာ ရကြတယ်။ သဘောရှိသလို စိုက်ပျိုးဖို့ပေါ့။ တစ်ယောက်က ဝေလငါးပုံ အကွက်ရိုက်ပြီး ပန်းပင်စိုက်တယ်။ တစ်ယောက်က ရေသူမပုံ၊ အငယ်ဆုံးကလေးကတော့ နေသဏ္ဌာန်လုံးဝန်းတဲ့ပုံကို ရွေးချယ်ပြီး စိုက်ပြန်တော့ နေရဲ့အရောင်ကို သူ ထင်မြင်ရှာတဲ့ အနီရောင် ပန်းပွင့်ပင်များမှ စိုက်သတဲ့။ အတော်ဆန်းတယ်ပေါ့။ အင်မတန်အေးချမ်းပြီး သူ့စိတ်ကူးနဲ့ပဲ သူ နေတတ်ပြန်တယ်။ သင်္ဘောပျက်နဲ့ကြံုလို့ ပစ်္စည်းဆန်းကလေးများရရင် တခြားညီမဖော်တွေက ကိုယ်မှာဆင်သလို့မဆုံးဘူး။ သူကတော့ လူသားကျောက်ဆစ်ရုပ်ကလေးပဲ တောင်းခံပြီး သူ့မြေကွက်မှာ စိုက်တည်ထားသတဲ့။ ပြီးတော့ ကျောက်ဖြူရုပ်နံဘေးမှာ နီရဲတဲ့ ကျောက်ခက်ပင်တစ်ပင် စိုက်တယ်။ ကျောက်ခက်ပင်ဟာ တစ်ခဏချင်း ကြီးလာပြီး ခက်လက်များနဲ့ မြေကို လှမ်းပြီး ငြိလေတော့ အမြစ်နုများနဲ့ ဖက်ယမ်းမိတယ်ထင်ရအောင် ခက်လက်များရဲ့ ခရမ်းညို့ရိပ်များဟာ ကစားနေတော့တာပေါ့။ မင်းသမီးလေးဟာ ရေလွှာအပေါ်ဆီက လူသားတွေအကြောင်းများ နားထောင်လို့ မငြီးနိုင်ရှာဘူး။ သင်္ဘောဆောက်ပြီး ပင်လယ်ကူးကြတာတွေ၊ မြို့တည်ပြီး နေထိုင်ကြတာတွေ၊ တိရစ္ဆာန်ကောင်တွေ ခိုင်းစေလို့ နေကြတာတွေကို အဘွားလုပ်သူနားကပ်ပြီး ပြောပြခိုင်းတယ်။ လူ့ပြည်က ပန်းပွင့်တွေဟာ မွှေးကြိုင်တယ်ဆိုတာ သိရတော့ဖြင့် သိပ်သဘောကျနေတော့တာပဲ။ ပင်လယ်ပန်းတွေက ရနံ့မှမရှိဘဲကိုး ကျော်ရဲ့။ ပြီးတော့ သစ်တောတွေဟာ စိမ်းတယ်လားပေါ့။ ရောင်စုံတောက်ပတဲ့ သစ်ခက်ကိုင်းတွေကြားမှာ ငါးတွေ ကလည်း ပျံတယ်လားပေါ့။ အသံကျယ်ကျယ်နဲ့ သီချင်းပီအောင် ဆိုတယ်လားပေါ့။ တကယ်တော့ အဘွားကြီးဆိုလိုတာက ငှက်တွေပါ။
part of pack
ကေဖွဲ့ဆိုသီ၊ ဖူးငုံပွင့်သစ်
By: ကြည်အေး
Ks
ကေဖွဲ့ဆိုသီ ကေသည် တက္ကသိုလ်ပြန်ဖွင့်မည့်နေ့မတိုင်မီ ၂ ရက်အလိုမှာမှ အင်းလျားဆောင်သို့ ရောက်လာသည်။ အင်းလျားဆောင်တွင်းသို့ သူ တစ်ခါမှ မရောက်ဖူးပေ။ သူ့ဆွေမျိုး ကလေးတစ်သိုက်မှာ သူ ပထမဆုံးကောလိပ် ရောက်သူဖြစ်သည်။ မေမေ ကျောင်းသူဘဝက နေခဲ့ရာ ကျောင်းဆောင်ဖြစ်သော်လည်း မေမေက သူ့မောင်ငယ်၊ ညီမငယ်များနှင့် အလုပ်ရှုပ်မြဲမို့ လိုက်ပြမည်ပြောပြီး တစ်ခါမှ မပြဖြစ်ခဲ့။ သူ့အရင်တစ်နှစ် စောအောင်သွားသည့် သူငယ်ချင်း မြင့်ဆီလည်း မလာဖြစ်ခဲ့။ အင်းလျားဆောင်သို့ရောက်ရောက်ချင်း မြင့်အခန်းကို အရင်ရှာရပါဦးမည်။ ပြီးမှ အဆောင်မှူးဆီသွားပြီး ကိုယ့်အခန်း တောင်းရမည်ပေါ့။ မြင့်အခန်းနံပါတ် ၂၁၁ ပါ ဟုတ်ပါသည်။ မမေ့ပါဘူး။ ပြီးတော့ သူ ဒီနေ့ စောင့်နေမယ်လို့ဆိုသည်။ အောက်ကနေ ဆင်းပြီးတော့ဖြင့် စောင့်မနေပါရစေနဲ့တဲ့၊ စုံတွဲတွေကို အားနာသည်တဲ့။ သူတို့ကောလိပ်က ဒီလိုတဲ့လား ကွယ်။ မြင့်အခန်းကို လွယ်လွယ်ကူကူတွေ့သည်။ မြင့်ကို အိပ်ရာပေါ်မှာ ခပ်တောင့်တောင့်လှဲနေတာ တွေ့သည်။ ဖြီးလိမ်းကြော့မော့နေကာ ဆံပင်ပျက်မည်စိုးလို့ အိပ်ရာပေါ်လှဲလည်း ခေါင်းမလှုပ်ဝံ့ဘဲ နေရသည်ကို တွေ့ လေသည်။ “ဟေ့ .. ကေ၊ ကိုယ်စောင့်နေတာ ကြာပြီ” ဟု ဆီးပြောသည်။ “ဘာဖြစ်လို့ အကြာကြီးစောင့်နေရတာလဲ၊ သုံးနာရီကျော်မှ လာနိုင်မယ်ပြောထားသားနဲ့” “ခု လေးနာရီပဲ ခွဲတော့မယ်။ ကိုယ့်ဧည့်သည်တောင် ဒီနေ့မလာပါနဲ့လို့ ပြောထားရတယ်။ ပြီးတော့ စောစောလည်း မလာဘူး။ တစ်ညနေလုံး ကိုယ်ပျင်းလိုက်တာ”
part of pack
မေတ္တာမီးအိမ်
By: ကြည်အေး
Ks
မေတ္တာမီးအိမ်
part of pack

Are you sure you want to continue?

You already have this product in My Books

You have already Subscribed to this package