Books

filter

  • Categories

  • Books
  • Journals
  • Magazines
  • Pack

  • Book Package
  • journal package
  • genre

  • Books
  • Action, Adventure & Horror
  • Arts & Satire
  • Biography & Autography
  • Business & Economy
  • Fashion
  • History & Geography
  • IT & Science
  • Nonfiction
  • Others
  • Poem
  • Politics & Social Sciences
  • Romance
  • Sports & Health
  • Travel & Cooking
  • Journals
  • Automotive
  • Business & Economy
  • Craft & Hobby
  • Crime
  • Entertainment
  • Fashion & Lifestyle
  • Food & Drink
  • IT & Technology
  • Mystery & Suspense
  • Sports
  • Magazines
  • Automotive
  • Business & Economy
  • Craft & Hobby
  • Crime
  • Entertainment
  • Fashion & Lifestyle
  • Food & Drink
  • IT & Technology
  • Mystery & Suspense
  • Sports
  • price

  • under 50KS
  • 50KS - 100KS
  • 100KS - 500KS
  • 500KS - 1000KS
  • 1000KS & above
  • PRICING PLAN

  • One Time Payment
  • Rental
  • Free
  • BOOK LANGUAGE

  • english
  • myanmar

Search by author name

xxx items found

Show:

Sort by:

category : Booksgenre : Sports & Health
ကျန်းမာရေးအတွက် သိသင့်သောအဖြေများ
By: ဒေါက်တာငြိမ်းချမ်းအောင်
Ks
ဝေဒနာတစ်ခုခုဖြစ်လာခဲ့ရင် အခြေအနေ မပေးလို့ပဲဖြစ်ဖြစ် ၊ အချိန်မရလို့ပဲဖြစ်ဖြစ် ဆရာဝန်တွေနဲ့ တွေ့ရဆုံရမေးရမြန်းရတာတွေ အခက်အခဲရှိတဲ့သူတွေအတွက် အခြေခံ ကျန်းမာရေးဗဟုသုတတွေထဲက အမေးများတဲ့၊ သိချင်ကြတဲ့ မေးခွန်းတွေအတွက် ဖြေပေးထားတဲ့ စာအုပ်လေး ဖြစ်ပါတယ်။ ရောဂါတစ်ခုခုနဲ့ ရင်ဆိုင်ရချိန်မှာ လူနာတစ်ယောက်အနေနဲ့ ဘာတွေ သိထားသင့်သလဲ၊ ဆရာဝန်ကို ဘယ်လိုမေးခွန်းထုတ်ရမလဲဆိုတဲ့ အတွေးတစ်စရရှိစေပါလိမ့်မယ်။ အလွယ်အကူဆုံးနဲ့ ကျန်းမာရေးဗဟုသုတအသင့်အတင့်ရှိသူတွေပါ ဖတ်လိုက်တာနဲ့ မငြီးငွေ့ရအောင် ပြုစုထားတဲ့ ကျန်းမာရေးဆိုင်ရာ သိသင့်တဲ့အဖြေများ စာအုပ်ဖြစ်ပါတယ်။ အိမ်မှာ ‌၀ယ်သိမ်းထားရင်လည်း တကယ်အသုံး၀င်တဲ့ စာအုပ်လေးပါ။
part of pack
ဆီးချိုသွေးချိုရောဂါဆိုင်ရာသိမှတ်စရာများ
By: ပါမောက္ခဦးတင့်ဆွေလတ်
Ks
ဆီးချိုသွေးချိုရောဂါဆိုတာ ကမ္ဘာမှာသာမက မြန်မာမှာပါ အဓိကခြိမ်းခြောက်နေတဲ့ရောဂါတွေထဲက အဖြစ်အများဆုံးနဲ့ ကြောက်စရာအကောင်းဆုံးရောဂါတွေထဲက တစ်ခုဖြစ်ပါတယ်။ ကူးစက်ရောဂါမဟုတ်ပေမဲ့ ခေတ်နဲ့တစ်ပြေးညီ နေထိုင်စားသောက်မှုတွေပေါ် မူတည်ပြီး အဖြစ်များတဲ့ ဆီးချိုသွေးချိုရောဂါဆိုင်ရာ သိမှတ်စရာတွေကို ဖော်ပြထားပါတယ်။ ဘယ်လိုလူမျိုးတွေက ဆီးချိုသွေးချိုအဖြစ်များတာလဲ၊ ဆီးချိုသွေးချိုရောဂါအမျိုးအစား ဘယ်လောက်များနေပြီလဲ၊ ဆီးချိုသွေးချိုရောဂါကြောင့် ဘာတွေ ပျက်စီးနိုင်လဲ၊ ဆီးချိုသွေးချိုရောဂါမဖြစ်အောင် ဘယ်လိုနေထိုင်စားသောက်မလဲ၊ ဖြစ်နေရင်ရော ဘယ်လိုနေထိုင်စားသောက်ရမလဲ၊ ဆီးချိုသွေးချိုရောဂါဆိုင်ရာ မှားယွင်းနေတဲ့ ကုထုံးတွေနဲ့အတူ ဆီးချိုသွေးချိုရောဂါဆိုင်ရာ ကာကွယ်ဆေးအကြောင်းများကို ပါမောက္ခဦးတင့်ဆွေလတ်၊ ဆီးချိုသွေးချိုရောဂါနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီးကိုယ်တိုင် ပြုစုရေးသားထားသော စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။ ဆီးချိုသွေးချိုရောဂါနဲ့ပတ်သက်လို့ လူတိုင်းနားလည်စေပါလိမ့်မယ်။
part of pack
အဘယ့်ကြောင့်ဆိုသော်
By: Dr. Marvel
Ks
လိင်မှုဆိုင်ရာပညာရပ်တွေကို ရှက်စရာလို့ မမြင်ဘဲ လိင်ပိုင်းဆိုင်ရာ ရောဂါတွေနဲ့ လိင်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ လိင်မှုအသိပညာနည်းပါးတာတွေကို တတ်နိုင်သမျှ လျော့နည်းသွားအောင် လေ့လာပြုစုထားတဲ့ စာအုပ်ဖြစ်ပါတယ်။ အရေးအသား ကြမ်းတမ်းပွင့်လင်းလွန်းတယ်လို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမဲ့ လိင်မှုဆိုင်ရာ ပညာပေးသတင်းအချက်အလက်တွေနဲ့ ဗဟုသုတတွေကို ရိုးရိုးရှင်းရှင်း ပွင့်ပွင့်လင်းလင်း လွယ်လွယ်ကူကူ သိသာ မြင်သာအောင် ရေးသားထားတာမို့ ဖတ်မိသူအတွက် အကျိုးရှိစေမယ့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။ လိင်ပညာဗဟုသုတများ ကြွယ်ဝကြပါစေ... လိင်ပိုင်းဆိုင်ရာရောဂါများ ကင်းဝေးကြပါစေ...
part of pack
သတိထားစရာ အရိုးအဆစ်ပြဿနာနှင့် လေးဖက်နာရောဂါ
By: ပါမောက္ခဦးချစ်စိုး (အရိုးအကြောအဆစ်အထူးကုဆရာဝန်ကြီး)
Ks
ဤစာအုပ်တွင် ဖတ်ရှုရမည့်အကြောင်းအရာများ - ၁။ အရိုး၊ အဆစ်နှင့် အနေအထိုင် ၂။ ပခုံးခဲရောဂါဆင်ခြင်စရာ   ၃။ အကြောတက်ရောဂါ  ၄။ ခါးနာဝေဒနာ  ၅။ လူကြီးခါးနာ၊ လူငယ်ခါးနာ  ၆။ အစားအသောက်နှင့် အရိုး၊ အကြော၊ အဆစ်ရောဂါများ  ၇။ အရိုးကျီးပေါင်းနှင့် အစားအသောက် ၈။ အရေပြားလေးဖက်နာနှင့် အစားအသောက် ၉။ လေးဖက်နာနှင့် အစားအသောက် ၁၀။ မသေမချာ လေးဖက်နာ ၁၁။ လူနာများ သိချင်သည့် အရေပြားလေးဖက်နာ ၁၂။ လေးဖက်နာနှင့် ကိုယ်ဝန်ဆောင်ခြင်း ၁၃။ ပိုးလေးဖက်နာ ၁၄။ သွေးကြောရောင်လေးဖက်နာ  ၁၅။ ခုခံအားကြောင့်ဖြစ်သော သွေးခဲရောဂါ  ၁၆။ ဒူးနာရောဂါ ၁၇။ အရိုးပွရောဂါ ၁၈။ သွေးလေးဖက်နာ ၁၉။ သွေးလေးဖက်နာကုထုံး ၂၀။ စတီးရွိုက်နှင့် လေးဖက်နာ ၂၁။ လေးဖက်နာရောဂါအတွက် နောက်ဆုံးပေါ်ကုထုံးများ ၂၂။ အရိုး၊ အကြော၊ အဆစ်ရောဂါများတွင် သုံးသောဆေးများ
part of pack
သားဖွားမီးယပ်ဆိုင်ရာ အမေး+အဖြေ
By: အေးကမ္ဘာဒေါက်တာချစ်
Ks
စာရေးသူသည် ၁၉၈၄ - ၈၅ ခုနှစ်တွင် ဆေးတက်္ကသိုလ် (၂) မင်္ဂလာဒုံမှ ဆေးပညာဘွဲ့ကို ရရှိခဲ့ပါသည်။ လုပ်သက်နှစ် (၃၀)အတွင်း အတွေ့အကြံုနဲ့ သားဖွားမီးယပ်ရောဂါအကြောင်း အသေးစိတ်လိုတိုရှင်း အမေး အဖြေပုံစံဖြင့် ရေးသားထားတဲ့စာအုပ်ဖြစ်ပါသည်။ စာရေးသူသည် ကျန်းမာရေးဂျာနယ်ဖြစ်သော GOOD HEALTH ဂျာနယ်နှင့် HEALTH CARE ဂျာနယ်တို့တွင် ပင်တိုင်ဆောင်းပါး ရေးသာရုံသာမက နိုင်ငံရေးဂျာနယ်ဖြစ်သော FIRST WEEKLY, DEMOCRACY ဂျာနယ်တို့တွင် ပင်တိုင်ဆောင်းပါးရေး၍လည်းကောင်း၊ နေ့စဉ်သတင်းစာဖြစ်သော စံတော်ချိန်သတင်းစာတွင် ရံဖန်ရံခါ ဆောင်းပါး များ အဆက်မပြတ် ရေးသားလျက်ရှိပါသည်။
part of pack
သက်ရှည်ကျန်းမာ နည်းလမ်းအဖြာဖြာ
By: စေတနာလှိုင်(ရေစကြို)
Ks
““ရယ်သောသူသည် အသက်ရှည်၏””ဟု ဆိုကြပါ၏။ မှန်ပါသည်။ စတိ ည် စြ်ခငး်၊ ကြောငြ့်ကပူပနြ်ခငး်၊ မနာလိုခြငး်၊ မုနး်တီးခြငး်၊ ဘဝငြ်မငြ့်ခငး်၊ ဒေါသကြီးခြင်း၊ လောဘကြီးခြင်းစသော အကုသိုလ် စေတသိက်တွေကို ဖယ် ရှား၍ ပျော်ရွှင်စွာ ရယ်မောတတ် သူသည် အသက်ရှည်နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် အချို့ရောဂါများမှာ စိတ်ဖိစီးမှုနှင့် ဆက်နွယ် နေသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ““စိတ်ထောင်းတော့ ကိုယ်ကြေ၊ စိတ်ပျိုတော့ ကိုယ်နု၊ စိတ်နွမ်းတော့ လူပမ်း၊ စိတ်တို အသက်တို၊ စိတ်ရှည် အသက်ရှည်””ဟု ဆိုကြခြင်း ဖြစ်သည်။ ရယ်မောခြင်းနှင့်ပျော်ရွှင်ခြင်းတို့သည် ခန်္ဓာကိုယ် ခုခံအားစနစ် လုပ် ဆောင်မှုကို မြှင့်တင်ပေးနိုင်သည့်အပြင် နှလုံးရောဂါ ဖြစ်နိုင်ခြေလည်း လျော့ နည်းစေပါသည်။ ထို့ပြင် ရောဂါပိုးများ ကူးစက်ခြင်းနှင့် ကင်ဆာရောဂါဖြစ် ခြင်းတို့ကို ကာကွယ်ပေးသော သဘာဝ တိုက်ခိုက်ရေးဆဲလ်တွေ ခန်္ဓာကိုယ်ထဲ တိုးပွား ထုတ်လုပ်နိုင်ရန်လည်း အထောက်အကူ ပြုသည်။
part of pack
အရက်နှင့် ကောင်းကျိုးဆိုးချက်
By: စေတနာလှိုင် (ရေစကြို)
Ks
““အရက်နှင့် ကောင်းကျိုးဆိုးချက်”” ကို ၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလ ၌ ရန်အောင်စာပေက ထုတ်ဝေခဲ့ပြီးဖြစ်ရာ ယခု စိတ်ကူးချိုချိုက ထုတ်ဝေ ခြင်းမှာ ဒုတိယအကြိမ် ဖြစ်ပါသည်။ ဒုတိယအကြိမ်၌ အရက်နှင့် ပတ် သက်သည့် ထပ်မံတွေ့ရှိချက်များကို ဖြည့်စွက်ထားသဖြင့် ပိုမို ပြည့်စုံလာ ပါသည်။ အရက်ကို မည်သူ ကြိုက်ကြိုက်၊ ကျွန်တော် လုံးဝ မကြိုက်ပါ။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော် ကျောင်းသားဘဝ ၁၀ တန်းနှစ်က ရှမ်းအရက် လက်ဖက်ရည်ပန်းကန် တစ်လုံးခန့် စမ်းသောက်ကြည့်ရာ စားသမျှအစာတွေအန်ပြီး ပြင်းထန်သော ခေါင်းကိုက်ဝေဒနာ တစ်ညနှင့် တစ်နေ့ခံစားရသောကြောင့် ဖြစ်ပါသည်။ ထိုအချိန်မှစ၍ အရက်ကို တစ် ခွက်သောက် တစ်သက်ကြောက်ဖြစ်ပြီး လုံးဝ ပြတ်ခဲ့ပါသည်။ ထို့နောက် မန်္တလေးစျေးချို ညစျေးတန်းသို့ရောက်သွားရာ လူထုဦးလှရေးသော ““အရက်သမား အမှားတစ်ထောင်”” စာအုပ်ဟောင်းလေးကို တွေ့သဖြင့် ၁၂ ကျပ်တန်ကို ခြောက်ကျပ်ပေး၍ ၀ယ်ခဲ့ပါသည်။ ထို့နောက် ယင်း စာအုပ်ကိုဖတ်၍ အရက်အပေါ် ပိုမိုရွံမုန်း ကြောက်ရွံ့ခဲ့ပါသည်။ ဝေးဝေး က ရှောင်ခဲ့ပါသည်။ အခြားသူများ ကိုလည်း အရက်မသောက်ရန် အတန် တန် သတိပေးပါသည်။
part of pack
ရိုးရှင်းသော ကျန်းမာရေးနှင့်အညီ ကိုယ်အလေးချိန်လျှော့ချခြင်း
By: တီချယ်လှိုင်
Ks
အစားအစာကို ချင့်ချိန်စားသောက်တတ်သူ အများစုက အစာ သွတ်မုန့်တွေကို စွဲလမ်းစွာစားသုံးခြင်းကနေ အတတ်နိုင်ဆုံး ရှောင်ရှား တတ်ကြပါတယ်။ အထူးသဖြင့် ခန်္ဓာကိုယ်ကြီးကောင်းမွန်စွာ လည်ပတ် နိုင်ဖို့နဲ့ အလိုအလျောက် လှုပ်ရှားနိုင်ဖို့ အဆီတွေစုဆောင်းရသလို များ လာတဲ့အဆီတွေကိုလည်း ကောင်းမွန်စွာ လောင်ကျွမ်းသွားစေဖို့ အလို အလျောက် ဆောင်ရွက်ပေးရပါတယ်။ ဩဒါမှသာ ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်အစစ်အမှန်ကို ရရှိနိုင်မှာဖြစ်ပါတယ်။
part of pack
ကျန်းမာပျော်ရွှင် မိခင်လောင်းဘဝတွင်
By: ဟေမာန်အိမ့်
Ks
မကြာခင် မိဘ ဘဝသို့ ရောက်ရှိလာကြတော့မည့် ဇနီးမောင်နှံများ ဤစာအုပ်မှ ကိုယ်ဝန် ဆောင်ချိန် ရှောင်ရန်၊ ဆောင်ရန်များနှင့် အခြေအနေ အဆင့်ဆင့်၊ မီးဖွားပြီးနောက် ကလေးငယ်အား ပြုစုစောင့်ရှောက်ပုံတို့ကို လေ့လာနိုင်ရန် ရည်ရွယ်ပါသည်။ ကိုယ်ဝန် ဆောင်များအတွက် အာဟာရပြည့်ဝစွာ စားသောက်နည်းကိုလည်း ဖော်ပြထားသည်။
part of pack
ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး အလွယ်လေ့ကျင့်ခန်းများ
By: ၀င်းလှိုင်ဦး
Ks
““ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး””လမ်းညွှန်စာအုပ်ငယ်ဟာ သင့်စာအုပ် စင်၊ စားပွဲမှာ အသစ်တစ်ဖန် ရောက်ရှိလာတဲ့ သင့်အတွက်တံဆိပ်အသစ် တစ်ခုပါပဲ။ သင့်ဘဝတစ်ခုကို တော်လှန်တိုက်ပွဲဝင်စရာများလိုတော့ ဒီစာအုပ်က အာမခံချက်ပေးတာမဟုတ်ဘူးပေါ့။ ဒါပေမဲ့ လူတိုင်းအတွက် ““လေ့ကျင့်ခန်း””ကို အဆင်ပြေပြေ စတင်နိုင်မယ့်နည်းလမ်းတွေ ထည့် သွင်းဖော်ပြထားတာ၊ ပါ၀င်တာတော့ အသိအမှတ်ပြုစေချင်ပါတယ်။ သင့်လူမှုဘဝမှာ ကျန်းမာတဲ့ လိုက်ဖ်စတိုင်နဲ့ အတူ ““လေ့ကျင့် ခန်း”” စတင်နိုင်ဖို့ အခုလမ်းညွှန်စာအုပ်က အဆင်ပြေပြေ ကူညီနိုင် မယ်လို့ ကျွနု်ပ်တို့မျှော်လင့်ပါတယ်။ လေ့ကျင့်ခန်းမလုပ်ဖြစ်တာ၊ အချိန်မပေးနိုင်တာ၊ အချိန်မရတာ စသဖြင့် ရှိပေမဲ့ လုပ်ရင်းကိုင်ရင်း လေ့ကျင့်ခန်းဖြစ်သွားနိုင်စရာ နည်းလမ်းတွေပါ၀င်လမ်းညွှန်ထား ပါတယ်။ အချိန်ပိုင်းလေ့ကျင့်ရေးလုပ်နိုင်ဖို့လည်း နည်းလမ်းတွေ လမ်းညွှန်ပေးထားတာပါ။
part of pack

Are you sure you want to continue?

You already have this product in My Books

You have already Subscribed to this package