Books

filter

  • Categories

  • Books
  • Journals
  • Magazines
  • Pack

  • Book Package
  • journal package
  • genre

  • Books
  • Action, Adventure & Horror
  • Arts & Satire
  • Biography & Autography
  • Business & Economy
  • Fashion
  • History & Geography
  • IT & Science
  • Nonfiction
  • Others
  • Poem
  • Politics & Social Sciences
  • Romance
  • Sports & Health
  • Travel & Cooking
  • Journals
  • Automotive
  • Business & Economy
  • Craft & Hobby
  • Crime
  • Entertainment
  • Fashion & Lifestyle
  • Food & Drink
  • IT & Technology
  • Mystery & Suspense
  • Sports
  • Magazines
  • Automotive
  • Business & Economy
  • Craft & Hobby
  • Crime
  • Entertainment
  • Fashion & Lifestyle
  • Food & Drink
  • IT & Technology
  • Mystery & Suspense
  • Sports
  • price

  • under 50KS
  • 50KS - 100KS
  • 100KS - 500KS
  • 500KS - 1000KS
  • 1000KS & above
  • PRICING PLAN

  • One Time Payment
  • Rental
  • Free
  • BOOK LANGUAGE

  • english
  • myanmar

Search by author name

xxx items found

Show:

Sort by:

category : Books
အရောင်းပြဿနာများကျော်လွှားရေးနည်းလမ်းကောင်းများ
By: မောင်မောင်မြင့်သိန်း(စက်မှုတက္ကသိုလ်)
Ks
“Soft Sell နှင့် Hard Sell ကဲ့သို့သော အရာမရှိပါ။ စမတ်ကျသော ရောင်းချမှုနှင့် မိုက်မဲသော ရောင်းချမှုသာရှိပါသည်” ချားစ် ဘရိုးဒါ - စာအုပ်ပါ အကြောင်းအရာတစ်ခုဖြစ်ပါသည်။ Sales (ရောင်းချရေး)တွင် လက်တွေ့ဆောင်ရွက်နေသော ဝန်ထမ်းများနှင့် စီမံခန့်ခွဲနေသူများအတွက် တစ်စုံတစ်ရာ အကျိုးပြုသည်ဆိုပါက ဤစာအုပ်ကို ရေးသားရကျိုးနပ်ပြီဖြစ်သည်ဟု စာရေးသူ မောင်မောင်မြင့်သိန်း(စက်မှုတက္ကသိုလ်)က ဆိုထားပါသည်။ ဤစာအုပ်သည် စာရေးသူဆိုကဲ့သလိုပင် အရောင်းသမားများ၊ အရောင်းဝန်ထမ်းများကိုစီမံခန့်ခွဲနေသူများ ဖတ်ရှုသင့်သည့် စာအုပ်တစ်အုပ်ဖြစ်ပါသည်။
part of pack
နှေးကဝေးမည်နှင့်အခြားဆောင်းပါးများ
By: ရဲမြင့်(စွန့်ဦးတီထွင်)
Ks
အားမနာတမ်းပြောရလျှင်မန်နေဂျာများမှာသာကောင်းသောအ တွေးအခေါ်၊အကြံအစည်ရှိသည်မဟုတ်ပါ။မန်နေဂျာမဟုတ်သည့်သူများတွင်လည်းတစ်နည်းအားဖြင့်ကုမ္ဗဏီဝန်ထမ်းအလွှာအသီးသီး၊အကြီးအငယ်အရွယ်အလတ်အနုအရင့်များတွင်လည်းသူ့အထွာနှင့်သူ၊သူ့အဆင့်နှင့်သူ၊တကယ်လက်တွေ့အသုံးချ၍ရ သောအ တွေးအခေါ်အကြံအစည်များအသီးသီးရှိကြပါသည်ဟုပင်အခိုင်အမာဆိုချင်ပါသည်။
part of pack
အဖွဲ့အစည်းများကိုအမြဲမေးရမည့် အရေးကြီးဆုံးမေးခွန်း(၅)ခု
By: မောင်မောင်မြင့်သိန်း(စက်မှုတက္ကသိုလ်)
Ks
“ရိုးစင်းသောမေးခွန်းများသည် ဖြေဆိုရန် အခက်အခဲဆုံးဖြစ် သည်ဟု မကြာခဏပြောလေ့ရှိကြသည်” ဒါက ဒီစာအုပ်မှာပါတဲ့ စာကြောင်းတစ်ကြောင်းဖြစ်ပါတယ်။ ပီတာအက်ဖ်ဒရပ်ကာရဲ့ The Five Most Important Questions စာအုပ်ကိုဘာသာပြန်ထားတဲ့ စာရေးဆရာမောင်မောင်မြင့်သိန်းရဲ့ဘာသာပြန်စာပေလက်ရာဖြစ်ပါတယ်။ မိမိတို့ရဲ့မစ်ရှင်က ဘာလဲ….၊ မိမိတို့ရဲ့ဖောက်သည်က ဘာလဲ… ဖောက်သည်ရဲ့တန်ဖိုးက ဘာလဲ…၊ မိမိတို့ရဲ့ရလဒ်တွေက ဘာလဲ… ၊ မိမိတို့ရဲ့စီမံချက်တွေက ဘာလဲ… ။ မေးခွန်းငါးခုပါ။ မေးခွန်းတွေက ရိုးစင်းပေမဲ့ ရှုပ်ထွေးပါတယ်။ ဒီမေးခွန်းတွေရဲ့ အဖြေကတော့ ဒီစာအုပ်ထဲမှာ ပါဝင်ပါတယ်။
part of pack
ကိုင်တွယ်ရခက်သော အင်ဖလေးရှင်း
By: ဒေါက်တာမောင်မောင်စိုး(ဘောဂဗေဒ)
Ks
ငွေဖောင်းပွမူဟုခေါ်သောအင်ဖလေးရှင်း(Inflation)ကိုအချို့စီးပွားရေးပညာရှင်များကမီးနှင့် နှိူင်းကြပါသေးသည်။သုံးတတ်ဖို့သာအရေးကြီးသည်ဟုဆိုကြပါသည်။သုံးတတ်ဖို့အရေးကြီးသည်ဟုဆိုရာတွင်သုံးတတ်သူဖြစ်ဖို့ကပိုအရေးကြီးနေပြန်ပါသည်။ထိုမီးကိုကိုင်တွယ်အသုံးပြုမည့်သူ၏အရည်အချင်းလည်းဖြစ်နေပြန်ပါသည်။သို့သော်မီးကိုအချိန်အဆနှင့်မည်ကဲ့သို့၊မည်သည့်နေရာတွင်သုံးသည် ဆိုသည်မှာလည်းအရေးကြီးပါသေးသည်။သို့မဟုတ်ပါက အင်ဖလေးရှင်းသည်မီးခိုးကြွက်လျှောက်လောင်တတ်သောကြောင့်ဖြစ်သည်။
part of pack
ကုမ္ပဏီကို ကျောခိုင်းတာမဟုတ်ဘူး မန်နေဂျာကို ကျောခိုင်းတာ
By: ရဲမြင့်(စွန့်ဦးတီထွင်)
Ks
လုပ်ငန်းခွင်မှာ အစဉ်အလာတစ်ရပ်လိုဖြစ်နေတဲ့ ပြဿနာက ဘာလဲဆိုတော့ ဝန်ထမ်းအများစုက မန်နေဂျာနဲ့အဆင်မပြေကြတာ။ အလုပ်ရှင်နဲ့လည်းအဆင်ပြေတယ်၊ ဝန်ထမ်းအချင်းချင်းလည်း အိုကေတယ်။ ဒါပေမဲ့ တစ်ယောက်နဲ့တော့ အဆင်မပြေဘူး။ အဲဒီတစ်ယောက်က မန်နေဂျာ။ ဒီတော့ မန်နေဂျာကို ကျောခိုင်းသွားကြတယ်။ ဒါပေမဲ့ ကုမ္ပဏီကိုတော့ သံယောဇဉ်မပြတ်ကြဘူး။ ကုမ္ပဏီကို ကျောမခိုင်းချင်ပေမဲ့ မန်နေဂျာကြောင့် ကျောခိုင်းလိုက်ရတာတွေရှိတတ်ပါတယ်။ ဒါကို ဒီစာအုပ်ထဲမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင်ဒီစာအုပ်မှာ အင်တာဗျူးဖြေဆိုပုံတွေ၊ လုပ်ငန်းခွင်အတွင်းမှာ ကြုံတွေ့နေရတဲ့ အခက်အခဲ၊ ပြဿနာတွေကို ဖော်ပြထားပါတယ်။ သင်က ဝန်ထမ်းတစ်ယောက်ဆိုရင်တော့ ဒီစာအုပ်ကို ူဖတ်ရှုသင့်ပါတယ်။
part of pack
ဒေါ်နယ်ထရန့်
By: ရဲနောင်ထွဋ်
Ks
ဒေါ်နယ်ထ၇န့်သည် အမေရိကန်ပြည်ထောင်စု၏ ၄၅ဦးမြောက် သမ္မတအဖြစ်ရွေးချယ်ခံထားရသူဖြစ်ပြီး ၂၀၁၇မှ၍ သမ္မတတာဝန်ကို စတင်ထမ်းဆောင်နေပြီ်ဖြစ်သည်။ အောင်မြင်သည့် နိုင်ငံရေးသမားတစ်ဦး အဖြစ်သာမက ကြီးကျယ်သည့် ဘီလျံနာသူဌေးသူကြွယ်ကြီးတစ်ဦးအဖြစ် စီးပွားရေးလုပ်ငန်း၌ အောင်မြင် မှုသရဖူကို အကြိမ်ကြိမ်ဆွတ်ခူးနိုင်ခဲ့သူဖြစ်သည်။စစ်မှုထမ်းအတွေ့အကြုံမရှိ၊ အစိုးရအုပ်ချုပ်ရေးရာထူးကို တစ်ခုတစ်လျှေပင် ရယူခဲ့ဖူးခြင်းမရှိသည့် ပထမဆုံးအမေရိကန်သမ္မတမှာ ဒေါ်နယ်ထရန့်ဖြစ်ပြီး အသက်၇၀ အရွယ်၌ သမ္မတရာထူးလက်ခံရရှိသည့် အသက်အကြီးဆုံးအမေရိကန်သမ္မတတစ်ဦးလည်း ဖြစ်ပေသည်။
part of pack
ဝိဇ္ဇာဓရနယ ဆေးပညာထူးချွန် အ.မ.ယ.ဆ ဆေးတော်ကြီးဂိုဏ်း ဂိုဏ်းချုပ်ဆရာကြီး ဒေါက်တာရှိန်း (MD) (M.A) နှင့် ကယ်တင်ဖြေရှင်းခဲ့သော ထူးခြားဆန်းကြယ်ဂမ္ဘီရဖြစ်ရပ်မှန်များ
By: မင်းဟိဏ်းခန့်
Ks
သာမန်လူတွေ ချက်ချင်းနားမလည်နိုင် ဖြေရှင်းရခက်တဲ့ ဂမ္ဘီရဖြစ်ရပ်မှန်တွေက တကယ်ရှိခဲ့ပါတယ်။ ရွှေပြာအစွမ်းဖြင့် ရောဂါအဆန်းများကို ပျောက်စေခဲ့သူ ဆရာကြီးရှိန်းရဲ့ ထူးခြားလှတဲ့ဘဝဇာတ်ကြောင်းများနဲ့ ကယ်တင်ဖြေရှင်းပေးခဲ့တဲ့ ထူးခြားဆန်းကြယ်တဲ့ ဂမ္ဘီရဖြစ်ရပ်မှန်တွေကို စုစည်းထားပါတယ်။ နာမည်ကြီးလှတဲ့ ရွှေပြာဆေးအကြောင်း၊ ပျောက်ကင်းနိုင်တဲ့ရောဂါနဲ့ ပျောက်ကင်းခဲ့တဲ့ရောဂါဝေဒနာရှင်တွေအကြောင်း ၊ ဘဝဆက် ၊ ပဌာန်းဆက်တွေနဲ့ ဆက်သွယ်မိတဲ့အခါ တွေကြုံခဲ့ရတာတွေ၊ မြန်မာ့ဆေးပညာအတိမ်အနက်နဲ့အတူ ဝိညာဉ်လောက၊ နာမ်လောကအပါအဝင် အတိတ် ဘဝဆက်နွယ်မှုအကြောင်းအရာတွေကို စုစည်းဖော်ပြထားပါတယ်။ မြန်မာသာမက ကမ္ဘာကပါ အံ့ဩလက်ခံလေးစားရတဲ့ ဝိဇ္ဇာဓရနယ ဆေးပညာထူးချွန် အ.မ.ယ.ဆ ဆေးတော်ကြီးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဆရာကြီး ဒေါက်တာရှိန်းရဲ့ဖြစ်ရပ်မှန် စာအုပ်တစ်အုပ်ဖြစ်ပါတယ်။  
part of pack
ကျန်းမာရေးအတွက် သိသင့်သောအဖြေများ
By: ဒေါက်တာငြိမ်းချမ်းအောင်
Ks
ဝေဒနာတစ်ခုခုဖြစ်လာခဲ့ရင် အခြေအနေ မပေးလို့ပဲဖြစ်ဖြစ် ၊ အချိန်မရလို့ပဲဖြစ်ဖြစ် ဆရာဝန်တွေနဲ့ တွေ့ရဆုံရမေးရမြန်းရတာတွေ အခက်အခဲရှိတဲ့သူတွေအတွက် အခြေခံ ကျန်းမာရေးဗဟုသုတတွေထဲက အမေးများတဲ့၊ သိချင်ကြတဲ့ မေးခွန်းတွေအတွက် ဖြေပေးထားတဲ့ စာအုပ်လေး ဖြစ်ပါတယ်။ ရောဂါတစ်ခုခုနဲ့ ရင်ဆိုင်ရချိန်မှာ လူနာတစ်ယောက်အနေနဲ့ ဘာတွေ သိထားသင့်သလဲ၊ ဆရာဝန်ကို ဘယ်လိုမေးခွန်းထုတ်ရမလဲဆိုတဲ့ အတွေးတစ်စရရှိစေပါလိမ့်မယ်။ အလွယ်အကူဆုံးနဲ့ ကျန်းမာရေးဗဟုသုတအသင့်အတင့်ရှိသူတွေပါ ဖတ်လိုက်တာနဲ့ မငြီးငွေ့ရအောင် ပြုစုထားတဲ့ ကျန်းမာရေးဆိုင်ရာ သိသင့်တဲ့အဖြေများ စာအုပ်ဖြစ်ပါတယ်။ အိမ်မှာ ‌၀ယ်သိမ်းထားရင်လည်း တကယ်အသုံး၀င်တဲ့ စာအုပ်လေးပါ။
part of pack
မာမာထွန်းတဲ့ ဖယောင်းတိုင်
By: မင်းသိင်္ခ(ပုတက်ကာတွန်း)
Ks
ဆရာကြီးမင်းသိင်္ခရေးသားသော... ရုပ်ပြဇာတ်လမ်းတစ်ပုဒ်
part of pack
မြိုင်ရာဇာတွတ်ပီ ကျွနု်ပ်နှင့်ရေနဂါးကြီးနှင့်ရတနာ
By: ဆွေမင်း(ဓနုဖြူ) (ပုတက်ကာတွန်း)
Ks
တစ်နေ့တွင် မြိုင်ရာဇာတွတ်ပီတို့၏ ကြံုတိုင်းရွာလေးသို့ ဦးဝဇီရာနှင့် မြေးမလေး ရတနာတို့သည် သူတို့၏ ဆိုးဝါးလှသည့် အတိတ်ကို ဖုံးကွယ်ရန်ရည်ရွယ်ချက်ဖြင့် လာရောက် အခြေချနေထိုင်ကြပါသည်။ ထိုအချိန်တွင် ကြုံတိုင်းရွာအနီးရှိ ရွှေတဆင်ချောင်းထဲတွင် ရေနဂါးကြီးတစ်ကောင် ပေါ်ထွက်လာပါသည်။ ရေနဂါးကြီးသည် အလွန်ကြီးမားသော မြွေမျိုးစိတ်မှဖြစ်ပြီး ရွှေတဆင်ချောင်းထဲသို့ ဖြတ်သန်းသွားလာသော မော်တော်များ၊လှေများကို မှောက်လှန်ကာ လူများအား ဒုက္ခပေးနေလေသည်။ ရပ်ရွာကို ကာကွယ်စောင့်ရှောက်ရန်တာဝန်ရှိသည့် မြိုင်ရာဇာတွတ်ပီနှင့် တပည့်ကျော်ဗိုက်ကလေးတို့သည်လည်း ရေနဂါးကြီးအား နှိမ်နင်းနိုင်ရန် အစွမ်းကုန်ကြိုးစားရပါတော့သည်။ ထိုအချိန်တွင် ဦးဝဇီရာနှင့်မြေးမလေးတို့၏ ထိတ်လန့်ခြောက်ခြားဖွယ်ရာ အတိတ်ဇာတ်လမ်းသည်လည်း တစ်ချိန်တည်းလိုလို ပေါ်ပေါက်လာပါတော့သည်။မြိုင်ရာဇာတွတ်ပီ ကျွနု်ပ်နှင့်ရေနဂါးကြီးနှင့်ရတနာ
part of pack

Are you sure you want to continue?

You already have this product in My Books

You have already Subscribed to this package